#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

"လယ်ယာမြေ ရောင်းမှား ဝယ်မှား" မဖြစ်အောင်

Tuesday, March 12, 2024

"လယ်ယာမြေ ရောင်းမှား ဝယ်မှား"
မဖြစ်ရအောင်

""လယ်ယာမြေ ရောင်းမှား ဝယ်မှား""

လယ်ယာမြေကို လုပ်ကိုင်ခွင့်ရောင်းဝယ်ရာမှာ

၁။ လယ်ယာမြေလုပ်ပိုင်ခွင့် မကျသေးတဲ့ လယ်ယာမြေကို ရောင်းလို့မရဘူး။ 105 တွေ လယ်ပြေစာတွေလောက်နဲ့ မရဘူး (နိုင်ငံတော်ပိုင်ပဲရှိနေသေးလို့)

၂။ အဲဒီကိုယ်မပိုင်သေးတဲ့ဟာကိုရောင်းရင်လည်း မူလကတဲကပျက်ပျယ်နေပြီဖြစ်တဲ့အတွက် စာချုပ်ကအတည်မဖြစ်ဘူး(ဘောင်မဝင်ဘူး)

၃။ အရပ်ကတိစာချုပ်နဲ့ မရဘူး (လယ်စီရှေ့မှောက် တံဆိပ်တုံးထုပြီးစာချုပ်ချုပ်ရမယ်

၄။ ပုံစံ(၇) ကျပြီးလို့ လယ်စီရှေ့မှောက်မှာ တရားဝင် လယ်စီတုန်းထုပြီး စာချုပ်ချုပ်ဆိုရင်တောင် နည်း၂၄ (ခ) အရ စာချုပ် ချုပ်ဆိုသည့် နေ့မှစ၍ ရက်ပေါင်း (၁၂၀) အတွင်း သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးမှာ မှတ်ပုံတင်ရပါမယ်။

လယ်ယာမြေကို လုပ်ကိုင်ခွင့်ရောင်းဝယ်ရာမှာ

လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ (ဂ) နှင့် လယ်ယာမြေနည်းဥပဒေ ၂၄ (ခ) အရ စာချုပ် ချုပ်ဆိုသည့် နေ့မှစ၍ ရက်ပေါင်း (၁၂၀) အတွင်း သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရပါမည်။

လှိုင်ဘွား(လယ်ယာမြေ)

0 comments:

Post a Comment