လယ်ယာမြေ အရောင်းအဝယ် ကိစ္စရပ်များကို တရားဝင် စာချုပ်စာတမ်း မှတ်ပုံတင်၍ အမည်ပြောင်းလဲနိုင်ရေး
၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများအရ လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ပြောင်းလဲခြင်းတွင် အမွေဆက်ခံခြင်း
နှင့် မြေယာပြုပြင်ပြောင်းလဲခြင်း ကိစ္စရပ်နှစ်ခုကိုသာ ယခင်ကဆောင်ရွက်ခွင့်ရခဲ့သည်။(ထိုအကြောင်းနှင့် ပတ်သက်၍ စာရေးသူ
သည် မြန်မာတောင်သူကြီးများဂျာနယ်တွင်ဆောင်းပါးရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။) ယခုအခါတွင်မူ လယ်ယာမြေလုပ်ပိုင်ခွင့်
ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းစသည့်ကိစ္စရပ်များကိုပါအမည်ပြောင်းလဲနိုင်ပြီဖြစ်ကြောင်း
တောင်သူ လယ်သမားများနှင့် ၎င်းတို့ထံမှ လယ်ယာမြေ ဝယ်ယူသူများ ဝမ်းမြောက်ဖွယ် သတင်းကောင်း တစ်ရပ်ကို လယ်ယာ
လယ်ယာမြေအရောင်းအဝယ်ကိစ္စရပ်များ
လယ်ယာမြေ ဝယ်ယူသူများ၏ အမည်သို့ တရားဝင်ပြောင်းလဲနိုင်ခွင့် မရှိသေးသဖြင့် အရပ်စာချုပ်များ (ပဋိညာဉ်စာချုပ်များ) ချုပ်
ဆို၍ ရောင်းချသူထံမှ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) နှင့် အထွေထွေ ကိုယ်စားလှယ်လွှဲစာ (General Power)
များကိုသာ ရယူထားနိုင်ကြသည်။ ယခုညွှန်ကြားချက်အရဆိုလျှင် လယ်ယာမြေကိစ္စရပ်များအတွက် ထိုက်သင့်သည့် တံဆိပ်ခေါင်း
များကပ်နှိပ်၍ ကျသင့်သော စာချုပ်စာတမ်း မှတ်ပုံတင်ခပေးဆောင်ကာ တရားဝင်စာချုပ်များ ချုပ်ဆိုမှတ်ပုံတင်ပြီးသော် လယ်ယာ
မြေလုပ်ပိုင်ခွင့်ရရှိသူ အမည် ပြောင်းလဲပြင်ဆင်နိုင်ပြီဖြစ်ကြောင်း သိရပါသည်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်အသစ်များ
(၁) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်စွဲပါ ညွှန်ကြားချက်အမှတ် - ၂ /၂၀၁၉ အရ လယ်ယာမြေ
လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းကိစ္စရပ်များအတွက် လယ်ယာမြေတန်ဖိုး
သတ်မှတ်ရန်အလို့ငှာ ဒေသန္တရအခြေအနေအရ ဆီလျော်သောနှုန်းထားနှင့်အညီ သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် သက်
ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား တာဝန်ပေးအပ်ထားပါသည်။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လယ်
ယာမြေတန်ဖိုးကို ဒေသန္တရအခြေအနေနှင့် ဆီလျော်သောနှုန်းထားဖြစ်စေရေးအတွက် လယ်ယာမြေတည်ရှိရာ ရပ်ကွက်/ ကျေးရွာ
အုပ်စု လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က အဆိုပြုတင်ပြလာသော လယ်ယာမြေများ၏ တစ်ဧကဒေသပေါက်ဈေးအား စိစစ်ဆောင်
ရွက်သွားရန် ညွှန်ကြားထားပါသည်။ (၂) တစ်ဖန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့၏ ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်စွဲပါ ညွှန်ကြား
ချက်အမှတ် - ၃ /၂၀၁၉ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်းတို
့နှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို ညွှန်ကြားထားပါသည်။ အထက်ပါညွှန်ကြားချက် - ၂ /၂၀၁၉နှင့် ဆက်
စပ်၍ ရပ်ကွက်/ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူက လုပ်ပိုင်ခွင့်ကိုရောင်းချခြင်း၊
လဲလှယ်ခြင်း၊ ပေါင်နှံခြင်းနှင့် ငှားရမ်းခြင်း စသည်တို့ကို ဆောင်ရွက်ကြသည့်အခါ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က စိစစ်
အတည်ပြုထားသော လယ်ယာမြေ၏ တစ်ဧကဒေသပေါက်ဈေးနှုန်းထားများအရ ထိုက်သင့်သော တံဆိပ်ခေါင်းခွန် ထမ်းဆောင်
စေပြီး လယ်ယာမြေနည်းဥပဒေ ၂၄ (က)၊ ၄၇ (ခ)၊ ၄၈ (ဂ) တို့နှင့် အညီ ရပ်ကွက်^ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏
ရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၁၂၀ အတွင်း တင်ပြလာပါက သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနမှူးရုံးသည် လယ်
ယာမြေနည်းဥပဒေ ၂၄(ဂ)၊ ၄၇(ဃ)၊ ၄၈(င) တို့နှင့်အညီ ဆောင်ရွက်ပေးရန် ညွှန်ကြားထားပါသည်။ (၃) ထို့ပြင် ဗဟိုလယ်ယာမြေ
စီမံခန့်ခွဲရေးအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်စွဲပါ ညွှန်ကြားချက် ၄ /၂၀၁၉ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊
လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းတို့ဖြင့် လုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်း
စဉ်များကိုလည်း ညွှန်ကြားထားပါသည်။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေနည်း ဥပဒေအပိုဒ် ၂၄(ခ) အရ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး
တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးသူများနှင့် လယ်ယာမြေနည်းဥပဒေ ၄၉ အရ ဆောင်ရွက်ပြီးသူများသည် နည်းဥပဒေ
၂၅ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန်လျှောက်လွှာ ပုံစံ (၉) ဖြင့် တင်ပြလျှောက်ထားလာပါက စိစစ်လိုက်
နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖော်ပြထားပါသည်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ညွှန်ကြားချက် ၃ /၂၀၁၉ အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
(က) လျှောက်ထားသူများ လိုက်နာ ဆောင်ရွက်ရန်
(၁) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိပြီးသူများအနေဖြင့် လုပ်ပိုင်ခွင့်ရရှိထားသော လယ်ယာမြေ၏ အားလုံးကိုဖြစ်စေ၊
တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ပေါင်နှံခြင်းနှင့် ငှားရမ်းခြင်းကိစ္စရပ်များအတွက် အမှန်တကယ်
စာချုပ်ချုပ်ဆိုဆောင်ရွက်မည့် ဧရိယာကို မြေတိုင်းက စိစစ်ပြီး သက်သေခံမြေပုံ ထုတ်ယူနိုင်ရန် သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီ
မံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (သို့မဟုတ်) စာရင်းမြေပုံ ထိန်းသိမ်းဆောင်ရွက်နေသော ဌာနများတွင် သက်သေခံမြေပုံ လျှောက်
ထားရယူရမည်။ (၂) ဆက်လက်၍ လယ်ယာမြေနည်း ဥပဒေ ၂၄ (က)၊ ၄၇ (ခ)၊ ၄၈(ဂ) တို့အရစာချုပ်ချုပ်ဆို ဆောင်ရွက်နိုင်ရန်အ
တွက် အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲ၍ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
သို့လျှောက်ထားရမည် ဖြစ်ပါသည်။ (က) မူလထုတ်ပေးထားရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) မူရင်းနှင့် သက်
သေခံမြေပုံ၊ (ခ) အထက်အပိုဒ်(၁) ပါ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (သို့မဟုတ်) စာရင်း
မြေပုံ ထိန်းသိမ်းဆောင်ရွက်နေသော ဌာနများမှ အမှန်ရောင်းချ၊ လဲလှယ်၊ ပေးကမ်း၊ ပေါင်နှံ၊ ငှားရမ်းမည့် မြေပြင်အခြေအနေကိုစိစစ်
ပြီး ထုတ်ပေးထားသည့်နေ့မှ တစ်နှစ်အတွင်းဖြစ်သော သက်သေခံမြေပုံ နှစ်ပုံနှင့်မြေရာဇဝင်။ (ဂ) သက်ဆိုင်ရာ ကာယကံရှင်များ
သို့မဟုတ် တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူများနှင့် အသိသက်သေနှစ်ဦးတို့ပါဝင်လက်မှတ်ရေးထိုးထားသော ရောင်းချ
ခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် ငှားရမ်းခြင်း ပြုလုပ်မည့်စာချုပ်၊ (ဃ) စာချုပ်ပါ သက်ဆိုင်ရာကာယကံရှင်များ
သို့မဟုတ် တရားဝင်ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူများနှင့် အသိသက်သေနှစ်ဦး၏ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား၊
(ခ) သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များကလိုက်နာ စိစစ်ဆောင်ရွက်ရန်
(၁) သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေနည်းဥပဒေ ၂၄ (က)၊ ၄၇ (ခ)၊
