[Unicode]
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၄.၇.၂၀၂၀)တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း မေးမြန်းသည့် “မြေယာသိမ်းဆည်းခြင်းကိစ္စရပ်များနှင့် မြေယာအငြင်းပွားမှုကိစ္စရပ်များ မဖြစ်ပွားမီ ရှေးကာလ များကပင် ထုတ်ပေးထားသည့် မြေခွန်ပြေစာပါ ကွင်းအမည်၊ ကွင်းအမှတ်၊ ဦးပိုင် အမှတ်ပါ မြေတည်နေရာမှာ မြေသိမ်းဆည်းခြင်းကိစ္စရပ်များနှင့် မြေယာလုပ်ပိုင်ခွင့် အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်လာပြီးနောက်ပိုင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(မြေစာရင်း)မှ ၎င်းတို့ ၏ မှတ်တမ်းများအရ တောင်သူမှ တင်ပြလာသည့် မြေနေရာနှင့် တောင်သူလက်ဝယ်ရှိ မြေခွန် ပြေစာပါ မြေတည်နေရာမှာ ကွဲလွဲမှုများရှိနေသည်ဟု ဆိုလာပါသဖြင့် အဆိုပါကိစ္စကို မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း
**************************************************************************************
အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်၏ ဖြေကြားချက်-
နိုင်ငံတော်မှာ အခြေခံအရင်းအမြစ်ဖြစ်သည့် လယ်ယာမြေများနှင့် စပ်လျဉ်းပြီး ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်ရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်များ ကို အနည်းငယ်မျှ အကျဉ်းချုပ်ရှင်းလင်း တင်ပြလိုပါကြောင်း၊ ဌာနအနေဖြင့် လယ်ယာကဏ္ဍ ဆိုင်ရာ မြေအသုံးချမှုနှင့် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ စာရင်းများ ကောက်ယူပြုစုခြင်း၊ ထုတ်ပြန်ခြင်း၊ စီမံခန့်ခွဲခြင်း၊ နှစ်စဉ် မြေခွန်၊ ရေခွန်နှင့် တာတမံခွန်စည်းကြပ်ခြင်း၊ မြေကြီး မြေပုံမှန်ကန်ရေးအတွက် မြေတိုင်းတာ၍ မြေပုံရေးဆွဲထုတ်လုပ်ခြင်းစသည့် အဓိကလုပ်ငန်း များကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း။
ယခု လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းပါ မြေယာစီမံခန့်ခွဲမှုမှာ မြေပြင်တွင် တောင်သူနှင့် ဌာနကွဲလွဲနေမှု အငြင်းဖြစ်နေသည့် မြေတည်နေရာ၊ ကွင်းအမည်၊ အမှတ်နှင့်ဦးပိုင်များနှင့် စပ်လျဉ်းပြီး ဌာန၏ အဓိကတာဝန်တစ်ရပ်ဖြစ်သည်နှင့်အညီ မည်သို့စီမံဆောင်ရွက်နေသည်ကို ဦးစွာ ရှင်းလင်း အသိပေးဖြေကြားလိုပါကြောင်း။
