#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

ဂရန်မြေ

Tuesday, July 7, 2020

ဂရန်မြေ

(က)       စဝ်စိုးဝင်းမှာ တရားလို ဒေါ်မြင့်ကြည်၏  ခင်ပွန်းဖြစ်ကြောင်း၊ ဒေါ်နန်းတစ်တီလား ကွယ်လွန်သော အခါ ၎င်း၏ မြေးလေးယောက် ဒေါ်စင်ကြည်ရွှေ ( တရားပြိုင် ) စဝ်ကြည်လင်၊ စောရွှေကိုနှင့် စဝ်စိုးဝင်း ( တရား လို၏ခင်ပွန်း ) တို့က အချင်းဖြစ် မြေကွက် အပါအဝင် ဟော်မြေကွက်ကြီးအား ဆက်ခံကြကြောင်း၊  ၎င်းမြေ ကွက်ကြီးကို စဝ်စိုးဝင်း အမည်ဖြင့် ဂရန်ပေါက်ကြောင်း၊ တရားပြိုင် ဒေါ်စဝ်ကြည်ရွှေသည် အချင်းဖြစ်မြေကွက် ပေါ်၌ မူလကပင် အိမ်ဆောက်၍ နေထိုင်လာခဲ့ကြောင်း ၊ အမှုတွဲမှတ်တမ်းအရ ပေါ်ပေါက်သည်။ ထို့ကြောင့် အချင်းဖြစ်မြေကွက် အပါအဝင် ယခင်က ဟော်ဆောက်လုပ် နေထိုင်ခဲ့သည့်
မြေကွက်ကြီးမှာ စော်ဘွားကြီး စဝ်မောင်နှိုင်း၊ ၎င်း၏အစ်မ ဒေါ်နန်းတစ်တီလား မသေမီက ထိုမြေကွက်ပေါ်၌ သားများ၊ မြေးများနှင့် အတူတကွ နေထိုင်လာခဲ့ကြောင်း ခိုင်မာ ထင်ရှားစွာ ပေါ်ပေါက်သည်။ အမွေဆိုင်မြေးများအနက် တစ်ဦးဖြစ်သူ စဝ်စိုးဝင်း၏ အမည်ဖြင့် ထိုမြေကွက်ကြီးမှာ ဂရန်ပေါက်နေသည့်တိုင်အောင် အမွေဆိုင် မြေကွက်ကြီးအဖြစ်မှ စဝ်စိုးဝင်း တစ်ဦးတည်းပိုင် မြေကွက်အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ယူဆနိုင်မည် မဟုတ်ပေ။ [ဒေါ်စဝ်ကြည်ရွှေ နှင့် ဒေါ်ခင်မြင့်ကြည်၊ တရားရုံးချုပ် တရားမ အထူးအယူခံမှုအမှတ် ၃၉/၁၉၉၂ ( ၂၉-၆-၁၉၉၃)]။

(ခ)         ကွယ်လွန်သူ ဦးအဒူကရင်သည် အချင်းဖြစ်မြေကို ဦးဘဖြူက ဂရန်ရရှိသည့်အခါ ဦးဘဖြူသည် ဦးအဒု ကရင် ရရှိသည့် လက်ရှိထားပိုင်ခွင့် (possessory title) ထက် သာလွန်သော ပိုင်ဆိုင်ခွင့် (Better title) ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ဂရန်ရရှိသူ ဦးဘဖြူကသာ အချင်းဖြစ်မြေကို ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်သည်။ ဂရန်မြေကို အမွေဆက်ခံခွင့်နှင့် လွှဲပြောင်းနိုင်ခွင့်ရှိသည်။ ၁၉၈၇ ခုနှစ်မှစ၍ အချင်းဖြစ် မြေကွက်သည် ဦးဘဖြူ အမည်မှ ဒေါ်ထွေးစိန် ပါ-၃ ဦး အမည်သို့ ပြောင်းလဲခဲ့ပြီး ဖြစ် သည်။

    အချင်းဖြစ်မြေကို ဦးအဒူကရင် လက်ရှိ နေထိုင်ခဲ့သော်လည်း ဦးအဒူကရင် အမည်ဖြင့် ဂရန်ရရှိခဲ့ခြင်း မရှိ သဖြင့် ဦးအဒူကရင် ကွယ်လွန်သည့်အခါ အဆိုပါမြေသည် ဦးအဒူကရင် ကျန်ရစ်သည့် အမွေပုံပစ္စည်း ဖြစ် လာမည် မဟုတ်ပေ။

