တရားမအထွေအထွေလျှောက်ထားမှု
ပြည်ထောင်စုတရားသူကြီးချုပ်
ဦးထွန်းထွန်းဦး
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသော
ဦးမြသိမ်း နှင့် ဦးမြင့်အောင်တို့ရှေ့တွင်
ဦးဝင်းလွင်
နှင့်
ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
ရန်ကုန်တိုင်းဒေသကြီး
ပါ- ၅
(၂၀၁၆ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ်
၁၂၇)
လယ်ယာမြေဥပဒေပြဋ္ဌာန်းအတည်မပြုမီ
တည်ဆဲမြေယာဥပဒေများနှင့်
အညီတရားဝင်လက်ရှိလက်ငုတ်ဖြစ်သူအား
လယ်ယာမြေ
လုပ်ပိုင်ခွင့်ပြုလက်မှတ်
ထုတ်ပေးခြင်း။
(၂၀၁၇ ခုနှစ်၊ ဇွန်လ
၅ ရက်)
ဆုံးဖြတ်ချက်။ ။ လျှောက်ထားခံရသူအမှတ် ၅ ဦးသိန်းလွင်
အချင်းဖြစ်လယ်မြေ ၄၅.၈၁ ဧက၏ မူလပိုင်ရှင်ဖြစ်သူ ဘကြီး ဦးကျော်ငြိမ်းနှင့် ၂၀၁၀ ပြည့်နှစ်၌
မြေယာမှုခင်းဖြစ်ပွားပြီးနောက် ဓနုတ်ကျေးရွာ၊ ရယကနှင့် ဒလမြို့နယ်မြေစာရင်းဦးစီးဌာနတို့၏
ဆုံးဖြတ်ချက်အရ အချင်းဖြစ်လယ်မြေ ၄၅.၈၁ ဧကကို ဆက်လက်လုပ်ကိုင်ခွင့် ရရှိခဲ့သူဖြစ်ပြီး
ဦးကျော်ငြိမ်းကွယ်လွန်ပြီးနောက် ဦးသိန်းလွင်မှ လက်ရှိလက်ငုတ်
လုပ်ကိုင်နေကြောင်း သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က စိစစ်တွေ့ရှိရ၍
ဦးသိန်းလွင်အား ၁၅-၁၀-၂၀၁၃ ရက်နေ့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ-၇၊
(၄) စောင် ထုတ်ပေးခဲ့ခြင်းသည် ဥပဒေနှင့်ညီညွတ်မှုမရှိဟု ဆိုနိုင်မည်မဟုတ်ပေ။
လျှောက်ထားသူသည် အချင်းဖြစ်လယ်မြေတွင်စိုက်ပျိုးလုပ်ကိုင်နေကြောင်း
ခိုင်လုံသော အထောက်အထား တင်ပြနိုင်မှုမရှိခြင်း၊ လျှောက်ထားခံရသူအမှတ် ၅ သည် အချင်းဖြစ်လယ်မြေများကို
၂၀၀၇ ခုနှစ်မှစ၍ လက်ရှိလက်ငုတ်လုပ်ကိုင်နေသူဖြစ်၍ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်
များနှင့် ညီညွတ်မှုရှိခြင်းတို့ကြောင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အချင်းဖြစ်လယ်မြေများကို
လျှောက်ထားခံရသူအမှတ် ၅ အား လုပ်ကိုင်ခွင့်ပြုကြောင်း ဆုံးဖြတ်ခဲ့ခြင်းအပေါ် တိုင်းဒေသကြီး
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အတည်ပြုခဲ့ခြင်းသည်ယင်းတို့၏
စီရင်ပိုင်ခွင့်အာဏာအရ ဆောင်ရွက်ခြင်း ဖြစ်၍ ယင်းဆုံးဖြတ်ချက်များအပေါ် အမှုခေါ်စာချွန်တော်အမိန့်
ထုတ်ဆင့်ပယ်ဖျက်ရန်အကြောင်း မရှိပေ။
လျှောက်ထားသူအတွက် - ဦမြင့်ဆွေ၊
တရားလွှတ်တော်ရှေ့နေ
လျှောက်ထားခံရသူအမှတ် - ဒေါ်ယုယုခင်၊
ညွှန်ကြားရေးမှူး
(၁ မှ ၄)
အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး
လျှောက်ထားခံရသူအမှတ် - ဦးခင်မြ၊
တရားလွှတ်တော်ရှေ့နေ
(၅) အတွက်
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊
ဒလမြို့နယ်၊ ဓနုတ်စံပြကျေးရွာအုပ်စု၊ ကွင်းအမှတ် ၂၃၆-အေ၊ ဘုရားကြီးချောင်းကွင်း၊ ဦးပိုင်အမှတ်
၁၂/ ၁၊ ၁၃/ က/ ၅၊ ၁၃/ ခ/ ၇၊၁၃ /ခ / ၈ ဧရိယာ ၄၅.၈၁ ဧကရှိ လယ်ယာမြေနှင့်စပ်လျဉ်း၍ လျှောက်ထားသူဦးဝင်းလွင်နှင့်
လျှောက်ထားခံရသူ အမှတ် ၅ ဦးသိန်းလွင်