နိုင်ငံအဝှမ်း သွင်ပြင်လက္ခဏာအမျိုးမျိုးနှင့် တည်ရှိသည့် လယ်ယာမြေများနှင့်စပ်လျဉ်းပြီး ဌာနမှ မြေတိုင်းတာ၊ မြေပုံရေးဆွဲ ထုတ်လုပ်ထိန်းသိမ်းထားရပါကြောင်း၊ ယင်းမြေပုံများသည် ပြဋ္ဌာန်း ထားသည့် တည်ဆဲမြေစာရင်းလက်စွဲဥပဒေ အပိုဒ်(၅၂၀)အရ မှတ်ပုံစာရင်းများ၏ အညွှန်းများ ဖြစ်ကြပါကြောင်း၊ မြေတည်ရာအရပ်၊ အတိုင်းအတာနှင့် နယ်နိမိတ်များကို ဖော်ပြသည့် မှတ်တမ်း များဖြစ်ကြပါကြောင်း။
မြန်မာနိုင်ငံ မြေစာရင်းလက်စွဲ ဥပဒေအပိုဒ်(၅၂၅)အရ ဦးပိုင်များကို အမြဲဦးပိုင်နှင့် မမြဲဦးပိုင်ဟူ၍ ခွဲခြားထားမှုရှိသည့်အလျောက် ဦးစီးဌာနအနေဖြင့် စာရင်း၊ မြေပုံများမှာ ပြဋ္ဌာန်းချက်နှင့်အညီ လိုက်နာမှတ်သားဆောင်ရွက်ရပါကြောင်း။
ဦးပိုင်တစ်ခုကို ခွဲစိတ်မည်ဆိုပါက ၎င်း၏လုပ်ငန်းစဉ်(Process)အရ ၎င်းဦးပိုင်အတွက် မူလ ရေးသွင်းချက်များကို ပိတ်ပြီးခွဲစိတ်ရသည့် အကြောင်းရင်းဖော်ပြချက် ရေးသားစာရင်းတင်ရပါ ကြောင်း၊ ယင်းနောက် မှတ်ပုံစာရင်းအဆုံးရှိ ပုံစံအသစ် တစ်ရွက်ပေါ်တွင် ဦးပိုင်ခွဲများကို ရေးသွင်း ရပါကြောင်း၊ မြန်မာနိုင်ငံမြေစာရင်းလက်စွဲ ဥပဒေအပိုဒ်(၅၅၅)ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက် ရပါကြောင်း။
လက်တွေ့မြေပြင်အခြေအနေမှာ တိုင်းတာပြီးသည့် ကွင်း/ အကွက်များတွင် ဦးပိုင်ခွဲများ အလွန် များပြားပါကြောင်း၊ အပြောင်းအလွဲ အလွန်များပြားပါကြောင်း၊ ကြေးတိုင်အသစ် စိုက်ထူခြင်းနှင့် မြေမျိုးကြီးများ ထပ်မံပြောင်းလွဲသည့် အခါများတွင် မြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေ အပိုဒ်(၁၂၁၄)အရ ဦးပိုင်အမှတ်များကို အမှတ်စဉ်အသစ်ပြန်လည် ရေးထိုးဆောင်ရွက်ရပါ ကြောင်း၊ ဥပမာအားဖြင့် ဦးပိုင်အမှတ်(၁၇)ကို ဦးပိုင်(၂)ခုခွဲမည်ဆိုလျှင် ဦးပိုင်အမှတ်(၁၇-က)နှင့် (၁၇-ခ)အဖြစ် ဦးပိုင်အမှတ်များ ပြောင်းလဲသွားမည်ဖြစ်ပါကြောင်း။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် မြေကြီး၊ မြေပုံနှင့် မြေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေတိုင်းတာပြီး မြေပုံရေးဆွဲထုတ်လုပ်ခြင်း