၄၈ (ဂ) တို့အရ စာချုပ်ချုပ်ဆိုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ကာယကံရှင်များ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရ
သူများက တင်ပြလျှောက်ထားလာပါက အောက်ပါအတိုင်း စိစစ်ဆောင်ရွက်ရမည် ဖြစ်သည်။ (က) တင်ပြစာချုပ်ပါ လယ်ယာမြေ
တည်နေရာသည် မိမိတို့စီမံခန့်ခွဲပိုင်ခွင့်ရှိသော ရပ်ကွက်၊ ကျေးရွာအုပ်စု နယ်နိမိတ် အတွင်း ကျရောက်မှု ရှိ၊ မရှိ။(ခ) ပုံစံ (၇) ပါ အမည်
ပေါက်သူများ သို့မဟုတ် ပုံစံ (၇) ပါ အမည်ပေါက်သူ၏ တရားဝင်ကိုယ်စားလှယ် လွှဲအပ်ခြင်းခံရသူများက တင်ပြလာခြင်း ဟုတ်၊ မ
ဟုတ်။ (ဂ) စာချုပ်ချုပ်ဆိုသူများနှင့် သက်သေများသည် နိုင်ငံသား ဟုတ်၊ မဟုတ်။ (ဃ) စာချုပ်အား မြန်မာစာဖြင့် ရေးသားထားခြင်း
ရှိ၊ မရှိ။ (င) တင်ပြလာသောစာချုပ်တွင် မြေတည်နေရာကို မှန်မှန်ကန်ကန်ဖြင့် ရှင်းလင်းစွာ ရေးသားထားခြင်း ရှိ၊ မရှိ။ (စ) စာချုပ်တွင်
ဖော်ပြထားသော ရောင်းချ၊ လဲလှယ်၊ ပေးကမ်း၊ ပေါင်နှံ၊ ငှားရမ်းသော မြေ၏ဦးပိုင်အမှတ် တည်နေရာ၊ ဧရိယာများသည် စာချုပ်ချုပ်
ဆိုရန် ပူးတွဲတင်ပြထားသော မြေစာရင်းပုံစံ (၁၀၅)ပါ အတိုင်း ကိုက်ညီခြင်း ရှိ၊ မရှိ။ (ဆ) စာချုပ်တွင် ဒေသန္တရအခြေအနေအရ သတ်
မှတ်ထားသော တန်ဖိုးနှုန်းထားအပေါ် ကျသင့်သည့် တံဆိပ်ခေါင်းခွန်များ ပြည့်စုံစွာ ကပ်နှိပ်ထားခြင်း ရှိ၊ မရှိ။(ဇ) ငှားရမ်းစာချုပ်တွင်
လယ်ယာမြေကို စိုက်ပျိုးရေးလုပ်ငန်းအတွက်သာ ငှားရမ်းခြင်း ဟုတ်၊ မဟုတ်နှင့် ငှားရမ်းသည့်ကာလကို သတ်မှတ်ဖော်ပြထားခြင်း
ရှိ၊ မရှိ။(ဈ) ပေါင်နှံသည့်စာချုပ်တွင် ရွေးနုတ်ရမည့်ကာလကို သတ်မှတ်ဖော်ပြထားခြင်း ရှိ၊ မရှိ။ (ည) လယ်ယာမြေဥပဒေပုဒ်မ ၁၄
အရ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသား ပါဝင်သည့် အဖွဲ့အစည်းများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း သို့မဟုတ်ပေး
ကမ်းခြင်းဖြစ်ပါက နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ရရှိထားခြင်း ရှိ၊ မရှိ။ (ဋ) ပြဿနာအရှုပ်အရှင်းနှင့် ကန့်ကွက်သူ ရှိ၊ မရှိ။ (၂) တင်ပြ
လာသော စာချုပ်များကို အထက်အပိုဒ် (၁) ပါ အချက်များ အတိုင်းစိစစ်ပြီး မှန်ကန်မှုရှိပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ
အုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က မိမိတို့ အဖွဲ့ရှေ့မှောက်တွင် ချုပ်ဆိုကြောင်းကို စာချုပ်နှင့်သက်သေခံမြေပုံပေါ်တွင် မူလရေးသား
ထားသောစာသားများအား မထိခိုက်စေဘဲနောက်ဆက်တွဲ (က) ပါ ပုံစံအတိုင်း ထပ်ဆင့်ရေးမှတ်ချက်ရေးသား၍ အမည်တံဆိပ်တုံးများ
ရိုက်နှိပ်လျက် သို့မဟုတ် အမည်များရေးသားလျက် ဥက္ကဋ္ဌ၊ အဖွဲ့ရုံးတံဆိပ်တုံး ရိုက်နှိပ်ဆောင်ရွက်ရန်။
(၃) တင်ပြလာသော စာချုပ်များကို အထက်အပိုဒ် (၁) ပါ အချက်များအတိုင်းစိစစ်ပြီး မှန်ကန်မှုမရှိပါက “စာချုပ်ချုပ်ဆိုခြင်းကို ငြင်းပယ်
သည်“ဟူသော စာသားကို စာချုပ်ပေါ်တွင် မူလရေးသားထားသော စာသားများအား မထိခိုက်စေဘဲ ရေးသားဖော်ပြ၍ ငြင်းပယ်သော
စာချုပ်ကို လိုအပ်ချက်များပြည့်စုံအောင် ပြန်လည်ဆောင်ရွက်နိုင်ရန်အတွက် ကာယကံရှင်သို့ ပြန်ပေးရန်။ ထိုသို့ ငြင်းပယ်ကြောင်းကို
နောက်ဆက်တွဲ (ခ) ပါ ပုံစံဖြစ်သည့် ငြင်းပယ်မှုများ မှတ်တမ်းစာအုပ်တွင် မည်သည့်အကြောင်းကြောင့် ငြင်းပယ်ခြင်းဖြစ်ကြောင်း ရေး
သား၍ အမည်တံဆိပ်တုံးများ ရိုက်နှိပ်လျက် သို့မဟုတ် အမည်များရေးသားလျက် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အနည်းဆုံး တစ်
ဦးတို့က လက်မှတ်ရေးထိုးပြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရုံး တံဆိပ်တုံးရိုက်နှိပ်ဆောင်ရွက်ရန်။ (၄) စာချုပ်ချုပ်ဆိုရန် တင်ပြလာ