   ဒေါ်ထွေးစိန်တို့ ရရှိသည့် ဂရန်သက်တမ်း ကုန်ဆုံးသွားပြီး ဆိုသော် လည်း ဦးအဒူကရင် အမည်ဖြင့် ဂရန် ထုတ်ပေးခြင်း မရှိသဖြင့် အချင်း ဖြစ်မြေသည် ဒေါ်ထွေးစိန်တို့ ပိုင်ဆိုင်ခွင့် ရရှိခဲ့ရာမှ ဦးအဒူကရင်ပိုင်အဖြစ် ပြောင်းလဲရန် အကြောင်းမရှိပေ။

  ထို့ကြောင့် တရားရုံးချုပ်က အချင်းဖြစ်မြေကို ဦးအဒူကရင် ဂရန်ရရှိ ပိုင်ဆိုင်ခြင်း မရှိသဖြင့် မည်သည့်နည်း နှင့်မျှ အမွေဆိုင်မြေဖြစ်ရန် အကြောင်းမရှိဟု သုံးသပ်ခြင်းမှာ မှားယွင်းမှု မရှိပေ။ [ ဦးဖုန်းပါ- ၂ နှင့် ဒေါ်စကီ နာပါ -၂၈ ၊ တရားရုံးချုပ် တရားမ အထူးအယူခံမှု အမှတ် ၂၅ / ၁၉၉၆ ( ၁၅-၁၂- ၉၈)]။

(ဂ)      မြေဂရန် အသစ်လဲလှယ်ခြင်း၊ အသစ်ထုတ်ပေးခြင်းတို့မှာ  အခွန် တော်အရာရှိတို့၏ လုပ်ပိုင် ခွင့်ဖြစ်သည်။ အဆိုပါ အခွန်တော်အရာရှိတို့၏ လုပ်ပိုင်ခွင့်ကို တရားရုံးက ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ အခွန်တော်အရာရှိမှ သုံးစွဲခွင့်ပြုထားသော မြေအား ဆက် လက် သုံးစွဲခွင့်ကို မည်သူက ဆက်ခံ သည် ဆိုသည့် ကိစ္စကိုသာ တရားရုံးက စီရင်ခြင်း ဖြစ်ပေသည်။ အခွန်တော်အရာရှိ၏ မြေကို သုံးစွဲခွင့် ပေးမ ပေး ဟူသော လုပ်ပိုင်ခွင့်ကို တရားရုံးက ဝင်ရောက် စီရင်ခြင်း မဟုတ်ပေ။

   သို့ဖြစ်၍ တရားရုံးမှ အခွန်တော်အရာရှိ အနေဖြင့် သုံးစွဲခွင့်ပြုထားသော မြေအား ဆက်လက်သုံးစွဲခွင့်ကို မည် သူ ဆက်ခံထိုက်ကြောင်း စီရင်ခြင်းသည် အထက်မြန်မာပြည် မြေနှင့် အခွန်တော် စည်းမျဉ်းဥပဒေပုဒ်မ ၅၃ တွင် အကျုံးမဝင်။ [ ဒေါ်စမ်းစမ်းအေး (ခ ) ဆိုဖီယာ နှင့် ဒေါ်ခင်လှ ပါ-၇ ဦး၊ တရားရုံးချုပ် ( မန္တလေး) ၁၉၉၉ ခု၊ တရားမပြည်ဆင်မှု အမှတ် ၂၁၅၊ ( ၆-၃-၂၀၀၀)]။