လုပ်ငန်းကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် မူလတိုင်း၊ ပြန်တိုင်း၊ ပြင်တိုင်းခြင်း လုပ်ငန်းအဖြစ် ဆောင်ရွက်ရ ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြေစာရင်း လက်စွဲဥပဒေအပိုဒ်(၉၄၅)၊ (၉၅၇)တို့အရ ဧရိယာစာရင်း တွက်ချက်ရပါကြောင်း၊ ဦးပိုင်နယ်နိမိတ် ခွဲခြားဆောင်ရွက်ရပါကြောင်း၊ မြေကွက် မှတ်ပုံစာရင်းအသစ် ပြုလုပ်ခြင်းနှင့် ဦိးပိုင်အမှတ်စဉ်အသစ်များ ပြန်လည်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ သို့ဖြစ်သည့်အတွက် ယခင်မူလက တိုင်းတာဆောင်ရွက်ထားသည့် မြေပုံ များရှိ ဧရိယာများ၊ ဦးပိုင်အမှတ်များ စသည်တို့သည်လည်း အပြောင်းအလဲဖြစ်သွားမည် ဖြစ်ပါ ကြောင်း၊ မမြဲဦးပိုင်များကနေ စိုက်ပျိုးမှုတည်မြဲလာသည့်အတွက်လည်း အမြဲဦးပိုင်အသစ်အဖြစ် ပြောင်းလဲမှုများ ဖြစ်လာပါကြောင်း။
ယခုကဲ့သို့သော အခြေအနေအရပ်ရပ်ကြောင့် မြေပြင်တွင် လွှတ်တော်ကိုယ်စားလှယ်ကြီး ထောက်ပြမေးမြန်းလာရသည့် မြေယာသိမ်းဆည်းခြင်းကိစ္စရပ်များနှင့် မြေယာအငြင်းပွားမှုအရ ကိစ္စရပ်များမဖြစ်ပွားမီက၊ ရှေးကာလများကပင် ထုတ်ပေးထားသည့် မြေခွန်ပြေစာပါ ကွင်း အမည်၊ ကွင်းအမှတ်၊ ဦးပိုင်အမှတ်ပါ မြေတည်နေရာတွင် မြေသိမ်းဆည်းခြင်းကိစ္စရပ်များနှင့် မြေယာလုပ်ပိုင်ခွင့် အငြင်းပွားမှု ကိစ္စရပ်များဖြစ်ပေါ်လာပြီး နောက်ပိုင်း တောင်သူများနှင့် ဌာန အကြား အသီးသီး မိမိတို့ဘက်မှ ကိုင်စွဲထားကြသည့် အထောက်အထားများနှင့် မှတ်တမ်းများ အပေါ် အခြေခံပြီး အငြင်းပွားမှုများ ကြုံတွေ့လာရခြင်းကြောင့် သုံးသပ်ဖြေကြား အပ်ပါကြောင်း။
ယင်းသို့ အခြေအနေအရပ်ရပ် ဖြစ်လာမှုအပေါ် အဖြေရှာမည်ဆိုလျှင် မြေစစ်အဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကျေးအဖွဲ့များ၊ ဌာနဆိုင်ရာနှင့် ဒေသနေပတ်ဝန်းကျင် သက်သေများအနေဖြင့် နိုင်ငံတော်ကချမှတ်ထားသည့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ မူဝါဒ၊ လုပ်ငန်း စဉ်များနှင့်အညီ မြေပြင်တွင် စိစစ်အဖြေရှာဆောင်ရွက်မှသာ အဖြေကိုရရှိမည်ဖြစ်ပါကြောင်း။
