လယ်ယာမြေပေါ်တွင် နှစ်ပေါင်း (၃၀) ကျော်နေထိုင်ပြီးလျှင် ....
မြေစာရင်း ဌာနတွင် "လယ်ယာမြေ" ဟုအမည်ပေါက်သည့်မြေကွက်ကို တရားမရုံးတွင် မည်ကဲ့သို့ အခြေအနေမျိုးတွင် စီရင်ပိုင်ခွင့်ရှိသည်ကို
ဦးစံသင်း ပါ -၄ နှင့် ဒေါ်ဝင်းတင် ပါ -၁၇ တရားမအထွေထွေအယူခံမှုတွင် တွေ့ရသည်။
လန(၃၉) အမိန့်မရှိ လယ်ယာမြေအမည်ပေါက်နေဆဲဖြစ်သော်လည်း
အကြောင်းခြင်းရာ အားဖြင့်
၁။ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၅(၂)အရ အစိုးရကကြေငြာ၍
ပြန်လည်သိမ်းယူထားခြင်းမရှိ
၂။ သီးစားချထားရေးအက်ဥပဒေပုဒ်မ ၃၃ အရ သီးစားချထားပြီးခြင်းမရှိ (သို့မဟုတ်) ယင်းကဲ့သို့ပြုလုပ်ရန် လက်ငင်းအစီအစဉ်မရှိ
၃။ နှစ်ပေါင်း (၃၀) ကျော်ခန့် လူနေအိမ်ရာ အဖြစ် အသုံးပြုနေထိုင်ခဲ့ကြသော မြို့ပေါ် လူနေရပ်ကွက် အဖြစ်တည်ရှိနေခြင်းတို့ကြောင့်
လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃ (ခ) ခြွင်းချက်ပါ ပြဌာန်းချက်အရ လယ်ယာမြေတွင် အကျုံးမဝင်၊ တရားမရုံး စီရင်ပိုင်ခွင့်ရှိသည်။
အမှုအသွားအလာ များကို JPG တွင် မူရင်းမပျက် လေ့လာပါ။ 1992 - rulling pdf တစ်အုပ်လုံးကို လိုချင်ပါက အောက်က Mediafire လင့်မှာ Upload တင်ပေးထားပါတယ် 15.45mb သာရှိပါသည်။
https://www.mediafire.com/.../1992-rullingpdf.../file
ပို့စ်တွေ ပုံမှန် ပြန်တင်ပေးဘို့ကြိုးစားနေပါတယ်။
အများအကျိုးအတွက် မည်သူမဆို လွတ်လပ်စွာကူးယူ မျှဝေနိုင်ပါသည် ခရက်ဒစ်ပေးစရာမလိုပါ။
လှိုင်ဘွား(လယ်ယာမြေ)
0 comments:
Post a Comment