#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

မြေဧကတွက်နည်း

Monday, February 2, 2026

မြေဧကတွက်နည်း


မြေတစ်ဧကမှာ ပေ(၄၀/၆၀) ၁၈-ကွက်ရပါတယ်၊


၁ ဧက   =   ၂၀၈.၇၁၁  ပေ ×  ၂၀၈.၇၁၁ ပေ

၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ

၁ ဧက   =   ၄၃၅၆၀  စတုရန်းပေ




















၁ ပေ(sqft)= ၀.၀၉၂၉ Square metre

၁ မီတာ     =   ၃.၂၈၁  ပေ

၁ စတုရန်းမီတာ  =  ၁၀.၇၆၄ စတုရန်းပေ

၁ ဟက်တာ  =  ၂.၄၇၁ ဧက


Square feet မှ ဧကပြောင်း

Sqft ÷ 43560= (    ) ဧက

ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်

20000 ÷ 43560  = 0.459 ဧက


ဧကမှ Sqft ပြောင်း

ဧကအကျယ် × 43560 = (    ) Sqft

ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်

0.5 × 43560 = 21780 Sqft


၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့

လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile)

စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။


၃ ပေ = ၁ ကိုက်

၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ

၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ

၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ

"၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ်"


ဒါ့ကြောင့်

၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါတယ်။


၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ

တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်။


၁ စတုရန်းမိုင် = ၆၄၀ ဧက

၁ စတုရန်းဖာလုံ = ၁၀ ဧက

၄၃၅၆၀ စတုရန်းပေ = ၁ ဧက

၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက

၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်

၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မတ်ခန့်

၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မူးခန့်

၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက

၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

0 comments:

Post a Comment