- မူလနေရာ
- ဥပဒေဆိုင်ရာ
- သတင်းစုံ
- ကဏ္ဍစုံ
- မြေတိုင်းဆိုင်ရာ
- ပုံစံနှင့်အခေါ်ဝေါ်များ
- ပုံစံနှင့်အသုံးအနှုန်းများ
- အတိုင်းအထွာများ
- မြို့မြေပုံများ
- ကျေးရွာမြေပုံများ
- ဆော့ဝဲများ
- လယ်ယာမြေဆော့ဝဲများ
- လယ်/မြေသတင်းဆော့ဝဲ
- မြေတိုင်းဆော့ဝဲ
- အခြားဆော့ဝဲများ
- ဆက်သွယ်ရန်
- ဆက်သွယ်တိုင်ကြားရန်
- တိုင်ရမည့်နေရာဌာနများ
- ဖုန်းနှင့်နေရာလိပ်စာများ
- တိုင်ကြားရန်နေရာများ
- ဝန်ကြီး/ဌာနများ
- မြန်မာနိုင်ငံပြန်တမ်း
- ကိုယ်ပိုင်အခန်း
- လှုပ်ရှားမှုမှတ်တမ်းများ
- လှိုင်ဘွားပေ့ချ်သို့သွားရန်
- လယ်ယာမြေပြဿနာများ
(လှိုင်ဘွား)သို့ - မှတ်တမ်းပုံရိပ်များ
- ဓါတ်ပုံများ
အခြားနည်းသုံးခွင့်နှင့် ဆိုင်ခွင့်၊ ပိုင်ခွင့်ဆိုသည်မှာ
Wednesday, August 19, 2020
မြန်မာတောင်သူကြီးများ ဂျာနယ် မှ ဆရာ အေးဝင်းဦး(ဘူမိဗေဒ) ၏ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) မရှိသူများ သတိပြုရမည့်အချက်များ
လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) မရှိသူများ သတိပြုရမည့်အချက်များ
ဆောင်းပါး
14 August 2020 3:48 PM
လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) ရရှိထားသူသည် လယ်ယာမြေ ဥပဒေပုဒ်မ- ၉ အရ ပြဋ္ဌာန်းထားသည့်အတိုင်း လယ်ယာမြေကို ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်း၊ အမွေပေးခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း စသည့်အခွင့်အရေးများကို ရရှိသလို လယ်ယာမြေကိုစိုက်ပျိုးမှုမှအပ အခြား နည်းသုံးစွဲခြင်း၊ အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးခြင်းများ ပြုလုပ်ရန် တရားဝင်ခွင့်ပြုမိန့်များ လျှောက်ထားဆောင်ရွက်နိုင်သည်။ သို့သော် လယ်ယာမြေ ဥပဒေပုဒ်မ - ၁၂ ပါ စည်းကမ်းချက်များကိုမူ လိုက်နာကျင့်သုံး ဆောင်ရွက်ရသည်။
မြန်မာတောင်သူကြီးများ ဂျာနယ် မှ ဆရာ အေးဝင်းဦး (ဘူမိဗေဒ) ၏ ကိုင်း / ကျွန်းမြေနှင့် မြေနုကျွန်း မြေပြဿနာ ဆောင်းပါး
ကိုင်း / ကျွန်းမြေနှင့် မြေနုကျွန်း မြေပြဿနာ
စကားချီ။ ။ မြန်မာ တောင်သူ ဦးကြီးများ ဂျာနယ်၊ အတွဲ (၁၄)၊ အမှတ် (၁၉၆)တွင် ဥပဒေ ပညာရှင် ဦးဟန်ရှင်ဝင်းနှင့် ပွင့်ဖြူဖြူလွင်တို့ တွေ့ဆုံမေးမြန်း ခန်း၌ “မြေနုကျွန်း မြေကို ပုံစံ-၇ လျှောက်ခိုင်း၍ လယ်သမား ပြဿနာများ ဖြစ်ပွားခဲ့သည်”ဟု ဆိုသည်။ လယ်ယာမြေ ဥပဒေ ပုဒ်မ - ၁၀ အရ “၎င်း ဥပဒေ ပုဒ်မ - ၄၊ ၅၊ ၆၊ ၇၊ ၈ နှင့် ၉ တို့ပါ ပြဌာန်းချက် များသည် မြေနုကျွန်းချ ထားခြင်းနှင့် မသက်ဆိုင်စေရ”ဟု ပြဌာန်းထား သဖြင့် မြေနုကျွန်းမြေအား လုပ်ကွက်တည်ငြိမ်နေပြီဖြစ်၍ မြေရင့်ဟု သတ်မှတ်ကာ ပုံစံ(၇) လျှောက်ထားခိုင်းခြင်း ဖြစ်နိုင်သည်။ ကြေးတိုင်ဦးစီးဌာနမှ မြေမျိုးကြီး ဟု သတ်မှတ်ခဲ့သော ကိုင်း ကျွန်းမြေနှင့် မြေနု ကျွန်းမြေသည် ကွဲပြား ခြားနားသော အချက်များ ရှိသည်။
မည်သည့်အခါတွင် အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်နိုင်ခြင်း။ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက မြေပုံ၊ မြေရာဇဝင်ထုတ်ပေးရန် ငြင်းဆိုခြင်းသည် ပြည်သူ့တာဝန်ဝတ္တရား ဆိုင်ရာ ပျက်ကွက်မှုဖြစ်၍ ဖြည့်ဆည်းဆောင်ရွက်စေရေးအတွက် အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်နိုင်ခြင်း။