(ဃ)     အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်စည်းမျဉ်း ဥပဒေ ပုဒ်မ ၂၅ ( က ) ပြဋ္ဌာန်းချက်အရ နိုင်ငံတော်ပိုင် မြေတွင် နေထိုင်သူသည် အမွေဆက်ခံခွင့် လွှဲပြောင်းခွင့် မရှိသည်မှာ မှန်သည်။ သို့သော် ယင်းအခွင့်အရေး များကို အစိုးရက ထုတ်ပေးသော ဂရန်ဖြင့် ရရှိထားခြင်းမျိုး မရှိမှသာ အမွေဆက်ခံခွင့် လွှဲပြောင်းခွင့် မရှိခြင်း ဖြစ်သည်။ ဤအမှုမှ ဦးဘဖေသည် အချင်းဖြစ်မြေနှင့် စပ်လျဉ်း၍ နေထိုင်အသုံးပြုရန် အစိုးရထံမှ ဂရန်ရရှိခဲ့သူ ဖြစ်သည်။ ဂရန်မရရှိဘဲ နေထိုင် အသုံးပြုခဲ့သူ မဟုတ် ၊ ယင်းဂရန်အရ နေထိုင် အသုံးပြုခွင့်ကို ၎င်းနှင့်တကွ ၎င်း၏ ဆက်နွယ်သူများက ဆက် လက် ခံစားနေဆဲ ဖြစ်သည်။ ဂရန်သက်တမ်း ကုန်ဆုံးလင့်ကစား ဂရန်အရ သုံးစွဲသော အခွင့်အရေးကို အစိုးရက ငြင်းပယ်သည်ကိုလည်း အမှုတွင် မပေါ်လွင် ၊ ထို့ကြောင့် ပုဒ်မ ၂၅ ( က ) တွင်ပါရှိသော ( an occupies of state land ) ဆိုသော စကားရပ်သည် အစိုးရက အခွင့် အရေးကို မငြင်း ပယ်သေးသမျှ ဤအမှုမှ အမွေရှင် ဦးဘဖေနှင့် သက်ဆိုင်ခြင်း ရှိမည်မဟုတ်ပေ။ ထို့ကြောင့် အမွေရှင် ဦးဘဖေ ဂရန်ရရှိခဲ့သော မြေသည် ဂရန်သက်တမ်း ကုန်ဆုံးသွားပြီးနောက် ဂရန်အရ အခွင့်အရေးကို ဆက်လက် ခံစား ဆဲအချိန်တွင် ယင်းအခွင့်အရေးအား အစိုးရက မငြင်းပယ်သေးသမျှ ဦးဘဖေ ရရှိခဲ့သော အခွင့်အရေးကို အမွေ ဆက်ခံခွင့် မရှိဟု အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်း ဥပဒေ ပုဒ်မ ၂၅ ( က ) ကို အကြောင်းပြုပြီး ငြင်းဆိုရန် သင့်မည်မဟုတ်ပေ။

     တစ်ဖန် အယူခံတရားလို အားကိုးသော အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်စည်းမျဉ်း၊ ဥပဒေပုဒ်မ ၅၃ ( ၂ ) ၏ ပုဒ်မခွဲငယ် ( ၂ ) ၏ ပုဒ်မခွဲငယ် ( ၂ ) အရ တရားမ တရားရုံးက စီရင်ပိုင်ခွင့် မရှိသော အချက်ကို ဆက် လက်စီစစ်ရန်ရှိသည်။ ယင်းပုဒ်မပါ ပြဋ္ဌာန်းချက်အရ တရားမရုံးက စီရင်ပိုင်ခွင့် မရှိသော ကိစ္စများမှာ နိုင်ငံတော် ပိုင်မြေကို ပိုင်ဆိုင်ခွင့် သို့မဟုတ် လက်ရောက်ရခွင့် တောင်းဆိုသော ကိစ္စများ၊ အဆိုပါမြေကို မြေခွန်လွတ်ဖြစ် စေ၊ သင့်တင့်သော မြေခွန် ထမ်းဆောင်ခြင်းဖြင့် ဖြစ်စေ ရလိုမှု ၊ ယင်းမြေတွင် ပိုင်ဆိုင်ခွင့်၊ အခြား အခြား ခံစားခွင့်၊ မြေမှရရှိသော အခ အကျိုးအမြတ်များ စသည်တို့တွင် အကျိုးခံစားခွင့်များကို တောင်းဆိုသည့် ကိစ္စ များ ကိုသာ တရားရုံးများက စီရင်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။ ယင်းတောင်းဆိုမှု များမှာ အဆိုပါ စည်းမျဉ်းဥပဒေ ပုဒ်မ ၂၄ ( ၂ ) အရ အခွန်အရာရှိကသာ စီရင်ပိုင်ခွင့်ရှိသော တောင်းဆိုမှု များဖြစ်၍ အဆိုပါ စည်းမျဉ်းဥပဒေ ပုဒ်မ ၂၄( ၂ ) အရ အခွန်အရာရှိကသာ စီရင်ပိုင်ခွင့်ရှိသော တောင်းဆိုမှုများဖြစ်၍ တရားမရုံး များက စီရင်ပိုင်ခွင့် မရှိကြောင်း ၊ တားမြစ်ထားခြင်း ဖြစ်သည် ။ အခွန်အရာရှိထံမှ အကျိုးခံစားခွင့် ရရှိထားပြီး သူထံမှ အမွေဆက်ခံခွင့် ကိစ္စမျိုးကို ဆိုလိုခြင်း မဟုတ်ပေ။ ထို့ကြောင့် ဤအမှုကို တရားမရုံးက စီရင်ပိုင်ခွင့်မရှိ ဟူသော တင်ပြချက်ကိုလည်း လက်ခံနိုင်မည် မဟုတ်ပေ။

