လယ်ယာမြေကို အရောင်းအဝယ်လုပ်ရာမှာ တရားဝင်ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ သိလိုပါတယ်
ကျွန်တော်တို့ဒေသမှာ လယ်ယာမြေကို အရပ်စာချုပ်နဲ့ အရောင်းအဝယ်လုပ်နေတာ ဓလေ့ တစ်ခုလိုဖြစ်နေ ပါတယ် ။ ပုံစံ ၇ ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ အရောင်းအဝယ် လုပ်တာ တရားဝင်ပါသလား။ လယ်ယာမြေကို အရောင်းအဝယ်လုပ်ရာမှာ တရားဝင်ဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ သိလိုပါတယ် ။
လယ်ယာမြေကို အရပ်စာချုပ်နဲ့ အရောင်းအဝယ် လုပ်နေတာ တရားဝင်သလား၊ ပုံစံ ၇ ရှိ ရှိ မရှိ ရှိ လယ်ယာမြေကို အရောင်းအဝယ် လုပ်လို့ ရသလား လို့ မေးလာရင် ပြန်ဖြေရမဲ့ အဖြေ က တိုတိုလေး
ပါဘဲ။ အရပ်စာချုပ်ဖြင့် ရောင်းဝယ်ခြင်းသည် တရား မဝင်ပါ။ ပုံစံ ၇ မရှိသည့် လယ်ယာမြေကို ရောင်းဝယ် လွှဲပြောင်းခွင့် မရှိပါလို့ဘဲ ဖြေရပါမယ်။
ပါဘဲ။ အရပ်စာချုပ်ဖြင့် ရောင်းဝယ်ခြင်းသည် တရား မဝင်ပါ။ ပုံစံ ၇ မရှိသည့် လယ်ယာမြေကို ရောင်းဝယ် လွှဲပြောင်းခွင့် မရှိပါလို့ဘဲ ဖြေရပါမယ်။
လယ်ယာမြေတွေ ရောင်းဝယ်လွှဲပြောင်းနေတာ မှန်ပါတယ်။ လယ်ယာမြေဥပဒေက လယ် ယာမြေကို ရောင်းဝယ်ခွင့် ပေးတာ မဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့် Right to Use the Farmland ကိုသာ လွှဲပြောင်းရောင်းဝယ်ခွင့် ပေးထားတာပါ။
လယ်ယာမြေလုပ်ပိုင်ခွင့် တစ်နည်းဆိုသော် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) ရှိသူ၊ လယ်ယာမြေကို တရားဝင်လုပ်ပိုင်ခွင့် ရသူကသာ ၎င်းရရှိထားသည့် လုပ်ပိုင်ခွင့်ကို လွှဲပြောင်းရောင်းချနိုင်တဲ့ အခွင့်အရေးရှိပါတယ်။
ပုဒ်မ ၉။ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် အောက်ပါအခွင့်အရေးများကို ရရှိစေရမည်။
(ခ) လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့် နှင့် ပေးကမ်း ခွင့် ရရှိစေရမည်။
သို့သော် လုပ်ပိုင်ခွင့်အား ရောင်း၊ ပေါင်၊ ငှား၊ လဲလှယ့် နှင့် ပေးကမ်း ခြင်း ဆောင်ရွက်ရာတွင် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဂ) စည်းကမ်းချက်ကို လိုက်နာရပါမယ်။
ပုဒ်မ ၁၂။ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် -
(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နံှခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း နှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ် ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ် ဦးစီး ဌာနရုံးတွင် မှတ်ပုံတင်ရမည်။
ပုဒ်မ ၉ နှင့် ပုဒ်မ ၁၂ တို့၏ အချီးစကားရပ်က လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည်..လို့ အစ ချီထားသည့်အတွက် အထက်ပါ ရောင်း ပေါင်၊ ငှား၊ လဲ၊ ပေး ကိစ္စရပ်တွေကို ပုံစံ ၇ ရသူသာ လုပ်ပိုင်ခွင့်ရှိပြီး ယင်းပုဂ္ဂိုလ်သည် ပုဒ်မ ၁၂ (ဂ) အရ တံဆိပ်ခွန်ထမ်းဆောင်သည့် စာချုပ်ဖြင့် စာချုပ်ဆို၍ ဦးစီးဌာနတွင် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။
ပုဒ်မ ၉ ပါ အခွင့်အရေး ခံစားခွင့် ရှိသူသည် ပုံစံ ၇ ရရှိသူသာ ဖြစ်ပါတယ်။ ထိုကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အရောင်းအဝယ်လုပ်ခြင်းအတွက် ရောင်းသူအနေဖြင့် ပုံစံ ၇ ရရှိ သူကသာ ရောင်းချနိုင်ခွင့် ရှိပြီး ဝယ်သူအနေနှင့်လည်း ပုံစံ ၇ ရရှိသူ သို့မဟုတ် အမွေဆက် ခံသူ သို့မဟုတ် ကိုယ်စားလှယ်လွှဲအပ်သူ ထံကသာ ဝယ်ယူခွင့် ရှိပါမယ်။
လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းခြင်းများကို အရပ် စာချုပ်နဲ့ ဆောင်ရွက်ခွင့် မရှိပါဘူး။ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဂ)ပါ စည်းကမ်းချက်အတိုင်း သတ်မှတ် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားသည့် စာချုပ်ဖြင့် ချုပ်ဆိုရမည်ဖြစ်ပြီး ယင်း စာချုပ်ကို သတ်မှတ်ထားသည့် စာချုပ်စာတမ်းမှတ်ပုံတင်ခ ပေးဆောင်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေး နှင့် စာရင်းအင်းဦးစီးဌာနမှာ မှတ်ပုံတင်ရပါမယ်။
လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) ပါ အခွင့်အရေးဖြစ်သည့် “လယ်ယာမြေလုပ်ပိုင်ခွင့် ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့်ပေးကမ်းခြင်း” များ ဆောင်ရွက် ရန် သတ်မှတ်ထားသည့် ပြဌာန်းချက်များကို နည်းဥပဒေမှာ ဖေါ်ပြထားပါတယ်။
နည်းဥပဒေ ၂၄ (က) အရ အထက်ပါ ကိစ္စများအတွက် လွှဲပြောင်းပေးသူနှင့် လွှဲပြောင်း လက်ခံသူတို့သည် နှစ်ဦးသဘောတူစာချုပ်ကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်မှာ တံဆိပ်ခေါင်းခွန် ထမ်းဆောင်၍ စာချုပ် ချုပ်ဆို ရမည်ဖြစ်ပါတယ်။