သိမ်းဆည်းမြေတိုင်ကြားစာများနှင့် စပ်လျဉ်းပြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီအနေဖြင့် မူဝါဒ၊ လုပ်ငန်းစဉ်များ ချမှတ်စိစစ်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ အနေဖြင့် စွန့်လွှတ်မြေများကို မူလ လုပ်ကိုင်ခဲ့သည့် တောင်သူများအား စိစစ်ပြီးယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ်ပုံစံ(၃)များ ထုတ်ပေး ရပါကြောင်း၊ ထိုသို့ ထုတ်ပေးရာတွင် သိမ်းဆည်းစဉ်က ဌာနအဖွဲ့အစည်းများအနေဖြင့် သီးစားချ ထားခဲ့သည့် တောင်သူများနှင့် မူလတောင်သူများ ကွဲလွဲမှုရှိနိုင်ပါကြောင်း၊ ယာယီလုပ်ကိုင်ခွင့်ပုံစံ (၃)များအရ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)များ ထုတ်ပေးရပါကြောင်း၊ ထိုသို့ ထုတ်ပေးခဲ့သည့်အတွက် မူလတောင်သူအချို့အနေဖြင့် နစ်နာမှုများ ရှိကောင်းရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ သို့သော် အဆိုပါနစ်နာမှုအတွက် လက်လွှတ်ဆုံးရှုံးသွားမည် မဆိုသာဘဲ ဥပဒေပါ အခွင့်အရေးဖြစ်သည့် လယ်ယာမြေဥပဒေပုဒ်မ(၂၂)နှင့်အညီ မူလမြေယာမှုခင်း ဖွင့်လှစ်လျှောက် ထားနိုင်မည့် အခွင့်အရေးရှိပါကြောင်း။
သို့ဖြစ်သည့်အတွက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် သတ်မှတ်ချက် ဥပဒေသများနှင့်အညီ ဆောင်ရွက်ခဲ့ရမှုအပေါ်တွင် ရှေးယခင်က ထုတ်ပေးထားသည့် မြေခွန်ပြေစာပါ ကွင်းအမှတ်၊ ကွင်းအမည်၊ ဦးပိုင်အမှတ် ဧရိယာကွဲလွဲမှုများ ရှိလာခဲ့မည်ဆိုပါက ကာယကံရှင် များအနေဖြင့် မိမိတို့ လုပ်ကိုင်ခဲ့သည့် မြေတည်နေရာနှင့်နယ်နိမိတ်ကို အနီးစပ်ဆုံးအထိ လိုက်လံကွင်းဆင်းပြသခြင်းဖြင့် ကူညီဆောင်ရွက်ပေးဖို့ တင်ပြလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကန်သင်းတင်တောင်သူလယ်သမားများ၏ မှန်ကန်ကြောင်း ထောက်ခံတင်ပြခြင်းတို့အပေါ်တွင် ဌာနမှာ ထိန်းသိမ်းထားရှိသည့် မှတ်ပုံစာရင်းနှင့်မြေပုံတို့ကို အခြေခံပြီး ကွဲလွဲချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆောင်ရွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။
[ Zawgyi ]
ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ (၁၇)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ဒုတိယေန႔ (၁၄.၇.၂၀၂၀)တြင္ ရခိုင္ျပည္နယ္ မဲဆႏၵနယ္အမွတ္(၁၂)မွ ဦးစိုးဝင္း ေမးျမန္းသည့္ “ေျမယာသိမ္းဆည္းျခင္းကိစၥရပ္မ်ားႏွင့္ ေျမယာအျငင္းပြားမႈကိစၥရပ္မ်ား မျဖစ္ပြားမီ ေရွးကာလ မ်ားကပင္ ထုတ္ေပးထားသည့္ ေျမခြန္ေျပစာပါ ကြင္းအမည္၊ ကြင္းအမွတ္၊ ဦးပိုင္ အမွတ္ပါ ေျမတည္ေနရာမွာ ေျမသိမ္းဆည္းျခင္းကိစၥရပ္မ်ားႏွင့္ ေျမယာလုပ္ပိုင္ခြင့္ အျငင္းပြားမႈကိစၥရပ္မ်ား ျဖစ္ေပၚလာၿပီးေနာက္ပိုင္း လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန(ေျမစာရင္း)မွ ၎တို႔ ၏ မွတ္တမ္းမ်ားအရ ေတာင္သူမွ တင္ျပလာသည့္ ေျမေနရာႏွင့္ ေတာင္သူလက္ဝယ္ရွိ ေျမခြန္ ေျပစာပါ ေျမတည္ေနရာမွာ ကြဲလြဲမႈမ်ားရွိေနသည္ဟု ဆိုလာပါသျဖင့္ အဆိုပါကိစၥကို မည္ကဲ့သို႔ ေျဖရွင္းေပးမည္ကို သိရွိလိုျခင္း”ႏွင့္ စပ္လ်ဥ္းသည့္ ၾကယ္ပြင့္ျပေမးခြန္း
**************************************************************************************
အဆိုပါ ၾကယ္ပြင့္ျပေမးခြန္းႏွင့္ ပတ္သက္၍ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးလွေက်ာ္၏ ေျဖၾကားခ်က္-
ႏိုင္ငံေတာ္မွာ အေျခခံအရင္းအျမစ္ျဖစ္သည့္ လယ္ယာေျမမ်ားႏွင့္ စပ္လ်ဥ္းၿပီး ျပ႒ာန္းထားသည့္ ဥပေဒမ်ားႏွင့္အညီ စီမံခန႔္ခြဲေဆာင္႐ြက္ရသည့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ဌာနေအာက္ရွိ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၏ အဓိကလုပ္ငန္းတာဝန္မ်ား ကို အနည္းငယ္မွ် အက်ဥ္းခ်ဳပ္ရွင္းလင္း တင္ျပလိုပါေၾကာင္း၊ ဌာနအေနျဖင့္ လယ္ယာက႑ ဆိုင္ရာ ေျမအသုံးခ်မႈႏွင့္ သီးႏွံစိုက္ပ်ိဳး ထုတ္လုပ္မႈဆိုင္ရာ စာရင္းမ်ား ေကာက္ယူျပဳစုျခင္း၊ ထုတ္ျပန္ျခင္း၊ စီမံခန႔္ခြဲျခင္း၊ ႏွစ္စဥ္ ေျမခြန္၊ ေရခြန္ႏွင့္ တာတမံခြန္စည္းၾကပ္ျခင္း၊ ေျမႀကီး ေျမပုံမွန္ကန္ေရးအတြက္ ေျမတိုင္းတာ၍ ေျမပုံေရးဆြဲထုတ္လုပ္ျခင္းစသည့္ အဓိကလုပ္ငန္း မ်ားကို တာဝန္ယူေဆာင္႐ြက္လ်က္ရွိပါေၾကာင္း။
ယခု လႊတ္ေတာ္ကိုယ္စားလွယ္၏ ေမးခြန္းပါ ေျမယာစီမံခန႔္ခြဲမႈမွာ ေျမျပင္တြင္ ေတာင္သူႏွင့္ ဌာနကြဲလြဲေနမႈ အျငင္းျဖစ္ေနသည့္ ေျမတည္ေနရာ၊ ကြင္းအမည္၊ အမွတ္ႏွင့္ဦးပိုင္မ်ားႏွင့္ စပ္လ်ဥ္းၿပီး ဌာန၏ အဓိကတာဝန္တစ္ရပ္ျဖစ္သည္ႏွင့္အညီ မည္သို႔စီမံေဆာင္႐ြက္ေနသည္ကို ဦးစြာ ရွင္းလင္း အသိေပးေျဖၾကားလိုပါေၾကာင္း။