Monday, August 17, 2020
တရားမအထွေထွေလျှောက်ထားမှု
ပြည်ထောင်စုတရားသူကြီးချုပ်
ဦးထွန်းထွန်းဦး၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ
ဖြစ်ကြသော
ဦးမြသိမ်းနှင့်
ဦးမြင့်အောင်တို့ရှေ့တွင်
ဦးကျော်မင်းပါ
၂
နှင့်
ဌာနမှူး
မြို့ပြစီမံကိန်းနှင့်
မြေစီမံခန့်ခွဲမှုဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
၂
(၂၀၁၂
ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် - ၁၇၁)
မည်သည့်အခါတွင် အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်နိုင်ခြင်း။ ရန်ကုန်မြို့တော်စည်ပင်သာယာ
ရေးကော်မတီက မြေပုံ၊ မြေရာဇဝင်ထုတ်ပေးရန် ငြင်းဆိုခြင်းသည် ပြည်သူ့တာဝန်ဝတ္တရား ဆိုင်ရာ
ပျက်ကွက်မှုဖြစ်၍ ဖြည့်ဆည်းဆောင်ရွက်စေရေးအတွက် အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်နိုင်ခြင်း။
(၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၇ ရက်)
ဆုံးဖြတ်ချက် ။ ။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှုဌာန မြေပုံကူး(အရောင်း) ထုတ်ပေးရန်လျှောက်ထားချက်အပေါ် ငြင်းပယ်ခဲ့ခြင်းသည် ဌာနကလိုက်နာရသည့်နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပေါ် အခြေမခံဘဲ မွေးစားသူ မိခင်၏မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရကိတ္တိမမွေးစားခြင်းနှင့်စပ်လျဉ်း၍မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် အစ္စလာမ် တရားဥပဒေများအပေါ် ဆင်ခြင်သုံးသပ်၍ မှားယွင်းစွာ အဆုံးအဖြတ်ပြုထားကြောင်း မြင်သာသည်။
မြေကွက်ခွဲစိတ်ခွင့်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေစီမံခန့်ခွဲမှုနှင့် မြေတိုင်းတာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ခြင်း။
တရားမအထွေထွေလျှောက်ထားမှု
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသော
ဦးစိုးညွန့်နှင့် ဦးမြသိမ်း တို့ရှေ့တွင်
ဦးလှမြင့်ဖူး
နှင့်
ဌာနမှူး
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပါ ၂
(၂၀၁၅ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၈၂)
မြေကွက်ခွဲစိတ်ခွင့်လျှောက်ထားခြင်းနှင့်
စပ်လျဉ်း၍ မြေစီမံခန့်ခွဲမှုနှင့် မြေတိုင်းတာခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ
ဆောင်ရွက်ရမည်ဖြစ်ခြင်း။
( ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်)
ဆုံးဖြတ်ချက်။ ။ မြေကွက်ခွဲစိတ်ခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်သည့် ဧရိယာအတိုင်း အတာနှင့် လျှောက်ထားလိုသူသည် မြေတိုင်းလျှောက်ထားစဉ်က တင်ပြခဲ့သော အထောက်အ ထားများအပြင် လိုအပ်သည့်စာရွက်စာတမ်းမူရင်းများတင်ပြရန် မြေစီမံခန့်ခွဲမှုနှင့်မြေတိုင်း တာခြင်းဆိုင်ရာလုပ်ထုံး လုပ်နည်းအပိုဒ် ၇ တွင် သတ်မှတ်ဖော်ပြထားသည်။
မြေအမည်ပေါက်ပြောင်းလဲခြင်း၊မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန် (နောက်ဆုံးထမ်းဆောင် ထားသည့် မြေခွန်ပြေစာပူးတွဲလျက်) စာချုပ်အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မှတ်ပုံတင် စာချုပ်စာတမ်း၊ တရားရုံးအမိန့်ရရှိထားသူဖြစ်ပါကပိုင်ဆိုင်မှု နှင့်ပတ်သက်၍ တရားရုံးက ချမှတ်ထားသည့် စီရင်ချက်နှင့် ဒီကရီမူရင်းများတင်ပြလျှောက်ထား ရမည်
