#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လယ်ယာမြေ လျော်ကြေးသတင်း
Friday, January 24, 2025
0 comments
 #BREAKINGNEWS
#ယနေ့နောက်ဆုံးရ #လယ်ယာမြေ #လျော်ကြေးသတင်း
01/24/2025
နေပြည်တော် ဇန်နဝါရီ ၂၃
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။
သေချာစွာစိစစ်
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က နစ်နာကြေး၊ လျော်ကြေးပေးချေရန်
Tuesday, March 12, 2024
0 comments
 လယ်ယာမြေ နည်းဥပဒေ
 လယ်ယာမြေ နည်းဥပဒေ စာအုပ်ကို  အောက်မှာပေးထားတဲ့ အဆင်ပြေရာလင့်ကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။
GoogleDrive Link:
PDF ဖိုင်ဖြင့် ဒီမှာနှိပ်ပြီးယူပါ
Mediafire Link:
PDF ဖိုင်ဖြင့် ဒီမှာနှိပ်ပြီးယူပါ
"လယ်ယာမြေ ရောင်းမှား ဝယ်မှား" မဖြစ်အောင်
0 comments
"လယ်ယာမြေ ရောင်းမှား ဝယ်မှား"
မဖြစ်ရအောင်
""လယ်ယာမြေ ရောင်းမှား ဝယ်မှား""
လယ်ယာမြေကို လုပ်ကိုင်ခွင့်ရောင်းဝယ်ရာမှာ
၁။ လယ်ယာမြေလုပ်ပိုင်ခွင့် မကျသေးတဲ့ လယ်ယာမြေကို ရောင်းလို့မရဘူး။ 105 တွေ လယ်ပြေစာတွေလောက်နဲ့ မရဘူး (နိုင်ငံတော်ပိုင်ပဲရှိနေသေးလို့)
၂။ အဲဒီကိုယ်မပိုင်သေးတဲ့ဟာကိုရောင်းရင်လည်း မူလကတဲကပျက်ပျယ်နေပြီဖြစ်တဲ့အတွက် စာချုပ်ကအတည်မဖြစ်ဘူး(ဘောင်မဝင်ဘူး)
ဘိုးဘပိုင်မြေ၊ အပိုင်ဂရန် ပေးထားတဲ့ မြေများနှင့် ထိုမြေများ မြေခွန် ကင်းလွတ်ခွင့် ရ/မရ..။
Tuesday, January 31, 2023
0 comments
 ဘိုးဘပိုင်မြေ၊ အပိုင်ဂရန် ပေးထားတဲ့ မြေများနှင့် ထိုမြေများ မြေခွန် ကင်းလွတ်ခွင့် ရ/မရ..။
အထက်မြန်မာပြည်မှာ ဘိုးဘပိုင်လို့ ခေါ်ပြီး အောက်မြန်မာနိုင်ငံမှာ လက်ဝယ်ထားရှိ ပိုင်ခွင့်မြေလို့ ခေါ်ကြတဲ့ မြေတွေအကြောင်းကို စတင် တင်ပြပါမယ်။ "ဘိုးဘပိုင်" ဖြစ်ပြီး ဘိုးဘွားပိုင်မဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ မြေယာပိုင်ဆိုင်ခွင့် နည်းလမ်းတွေကို အရင်ဆုံး တင်ပြပါမယ်။
Monday, November 28, 2022
0 comments
 လယ်ယာမြေပေါ်တွင် နှစ်ပေါင်း (၃၀) ကျော်နေထိုင်ပြီးလျှင် ....
