လယ်ယာမြေနှင့် အမွေဆက်ခံခွင့်ပြဿနာများအပေါ်သုံးသပ်ချက်
DVB Law Lab မှ ဆရာ ဦးဇော်မင်း(နတ်မောက်) အမေးအဖြေ
ယခု ကာလပိုင်းများမှာ လယ်ယာမြေလုပ်ပိုင်ခွင့်အား အမွေဆက်ခံမှုအတွက် တရားရုံးများ၏ စိရင် ဆုံးဖြတ် မှုနှင့် လယ်စီအဖွဲ့များ၏ မြေယာစီမံခန့်ခွဲရေး အမြင်အရ စစ်ဆေး ဆုံးဖြတ် သုံးသပ်မှုတို့၏ ကွဲလွဲမှုများ တွေ့လာရပါတယ်။
တရားရုံးမှ ဥပဒေပြဌာန်းချက်ပါ ပုဒ်မများ၊ စကားရပ်များကို အခြေပြု ဖွင့်ဆိုကောက်ချက်ချပြီး ဥပဒေ စကား လုံးပေါ် မှီတည် သုံးသပ်ပါတယ်။ မြေယာစိမံခန့်ခွဲမှု သဘောတရားကတော့ ဥပဒေ ပြဌာန်းချက်ကို ဖြစ်စဉ်နှင့် ယှဉ်တွဲ သုံးသပ် ဆုံးဖြတ်ပါတယ်။
တစ်လောလေးက လယ်စီအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် တရားရုံး၏ ဆုံးဖြတ်ချက် ကွဲလွဲမှုတစ်ရပ်ကို တွေ့ရတဲ့ အပေါ် ဆွေးနွေးတင်ပြလိုပါတယ်။