တရားမအထွေထွေ
လျှောက်ထားမှု
ပြည်ထောင်စုတရားသူကြီးချုပ်၊
ဦးထွန်းထွန်းဦး
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီးများဖြစ်ကြသော
ဦးသာဌေး
နှင့် ဦးမြဟန် တို့ရှေ့တွင်
ဒေါ်တင်တင်ဝင်း
(ခ) ဒေါ်တင်တင်အေး ပါ-၂
ဦးစိန်သင်း
နှင့်
ဌာနမှူး
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပါ - ၃
(၂၀၁၆ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် -
၂၀၃)
ဌာနမှူး
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပါ - ၃
(၂၀၁၇
ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် - ၁၁၈)
မြေအမည်ပေါက်ပြောင်းလဲခြင်း၊ တရားရုံးအမိန့် ရရှိထားသူ ဟုတ်
မဟုတ်
(၂၀၁၈
ခုနှစ်၊ ဧပြီလ ၂ ရက်)
ဆုံးဖြတ်ချက်။ ။ မြေအမည်ပေါက်ပြောင်းလဲခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်း အပိုဒ် ၄ (ခ) တွင် မြေအမည်ပေါက်ပြောင်းလဲရန် လျှောက်ထားသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့် အတူ နိုင်ငံသားစိစစ်ရေးကဒ် ပြား၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန် (နောက်ဆုံးထမ်းဆောင် ထားသည့် မြေခွန်ပြေစာပူးတွဲလျက်) စာချုပ်အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူဖြစ်ပါက မှတ်ပုံတင် စာချုပ်စာတမ်း၊ တရားရုံးအမိန့်ရရှိထားသူဖြစ်ပါကပိုင်ဆိုင်မှု နှင့်ပတ်သက်၍ တရားရုံးက ချမှတ်ထားသည့် စီရင်ချက်နှင့် ဒီကရီမူရင်းများတင်ပြလျှောက်ထား ရမည်ဟု ထုတ်ပြန်ထားသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိပြီးသူကသာ လယ်ယာမြေကို အခြားနည်းဖြင့် အသုံး ပြုခွင့် လျှောက်ထားခွင့်ရှိသဖြင့် ခွင့်ပြုမိန့်မရရှိဘဲ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု သူအား လယ်ယာမြေဥပဒေအရ သတ်မှတ်သည့်ဒဏ်ကြေးငွေပေးဆောင်စေခြင်းသည် လယ်ယာမြေဥပဒေ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း။
တရားမအထွေထွေလျှောက်ထားမှု
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော
ဦးမြသိမ်းနှင့် ဦးအောင်ဇော်သိန်းတို့ ရှေ့တွင်
ဒေါ်ခင်စန်းလွင်
နှင့်
ဥက္ကဋ္ဌ
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
မွန်ပြည်နယ်ပါ ၄
(၂၀၁၆ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၅၄)
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိပြီးသူကသာ
လယ်ယာမြေကို အခြားနည်းဖြင့် အသုံး ပြုခွင့် လျှောက်ထားခွင့်ရှိသဖြင့်
ခွင့်ပြုမိန့်မရရှိဘဲ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု သူအား လယ်ယာမြေဥပဒေအရ
သတ်မှတ်သည့်ဒဏ်ကြေးငွေပေးဆောင်စေခြင်းသည် လယ်ယာမြေဥပဒေ နည်းဥပဒေများနှင့်
ညီညွတ်မှုမရှိခြင်း။
(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်)
ဆုံးဖြတ်ချက်။ ။ လယ်ယာမြေဥပဒေပုဒ်မ ၁၂ (ဆ) အရ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိ ဘဲ အခြားနည်းသုံးစွဲပါက ဝန်ကြီးဌာန (ပြည်ထောင်စုအစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) က ဤကိစ္စအလို့ငှာ ခန့်အပ်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် သတ်မှတ်