မြေစာရင်း ဌာနတွင် "လယ်ယာမြေ" ဟုအမည်ပေါက်သည့်မြေကွက်ကို တရားမရုံးတွင် မည်ကဲ့သို့ အခြေအနေမျိုးတွင် စီရင်ပိုင်ခွင့်ရှိသည်ကို 
ဦးစံသင်း ပါ -၄ နှင့် ဒေါ်ဝင်းတင် ပါ -၁၇  တရားမအထွေထွေအယူခံမှုတွင် တွေ့ရသည်။
လန(၃၉) အမိန့်မရှိ လယ်ယာမြေအမည်ပေါက်နေဆဲဖြစ်သော်လည်း 
အကြောင်းခြင်းရာ အားဖြင့်
ငါးကြီးကြီး ကြော်ရတော့မည့် ရန်ကုန်တိုင်းအတွင်း မြေယာလျော်ကြေးကိစ္စ
Tuesday, January 5, 2021
0 comments
🌊ငါးကြီးကြီး ကြော်ရတော့မည့် ရန်ကုန်တိုင်းအတွင်း မြေယာလျော်ကြေးကိစ္စ
🌾ရန်ကုန်တိုင်းအတွင်း မြေယာလျော်ကြေးပေးရမည့် အချို့အမှုတွဲများ မူဝါဒနှင့်ညီညွတ်မှုအားနည်းသည့်အတွက် မြေယာလျော်ကြေးပေးမည့်ကိစ္စများနဲ့ပါတ်သက်ပြီး ဗဟိုကော်မတီ၏ညွှန်ကြားချက်အားလိုက်နာမှုမရှိသည့် သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်ကို စိစစ်ဖေါ်ထုတ်၍ ထိရောက်စွာအရေးယူနိုင်ရေး စိစစ်တင်ပြရန် ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီကို ပြန်ညွှန်ကြားထားသည်။ 
Wednesday, December 9, 2020
0 comments
လယ်ယာမြေ အရောင်းအဝယ် ကိစ္စရပ်များကို တရားဝင် စာချုပ်စာတမ်း မှတ်ပုံတင်၍ အမည်ပြောင်းလဲနိုင်ရေး
ဆောင်းပါး
၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများအရ လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ပြောင်းလဲခြင်းတွင် အမွေဆက်ခံခြင်း
နှင့် မြေယာပြုပြင်ပြောင်းလဲခြင်း ကိစ္စရပ်နှစ်ခုကိုသာ ယခင်ကဆောင်ရွက်ခွင့်ရခဲ့သည်။(ထိုအကြောင်းနှင့် ပတ်သက်၍ စာရေးသူ
သည် မြန်မာတောင်သူကြီးများဂျာနယ်တွင်ဆောင်းပါးရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။) ယခုအခါတွင်မူ လယ်ယာမြေလုပ်ပိုင်ခွင့်
ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းစသည့်ကိစ္စရပ်များကိုပါအမည်ပြောင်းလဲနိုင်ပြီဖြစ်ကြောင်း
တောင်သူ လယ်သမားများနှင့် ၎င်းတို့ထံမှ လယ်ယာမြေ ဝယ်ယူသူများ ဝမ်းမြောက်ဖွယ် သတင်းကောင်း တစ်ရပ်ကို လယ်ယာ
မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
ဂရန် အ‌ကြောင်း နဲ့ ပုံစံဖောင် တွေကအစ ပြည့်ပြည့် စုံစုံလေးတင်ပေးထားတယ်
Monday, December 7, 2020
0 comments
ဂရန်
၁- ဂရန်လျှောက်ထားခြင်း
၂-မြေငှားဂရန် အသစ် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