  ထို့ကြောင့် အငြင်းပွားနေသော အမွေဆိုင် ဂရန်မြေကွက်၏ ဂရန်သက် တမ်း ကုန်ဆုံး ကျော်လွန်နေစေကာမူ တရားလို ဦးတင်မောင်အေးက အမွေဆိုင်များအပေါ် အမွေစီမံခန့်ခွဲမှု စွဲဆိုပိုင်ခွင့်ရှိကြောင်း မူလ ရုံးတွေ့ရှိချက် မှန်ကန်သည်။ [ ဒေါ်စိန်ရင် နှင့် ဦးတင်မောင်အေး ပါ-၆ တရား ရုံးချုပ် ( မန္တလေး ) ၁၉၉၃ခုနှစ်၊ တရားမ ပထမအယူခံမှု အမှတ် ၈၅ ( ၁၄-၅-၉၇)]။

“ ဂရန်။ အခမဲ့နေထိုင်သူအစိုးရဂရန်ရရှိသွားလျှင်”

အခမဲ့ နေထိုင်ခွင့်ပြုသူ အယူခံ တရားလိုသည် မိမိက နေထိုင်ခွင့်ပေးထားသော အယူခံ တရားပြိုင်များအား ခွင့်ပြုချက်ကို ရုပ်သိမ်း၍ နှင်ထုတ်ခွင့်ရှိသည် ဆိုသည်မှာ မှန်သည်။ သို့ရာတွင် ဤအမှုတရားမစွဲဆိုမီကပင် အယူခံ တရားပြိုင် ( ၁ ) ဦးလှငွေ၏ ဇနီး ဒေါ်ခင်တင့် အမည်ဖြင့် ဂရန်ချထားပေးလိုက်သည်နှင့် တစ်ပြိုင်နက် အချင်းဖြစ်မြေကို စီမံခန့်ခွဲပိုင်ခွင့်မှာ ပြောင်းလဲသွားသည်။ ထိုအချိန် ထိုကာလမှစ၍ အယူခံ တရားလိုတို့၏ ခွင့်ပြုချက်အရ နေထိုင်ခဲ့ကြသော အယူခံ တရားတို့သည် အစိုးရထံမှ မြေငှားအခွင့်အရေးအရ နေထိုင်ကြ သူများ အဖြစ် ပြောင်းလဲသွားပြီဟု ဆိုရပေမည်။ [ဦးကျော်မြင့် ပါ- ၂ နှင့် ဦးလှငွေ ပါ- ၂ ၁၉၉၅ မတစ ၁ ]

“ဂရန်မြေကို အမွေဆက်ခံခွင့်နှင့် လွှဲပြောင်းခွင့်ရှိသည်။ နှစ်တို လိုင်စင်ရသူ၌ ယင်းအခွင့်အရေးမျိုးမရှိ”

အစိုးရ ဂရန်မြေကို အမွေဆက်ခံခွင့်နှင့် လွှဲပြောင်းခွင့် ရှိသည်။ သို့ရာတွင် အစိုးရမြေကို နှစ်တိုအသုံးပြုခွင့် လိုင်စင်ကိုမူ အမွေဆက်ခံခွင့် မရှိ။ လွှဲ ပြောင်းခွင့်လည်း မရှိ။ [ဒေါ်သိန်းမေ နှင့် မိုဟာမက်အီစွပ် ပါ-၂ ၁၉၆၃ မတစ ( ရုံးချုပ် ) ၃၃၇]။

(စာညွှန်း - ဦးမြစိန် ၊ တရားမလမ်းညွှန်စီရင်ထုံးတမ်း ၊ စာ ၅၆ ) ။ #DVBLawLab

(Zawgyi)

