ဂရန်မြေ
(က) စဝ်စိုးဝင်းမှာ တရားလို ဒေါ်မြင့်ကြည်၏ ခင်ပွန်းဖြစ်ကြောင်း၊ ဒေါ်နန်းတစ်တီလား ကွယ်လွန်သော အခါ ၎င်း၏ မြေးလေးယောက် ဒေါ်စင်ကြည်ရွှေ ( တရားပြိုင် ) စဝ်ကြည်လင်၊ စောရွှေကိုနှင့် စဝ်စိုးဝင်း ( တရား လို၏ခင်ပွန်း ) တို့က အချင်းဖြစ် မြေကွက် အပါအဝင် ဟော်မြေကွက်ကြီးအား ဆက်ခံကြကြောင်း၊ ၎င်းမြေ ကွက်ကြီးကို စဝ်စိုးဝင်း အမည်ဖြင့် ဂရန်ပေါက်ကြောင်း၊ တရားပြိုင် ဒေါ်စဝ်ကြည်ရွှေသည် အချင်းဖြစ်မြေကွက် ပေါ်၌ မူလကပင် အိမ်ဆောက်၍ နေထိုင်လာခဲ့ကြောင်း ၊ အမှုတွဲမှတ်တမ်းအရ ပေါ်ပေါက်သည်။ ထို့ကြောင့် အချင်းဖြစ်မြေကွက် အပါအဝင် ယခင်က ဟော်ဆောက်လုပ် နေထိုင်ခဲ့သည့်