သောအချိန်တွင် ခိုင်လုံသောအထောက်အထားများဖြင့် ကန့်ကွက်လာပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာ
မြေစီမံခန့်ခွဲမှုအဖွဲ့သည် ကန့်ကွက်လွှာအား လက်ခံရရှိသည့်အခါ တရားဝင် ရေးသားပေးပို့လာသော စာများကို နောက်ဆက်တွဲ (ဂ) ပါ
ပုံစံဖြစ်သည့် “ကန့်ကွက်တင်ပြမှုများကို မှတ်တမ်းတင်သည့် မှတ်တမ်းစာချုပ်“တွင် မှတ်တမ်းရေးသွင်း၍ ကန့်ကွက်သည့်ကိစ္စရပ်များ
အား လယ်ယာမြေဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်း၊ တရားရုံး၏ ဆုံးဖြတ်ချက်ရယူရမည့် ကိစ္စရပ်များဖြစ်ပါက တရားရုံး၏ ဆုံးဖြတ်
ချက်ကို ရယူစေခြင်းတို့ကို ဆောင်ရွက်စေပြီးမှသာ စာချုပ်ချုပ်ဆိုခွင့်ပြုရန်။ (၅) သက်ဆိုင်ရာရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စုအတွင်း
ချုပ်ဆိုသော စာချုပ်များကို နောက်ဆက်တွဲ (ဃ) ပါ ပုံစံဖြစ်သည့် “စာချုပ်များ မှတ်တမ်းစာအုပ်“တွင် စာချုပ်ကို ရေးကူးခြင်း သို့မဟုတ်
မိတ္တူကူး၍ ကပ်နှိပ်ခြင်းပြုလုပ်ပြီး မှတ်တမ်းတင်ထားရန်။
(၆) “စာချုပ်များ မှတ်တမ်းစာအုပ်“တွင် ရေးကူးမှတ်တမ်းတင်ပြီးပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန်
့ခွဲမှုအဖွဲ့က တံဆိပ်တုံးများရိုက်နှိပ် လက်မှတ်ရေးထိုးထားသည့် စာချုပ်မူရင်းနှင့် သက်သေခံမြေပုံကို စာချုပ်ချုပ်ဆိုသူ သက်ဆိုင်ရာကာ
ယကံရှင်များ ထံသို့ ပြန်လည်ထုတ်ပေးရန်။
ဗဟို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးအဖွဲ့၏ ညွှန်ကြားချက်အမှတ် ၄ /၂၀၁၉ အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
မြို့နယ်ဦးစီးဌာနရုံးနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့သည် လယ်ယာ မြေလုပ်ပိုင်ခွင့် ရရှိသူအမည် ပြောင်းလဲပေးရန် တင်ပြလာ
သောအခါ အောက်ပါအတိုင်းဆောင်ရွက်ရန် ညွှန်ကြားထားပါသည်- (က) ဦးပိုင်တစ်ခုလုံးအတွက် ဖြစ်ပါက လယ်ယာမြေနည်းဥပဒေ ၂၅၊
၂၆၊ ၂၇၊၂၈ ပါ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်။ (ခ) ဦးပိုင်တစ်စိတ်တစ်ပိုင်းအတွက်သာ ဖြစ်ပါက ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း
များနှင့်အညီ ဦးပိုင်ခွဲစိတ်ခြင်း လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပြီးနောက် အမည်ပြောင်းလဲရေးလုပ်ငန်းအားအထက်အပိုဒ် (က)
အတိုင်း ဆောင်ရွက်ရန်။ (ဂ) မူလထုတ်ပေးထားရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) မူရင်းနှင့် ပူးတွဲပါရှိသော သက်သေ
ခံမြေပုံမူရင်းများအား မင်နီဖြင့် “ဖျက်သိမ်းကြောင်း“ မြန်မာစာသားဖြင့် ထင်ရှားစွာရေးသားပြီးနောက် သက်ဆိုင်ရာလုပ်ငန်းစာတွဲတွင်
ပူးတွဲ၍ မှတ်တမ်းတင် ထိန်းသိမ်းထားရှိရန်။ (ဃ) လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) ကို အမည်ပြောင်းလဲပြင်ဆင်ထုတ်ပေးပြီး
ပါက နည်းဥပဒေ ၅၂အရ ရပ်ကွက် (သို့) ကျေးရွာအုပ်စုအလိုက် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်စာရင်းပုံစံ(၁၁)တွင် မှတ်တမ်းတင်ရန်
အတွက် မြို့နယ်ဦးစီးဌာနရုံးသို့ မိတ္တူပေးပို့ရန်။
အထွေထွေ
လယ်ယာမြေလုပ်ပိုင်ခွင့် လွှဲပြောင်းခြင်းဆိုင်ရာ စာချုပ်နမူနာများ၊ မြို့နယ်ဦးစီးဌာနမှူးရုံးတွင် ထပ်မံထားရှိရမည့် မှတ်ပုံတင်စာရင်းများနှင့်
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် လျှောက်လွှာ ပုံစံ (၉) များအကြောင်းကို ဆောင်းပါးရှည်မည်စိုး၍ ရေးသားဖော်ပြ
ခြင်း မပြုတော့ပါကြောင်း။
- အေးဝင်းဦး(ဘူမိဗေဒ)
မြန်မာတောင်သူကြီးများ ဂျာနယ်
အတွဲ(၂၄) အမှတ်(၃၅၅)၊ ဇွန် ၃ - ၉၊ ၂၀၁၉ ခုနှစ် မှ ကူးယူဖေါ်ပြပါသည်။
Zawgyi
လယ္ယာေျမ အေရာင္းအဝယ္ ကိစၥရပ္မ်ားကို တရားဝင္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္၍ အမည္ေျပာင္းလဲႏိုင္ေရး
