#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

နိုင်ငံတော်က မြေကိုအသုံးပြုဖို့လိုအပ်လို့ မြေကိုယူရင် မြေယာပိုင်ဆိုင်မှု အထောက်အထားမရှိပါကလျော်ကြေးနစ်နာကြေးရ/မရ ဆရာ ၏ မှတ်သားဖွယ် စကား

Monday, October 26, 2020

နိုင်ငံတော်က မြေကိုအသုံးပြုဖို့လိုအပ်လို့ မြေကိုယူရင် မြေယာပိုင်ဆိုင်မှု အထောက်အထားမရှိပါကလျော်ကြေးနစ်နာကြေးရ/မရ

အောက်မှာ ဥပဒေသုတေသီ ဆရာဦးမောင်မောင်ညွန့် ရေးသားသော မူရင်းလင့်ပါ။

https://m.facebook.com/story.php?story_fbid=1092704884491566&id=100012561935452

ယနေ့မေးမြန်းလာတာက ဤသို့ ပါ-
“တောင်သူပိုင် လယ်ယာမြေများကို ဖြတ်သန်းပြီး အများအတွက် လမ်းတံတားဖောက်ရင် ပုံစံ ၇ မရသူကို လျော်ကြေး မပေးဘူးလို့ သက်ဆိုင်ရာ ဌာနက ငြင်းဆိုလို့ရပါသလားဆရာ။ အဲလိုငြင်းနေကြလို့ပါ။”
မိမိလေ့လာမိတာက တပ်မတော် အစိုးရ လက်ထက်က ပြဌာန်းခဲ့သည့် လမ်းမကြီးများ ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေ အမှတ် ၈/၂၀၀၀) ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးသည်ပင်လျှင် လမ်းမြေအတွက် လိုအပ်ပါက၊ တည်ဆဲဥပဒေများနှင့်အညီသာ ပြည်သူ၏ မြေကို ရယူပိုင်ခွင့် ရှိပါသည်။ တည်ဆဲ ဥပဒေ ဆိုပါက ၁၈၉၄ ခုနှစ်၊ မြေသိမ်း အက်ဥပဒေ သာ ရှိပါသည်။ ယင်းအက်ဥပဒေ အရ ဆိုပါလျှင် မြေသိမ်းဆည်းမှု အတွက် အကျိုးစီးပွား ယုတ်လျော့မှု ရှိသူသည် လျော်ကြေးတောင်းခံပိုင်ခွင့်ရှိသော အကျိုးစီးပွား သက်ဆိုင်သူဖြစ်ကြောင်း ပြဌာန်းထားပါသည်။
ပိုင်ဆိုင်ကြောင်း အထောက်အထား ရှိရမည်၊ ပုံစံ-၇ ရှိရမည် ဟူ၍ မြန်မာနိုင်ငံကို ကျွန်ပြုသွားသည့် ဗြိတိသျှတို့ကသည်ပင်လျှင် ဥပဒေတွင် ပြဌာန်းမထားပါ။ ပိုင်သည်ဖြစ်စေ၊ မပိုင်သည်ဖြစ်စေ ထိုမြေကို အသုံးပြုခွင့် ဆုံးရှုံးသွားပါက လျော်ကြေး ရထိုက်ကြောင်းကိုသာ ပြဌာန်း သွားပါသည်။ ယခုကဲ့သို့ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ချီတက်နေချိန်တွင် ပုံစံ-၇ မရသေးသော်လည်း၊ မြေကို စစ်မှန်စွာ အသုံးပြုနေသူဖြစ်ပါက လျော်ကြေး ရထိုက်ခွင့် ရှိစေပါမည်။ မရထိုက်ကြောင်း ပြောသည့် ဌာန ဟူသည်မှာ ပြည်သူများ၏ ဆန္ဒမဲဖြင့် ဖွဲ့စည်းပေါ်ပေါက်လာသည့် ပြည်သူ့အစိုးရ၏ လက်အောက်ခံ အစိုးရ ဌာနမှ ဝန်ထမ်းများ မဖြစ်နိုင်ပါ။ အကြမ်းဖက် သောင်းကျန်းသူများကို သစ္စာခံထားသည့် ဌာနမှ သူများသာ ဖြစ်ပါလိမ့်မည် ဟု ပြန်လည် ဖြေကြားလိုပါသည် ခင်ဗျာ-------

0 comments:

Post a Comment