အစိုးရအဖွဲ့ကစီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများအသုံးပြုခွင့်လျှောက်လွှာခေါ်ယူခြင်း။
(၂၀၂၀ ပြည့်နှစ် ဇွန်လ ၉ ရက်)
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိ မြေများ ကို စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက်သော်လည်းကောင်း၊ လူနေထိုင်ရန်အတွက် သော် လည်းကောင်း၊ မြေအသုံးပြုခွင့်အား သတ်မှတ်စည်ပင်စရိတ် ပေးသွင်း၍ အသုံးပြုခွင့်ပြုပေးမည် ဖြစ်ရာ စိတ်ပါ ဝင်စားသူ မည်သူမဆို သတ်မှတ်ထားသည့် မြေအသုံးပြုခွင့် လျှောက်လွှာပုံစံအတိုင်းမိ မိအစီအစဉ်ဖြင့် ကွန်ပျူတာရိုက်နှိပ် ပြုစုဖြည့်စွက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝယ်ယူလို သည့်မြေကွက်တည်ရှိရာ မြို့နယ်စည်ပင် သာယာရေး ကော်မတီရုံး/မြို့နယ်စည်ပင် သာယာရေး အဖွဲ့ရုံးများ
တွင် ရုံးချိန်အတွင်း တင်သွင်းနိုင်ပါသည်။ လျှောက်လွှာပုံစံနှင့်မြေကွက်စာရင်းများကို သိရှိ လိုပါကhttps://www.yangon.gov.mm/announcements.html ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ Website လိပ်စာ တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
လျှောက်လွှာတင်ရမည့်နောက်ဆုံးရက် - ၃၀-၆-၂၀၂၀ ရက်နေ့။
👇👇👇👇👇👇👇👇👇👇👇👇👇👇
ကြေညာချက် PDF Download ရယူရန်
Source: yangon.gov.mm ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တရားဝင် ဝက်ဆိုက်မှ
(၂၀၂၀ ပြည့်နှစ် ဇွန်လ ၉ ရက်)
👇👇👇👇👇👇👇👇👇👇👇👇👇👇
ကြေညာချက် PDF Download ရယူရန်
Source: yangon.gov.mm ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တရားဝင် ဝက်ဆိုက်မှ
0 comments:
Post a Comment