(ရပ်ကျေးလယ်စီရှေ့မှောက်တွင် စာချုပ် မချုပ်ဆိုမီ လွှဲပြောင်းရောင်းဝယ်သော လယ်ယာ မြေအား ဒေသန္တရတန်ဘိုး ဖြတ်ပေးရန် လျှောက်ထားခြင်း၊ မြို့နယ်လယ်စိမှ မြေတန်ဘိုး သတ်မှတ်ခြင်း၊ ယင်းတန်ဘိုးအရ တန်ဘိုး၏ ၂ ရာခိုင်နှုန်းကို တံဆိပ်ခွန်ထမ်းဆောင်ခြင်း၊ ယင်း တံဆိပ်ခေါင်းပေါ်တွင် စာချုပ်ရေးသား ချုပ်ဆိုခြင်းတို့ ဆောင်ရွက်ရမည် ဖြစ်ပါတယ်။)
ပုဒ်မ ၁၂ (ဂ) နှင့် နည်း ၂၄ (ခ) အရ စာချုပ် ချုပ်ဆိုသည့် နေ့မှစ၍ ရက်ပေါင်း (၁၂၀) အတွင်း သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရပါမည်။ ရောင်းဝယ်သော လယ်ယာမြေ တန်ဘိုး၏ (ဝ.၅)% ကို မှတ်ပုံတင်ခအဖြစ် ပေးသွင်းရပါမည်။
ယင်းသို့ ဆောင်ရွက်ပြီးသောအခါ နည်းဥပဒေ ၂၅၊ နည်းဥပဒေခွဲ (က) နှင့် (ခ) အရ မှတ်ပုံ တင် အရောင်းအဝယ်စာချုပ်နှင့် ပုံစံ ၇ မူရင်း ပူးတွဲ၍ ပုံစံ ၉ ဖြင့် မြို့နယ်ဦးစီးဌာနရုံးသို့ လယ် ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလျှောက်ထား ဆောင်ရွက်ရပါမည်။
အဆိုပါ လုပ်ငန်းစဉ်များအတွက် ဗဟိုလယ်စီမှ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)၊ ညွှန်ကြား ချက် အမှတ် (၃/၂၀၁၉) နှင့် ညွှန်ကြားချက် အမှတ် (၄/၂၀၁၉) တို့ဖြင့်ု ထုတ်ပြန် ညွှန်ကြား ထားပြီး ဖြစ်ပါတယ်။
မေး:DVBဖြေ:ဆရာဦးဇော်မင်း(နတ်မောက်)
Credit : DVB Law Lab
Zawgyi
လယ္ယာေျမကို အေရာင္းအဝယ္လုပ္ရာမွာ တရားဝင္ျဖစ္ေအာင္ ဘယ္လို လုပ္ရမလဲဆိုတာ သိလိုပါတယ္
ကြၽန္ေတာ္တို႔ေဒသမွာ လယ္ယာေျမကို အရပ္စာခ်ဳပ္နဲ႔ အေရာင္းအဝယ္လုပ္ေနတာ ဓေလ့ တစ္ခုလိုျဖစ္ေန ပါတယ္ ။ ပုံစံ ၇ ရွိသည္ျဖစ္ေစ ၊ မရွိသည္ျဖစ္ေစ အေရာင္းအဝယ္ လုပ္တာ တရားဝင္ပါသလား။ လယ္ယာေျမကို အေရာင္းအဝယ္လုပ္ရာမွာ တရားဝင္ျဖစ္ေအာင္ ဘယ္လို လုပ္ရမလဲဆိုတာ သိလိုပါတယ္ ။
လယ္ယာေျမကို အရပ္စာခ်ဳပ္နဲ႔ အေရာင္းအဝယ္ လုပ္ေနတာ တရားဝင္သလား၊ ပုံစံ ၇ ရွိ ရွိ မရွိ ရွိ လယ္ယာေျမကို အေရာင္းအဝယ္ လုပ္လို႔ ရသလား လို႔ ေမးလာရင္ ျပန္ေျဖရမဲ့ အေျဖ က တိုတိုေလးပါဘဲ။ အရပ္စာခ်ဳပ္ျဖင့္ ေရာင္းဝယ္ျခင္းသည္ တရား မဝင္ပါ။ ပုံစံ ၇ မရွိသည့္ လယ္ယာေျမကို ေရာင္းဝယ္ လႊဲေျပာင္းခြင့္ မရွိပါလို႔ဘဲ ေျဖရပါမယ္။
လယ္ယာေျမေတြ ေရာင္းဝယ္လႊဲေျပာင္းေနတာ မွန္ပါတယ္။ လယ္ယာေျမဥပေဒက လယ္ ယာေျမကို ေရာင္းဝယ္ခြင့္ ေပးတာ မဟုတ္ဘဲ လယ္ယာေျမလုပ္ပိုင္ခြင့္ Right to Use the Farmland ကိုသာ လႊဲေျပာင္းေရာင္းဝယ္ခြင့္ ေပးထားတာပါ။
လယ္ယာေျမလုပ္ပိုင္ခြင့္ တစ္နည္းဆိုေသာ္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ (ပုံစံ ၇) ရွိသူ၊ လယ္ယာေျမကို တရားဝင္လုပ္ပိုင္ခြင့္ ရသူကသာ ၎ရရွိထားသည့္ လုပ္ပိုင္ခြင့္ကို လႊဲေျပာင္းေရာင္းခ်ႏိုင္တဲ့ အခြင့္အေရးရွိပါတယ္။