ဂရန္ေျမ

(က)       စဝ္စိုးဝင္းမွာ တရားလို ေဒၚျမင့္ၾကည္၏  ခင္ပြန္းျဖစ္ေၾကာင္း၊ ေဒၚနန္းတစ္တီလား ကြယ္လြန္ေသာ အခါ ၄င္း၏ ေျမးေလးေယာက္ ေဒၚစင္ၾကည္ေ႐ႊ ( တရားၿပိဳင္ ) စဝ္ၾကည္လင္၊ ေစာေ႐ႊကိုႏွင့္ စဝ္စိုးဝင္း ( တရား လို၏ခင္ပြန္း ) တို႔က အခ်င္းျဖစ္ ေျမကြက္ အပါအဝင္ ေဟာ္ေျမကြက္ႀကီးအား ဆက္ခံၾကေၾကာင္း၊  ၄င္းေျမ ကြက္ႀကီးကို စဝ္စိုးဝင္း အမည္ျဖင့္ ဂရန္ေပါက္ေၾကာင္း၊ တရားၿပိဳင္ ေဒၚစဝ္ၾကည္ေ႐ႊသည္ အခ်င္းျဖစ္ေျမကြက္ ေပၚ၌ မူလကပင္ အိမ္ေဆာက္၍ ေနထိုင္လာခဲ့ေၾကာင္း ၊ အမႈတြဲမွတ္တမ္းအရ ေပၚေပါက္သည္။ ထို႔ေၾကာင့္ အခ်င္းျဖစ္ေျမကြက္ အပါအဝင္ ယခင္က ေဟာ္ေဆာက္လုပ္ ေနထိုင္ခဲ့သည့္ ေျမကြက္ႀကီးမွာ ေစာ္ဘြားႀကီး စဝ္ေမာင္ႏႈိင္း၊ ၄င္း၏အစ္မ ေဒၚနန္းတစ္တီလား မေသမီက ထိုေျမကြက္ေပၚ၌ သားမ်ား၊ ေျမးမ်ားႏွင့္ အတူတကြ ေနထိုင္လာခဲ့ေၾကာင္း ခိုင္မာ ထင္ရွားစြာ ေပၚေပါက္သည္။ အေမြဆိုင္ေျမးမ်ားအနက္ တစ္ဦးျဖစ္သူ စဝ္စိုးဝင္း၏ အမည္ျဖင့္ ထိုေျမကြက္ႀကီးမွာ ဂရန္ေပါက္ေနသည့္တိုင္ေအာင္ အေမြဆိုင္ ေျမကြက္ႀကီးအျဖစ္မွ စဝ္စိုးဝင္း တစ္ဦးတည္းပိုင္ ေျမကြက္အျဖစ္သို႔ ေျပာင္းလဲသြားသည္ဟု ယူဆႏိုင္မည္ မဟုတ္ေပ။ [ေဒၚစဝ္ၾကည္ေ႐ႊ ႏွင့္ ေဒၚခင္ျမင့္ၾကည္၊ တရား႐ုံးခ်ဳပ္ တရားမ အထူးအယူခံမႈအမွတ္ ၃၉/၁၉၉၂ ( ၂၉-၆-၁၉၉၃)]။

(ခ)         ကြယ္လြန္သူ ဦးအဒူကရင္သည္ အခ်င္းျဖစ္ေျမကို ဦးဘျဖဴက ဂရန္ရရွိသည့္အခါ ဦးဘျဖဴသည္ ဦးအဒု ကရင္ ရရွိသည့္ လက္ရွိထားပိုင္ခြင့္ (possessory title) ထက္ သာလြန္ေသာ ပိုင္ဆိုင္ခြင့္ (Better title) ရရွိမည္ျဖစ္သည္။ ထို႔ေၾကာင့္ ဂရန္ရရွိသူ ဦးဘျဖဴကသာ အခ်င္းျဖစ္ေျမကို ပိုင္ဆိုင္ခြင့္ ရရွိမည္ျဖစ္သည္။ ဂရန္ေျမကို အေမြဆက္ခံခြင့္ႏွင့္ လႊဲေျပာင္းႏိုင္ခြင့္ရွိသည္။ ၁၉၈၇ ခုႏွစ္မွစ၍ အခ်င္းျဖစ္ ေျမကြက္သည္ ဦးဘျဖဴ အမည္မွ ေဒၚေထြးစိန္ ပါ-၃ ဦး အမည္သို႔ ေျပာင္းလဲခဲ့ၿပီး ျဖစ္သည္။

    အခ်င္းျဖစ္ေျမကို ဦးအဒူကရင္ လက္ရွိ ေနထိုင္ခဲ့ေသာ္လည္း ဦးအဒူကရင္ အမည္ျဖင့္ ဂရန္ရရွိခဲ့ျခင္း မရွိ သျဖင့္ ဦးအဒူကရင္ ကြယ္လြန္သည့္အခါ အဆိုပါေျမသည္ ဦးအဒူကရင္ က်န္ရစ္သည့္ အေမြပုံပစၥည္း ျဖစ္ လာမည္ မဟုတ္ေပ။

   ေဒၚေထြးစိန္တို႔ ရရွိသည့္ ဂရန္သက္တမ္း ကုန္ဆုံးသြားၿပီး ဆိုေသာ္လည္း ဦးအဒူကရင္ အမည္ျဖင့္ ဂရန္ ထုတ္ေပးျခင္း မရွိသျဖင့္ အခ်င္းျဖစ္ေျမသည္ ေဒၚေထြးစိန္တို႔ ပိုင္ဆိုင္ခြင့္ ရရွိခဲ့ရာမွ ဦးအဒူကရင္ပိုင္အျဖစ္ ေျပာင္းလဲရန္ အေၾကာင္းမရွိေပ။

