လယ်မြေကို ဒဏ်ကြေးငွေသတ်မှတ်ပြီး အခြားနည်းလမ်းသုံးစွဲခွင့်ပြုရန် ရန်ကုန်တိုင်းအစိုးရစီစဉ်နေ
ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေများကို ဒဏ်ကြေး ငွေကောက်ခံပြီး အခြားနည်းလမ်း သုံးစွဲခွင့်ပြုပေးရန် စီစဉ်နေသည် ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားကြောင်းမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်း ကြိုင်က ပြောသည်။
များ ဗီဒီယိုကွန်ဖရင့်ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်က ပြောကြားခြင်းဖြစ်သည်။
ရန်ကုန်တိုင်း အတွင်းရှိ လယ်မြေများကို ဒေသပေါက်ဈေး ရာဖြတ်သတ်မှတ်ပြီး သတ်မှတ် တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ဒဏ် ကြေးပေးဆောင်ခြင်းဖြင့် တရား ဝင်အခြားလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်။
ထိုကဲ့သို့ လယ်ယာမြေကို အခြားနည်းလမ်းသုံးစွဲခွင့်ပြုမည့် အစီအစဉ်က စက်သုံးဆီဆိုင်ဖွင့် လှစ်ရောင်း ချလိုသူများ၊ ဂိုဒေါင် တည်ဆောက်ရင်းနှီးမြှုပ်နှံလိုသူများ၊ အိမ်ရာစီမံကိန်း ရင်းနှီးမြှုပ်နှံ လိုသူများအတွက် အဆင်ပြေ ကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့ကပြောသည်။
ရန်ကုန်တိုင်းတွင် လယ်ယာ မြေများကို အခြားနည်းလမ်းသုံး စွဲရန်အတွက် ဝယ်ယူရင်းနှီးမြှုပ်နှံ မှုများရှိနေသည်။ မှော်ဘီမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် လယ်မြေများကို တစ်ဧကလျှင် ကျပ်သိန်း၅၀ ဈေးဖွင့်ပြီး ဝယ်ယူမှု များရှိသည်။
မိုးရာသီတွင်သာ စပါးစိုက် ပျိုးနိုင်ပြီး အထွက်နှုန်းနည်းသဖြင့် ရင်းနှီးမြှုပ်နှံလိုသူများ လာရောက် ဝယ်ယူရာတွင် လယ်ဧက၂၀ ကို ရောင်းချခဲ့သည်ဟု မှော်ဘီမြို့ နယ် ဝါးနက်ချောင်းကျေးရွာအုပ်စု လယ်သမား ဦးဆန်းတင်က ပြော သည်။
ရန်ကုန်တိုင်းအစိုးရသည် လယ်မြေများကို အခြားနည်းလမ်း သုံးစွဲခွင့် လန(၃၉) ချထားပေး ခြင်းကို ရပ်ဆိုင်းထားခဲ့သည်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မထိ ခိုက်စေရန် လယ်မြေများကို အခြားနည်းလမ်း သုံးစွဲခွင့်မပြု ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဝန် ကြီးချုပ်က ပြောကြားထားသည်။
မူရင်းလင့် 👇
https://7day.news/detail?id=189746
0 comments:
Post a Comment