လယ္ယာေျမဥပေဒ ပုဒ္မ ၉၊ ပုဒ္မခြဲ (ခ) မွာ ဒီလို ဆိုထားပါတယ္။
ပုဒ္မ ၉။ လယ္ယာေျမလုပ္ပိုင္ခြင့္ ရရွိသူသည္ ေအာက္ပါအခြင့္အေရးမ်ားကို ရရွိေစရမည္။
(ခ) လယ္ယာေျမလုပ္ပိုင္ခြင့္ ရရွိသူသည္ လယ္ယာေျမကို အားလုံးျဖစ္ေစ၊ တစ္စိတ္ တစ္ပိုင္းျဖစ္ေစ၊ လုပ္ပိုင္ခြင့္အား သတ္မွတ္ထားေသာ စည္းကမ္းခ်က္မ်ားႏွင့္ အညီ ေရာင္းခ်ခြင့္၊ ေပါင္ႏွံခြင့္၊ ငွားရမ္းခြင့္၊ လဲလွယ္ခြင့္ ႏွင့္ ေပးကမ္း ခြင့္ ရရွိေစရမည္။
သို႔ေသာ္ လုပ္ပိုင္ခြင့္အား ေရာင္း၊ ေပါင္၊ ငွား၊ လဲလွယ့္ ႏွင့္ ေပးကမ္း ျခင္း ေဆာင္႐ြက္ရာတြင္ ပုဒ္မ ၁၂၊ ပုဒ္မခြဲ (ဂ) စည္းကမ္းခ်က္ကို လိုက္နာရပါမယ္။
ပုဒ္မ ၁၂။ လယ္ယာေျမလုပ္ပိုင္ခြင့္ ရရွိသူသည္ -
(ဂ) လယ္ယာေျမလုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ ေပါင္နံွျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္း ႏွင့္ ေပးကမ္းျခင္းတို႔ကို ေဆာင္႐ြက္သည့္အခါ ဦးစီးဌာနက သတ္မွတ္သည့္ တံဆိပ္ ေခါင္းခြန္ႏွင့္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ခတို႔ကို ေပးေဆာင္၍ သက္ဆိုင္ရာ ၿမိဳ႕နယ္ ဦးစီး ဌာန႐ုံးတြင္ မွတ္ပုံတင္ရမည္။
ပုဒ္မ ၉ ႏွင့္ ပုဒ္မ ၁၂ တို႔၏ အခ်ီးစကားရပ္က လယ္ယာေျမလုပ္ပိုင္ခြင့္ရရွိသူသည္..လို႔ အစ ခ်ီထားသည့္အတြက္ အထက္ပါ ေရာင္း ေပါင္၊ ငွား၊ လဲ၊ ေပး ကိစၥရပ္ေတြကို ပုံစံ ၇ ရသူသာ လုပ္ပိုင္ခြင့္ရွိၿပီး ယင္းပုဂၢိဳလ္သည္ ပုဒ္မ ၁၂ (ဂ) အရ တံဆိပ္ခြန္ထမ္းေဆာင္သည့္ စာခ်ဳပ္ျဖင့္ စာခ်ဳပ္ဆို၍ ဦးစီးဌာနတြင္ မွတ္ပုံတင္ရမွာ ျဖစ္ပါတယ္။
ပုဒ္မ ၉ ပါ အခြင့္အေရး ခံစားခြင့္ ရွိသူသည္ ပုံစံ ၇ ရရွိသူသာ ျဖစ္ပါတယ္။ ထိုေၾကာင့္ လယ္ယာေျမ လုပ္ပိုင္ခြင့္ကို အေရာင္းအဝယ္လုပ္ျခင္းအတြက္ ေရာင္းသူအေနျဖင့္ ပုံစံ ၇ ရရွိ သူကသာ ေရာင္းခ်ႏိုင္ခြင့္ ရွိၿပီး ဝယ္သူအေနႏွင့္လည္း ပုံစံ ၇ ရရွိသူ သို႔မဟုတ္ အေမြဆက္ ခံသူ သို႔မဟုတ္ ကိုယ္စားလွယ္လႊဲအပ္သူ ထံကသာ ဝယ္ယူခြင့္ ရွိပါမယ္။
လယ္ယာေျမ လုပ္ပိုင္ခြင့္ကို ေရာင္းခ်၊ ေပါင္ႏွံ၊ ငွားရမ္း၊ လဲလွယ္၊ ေပးကမ္းျခင္းမ်ားကို အရပ္ စာခ်ဳပ္နဲ႔ ေဆာင္႐ြက္ခြင့္ မရွိပါဘူး။ ပုဒ္မ ၁၂၊ ပုဒ္မခြဲ(ဂ)ပါ စည္းကမ္းခ်က္အတိုင္း သတ္မွတ္ တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္ထားသည့္ စာခ်ဳပ္ျဖင့္ ခ်ဳပ္ဆိုရမည္ျဖစ္ၿပီး ယင္း စာခ်ဳပ္ကို သတ္မွတ္ထားသည့္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ခ ေပးေဆာင္၍ ၿမိဳ႕နယ္လယ္ယာေျမစီမံခန႔္ခြဲ ေရး ႏွင့္ စာရင္းအင္းဦးစီးဌာနမွာ မွတ္ပုံတင္ရပါမယ္။