  ထို႔ေၾကာင့္ တရား႐ုံးခ်ဳပ္က အခ်င္းျဖစ္ေျမကို ဦးအဒူကရင္ ဂရန္ရရွိ ပိုင္ဆိုင္ျခင္း မရွိသျဖင့္ မည္သည့္နည္း ႏွင့္မွ် အေမြဆိုင္ေျမျဖစ္ရန္ အေၾကာင္းမရွိဟု သုံးသပ္ျခင္းမွာ မွားယြင္းမႈ မရွိေပ။ [ ဦးဖုန္းပါ- ၂ ႏွင့္ ေဒၚစကီ နာပါ -၂၈ ၊ တရား႐ုံးခ်ဳပ္ တရားမ အထူးအယူခံမႈ အမွတ္ ၂၅ / ၁၉၉၆ ( ၁၅-၁၂- ၉၈)]။

(ဂ)      ေျမဂရန္ အသစ္လဲလွယ္ျခင္း၊ အသစ္ထုတ္ေပးျခင္းတို႔မွာ  အခြန္ေတာ္အရာရွိတို႔၏ လုပ္ပိုင္ ခြင့္ျဖစ္သည္။ အဆိုပါ အခြန္ေတာ္အရာရွိတို႔၏ လုပ္ပိုင္ခြင့္ကို တရား႐ုံးက ဝင္ေရာက္စြက္ဖက္ျခင္း မဟုတ္ဘဲ သက္ဆိုင္ရာ အခြန္ေတာ္အရာရွိမွ သုံးစြဲခြင့္ျပဳထားေသာ ေျမအား ဆက္လက္ သုံးစြဲခြင့္ကို မည္သူက ဆက္ခံ သည္ ဆိုသည့္ ကိစၥကိုသာ တရား႐ုံးက စီရင္ျခင္း ျဖစ္ေပသည္။ အခြန္ေတာ္အရာရွိ၏ ေျမကို သုံးစြဲခြင့္ ေပးမ ေပး ဟူေသာ လုပ္ပိုင္ခြင့္ကို တရား႐ုံးက ဝင္ေရာက္ စီရင္ျခင္း မဟုတ္ေပ။

   သို႔ျဖစ္၍ တရား႐ုံးမွ အခြန္ေတာ္အရာရွိ အေနျဖင့္ သုံးစြဲခြင့္ျပဳထားေသာ ေျမအား ဆက္လက္သုံးစြဲခြင့္ကို မည္ သူ ဆက္ခံထိုက္ေၾကာင္း စီရင္ျခင္းသည္ အထက္ျမန္မာျပည္ ေျမႏွင့္ အခြန္ေတာ္ စည္းမ်ဥ္းဥပေဒပုဒ္မ ၅၃ တြင္ အက်ဳံးမဝင္။ [ ေဒၚစမ္းစမ္းေအး (ခ ) ဆိုဖီယာ ႏွင့္ ေဒၚခင္လွ ပါ-၇ ဦး၊ တရား႐ုံးခ်ဳပ္ ( မႏၲေလး) ၁၉၉၉ ခု၊ တရားမျပည္ဆင္မႈ အမွတ္ ၂၁၅၊ ( ၆-၃-၂၀၀၀)]။