ေဆာင္းပါး
၂၀၁၂ ခုႏွစ္၊ လယ္ယာေျမ ဥပေဒႏွင့္ နည္းဥပေဒမ်ားအရ လယ္ယာေျမ လုပ္ပိုင္ခြင့္ အမည္ေျပာင္းလဲျခင္းတြင္ အေမြဆက္ခံျခင္း
ႏွင့္ ေျမယာျပဳျပင္ေျပာင္းလဲျခင္း ကိစၥရပ္ႏွစ္ခုကိုသာ ယခင္ကေဆာင္႐ြက္ခြင့္ရခဲ့သည္။(ထိုအေၾကာင္းႏွင့္ ပတ္သက္၍ စာေရးသူ
သည္ ျမန္မာေတာင္သူႀကီးမ်ားဂ်ာနယ္တြင္ေဆာင္းပါးေရးသားေဖာ္ျပခဲ့ၿပီး ျဖစ္ပါသည္။) ယခုအခါတြင္မူ လယ္ယာေျမလုပ္ပိုင္ခြင့္
ကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ေပးကမ္းျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္းစသည့္ကိစၥရပ္မ်ားကိုပါအမည္ေျပာင္းလဲႏိုင္ၿပီျဖစ္ေၾကာင္း
ေတာင္သူ လယ္သမားမ်ားႏွင့္ ၎တို႔ထံမွ လယ္ယာေျမ ဝယ္ယူသူမ်ား ဝမ္းေျမာက္ဖြယ္ သတင္းေကာင္း တစ္ရပ္ကို လယ္ယာ
ေျမ စီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနက ထုတ္ျပန္ခဲ့သည္။
လယ္ယာေျမအေရာင္းအဝယ္ကိစၥရပ္မ်ား
လယ္ယာေျမ ဝယ္ယူသူမ်ား၏ အမည္သို႔ တရားဝင္ေျပာင္းလဲႏိုင္ခြင့္ မရွိေသးသျဖင့္ အရပ္စာခ်ဳပ္မ်ား (ပဋိညာဥ္စာခ်ဳပ္မ်ား) ခ်ဳပ္
ဆို၍ ေရာင္းခ်သူထံမွ လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ (၇) ႏွင့္ အေထြေထြ ကိုယ္စားလွယ္လႊဲစာ (General Power)
မ်ားကိုသာ ရယူထားႏိုင္ၾကသည္။ ယခုၫႊန္ၾကားခ်က္အရဆိုလွ်င္ လယ္ယာေျမကိစၥရပ္မ်ားအတြက္ ထိုက္သင့္သည့္ တံဆိပ္ေခါင္း
မ်ားကပ္ႏွိပ္၍ က်သင့္ေသာ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ခေပးေဆာင္ကာ တရားဝင္စာခ်ဳပ္မ်ား ခ်ဳပ္ဆိုမွတ္ပုံတင္ၿပီးေသာ္ လယ္ယာ
ေျမလုပ္ပိုင္ခြင့္ရရွိသူ အမည္ ေျပာင္းလဲျပင္ဆင္ႏိုင္ၿပီျဖစ္ေၾကာင္း သိရပါသည္။
ဗဟိုလယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕၏ ၫႊန္ၾကားခ်က္အသစ္မ်ား
(၁) ဗဟိုလယ္ယာေျမစီမံခန႔္ခြဲမႈ အဖြဲ႕၏ ၂၀၁၉ ခုႏွစ္၊ ေမလ ၁၆ ရက္စြဲပါ ၫႊန္ၾကားခ်က္အမွတ္ - ၂ /၂၀၁၉ အရ လယ္ယာေျမ
လုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္းႏွင့္ ေပးကမ္းျခင္းကိစၥရပ္မ်ားအတြက္ လယ္ယာေျမတန္ဖိုး
သတ္မွတ္ရန္အလို႔ငွာ ေဒသႏၲရအေျခအေနအရ ဆီေလ်ာ္ေသာႏႈန္းထားႏွင့္အညီ သတ္မွတ္ေဆာင္႐ြက္ႏိုင္ေရးအတြက္ သက္
ဆိုင္ရာၿမိဳ႕နယ္ လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕အား တာဝန္ေပးအပ္ထားပါသည္။ ၿမိဳ႕နယ္လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕သည္ လယ္
ယာေျမတန္ဖိုးကို ေဒသႏၲရအေျခအေနႏွင့္ ဆီေလ်ာ္ေသာႏႈန္းထားျဖစ္ေစေရးအတြက္ လယ္ယာေျမတည္ရွိရာ ရပ္ကြက္/ ေက်း႐ြာ
အုပ္စု လယ္ယာေျမစီမံခန႔္ခြဲေရးအဖြဲ႕က အဆိုျပဳတင္ျပလာေသာ လယ္ယာေျမမ်ား၏ တစ္ဧကေဒသေပါက္ေဈးအား စိစစ္ေဆာင္
႐ြက္သြားရန္ ၫႊန္ၾကားထားပါသည္။ (၂) တစ္ဖန္ ဗဟိုလယ္ယာေျမစီမံခန႔္ခြဲမႈ အဖြဲ႕၏ ၂၀၁၉ ခုႏွစ္၊ ေမလ ၁၆ ရက္စြဲပါ ၫႊန္ၾကား
ခ်က္အမွတ္ - ၃ /၂၀၁၉ အရ လယ္ယာေျမလုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ လဲလွယ္ျခင္း၊ ေပးကမ္းျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္းတို
့ႏွင့္ ပတ္သက္၍ လိုက္နာေဆာင္႐ြက္ရန္ လုပ္ငန္းစဥ္မ်ားကို ၫႊန္ၾကားထားပါသည္။ အထက္ပါၫႊန္ၾကားခ်က္ - ၂ /၂၀၁၉ႏွင့္ ဆက္
စပ္၍ ရပ္ကြက္/ ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕သည္ လယ္ယာေျမလုပ္ပိုင္ခြင့္ ရရွိသူက လုပ္ပိုင္ခြင့္ကိုေရာင္းခ်ျခင္း၊
လဲလွယ္ျခင္း၊ ေပါင္ႏွံျခင္းႏွင့္ ငွားရမ္းျခင္း စသည္တို႔ကို ေဆာင္႐ြက္ၾကသည့္အခါ ၿမိဳ႕နယ္လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕က စိစစ္
အတည္ျပဳထားေသာ လယ္ယာေျမ၏ တစ္ဧကေဒသေပါက္ေဈးႏႈန္းထားမ်ားအရ ထိုက္သင့္ေသာ တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္