လယ္ယာေျမဥပေဒ ပုဒ္မ ၉၊ ပုဒ္မခြဲ (ခ) ပါ အခြင့္အေရးျဖစ္သည့္ “လယ္ယာေျမလုပ္ပိုင္ခြင့္ ကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္းႏွင့္ေပးကမ္းျခင္း” မ်ား ေဆာင္႐ြက္ ရန္ သတ္မွတ္ထားသည့္ ျပဌာန္းခ်က္မ်ားကို နည္းဥပေဒမွာ ေဖၚျပထားပါတယ္။
နည္းဥပေဒ ၂၄ (က) အရ အထက္ပါ ကိစၥမ်ားအတြက္ လႊဲေျပာင္းေပးသူႏွင့္ လႊဲေျပာင္း လက္ခံသူတို႔သည္ ႏွစ္ဦးသေဘာတူစာခ်ဳပ္ကို သက္ဆိုင္ရာ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာ အုပ္စု လယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕ ေရွ႕ေမွာက္မွာ တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္၍ စာခ်ဳပ္ ခ်ဳပ္ဆို ရမည္ျဖစ္ပါတယ္။
(ရပ္ေက်းလယ္စီေရွ႕ေမွာက္တြင္ စာခ်ဳပ္ မခ်ဳပ္ဆိုမီ လႊဲေျပာင္းေရာင္းဝယ္ေသာ လယ္ယာ ေျမအား ေဒသႏၲရတန္ဘိုး ျဖတ္ေပးရန္ ေလွ်ာက္ထားျခင္း၊ ၿမိဳ႕နယ္လယ္စိမွ ေျမတန္ဘိုး သတ္မွတ္ျခင္း၊ ယင္းတန္ဘိုးအရ တန္ဘိုး၏ ၂ ရာခိုင္ႏႈန္းကို တံဆိပ္ခြန္ထမ္းေဆာင္ျခင္း၊ ယင္း တံဆိပ္ေခါင္းေပၚတြင္ စာခ်ဳပ္ေရးသား ခ်ဳပ္ဆိုျခင္းတို႔ ေဆာင္႐ြက္ရမည္ ျဖစ္ပါတယ္။)
ပုဒ္မ ၁၂ (ဂ) ႏွင့္ နည္း ၂၄ (ခ) အရ စာခ်ဳပ္ ခ်ဳပ္ဆိုသည့္ ေန႔မွစ၍ ရက္ေပါင္း (၁၂၀) အတြင္း သက္ဆိုင္ရာ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးတြင္ မွတ္ပုံတင္ရပါမည္။ ေရာင္းဝယ္ေသာ လယ္ယာေျမ တန္ဘိုး၏ (ဝ.၅)% ကို မွတ္ပုံတင္ခအျဖစ္ ေပးသြင္းရပါမည္။
ယင္းသို႔ ေဆာင္႐ြက္ၿပီးေသာအခါ နည္းဥပေဒ ၂၅၊ နည္းဥပေဒခြဲ (က) ႏွင့္ (ခ) အရ မွတ္ပုံ တင္ အေရာင္းအဝယ္စာခ်ဳပ္ႏွင့္ ပုံစံ ၇ မူရင္း ပူးတြဲ၍ ပုံစံ ၉ ျဖင့္ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသို႔ လယ္ ယာေျမလုပ္ပိုင္ခြင့္ရရွိသူ အမည္ေျပာင္းေလွ်ာက္ထား ေဆာင္႐ြက္ရပါမည္။
အဆိုပါ လုပ္ငန္းစဥ္မ်ားအတြက္ ဗဟိုလယ္စီမွ ၫႊန္ၾကားခ်က္ အမွတ္ (၂/၂၀၁၉)၊ ၫႊန္ၾကား ခ်က္ အမွတ္ (၃/၂၀၁၉) ႏွင့္ ၫႊန္ၾကားခ်က္ အမွတ္ (၄/၂၀၁၉) တို႔ျဖင့္ု ထုတ္ျပန္ ၫႊန္ၾကား ထားၿပီး ျဖစ္ပါတယ္။
ေမး:DVB
ေျဖ:ဆရာဦးေဇာ္မင္း(နတ္ေမာက္)
Credit : DVB Law Lab
0 comments:
Post a Comment