(ဃ)     အထက္ျမန္မာႏိုင္ငံ ေျမႏွင့္ အခြန္စည္းမ်ဥ္း ဥပေဒ ပုဒ္မ ၂၅ ( က ) ျပ႒ာန္းခ်က္အရ ႏိုင္ငံေတာ္ပိုင္ ေျမတြင္ ေနထိုင္သူသည္ အေမြဆက္ခံခြင့္ လႊဲေျပာင္းခြင့္ မရွိသည္မွာ မွန္သည္။ သို႔ေသာ္ ယင္းအခြင့္အေရး မ်ားကို အစိုးရက ထုတ္ေပးေသာ ဂရန္ျဖင့္ ရရွိထားျခင္းမ်ိဳး မရွိမွသာ အေမြဆက္ခံခြင့္ လႊဲေျပာင္းခြင့္ မရွိျခင္း ျဖစ္သည္။ ဤအမႈမွ ဦးဘေဖသည္ အခ်င္းျဖစ္ေျမႏွင့္ စပ္လ်ဥ္း၍ ေနထိုင္အသုံးျပဳရန္ အစိုးရထံမွ ဂရန္ရရွိခဲ့သူ ျဖစ္သည္။ ဂရန္မရရွိဘဲ ေနထိုင္ အသုံးျပဳခဲ့သူ မဟုတ္ ၊ ယင္းဂရန္အရ ေနထိုင္ အသုံးျပဳခြင့္ကို ၄င္းႏွင့္တကြ ၄င္း၏ ဆက္ႏြယ္သူမ်ားက ဆက္လက္ ခံစားေနဆဲ ျဖစ္သည္။ ဂရန္သက္တမ္း ကုန္ဆုံးလင့္ကစား ဂရန္အရ သုံးစြဲေသာ အခြင့္အေရးကို အစိုးရက ျငင္းပယ္သည္ကိုလည္း အမႈတြင္ မေပၚလြင္ ၊ ထို႔ေၾကာင့္ ပုဒ္မ ၂၅ ( က ) တြင္ပါရွိေသာ ( an occupies of state land ) ဆိုေသာ စကားရပ္သည္ အစိုးရက အခြင့္အေရးကို မျငင္း ပယ္ေသးသမွ် ဤအမႈမွ အေမြရွင္ ဦးဘေဖႏွင့္ သက္ဆိုင္ျခင္း ရွိမည္မဟုတ္ေပ။ ထို႔ေၾကာင့္ အေမြရွင္ ဦးဘေဖ ဂရန္ရရွိခဲ့ေသာ ေျမသည္ ဂရန္သက္တမ္း ကုန္ဆုံးသြားၿပီးေနာက္ ဂရန္အရ အခြင့္အေရးကို ဆက္လက္ ခံစား ဆဲအခ်ိန္တြင္ ယင္းအခြင့္အေရးအား အစိုးရက မျငင္းပယ္ေသးသမွ် ဦးဘေဖ ရရွိခဲ့ေသာ အခြင့္အေရးကို အေမြ ဆက္ခံခြင့္ မရွိဟု အထက္ျမန္မာႏိုင္ငံေျမႏွင့္ အခြန္စည္းမ်ဥ္း ဥပေဒ ပုဒ္မ ၂၅ ( က ) ကို အေၾကာင္းျပဳၿပီး ျငင္းဆိုရန္ သင့္မည္မဟုတ္ေပ။

     တစ္ဖန္ အယူခံတရားလို အားကိုးေသာ အထက္ျမန္မာႏိုင္ငံ ေျမႏွင့္ အခြန္စည္းမ်ဥ္း၊ ဥပေဒပုဒ္မ ၅၃ ( ၂ ) ၏ ပုဒ္မခြဲငယ္ ( ၂ ) ၏ ပုဒ္မခြဲငယ္ ( ၂ ) အရ တရားမ တရား႐ုံးက စီရင္ပိုင္ခြင့္ မရွိေသာ အခ်က္ကို ဆက္ လက္စီစစ္ရန္ရွိသည္။ ယင္းပုဒ္မပါ ျပ႒ာန္းခ်က္အရ တရားမ႐ုံးက စီရင္ပိုင္ခြင့္ မရွိေသာ ကိစၥမ်ားမွာ ႏိုင္ငံေတာ္ ပိုင္ေျမကို ပိုင္ဆိုင္ခြင့္ သို႔မဟုတ္ လက္ေရာက္ရခြင့္ ေတာင္းဆိုေသာ ကိစၥမ်ား၊ အဆိုပါေျမကို ေျမခြန္လြတ္ျဖစ္ ေစ၊ သင့္တင့္ေသာ ေျမခြန္ ထမ္းေဆာင္ျခင္းျဖင့္ ျဖစ္ေစ ရလိုမႈ ၊ ယင္းေျမတြင္ ပိုင္ဆိုင္ခြင့္၊ အျခား အျခား ခံစားခြင့္၊ ေျမမွရရွိေသာ အခ အက်ိဳးအျမတ္မ်ား စသည္တို႔တြင္ အက်ိဳးခံစားခြင့္မ်ားကို ေတာင္းဆိုသည့္ ကိစၥ မ်ား ကိုသာ တရား႐ုံးမ်ားက စီရင္ခြင့္မရွိေၾကာင္း ျပ႒ာန္းထားျခင္း ျဖစ္သည္။ ယင္းေတာင္းဆိုမႈ မ်ားမွာ အဆိုပါ စည္းမ်ဥ္းဥပေဒ ပုဒ္မ ၂၄ ( ၂ ) အရ အခြန္အရာရွိကသာ စီရင္ပိုင္ခြင့္ရွိေသာ ေတာင္းဆိုမႈ မ်ားျဖစ္၍ အဆိုပါ စည္းမ်ဥ္းဥပေဒ ပုဒ္မ ၂၄( ၂ ) အရ အခြန္အရာရွိကသာ စီရင္ပိုင္ခြင့္ရွိေသာ ေတာင္းဆိုမႈမ်ားျဖစ္၍ တရားမ႐ုံး မ်ားက စီရင္ပိုင္ခြင့္ မရွိေၾကာင္း ၊ တားျမစ္ထားျခင္း ျဖစ္သည္ ။ အခြန္အရာရွိထံမွ အက်ိဳးခံစားခြင့္ ရရွိထားၿပီး သူထံမွ အေမြဆက္ခံခြင့္ ကိစၥမ်ိဳးကို ဆိုလိုျခင္း မဟုတ္ေပ။ ထို႔ေၾကာင့္ ဤအမႈကို တရားမ႐ုံးက စီရင္ပိုင္ခြင့္မရွိ ဟူေသာ တင္ျပခ်က္ကိုလည္း လက္ခံႏိုင္မည္ မဟုတ္ေပ။