၃-မြေငှားဂရန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
၄-အခွန်လွတ် သာသနာ့မြေဂရန် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
၅-ဗဒ္ဓသိမ်ဂရန် လျှောက်ထားမှုတွင် ပါဝင်ရမည့် အချက်အလက်များ
၆-ဂရံဆိုတာဘာလဲ
၇-ဂရန်လျှောက်ထားဖို့အတွက် ဘယ်ကိုတင်ရမလဲ
၈-ဂရန်လျှောက်ထားဖို့အတွက် ဘယ်လိုမြေဖြစ်ရမလဲ
၉-ဂရန်အမျိုးအစားများ
၁၀-ပါမစ်ကိုဂရန် လျှောက်ခြင်း
၁၁-မြေတိုင်းတာခြင်း
၁၂-မြေပုံ၊ မြေရာဇဝင်ရေးကူးခြင်း
၁၃-ဘိုးဘွားပိုင်မြေအား အမည်ပြောင်းလဲခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ
၁၄-မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
ဂရန်အတွက် လိုအပ်မဲ့ လျှောက်လွှာဖောင်ကအစ
ဖတ်မှတ်လေ့လာထားသမျှ အတော်လေးပြည့်ပြည့်စုံစုံ ရေးပေးပါမယ်။
နိုင်ငံတော်က မြေကိုအသုံးပြုဖို့လိုအပ်လို့ မြေကိုယူရင် မြေယာပိုင်ဆိုင်မှု အထောက်အထားမရှိပါကလျော်ကြေးနစ်နာကြေးရ/မရ ဆရာ ၏ မှတ်သားဖွယ် စကား
Monday, October 26, 2020
0 comments
နိုင်ငံတော်က မြေကိုအသုံးပြုဖို့လိုအပ်လို့ မြေကိုယူရင် မြေယာပိုင်ဆိုင်မှု အထောက်အထားမရှိပါကလျော်ကြေးနစ်နာကြေးရ/မရ
အောက်မှာ ဥပဒေသုတေသီ ဆရာဦးမောင်မောင်ညွန့် ရေးသားသော မူရင်းလင့်ပါ။
https://m.facebook.com/story.php?story_fbid=1092704884491566&id=100012561935452
ယနေ့မေးမြန်းလာတာက ဤသို့ ပါ-
“တောင်သူပိုင် လယ်ယာမြေများကို ဖြတ်သန်းပြီး အများအတွက် လမ်းတံတားဖောက်ရင် ပုံစံ ၇ မရသူကို လျော်ကြေး မပေးဘူးလို့ သက်ဆိုင်ရာ ဌာနက ငြင်းဆိုလို့ရပါသလားဆရာ။ အဲလိုငြင်းနေကြလို့ပါ။”
မိမိလေ့လာမိတာက တပ်မတော် အစိုးရ လက်ထက်က ပြဌာန်းခဲ့သည့် လမ်းမကြီးများ ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေ အမှတ် ၈/၂၀၀၀) ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးသည်ပင်လျှင် လမ်းမြေအတွက် လိုအပ်ပါက၊ တည်ဆဲဥပဒေများနှင့်အညီသာ ပြည်သူ၏ မြေကို ရယူပိုင်ခွင့် ရှိပါသည်။ တည်ဆဲ ဥပဒေ ဆိုပါက ၁၈၉၄ ခုနှစ်၊ မြေသိမ်း အက်ဥပဒေ သာ ရှိပါသည်။ ယင်းအက်ဥပဒေ အရ ဆိုပါလျှင် မြေသိမ်းဆည်းမှု အတွက် အကျိုးစီးပွား ယုတ်လျော့မှု ရှိသူသည် လျော်ကြေးတောင်းခံပိုင်ခွင့်ရှိသော အကျိုးစီးပွား သက်ဆိုင်သူဖြစ်ကြောင်း ပြဌာန်းထားပါသည်။
ပုံစံ ၇ ဖျက်သိမ်း ရုပ်သိမ်းခြင်း
Friday, October 23, 2020
0 comments