ႏိုင္ငံအဝွမ္း သြင္ျပင္လကၡဏာအမ်ိဳးမ်ိဳးႏွင့္ တည္ရွိသည့္ လယ္ယာေျမမ်ားႏွင့္စပ္လ်ဥ္းၿပီး ဌာနမွ ေျမတိုင္းတာ၊ ေျမပုံေရးဆြဲ ထုတ္လုပ္ထိန္းသိမ္းထားရပါေၾကာင္း၊ ယင္းေျမပုံမ်ားသည္ ျပ႒ာန္း ထားသည့္ တည္ဆဲေျမစာရင္းလက္စြဲဥပေဒ အပိုဒ္(၅၂၀)အရ မွတ္ပုံစာရင္းမ်ား၏ အၫႊန္းမ်ား ျဖစ္ၾကပါေၾကာင္း၊ ေျမတည္ရာအရပ္၊ အတိုင္းအတာႏွင့္ နယ္နိမိတ္မ်ားကို ေဖာ္ျပသည့္ မွတ္တမ္း မ်ားျဖစ္ၾကပါေၾကာင္း။
ျမန္မာႏိုင္ငံ ေျမစာရင္းလက္စြဲ ဥပေဒအပိုဒ္(၅၂၅)အရ ဦးပိုင္မ်ားကို အၿမဲဦးပိုင္ႏွင့္ မၿမဲဦးပိုင္ဟူ၍ ခြဲျခားထားမႈရွိသည့္အေလ်ာက္ ဦးစီးဌာနအေနျဖင့္ စာရင္း၊ ေျမပုံမ်ားမွာ ျပ႒ာန္းခ်က္ႏွင့္အညီ လိုက္နာမွတ္သားေဆာင္႐ြက္ရပါေၾကာင္း။
ဦးပိုင္တစ္ခုကို ခြဲစိတ္မည္ဆိုပါက ၎၏လုပ္ငန္းစဥ္(Process)အရ ၎ဦးပိုင္အတြက္ မူလ ေရးသြင္းခ်က္မ်ားကို ပိတ္ၿပီးခြဲစိတ္ရသည့္ အေၾကာင္းရင္းေဖာ္ျပခ်က္ ေရးသားစာရင္းတင္ရပါ ေၾကာင္း၊ ယင္းေနာက္ မွတ္ပုံစာရင္းအဆုံးရွိ ပုံစံအသစ္ တစ္႐ြက္ေပၚတြင္ ဦးပိုင္ခြဲမ်ားကို ေရးသြင္း ရပါေၾကာင္း၊ ျမန္မာႏိုင္ငံေျမစာရင္းလက္စြဲ ဥပေဒအပိုဒ္(၅၅၅)ျပ႒ာန္းခ်က္ႏွင့္အညီ ေဆာင္႐ြက္ ရပါေၾကာင္း။
လက္ေတြ႕ေျမျပင္အေျခအေနမွာ တိုင္းတာၿပီးသည့္ ကြင္း/ အကြက္မ်ားတြင္ ဦးပိုင္ခြဲမ်ား အလြန္ မ်ားျပားပါေၾကာင္း၊ အေျပာင္းအလြဲ အလြန္မ်ားျပားပါေၾကာင္း၊ ေၾကးတိုင္အသစ္ စိုက္ထူျခင္းႏွင့္ ေျမမ်ိဳးႀကီးမ်ား ထပ္မံေျပာင္းလြဲသည့္ အခါမ်ားတြင္ ျမန္မာႏိုင္ငံေျမစာရင္း လက္စြဲဥပေဒ အပိုဒ္(၁၂၁၄)အရ ဦးပိုင္အမွတ္မ်ားကို အမွတ္စဥ္အသစ္ျပန္လည္ ေရးထိုးေဆာင္႐ြက္ရပါ ေၾကာင္း၊ ဥပမာအားျဖင့္ ဦးပိုင္အမွတ္(၁၇)ကို ဦးပိုင္(၂)ခုခြဲမည္ဆိုလွ်င္ ဦးပိုင္အမွတ္(၁၇-က)ႏွင့္ (၁၇-ခ)အျဖစ္ ဦးပိုင္အမွတ္မ်ား ေျပာင္းလဲသြားမည္ျဖစ္ပါေၾကာင္း။
လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနအေနျဖင့္ ေျမႀကီး၊ ေျမပုံႏွင့္ ေျမစာရင္းမ်ား မွန္ကန္မႈရွိေစေရးအတြက္ ေျမတိုင္းတာၿပီး ေျမပုံေရးဆြဲထုတ္လုပ္ျခင္း လုပ္ငန္းကို အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ မူလတိုင္း၊ ျပန္တိုင္း၊ ျပင္တိုင္းျခင္း လုပ္ငန္းအျဖစ္ ေဆာင္႐ြက္ရ ပါေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ရာတြင္ ေျမစာရင္း လက္စြဲဥပေဒအပိုဒ္(၉၄၅)၊ (၉၅၇)တို႔အရ ဧရိယာစာရင္း တြက္ခ်က္ရပါေၾကာင္း၊ ဦးပိုင္နယ္နိမိတ္ ခြဲျခားေဆာင္႐ြက္ရပါေၾကာင္း၊ ေျမကြက္ မွတ္ပုံစာရင္းအသစ္ ျပဳလုပ္ျခင္းႏွင့္ ဦိးပိုင္အမွတ္စဥ္အသစ္မ်ား ျပန္လည္ေရးထိုးျခင္းတို႔ကို ေဆာင္႐ြက္ရပါေၾကာင္း၊ သို႔ျဖစ္သည့္အတြက္ ယခင္မူလက တိုင္းတာေဆာင္႐ြက္ထားသည့္ ေျမပုံ မ်ားရွိ ဧရိယာမ်ား၊ ဦးပိုင္အမွတ္မ်ား စသည္တို႔သည္လည္း အေျပာင္းအလဲျဖစ္သြားမည္ ျဖစ္ပါ ေၾကာင္း၊ မၿမဲဦးပိုင္မ်ားကေန စိုက္ပ်ိဳးမႈတည္ၿမဲလာသည့္အတြက္လည္း အၿမဲဦးပိုင္အသစ္အျဖစ္ ေျပာင္းလဲမႈမ်ား ျဖစ္လာပါေၾကာင္း။
ယခုကဲ့သို႔ေသာ အေျခအေနအရပ္ရပ္ေၾကာင့္ ေျမျပင္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္ႀကီး ေထာက္ျပေမးျမန္းလာရသည့္ ေျမယာသိမ္းဆည္းျခင္းကိစၥရပ္မ်ားႏွင့္ ေျမယာအျငင္းပြားမႈအရ ကိစၥရပ္မ်ားမျဖစ္ပြားမီက၊ ေရွးကာလမ်ားကပင္ ထုတ္ေပးထားသည့္ ေျမခြန္ေျပစာပါ ကြင္း အမည္၊ ကြင္းအမွတ္၊ ဦးပိုင္အမွတ္ပါ ေျမတည္ေနရာတြင္ ေျမသိမ္းဆည္းျခင္းကိစၥရပ္မ်ားႏွင့္ ေျမယာလုပ္ပိုင္ခြင့္ အျငင္းပြားမႈ ကိစၥရပ္မ်ားျဖစ္ေပၚလာၿပီး ေနာက္ပိုင္း ေတာင္သူမ်ားႏွင့္ ဌာန အၾကား အသီးသီး မိမိတို႔ဘက္မွ ကိုင္စြဲထားၾကသည့္ အေထာက္အထားမ်ားႏွင့္ မွတ္တမ္းမ်ား အေပၚ အေျခခံၿပီး အျငင္းပြားမႈမ်ား ႀကဳံေတြ႕လာရျခင္းေၾကာင့္ သုံးသပ္ေျဖၾကား အပ္ပါေၾကာင္း။
ယင္းသို႔ အေျခအေနအရပ္ရပ္ ျဖစ္လာမႈအေပၚ အေျဖရွာမည္ဆိုလွ်င္ ေျမစစ္အဖြဲ႕မ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ရပ္ေက်းအဖြဲ႕မ်ား၊ ဌာနဆိုင္ရာႏွင့္ ေဒသေနပတ္ဝန္းက်င္ သက္ေသမ်ားအေနျဖင့္ ႏိုင္ငံေတာ္ကခ်မွတ္ထားသည့္ ျပ႒ာန္းထားသည့္ ဥပေဒ၊ မူဝါဒ၊ လုပ္ငန္း စဥ္မ်ားႏွင့္အညီ ေျမျပင္တြင္ စိစစ္အေျဖရွာေဆာင္႐ြက္မွသာ အေျဖကိုရရွိမည္ျဖစ္ပါေၾကာင္း။
