တရားမအထွေထွေ
လျှောက်ထားမှု
ပြည်ထောင်စုတရားသူကြီးချုပ်၊
ဦးထွန်းထွန်းဦး
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီးများဖြစ်ကြသော
ဦးသာဌေး
နှင့် ဦးမြဟန် တို့ရှေ့တွင်
ဒေါ်တင်တင်ဝင်း
(ခ) ဒေါ်တင်တင်အေး ပါ-၂
ဦးစိန်သင်း
နှင့်
ဌာနမှူး
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပါ - ၃
(၂၀၁၆ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် -
၂၀၃)
ဌာနမှူး
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပါ - ၃
(၂၀၁၇
ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် - ၁၁၈)
မြေအမည်ပေါက်ပြောင်းလဲခြင်း၊ တရားရုံးအမိန့် ရရှိထားသူ ဟုတ်
မဟုတ်
(၂၀၁၈
ခုနှစ်၊ ဧပြီလ ၂ ရက်)
ဆုံးဖြတ်ချက်။
။ မြေအမည်ပေါက်ပြောင်းလဲခြင်းနှင့်ပတ်သက်၍
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ
လုပ်ထုံးလုပ်နည်း အပိုဒ် ၄ (ခ) တွင် မြေအမည်ပေါက်ပြောင်းလဲရန် လျှောက်ထားသူသည်
ဌာနမှ သတ်မှတ်ပုံစံနှင့် အတူ နိုင်ငံသားစိစစ်ရေးကဒ် ပြား၊ မြေပိုင်မြေဖြစ်ပါက
အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန် (နောက်ဆုံးထမ်းဆောင် ထားသည့် မြေခွန်ပြေစာပူးတွဲလျက်)
စာချုပ်အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မှတ်ပုံတင် စာချုပ်စာတမ်း၊
တရားရုံးအမိန့်ရရှိထားသူဖြစ်ပါကပိုင်ဆိုင်မှု နှင့်ပတ်သက်၍ တရားရုံးက ချမှတ်ထားသည့်
စီရင်ချက်နှင့် ဒီကရီမူရင်းများတင်ပြလျှောက်ထား ရမည်ဟု ထုတ်ပြန်ထားသည်။