ပုံစံ ၇ ဖျက်သိမ်း ရုပ်သိမ်းခြင်း
ဆရာ  ဦးဇော်မင်း(နတ်မောက်) ၏ ပို့စ်အား copy & paste လုပ်ပါသည်။  အောက်တွင်မူရင်းလင့်ရှိပါသည်။
ပုံစံ ၇ ဖျက်သိမ်း ရုပ်သိမ်းခြင်း
(၂၂) လယ်မြေ လယ်ယာမြေကို ဥယျဥ်ခြံမြေ ပြောင်းလို့ရသလား
Wednesday, October 21, 2020
0 comments
လယ်မြေ လယ်ယာမြေကို ဥယျဥ်ခြံမြေ ပြောင်းလို့ရသလား
- လယ်ယာမြေကို နှစ်ရှည်ဥယျာဉ်ခြံမြေအဖြစ် လျှောက်ထားနိုင်ပါသလား။ နားမလည်လို့ မေးတာပါ။ ရတယ်ဆိုရင်လည်း ဘယ်လိုလုပ်ရမလဲဆိုတာကို ရှင်းပြပေးစေချင်ပါတယ် ။
လေ့လာနိုင်ကြဖို့  မူရင်းအာဘော် မူရင်းအဓိပ္ပါယ် မလွဲရအောင် မူရင်းလင့်ကို တင်ပေးလိုက်ပါတယ်။
ဗီဒီယိုကြည့်ရန် မူရင်းလင့် 👇
(၂၁) စားကျက်မြေပြဿနာ သိကောင်းစရာ ၁၈၇၆ အောက်မြန်မာနိုင်ငံမြေနှင့်အခွန်တော် နည်းဥပဒေ ၆၉
0 comments
စားကျက်မြေပြဿနာ သိကောင်းစရာ ၁၈၇၆ အောက်မြန်မာနိုင်ငံမြေနှင့်အခွန်တော် နည်းဥပဒေ ၆၉ 
စားကျက်မြေပေါ်မှာ ကျူးကျော်တယ်ဆိုပြီး ကျွန်တော်အပါအဝင် လူငါးဆယ်လောက်ကို ပုဒ်မ ၅၉ နဲ့ တရားစွဲထားပါတယ် ။ စားကျက်မြေဆိုတာဘာလဲ ။ ပုဒ်မ ၅၉ ဆိုတာဘာလဲ ။ တကယ်လို့ ပြစ်ဒဏ်ချမယ်ဆိုရင် ဘယ်လောက်အထိ ကျခံရမလဲ ဆိုတာကို သိပါရစေဆရာ။
လေ့လာနိုင်ကြဖို့  မူရင်းအာဘော် မူရင်းအဓိပ္ပါယ် မလွဲရအောင် မူရင်းလင့်ကို တင်ပေးလိုက်ပါတယ်။
ဗီဒီယိုကြည့်ရန် မူရင်းလင့် 👇
(၂၀) 3B ခေါ် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပုဒ်မ ၃ (ခ) အကြောင်းနှင့် ၁၂ နှစ် နေထိုင်ခဲ့တိုင်း မြေမပိုင်ကြောင်းသိစေဖို့
0 comments
3B ခေါ်  ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ ပုဒ်မ ၃ (ခ) အကြောင်းနှင့် ၁၂ နှစ် နေထိုင်ခဲ့တိုင်း မြေမပိုင်ကြောင်းသိစေဖို့
- ရန်ကုန်တိုင်းမင်္ဂလာဒုံတွင် ယခင်က 3B သတ်မှတ်ထားသည့် ဘိုးဘပိုင် ဥယျာဉ်ခြံမြေများတွင် နေအိမ် ဆောက်လုပ်နေထိုင်ခွင့်ရှိပါသလား။ အမည်ပေါက်ပိုင်ရှင် မဟုတ်သော်လည်း ခြံစောင့်အဖြစ် နှစ်ရှည် လများနေထိုင်သူက မြေခွန်ပေးဆောင်ထားခြင်းကြောင့် ပိုင်ဆိုင်ခွင့်ရနိုင်ပါသလား ။ ခြံစောင့်အဖြစ် ဘယ်နှစ်နှစ်အထိ ဆက်တိုက်နေထိုင်ရင် ပိုင်ဆိုင်သွားနိုင်တဲ့ ကာလသတ်မှတ်ချက်ရှိပါသလား ဆိုတာကို သိပါရစေ ။
လေ့လာနိုင်ကြဖို့  မူရင်းအာဘော် မူရင်းအဓိပ္ပါယ် မလွဲရအောင် မူရင်းလင့်ကို တင်ပေးလိုက်ပါတယ်။
ဗီဒီယိုကြည့်ရန် မူရင်းလင့် 👇