ေစၿပီး လယ္ယာေျမနည္းဥပေဒ ၂၄ (က)၊ ၄၇ (ခ)၊ ၄၈ (ဂ) တို႔ႏွင့္ အညီ ရပ္ကြက္^ေက်း႐ြာအုပ္စု လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕၏
ေရွ႕ေမွာက္တြင္ စာခ်ဳပ္ခ်ဳပ္ဆိုသည့္ေန႔မွ ရက္ေပါင္း ၁၂၀ အတြင္း တင္ျပလာပါက သက္ဆိုင္ရာၿမိဳ႕နယ္ဦးစီးဌာနမႉး႐ုံးသည္ လယ္
ယာေျမနည္းဥပေဒ ၂၄(ဂ)၊ ၄၇(ဃ)၊ ၄၈(င) တို႔ႏွင့္အညီ ေဆာင္႐ြက္ေပးရန္ ၫႊန္ၾကားထားပါသည္။ (၃) ထို႔ျပင္ ဗဟိုလယ္ယာေျမ
စီမံခန႔္ခြဲေရးအဖြဲ႕၏ ၂၀၁၉ ခုႏွစ္၊ ေမလ ၁၆ ရက္စြဲပါ ၫႊန္ၾကားခ်က္ ၄ /၂၀၁၉ အရ လယ္ယာေျမလုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း၊
လဲလွယ္ျခင္း၊ ေပးကမ္းျခင္း၊ ေပါင္ႏွံျခင္းတို႔ျဖင့္ လုပ္ပိုင္ခြင့္ရရွိသူ အမည္ေျပာင္းလဲျခင္းႏွင့္ ပတ္သက္၍ ေဆာင္႐ြက္မည့္လုပ္ငန္း
စဥ္မ်ားကိုလည္း ၫႊန္ၾကားထားပါသည္။
၂၀၁၂ ခုႏွစ္၊ လယ္ယာေျမနည္း ဥပေဒအပိုဒ္ ၂၄(ခ) အရ သက္ဆိုင္ရာၿမိဳ႕နယ္ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန႐ုံး
တြင္ မွတ္ပုံတင္ျခင္းလုပ္ငန္းကို ေဆာင္႐ြက္ၿပီးသူမ်ားႏွင့္ လယ္ယာေျမနည္းဥပေဒ ၄၉ အရ ေဆာင္႐ြက္ၿပီးသူမ်ားသည္ နည္းဥပေဒ
၂၅ အရ လယ္ယာေျမလုပ္ပိုင္ခြင့္ရရွိသူ အမည္ေျပာင္းလဲေပးရန္ေလွ်ာက္လႊာ ပုံစံ (၉) ျဖင့္ တင္ျပေလွ်ာက္ထားလာပါက စိစစ္လိုက္
နာေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားကို ေဖာ္ျပထားပါသည္။
ဗဟိုလယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၏ ၫႊန္ၾကားခ်က္ ၃ /၂၀၁၉ အရ ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ား
(က) ေလွ်ာက္ထားသူမ်ား လိုက္နာ ေဆာင္႐ြက္ရန္
(၁) လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ(၇) ရရွိၿပီးသူမ်ားအေနျဖင့္ လုပ္ပိုင္ခြင့္ရရွိထားေသာ လယ္ယာေျမ၏ အားလုံးကိုျဖစ္ေစ၊
တစ္စိတ္တစ္ပိုင္းကိုျဖစ္ေစ ေရာင္းခ်ျခင္း၊ လဲလွယ္ျခင္း၊ ေပးကမ္းျခင္း၊ေပါင္ႏွံျခင္းႏွင့္ ငွားရမ္းျခင္းကိစၥရပ္မ်ားအတြက္ အမွန္တကယ္
စာခ်ဳပ္ခ်ဳပ္ဆိုေဆာင္႐ြက္မည့္ ဧရိယာကို ေျမတိုင္းက စိစစ္ၿပီး သက္ေသခံေျမပုံ ထုတ္ယူႏိုင္ရန္ သက္ဆိုင္ရာၿမိဳ႕နယ္ လယ္ယာေျမစီ
မံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန (သို႔မဟုတ္) စာရင္းေျမပုံ ထိန္းသိမ္းေဆာင္႐ြက္ေနေသာ ဌာနမ်ားတြင္ သက္ေသခံေျမပုံ ေလွ်ာက္
ထားရယူရမည္။ (၂) ဆက္လက္၍ လယ္ယာေျမနည္း ဥပေဒ ၂၄ (က)၊ ၄၇ (ခ)၊ ၄၈(ဂ) တို႔အရစာခ်ဳပ္ခ်ဳပ္ဆို ေဆာင္႐ြက္ႏိုင္ရန္အ
တြက္ ေအာက္ေဖာ္ျပပါ စာ႐ြက္စာတမ္းမ်ားကို ပူးတြဲ၍ သက္ဆိုင္ရာရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕
သို႔ေလွ်ာက္ထားရမည္ ျဖစ္ပါသည္။ (က) မူလထုတ္ေပးထားရွိသည့္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ(၇) မူရင္းႏွင့္ သက္
ေသခံေျမပုံ၊ (ခ) အထက္အပိုဒ္(၁) ပါ သက္ဆိုင္ရာ ၿမိဳ႕နယ္လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန (သို႔မဟုတ္) စာရင္း
ေျမပုံ ထိန္းသိမ္းေဆာင္႐ြက္ေနေသာ ဌာနမ်ားမွ အမွန္ေရာင္းခ်၊ လဲလွယ္၊ ေပးကမ္း၊ ေပါင္ႏွံ၊ ငွားရမ္းမည့္ ေျမျပင္အေျခအေနကိုစိစစ္
ၿပီး ထုတ္ေပးထားသည့္ေန႔မွ တစ္ႏွစ္အတြင္းျဖစ္ေသာ သက္ေသခံေျမပုံ ႏွစ္ပုံႏွင့္ေျမရာဇဝင္။ (ဂ) သက္ဆိုင္ရာ ကာယကံရွင္မ်ား
သို႔မဟုတ္ တရားဝင္ကိုယ္စားလွယ္ လႊဲအပ္ျခင္းခံရသူမ်ားႏွင့္ အသိသက္ေသႏွစ္ဦးတို႔ပါဝင္လက္မွတ္ေရးထိုးထားေသာ ေရာင္းခ်
ျခင္း၊ လဲလွယ္ျခင္း၊ ေပးကမ္းျခင္း၊ ေပါင္ႏွံျခင္းႏွင့္ ငွားရမ္းျခင္း ျပဳလုပ္မည့္စာခ်ဳပ္၊ (ဃ) စာခ်ဳပ္ပါ သက္ဆိုင္ရာကာယကံရွင္မ်ား
သို႔မဟုတ္ တရားဝင္ကိုယ္စားလွယ္လႊဲအပ္ျခင္းခံရသူမ်ားႏွင့္ အသိသက္ေသႏွစ္ဦး၏ ႏိုင္ငံသားျဖစ္ေၾကာင္း အေထာက္အထား၊
(ခ) သက္ဆိုင္ရာ ရပ္ကြက္၊ ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕မ်ားကလိုက္နာ စိစစ္ေဆာင္႐ြက္ရန္