သိမ္းဆည္းေျမတိုင္ၾကားစာမ်ားႏွင့္ စပ္လ်ဥ္းၿပီး လယ္ယာေျမႏွင့္ အျခားေျမမ်ားသိမ္းဆည္း ခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟိုေကာ္မတီအေနျဖင့္ မူဝါဒ၊ လုပ္ငန္းစဥ္မ်ား ခ်မွတ္စိစစ္ေျဖရွင္း ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ ယင္းသို႔ ေဆာင္႐ြက္ရာတြင္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟိုေကာ္မတီ အေနျဖင့္ စြန႔္လႊတ္ေျမမ်ားကို မူလ လုပ္ကိုင္ခဲ့သည့္ ေတာင္သူမ်ားအား စိစစ္ၿပီးယာယီလုပ္ကိုင္ခြင့္ျပဳလက္မွတ္ပုံစံ(၃)မ်ား ထုတ္ေပး ရပါေၾကာင္း၊ ထိုသို႔ ထုတ္ေပးရာတြင္ သိမ္းဆည္းစဥ္က ဌာနအဖြဲ႕အစည္းမ်ားအေနျဖင့္ သီးစားခ် ထားခဲ့သည့္ ေတာင္သူမ်ားႏွင့္ မူလေတာင္သူမ်ား ကြဲလြဲမႈရွိႏိုင္ပါေၾကာင္း၊ ယာယီလုပ္ကိုင္ခြင့္ပုံစံ (၃)မ်ားအရ လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳလက္မွတ္ပုံစံ(၇)မ်ား ထုတ္ေပးရပါေၾကာင္း၊ ထိုသို႔ ထုတ္ေပးခဲ့သည့္အတြက္ မူလေတာင္သူအခ်ိဳ႕အေနျဖင့္ နစ္နာမႈမ်ား ရွိေကာင္းရွိႏိုင္မည္ျဖစ္ပါ ေၾကာင္း၊ သို႔ေသာ္ အဆိုပါနစ္နာမႈအတြက္ လက္လႊတ္ဆုံးရႈံးသြားမည္ မဆိုသာဘဲ ဥပေဒပါ အခြင့္အေရးျဖစ္သည့္ လယ္ယာေျမဥပေဒပုဒ္မ(၂၂)ႏွင့္အညီ မူလေျမယာမႈခင္း ဖြင့္လွစ္ေလွ်ာက္ ထားႏိုင္မည့္ အခြင့္အေရးရွိပါေၾကာင္း။
သို႔ျဖစ္သည့္အတြက္ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနအေနျဖင့္ သတ္မွတ္ခ်က္ ဥပေဒသမ်ားႏွင့္အညီ ေဆာင္႐ြက္ခဲ့ရမႈအေပၚတြင္ ေရွးယခင္က ထုတ္ေပးထားသည့္ ေျမခြန္ေျပစာပါ ကြင္းအမွတ္၊ ကြင္းအမည္၊ ဦးပိုင္အမွတ္ ဧရိယာကြဲလြဲမႈမ်ား ရွိလာခဲ့မည္ဆိုပါက ကာယကံရွင္ မ်ားအေနျဖင့္ မိမိတို႔ လုပ္ကိုင္ခဲ့သည့္ ေျမတည္ေနရာႏွင့္နယ္နိမိတ္ကို အနီးစပ္ဆုံးအထိ လိုက္လံကြင္းဆင္းျပသျခင္းျဖင့္ ကူညီေဆာင္႐ြက္ေပးဖို႔ တင္ျပလိုပါေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ရာတြင္လည္း ကန္သင္းတင္ေတာင္သူလယ္သမားမ်ား၏ မွန္ကန္ေၾကာင္း ေထာက္ခံတင္ျပျခင္းတို႔အေပၚတြင္ ဌာနမွာ ထိန္းသိမ္းထားရွိသည့္ မွတ္ပုံစာရင္းႏွင့္ေျမပုံတို႔ကို အေျခခံၿပီး ကြဲလြဲခ်က္မ်ားအေပၚ ေျဖရွင္းေဆာင္႐ြက္ေပးသြားမည္ ျဖစ္ပါေၾကာင္း၊ ေဆာင္႐ြက္လည္း ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း ရွင္းလင္းေျဖၾကားခဲ့ပါသည္။
အမျိုးသားလွှတ်တော်မူရင်းလင့် 👇
အမ်ိဳးသားလႊတ္ေတာ္မူရင္းလင့္ 👇
https://m.facebook.com/story.php?story_fbid=3120628884717290&id=626580860788784
0 comments:
Post a Comment