  ထို႔ေၾကာင့္ အျငင္းပြားေနေသာ အေမြဆိုင္ ဂရန္ေျမကြက္၏ ဂရန္သက္တမ္း ကုန္ဆုံး ေက်ာ္လြန္ေနေစကာမူ တရားလို ဦးတင္ေမာင္ေအးက အေမြဆိုင္မ်ားအေပၚ အေမြစီမံခန္႔ခြဲမႈ စြဲဆိုပိုင္ခြင့္ရွိေၾကာင္း မူလ ႐ုံးေတြ႕ရွိခ်က္ မွန္ကန္သည္။ [ ေဒၚစိန္ရင္ ႏွင့္ ဦးတင္ေမာင္ေအး ပါ-၆ တရား႐ုံးခ်ဳပ္ ( မႏၲေလး ) ၁၉၉၃ခုႏွစ္၊ တရားမ ပထမအယူခံမႈ အမွတ္ ၈၅ ( ၁၄-၅-၉၇)]။

“ ဂရန္။ အခမဲ့ေနထိုင္သူအစိုးရဂရန္ရရွိသြားလွ်င္”

အခမဲ့ ေနထိုင္ခြင့္ျပဳသူ အယူခံ တရားလိုသည္ မိမိက ေနထိုင္ခြင့္ေပးထားေသာ အယူခံ တရားၿပိဳင္မ်ားအား ခြင့္ျပဳခ်က္ကို ႐ုပ္သိမ္း၍ ႏွင္ထုတ္ခြင့္ရွိသည္ ဆိုသည္မွာ မွန္သည္။ သို႔ရာတြင္ ဤအမႈတရားမစြဲဆိုမီကပင္ အယူခံ တရားၿပိဳင္ ( ၁ ) ဦးလွေငြ၏ ဇနီး ေဒၚခင္တင့္ အမည္ျဖင့္ ဂရန္ခ်ထားေပးလိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ အခ်င္းျဖစ္ေျမကို စီမံခန္႔ခြဲပိုင္ခြင့္မွာ ေျပာင္းလဲသြားသည္။ ထိုအခ်ိန္ ထိုကာလမွစ၍ အယူခံ တရားလိုတို႔၏ ခြင့္ျပဳခ်က္အရ ေနထိုင္ခဲ့ၾကေသာ အယူခံ တရားတို႔သည္ အစိုးရထံမွ ေျမငွားအခြင့္အေရးအရ ေနထိုင္ၾက သူမ်ား အျဖစ္ ေျပာင္းလဲသြားၿပီဟု ဆိုရေပမည္။ [ဦးေက်ာ္ျမင့္ ပါ- ၂ ႏွင့္ ဦးလွေငြ ပါ- ၂ ၁၉၉၅ မတစ ၁ ]

“ဂရန္ေျမကို အေမြဆက္ခံခြင့္ႏွင့္ လႊဲေျပာင္းခြင့္ရွိသည္။ ႏွစ္တို လိုင္စင္ရသူ၌ ယင္းအခြင့္အေရးမ်ိဳးမရွိ”

အစိုးရ ဂရန္ေျမကို အေမြဆက္ခံခြင့္ႏွင့္ လႊဲေျပာင္းခြင့္ ရွိသည္။ သို႔ရာတြင္ အစိုးရေျမကို ႏွစ္တိုအသုံးျပဳခြင့္ လိုင္စင္ကိုမူ အေမြဆက္ခံခြင့္ မရွိ။ လႊဲေျပာင္းခြင့္လည္း မရွိ။ [ေဒၚသိန္းေမ ႏွင့္ မိုဟာမက္အီစြပ္ ပါ-၂ ၁၉၆၃ မတစ ( ႐ုံးခ်ဳပ္ ) ၃၃၇]။

(စာၫႊန္း - ဦးျမစိန္ ၊ တရားမလမ္းၫႊန္စီရင္ထုံးတမ္း ၊ စာ ၅၆ ) ။ #DVBLawLab
Crd :DVBLawLab
မူရင်းလင့်
https://www.facebook.com/599219823590207/posts/1979135555598620/

0 comments:

Post a Comment