(၁) သက္ဆိုင္ရာရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕သည္ လယ္ယာေျမနည္းဥပေဒ ၂၄ (က)၊ ၄၇ (ခ)၊
၄၈ (ဂ) တို႔အရ စာခ်ဳပ္ခ်ဳပ္ဆိုေဆာင္႐ြက္ႏိုင္ရန္ သက္ဆိုင္ရာ ကာယကံရွင္မ်ား သို႔မဟုတ္ တရားဝင္ကိုယ္စားလွယ္လႊဲအပ္ျခင္းခံရ
သူမ်ားက တင္ျပေလွ်ာက္ထားလာပါက ေအာက္ပါအတိုင္း စိစစ္ေဆာင္႐ြက္ရမည္ ျဖစ္သည္။ (က) တင္ျပစာခ်ဳပ္ပါ လယ္ယာေျမ
တည္ေနရာသည္ မိမိတို႔စီမံခန႔္ခြဲပိုင္ခြင့္ရွိေသာ ရပ္ကြက္၊ ေက်း႐ြာအုပ္စု နယ္နိမိတ္ အတြင္း က်ေရာက္မႈ ရွိ၊ မရွိ။(ခ) ပုံစံ (၇) ပါ အမည္
ေပါက္သူမ်ား သို႔မဟုတ္ ပုံစံ (၇) ပါ အမည္ေပါက္သူ၏ တရားဝင္ကိုယ္စားလွယ္ လႊဲအပ္ျခင္းခံရသူမ်ားက တင္ျပလာျခင္း ဟုတ္၊ မ
ဟုတ္။ (ဂ) စာခ်ဳပ္ခ်ဳပ္ဆိုသူမ်ားႏွင့္ သက္ေသမ်ားသည္ ႏိုင္ငံသား ဟုတ္၊ မဟုတ္။ (ဃ) စာခ်ဳပ္အား ျမန္မာစာျဖင့္ ေရးသားထားျခင္း
ရွိ၊ မရွိ။ (င) တင္ျပလာေသာစာခ်ဳပ္တြင္ ေျမတည္ေနရာကို မွန္မွန္ကန္ကန္ျဖင့္ ရွင္းလင္းစြာ ေရးသားထားျခင္း ရွိ၊ မရွိ။ (စ) စာခ်ဳပ္တြင္
ေဖာ္ျပထားေသာ ေရာင္းခ်၊ လဲလွယ္၊ ေပးကမ္း၊ ေပါင္ႏွံ၊ ငွားရမ္းေသာ ေျမ၏ဦးပိုင္အမွတ္ တည္ေနရာ၊ ဧရိယာမ်ားသည္ စာခ်ဳပ္ခ်ဳပ္
ဆိုရန္ ပူးတြဲတင္ျပထားေသာ ေျမစာရင္းပုံစံ (၁၀၅)ပါ အတိုင္း ကိုက္ညီျခင္း ရွိ၊ မရွိ။ (ဆ) စာခ်ဳပ္တြင္ ေဒသႏၲရအေျခအေနအရ သတ္
မွတ္ထားေသာ တန္ဖိုးႏႈန္းထားအေပၚ က်သင့္သည့္ တံဆိပ္ေခါင္းခြန္မ်ား ျပည့္စုံစြာ ကပ္ႏွိပ္ထားျခင္း ရွိ၊ မရွိ။(ဇ) ငွားရမ္းစာခ်ဳပ္တြင္
လယ္ယာေျမကို စိုက္ပ်ိဳးေရးလုပ္ငန္းအတြက္သာ ငွားရမ္းျခင္း ဟုတ္၊ မဟုတ္ႏွင့္ ငွားရမ္းသည့္ကာလကို သတ္မွတ္ေဖာ္ျပထားျခင္း
ရွိ၊ မရွိ။(ဈ) ေပါင္ႏွံသည့္စာခ်ဳပ္တြင္ ေ႐ြးႏုတ္ရမည့္ကာလကို သတ္မွတ္ေဖာ္ျပထားျခင္း ရွိ၊ မရွိ။ (ည) လယ္ယာေျမဥပေဒပုဒ္မ ၁၄
အရ ႏိုင္ငံျခားသား သို႔မဟုတ္ ႏိုင္ငံျခားသား ပါဝင္သည့္ အဖြဲ႕အစည္းမ်ားကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ လဲလွယ္ျခင္း သို႔မဟုတ္ေပး
ကမ္းျခင္းျဖစ္ပါက ႏိုင္ငံေတာ္အစိုးရ၏ ခြင့္ျပဳခ်က္ရရွိထားျခင္း ရွိ၊ မရွိ။ (ဋ) ျပႆနာအရႈပ္အရွင္းႏွင့္ ကန႔္ကြက္သူ ရွိ၊ မရွိ။ (၂) တင္ျပ
လာေသာ စာခ်ဳပ္မ်ားကို အထက္အပိုဒ္ (၁) ပါ အခ်က္မ်ား အတိုင္းစိစစ္ၿပီး မွန္ကန္မႈရွိပါက သက္ဆိုင္ရာ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာ
အုပ္စု လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕က မိမိတို႔ အဖြဲ႕ေရွ႕ေမွာက္တြင္ ခ်ဳပ္ဆိုေၾကာင္းကို စာခ်ဳပ္ႏွင့္သက္ေသခံေျမပုံေပၚတြင္ မူလေရးသား
ထားေသာစာသားမ်ားအား မထိခိုက္ေစဘဲေနာက္ဆက္တြဲ (က) ပါ ပုံစံအတိုင္း ထပ္ဆင့္ေရးမွတ္ခ်က္ေရးသား၍ အမည္တံဆိပ္တုံးမ်ား
႐ိုက္ႏွိပ္လ်က္ သို႔မဟုတ္ အမည္မ်ားေရးသားလ်က္ ဥကၠ႒၊ အဖြဲ႕႐ုံးတံဆိပ္တုံး ႐ိုက္ႏွိပ္ေဆာင္႐ြက္ရန္။
(၃) တင္ျပလာေသာ စာခ်ဳပ္မ်ားကို အထက္အပိုဒ္ (၁) ပါ အခ်က္မ်ားအတိုင္းစိစစ္ၿပီး မွန္ကန္မႈမရွိပါက “စာခ်ဳပ္ခ်ဳပ္ဆိုျခင္းကို ျငင္းပယ္
သည္“ဟူေသာ စာသားကို စာခ်ဳပ္ေပၚတြင္ မူလေရးသားထားေသာ စာသားမ်ားအား မထိခိုက္ေစဘဲ ေရးသားေဖာ္ျပ၍ ျငင္းပယ္ေသာ
စာခ်ဳပ္ကို လိုအပ္ခ်က္မ်ားျပည့္စုံေအာင္ ျပန္လည္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ကာယကံရွင္သို႔ ျပန္ေပးရန္။ ထိုသို႔ ျငင္းပယ္ေၾကာင္းကို
ေနာက္ဆက္တြဲ (ခ) ပါ ပုံစံျဖစ္သည့္ ျငင္းပယ္မႈမ်ား မွတ္တမ္းစာအုပ္တြင္ မည္သည့္အေၾကာင္းေၾကာင့္ ျငင္းပယ္ျခင္းျဖစ္ေၾကာင္း ေရး
သား၍ အမည္တံဆိပ္တုံးမ်ား ႐ိုက္ႏွိပ္လ်က္ သို႔မဟုတ္ အမည္မ်ားေရးသားလ်က္ ဥကၠ႒၊ အတြင္းေရးမႉးႏွင့္ အဖြဲ႕ဝင္အနည္းဆုံး တစ္