(၁၉) လယ်ယာမြေကို လင်မယားကွဲတဲ့အခါ အမွေခွဲရင်
0 comments
လယ်ယာမြေကို လင်မယားကွဲတဲ့အခါ  အမွေခွဲရင်
- ပုံစံ (၇) က ကျွန်မယောကျာ်းဖြစ်သူရဲ့ အမည်နဲ့ပေါက်နေပါတယ် ။ အခုချိန်မှာ နှစ်ဦးသဘောတူကွာရှင်းရန် အကြောင်းဖြစ်လာတဲ့အတွက် ကွာရှင်းချိန်မှာ ဒီလယ်ယာမြေကို အမွေပုံထဲမှာ ထည့်ရမည်လား။ ထည့်မည်ဆို လျှင် ဘယ်လိုခွဲဝေရမလဲ၊ ဘယ်လိုလုပ်ထုံးလုပ်နည်းတွေရှိသလဲဆိုတာကို သိပါရစေ ။
လေ့လာနိုင်ကြဖို့  မူရင်းအာဘော် မူရင်းအဓိပ္ပါယ် မလွဲရအောင် မူရင်းလင့်ကို တင်ပေးလိုက်ပါတယ်။
ဗီဒီယိုကြည့်ရန် မူရင်းလင့် 👇
(၁၈) ၁၉၅၃ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၈(၁)အကြောင်းမေးထားသူများအတွက် ဆရာ ရဲ့အဖြေ
0 comments
၁၉၅၃ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၈(၁)အကြောင်းမေးထားသူများအတွက် ဆရာ ရဲ့အဖြေ
- လက်ရှိလုပ်ကိုင်နေတဲ့ မြေကို ၂၀၀၁ ခုနှစ်မှာ လယ်ယာမြေ မှ ဥယျာဉ်ခြံမြေအဖြစ် ပုဒ်မ ၃၈(၁)အရ အသုံးချဆင့်ဆိုမိန့်ရခဲ့ပါတယ်။ ခွင့်ပြုမိန့်လည်း ရှိပါတယ်။ အခုအခါ ပုံစံ ၇ ရဖို့လျှောက်တော့ မြေအမျိုးအစားက ပုံစံ ရ မရနိုင်တဲ့ မြေအမျိုးအစားလို့ သိရပါတယ် ။ ဘယ်လို ဆက်လုပ်ရမှန်းမသိလို့ အကြံပြုစေချင်ပါတယ် ။
လေ့လာနိုင်ကြဖို့  မူရင်းအာဘော် မူရင်းအဓိပ္ပါယ် မလွဲရအောင် မူရင်းလင့်ကို တင်ပေးလိုက်ပါတယ်။
ဗီဒီယိုကြည့်ရန် မူရင်းလင့် 👇
(၁၇) ကျေးရွာဂရံ ဆိုတာ
0 comments
ကျေးရွာဂရံ ဆိုတာ
- ကျွန်တော်တို့ အိမ်ဝိုင်းက မိဘလက်ထက်ကတည်းက နေလာတာနှစ်ပေါင်း နှစ်ဆယ်ကျော် ပါပြီး ရွာမြေပါ ဘယ်လိုမြေအမျိုးအစားတွေကို ပြန်လျှောက်ခွင့်ရှိပါသလဲတဲ့။ ဂရမ်လျှောက်မယ်ဆိုရင်ဘယ်လိုလျှောက်ရမလဲ ။
လေ့လာနိုင်ကြဖို့  မူရင်းအာဘော် မူရင်းအဓိပ္ပါယ် မလွဲရအောင် မူရင်းလင့်ကို တင်ပေးလိုက်ပါတယ်။
ဗီဒီယိုကြည့်ရန် မူရင်းလင့် 👇
(၁၆) မြေကိစ္စမှာ အရမ်းကောင်းတဲ့မေးခွန်းနဲ့ အလွန်ကောင်းတဲ့ ဆရာ့အဖြေ
0 comments
မြေကိစ္စမှာ အရမ်းကောင်းတဲ့မေးခွန်းနဲ့ အလွန်ကောင်းတဲ့ ဆရာ့အဖြေ