ဦးတို႔က လက္မွတ္ေရးထိုးၿပီး လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕႐ုံး တံဆိပ္တုံး႐ိုက္ႏွိပ္ေဆာင္႐ြက္ရန္။ (၄) စာခ်ဳပ္ခ်ဳပ္ဆိုရန္ တင္ျပလာ
ေသာအခ်ိန္တြင္ ခိုင္လုံေသာအေထာက္အထားမ်ားျဖင့္ ကန႔္ကြက္လာပါက သက္ဆိုင္ရာရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စုလယ္ယာ
ေျမစီမံခန႔္ခြဲမႈအဖြဲ႕သည္ ကန႔္ကြက္လႊာအား လက္ခံရရွိသည့္အခါ တရားဝင္ ေရးသားေပးပို႔လာေသာ စာမ်ားကို ေနာက္ဆက္တြဲ (ဂ) ပါ
ပုံစံျဖစ္သည့္ “ကန႔္ကြက္တင္ျပမႈမ်ားကို မွတ္တမ္းတင္သည့္ မွတ္တမ္းစာခ်ဳပ္“တြင္ မွတ္တမ္းေရးသြင္း၍ ကန႔္ကြက္သည့္ကိစၥရပ္မ်ား
အား လယ္ယာေျမဥပေဒႏွင့္အညီ ေျဖရွင္းေဆာင္႐ြက္ျခင္း၊ တရား႐ုံး၏ ဆုံးျဖတ္ခ်က္ရယူရမည့္ ကိစၥရပ္မ်ားျဖစ္ပါက တရား႐ုံး၏ ဆုံးျဖတ္
ခ်က္ကို ရယူေစျခင္းတို႔ကို ေဆာင္႐ြက္ေစၿပီးမွသာ စာခ်ဳပ္ခ်ဳပ္ဆိုခြင့္ျပဳရန္။ (၅) သက္ဆိုင္ရာရပ္ကြက္ သို႔မဟုတ္ေက်း႐ြာအုပ္စုအတြင္း
ခ်ဳပ္ဆိုေသာ စာခ်ဳပ္မ်ားကို ေနာက္ဆက္တြဲ (ဃ) ပါ ပုံစံျဖစ္သည့္ “စာခ်ဳပ္မ်ား မွတ္တမ္းစာအုပ္“တြင္ စာခ်ဳပ္ကို ေရးကူးျခင္း သို႔မဟုတ္
မိတၱဴကူး၍ ကပ္ႏွိပ္ျခင္းျပဳလုပ္ၿပီး မွတ္တမ္းတင္ထားရန္။
(၆) “စာခ်ဳပ္မ်ား မွတ္တမ္းစာအုပ္“တြင္ ေရးကူးမွတ္တမ္းတင္ၿပီးပါက သက္ဆိုင္ရာရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စုလယ္ယာေျမစီမံခန္
့ခြဲမႈအဖြဲ႕က တံဆိပ္တုံးမ်ား႐ိုက္ႏွိပ္ လက္မွတ္ေရးထိုးထားသည့္ စာခ်ဳပ္မူရင္းႏွင့္ သက္ေသခံေျမပုံကို စာခ်ဳပ္ခ်ဳပ္ဆိုသူ သက္ဆိုင္ရာကာ
ယကံရွင္မ်ား ထံသို႔ ျပန္လည္ထုတ္ေပးရန္။
ဗဟို လယ္ယာေျမ စီမံခန႔္ခြဲေရးႏွင့္ စာရင္း အင္းဦးစီးအဖြဲ႕၏ ၫႊန္ၾကားခ်က္အမွတ္ ၄ /၂၀၁၉ အရ ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ား
ၿမိဳ႕နယ္ဦးစီးဌာန႐ုံးႏွင့္ ၿမိဳ႕နယ္လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕တို႔သည္ လယ္ယာ ေျမလုပ္ပိုင္ခြင့္ ရရွိသူအမည္ ေျပာင္းလဲေပးရန္ တင္ျပလာ
ေသာအခါ ေအာက္ပါအတိုင္းေဆာင္႐ြက္ရန္ ၫႊန္ၾကားထားပါသည္- (က) ဦးပိုင္တစ္ခုလုံးအတြက္ ျဖစ္ပါက လယ္ယာေျမနည္းဥပေဒ ၂၅၊
၂၆၊ ၂၇၊၂၈ ပါ လုပ္ထုံးလုပ္နည္းအတိုင္း ေဆာင္႐ြက္ရန္။ (ခ) ဦးပိုင္တစ္စိတ္တစ္ပိုင္းအတြက္သာ ျဖစ္ပါက ဦးစီးဌာန၏ လုပ္ထုံးလုပ္နည္း
မ်ားႏွင့္အညီ ဦးပိုင္ခြဲစိတ္ျခင္း လုပ္ထုံးလုပ္နည္းမ်ားအတိုင္း ေဆာင္႐ြက္ၿပီးေနာက္ အမည္ေျပာင္းလဲေရးလုပ္ငန္းအားအထက္အပိုဒ္ (က)
အတိုင္း ေဆာင္႐ြက္ရန္။ (ဂ) မူလထုတ္ေပးထားရွိသည့္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ ပုံစံ (၇) မူရင္းႏွင့္ ပူးတြဲပါရွိေသာ သက္ေသ
ခံေျမပုံမူရင္းမ်ားအား မင္နီျဖင့္ “ဖ်က္သိမ္းေၾကာင္း“ ျမန္မာစာသားျဖင့္ ထင္ရွားစြာေရးသားၿပီးေနာက္ သက္ဆိုင္ရာလုပ္ငန္းစာတြဲတြင္
ပူးတြဲ၍ မွတ္တမ္းတင္ ထိန္းသိမ္းထားရွိရန္။ (ဃ) လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳ လက္မွတ္ ပုံစံ (၇) ကို အမည္ေျပာင္းလဲျပင္ဆင္ထုတ္ေပးၿပီး
ပါက နည္းဥပေဒ ၅၂အရ ရပ္ကြက္ (သို႔) ေက်း႐ြာအုပ္စုအလိုက္ လယ္ယာေျမလုပ္ပိုင္ခြင့္ မွတ္ပုံတင္စာရင္းပုံစံ(၁၁)တြင္ မွတ္တမ္းတင္ရန္
အတြက္ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသို႔ မိတၱဴေပးပို႔ရန္။
အေထြေထြ
လယ္ယာေျမလုပ္ပိုင္ခြင့္ လႊဲေျပာင္းျခင္းဆိုင္ရာ စာခ်ဳပ္နမူနာမ်ား၊ ၿမိဳ႕နယ္ဦးစီးဌာနမႉး႐ုံးတြင္ ထပ္မံထားရွိရမည့္ မွတ္ပုံတင္စာရင္းမ်ားႏွင့္
လယ္ယာေျမလုပ္ပိုင္ခြင့္ရရွိသူ အမည္ေျပာင္းလဲေပးရန္ ေလွ်ာက္လႊာ ပုံစံ (၉) မ်ားအေၾကာင္းကို ေဆာင္းပါးရွည္မည္စိုး၍ ေရးသားေဖာ္ျပ
ျခင္း မျပဳေတာ့ပါေၾကာင္း။
- ေအးဝင္းဦး(ဘူမိေဗဒ)
ျမန္မာေတာင္သူႀကီးမ်ား ဂ်ာနယ္
အတြဲ(၂၄) အမွတ္(၃၅၅)၊ ဇြန္ ၃ - ၉၊ ၂၀၁၉ ခုႏွစ္ မွ ကူးယူေဖၚျပပါသည္။
0 comments:
Post a Comment