- ကျွန်မရဲ့ ခင်ပွန်းက ကုန်သွယ်ယာညစောင့်ဝန်ထမ်းအဖြစ် လုပ်ကိုင်ရင်း ကုန်သွယ်လယ်ယာဝန်းရဲ့ အနောက်ဘက်မှာ ခြုံနွယ်ပိတ်ပေါင်းတွေရှင်းလင်ပြီး အိမ်ဆောက်နေထိုင်ခဲ့တာ ၄၅ နှစ်ရှိပါပြီ။ ဒီမြေကို ပိုင်ရှင်ဖြစ်သူက ၁၉၆၃ မှာ နိုင်ငံတော်ကိုလှူဒါန်းခဲ့ ပါတယ်။ အခုအခါ ပိုင်ရှင်ရဲ့ မြေးဖြစ်သူက သူ့အဖိုးပိုင်တဲ့ မြေဆိုပြီး ရပ်ကျေးလယ်စီကတဆင့် အထက်ကိုလျှောက်တော့ သက်ဆိုင်ရာက ယာယီပုံစံ(၃) ထုတ်ပေးခဲ့တယ်လို့သိရပါတယ် အဲဒီနောက် ကျွန်မတို့ကို နှင်လိုမှု၊   မြေကိုလက်ရောက်ရလိုမှုနဲ့ တရားစွဲပါတယ်။ ယာယီပုံစံ ၃ နဲ့တရားစွဲလို့ ရ၊ မရ။ ကျွန်မတို့က ကျူးကျော် သူ ဟုတ် မဟုတ်  ဆိုတာကို သိပါရစေ။ 
လေ့လာနိုင်ကြဖို့  မူရင်းအာဘော် မူရင်းအဓိပ္ပါယ် မလွဲရအောင် မူရင်းလင့်ကို တင်ပေးလိုက်ပါတယ်။
ဗီဒီယိုကြည့်ရန် မူရင်းလင့် 👇
(၁၅) လယ်ယာမြေနှင့်ဝတ္တကမြေ အငြင်းပွားမှု ကိစ္စ လုပ်ထုံးလုပ်နည်းအမှားကြောင့်လား
0 comments
လယ်ယာမြေနှင့်ဝတ္တကမြေ အငြင်းပွားမှု ကိစ္စ လုပ်ထုံးလုပ်နည်းအမှားကြောင့်လား
ဒီကိစ္စမျိုးတွေ တစ်နိုင်ငံလုံးမှာများစွာရှိနေတယ် လေ့လာနိုင်ကြဖို့ 
၂၀၁၃ မှာ ပုံစံ ၇ တွေထုတ်ပေးတော့ ကျွန်တော်လုပ်ကိုင်နေတဲ့ လယ်မြေ လျှောက်ထားခဲ့ပါတယ် နှစ်ဝကကို ။ ဒီမြေဟာ ၁၉၆၈ ကနေ ၂၀၁၂ အထိ မြေခွန်ပြေစာရှိထားတာပါ။ ဒါပေမဲ့ ကျောင်း ထိုင်ဘုန်းကြီးက ဒီမြေဟာ သူ့ကျောင်းရဲ့ ဝတ္တကမြေဆိုပြီး ကန့်ကွက်တဲ့အတွက် မြေယာမှုခင်းဖြစ်တော့ ရပ်ကျေး၊ ခရိုင်၊ တိုင်း အဆင့်ဆင့်မှာ ကျွန်တော်အနိုင်ရခဲ့ပါတယ် ။ ဒါကို ဘုန်းကြီးက ဝတ္တကမြေဆိုပြီး ဗဟိုသံဃာနာယကအဖွဲ့ ဆီ ဆက်ပြီးတိုင်နေတဲ့အတွက် ကျွန်တော့်မှာ အခက်အခဲဖြစ်နေပါတယ် ။ ပုံစံ ၇ ရအောင်ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာကို ဖြေကြားပေးစေချင်ပါတယ် ။
လေ့လာနိုင်ကြဖို့  မူရင်းအာဘော် မူရင်းအဓိပ္ပါယ် မလွဲရအောင် မူရင်းလင့်ကို တင်ပေးလိုက်ပါတယ်။
ဗီဒီယိုကြည့်ရန် မူရင်းလင့် 👇
အခြားနည်းသုံးခွင့်နှင့် ဆိုင်ခွင့်၊ ပိုင်ခွင့်ဆိုသည်မှာ
0 comments
    ၂၀၁၉ လယ်ယာမြေဥပဒေ မပြင်ဆင်မီက အရပ်စာချုပ်နဲ့ လုပ်ထားတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ရောင်း၊ဝယ် ၊ပေါင်နှံ ၊ ငှားရမ်းခြင်းကိစ္စ 
    တရားဝင်သေးသလား၊ ဘာဆက်လုပ်ရမလဲ
    ၂၀၁၂ လယ်ယာမြေ ဥပဒေ ပြဌာန်းအပြီးရှေ့က ဥပဒေပြဌာန်းခဲ့တဲ့ USDP အစိုးရ (၃) နှစ် နောက်တက်တဲ့ NLD အစိုးရ (၄) နှစ် စုစုပေါင်း (၇) နှစ် ကျေးလက်နေတောင်သူလယ်သမားတွေအပေါ် ဘယ်လောက်စိတ်ဝင်စားခဲ့သလဲ ဆိုတာ ဘယ်လောက်အလေးအနက်ထားခဲ့သလဲဆိုတာ DVB နဲ့ ဆရာတို့ရဲ့ အမေးအဖြေမှာ 
    https://www.facebook.com/dvblawlab/videos/961053354392068/