#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်
Showing posts with label မြေယာဆောင်းပါးများ. Show all posts
Showing posts with label မြေယာဆောင်းပါးများ. Show all posts
"လယ်ယာမြေ ရောင်းမှား ဝယ်မှား" မဖြစ်အောင်
Tuesday, March 12, 2024
0 comments
"လယ်ယာမြေ ရောင်းမှား ဝယ်မှား"
မဖြစ်ရအောင်
""လယ်ယာမြေ ရောင်းမှား ဝယ်မှား""
လယ်ယာမြေကို လုပ်ကိုင်ခွင့်ရောင်းဝယ်ရာမှာ
၁။ လယ်ယာမြေလုပ်ပိုင်ခွင့် မကျသေးတဲ့ လယ်ယာမြေကို ရောင်းလို့မရဘူး။ 105 တွေ လယ်ပြေစာတွေလောက်နဲ့ မရဘူး (နိုင်ငံတော်ပိုင်ပဲရှိနေသေးလို့)
၂။ အဲဒီကိုယ်မပိုင်သေးတဲ့ဟာကိုရောင်းရင်လည်း မူလကတဲကပျက်ပျယ်နေပြီဖြစ်တဲ့အတွက် စာချုပ်ကအတည်မဖြစ်ဘူး(ဘောင်မဝင်ဘူး)
ဘိုးဘပိုင်မြေ၊ အပိုင်ဂရန် ပေးထားတဲ့ မြေများနှင့် ထိုမြေများ မြေခွန် ကင်းလွတ်ခွင့် ရ/မရ..။
Tuesday, January 31, 2023
0 comments
 ဘိုးဘပိုင်မြေ၊ အပိုင်ဂရန် ပေးထားတဲ့ မြေများနှင့် ထိုမြေများ မြေခွန် ကင်းလွတ်ခွင့် ရ/မရ..။
အထက်မြန်မာပြည်မှာ ဘိုးဘပိုင်လို့ ခေါ်ပြီး အောက်မြန်မာနိုင်ငံမှာ လက်ဝယ်ထားရှိ ပိုင်ခွင့်မြေလို့ ခေါ်ကြတဲ့ မြေတွေအကြောင်းကို စတင် တင်ပြပါမယ်။ "ဘိုးဘပိုင်" ဖြစ်ပြီး ဘိုးဘွားပိုင်မဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ မြေယာပိုင်ဆိုင်ခွင့် နည်းလမ်းတွေကို အရင်ဆုံး တင်ပြပါမယ်။
Wednesday, December 9, 2020
0 comments
လယ်ယာမြေ အရောင်းအဝယ် ကိစ္စရပ်များကို တရားဝင် စာချုပ်စာတမ်း မှတ်ပုံတင်၍ အမည်ပြောင်းလဲနိုင်ရေး
ဆောင်းပါး
၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများအရ လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ပြောင်းလဲခြင်းတွင် အမွေဆက်ခံခြင်း
နှင့် မြေယာပြုပြင်ပြောင်းလဲခြင်း ကိစ္စရပ်နှစ်ခုကိုသာ ယခင်ကဆောင်ရွက်ခွင့်ရခဲ့သည်။(ထိုအကြောင်းနှင့် ပတ်သက်၍ စာရေးသူ
သည် မြန်မာတောင်သူကြီးများဂျာနယ်တွင်ဆောင်းပါးရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။) ယခုအခါတွင်မူ လယ်ယာမြေလုပ်ပိုင်ခွင့်
ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းစသည့်ကိစ္စရပ်များကိုပါအမည်ပြောင်းလဲနိုင်ပြီဖြစ်ကြောင်း
တောင်သူ လယ်သမားများနှင့် ၎င်းတို့ထံမှ လယ်ယာမြေ ဝယ်ယူသူများ ဝမ်းမြောက်ဖွယ် သတင်းကောင်း တစ်ရပ်ကို လယ်ယာ
မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်က မြေကိုအသုံးပြုဖို့လိုအပ်လို့ မြေကိုယူရင် မြေယာပိုင်ဆိုင်မှု အထောက်အထားမရှိပါကလျော်ကြေးနစ်နာကြေးရ/မရ ဆရာ ၏ မှတ်သားဖွယ် စကား
Monday, October 26, 2020
0 comments
နိုင်ငံတော်က မြေကိုအသုံးပြုဖို့လိုအပ်လို့ မြေကိုယူရင် မြေယာပိုင်ဆိုင်မှု အထောက်အထားမရှိပါကလျော်ကြေးနစ်နာကြေးရ/မရ
အောက်မှာ ဥပဒေသုတေသီ ဆရာဦးမောင်မောင်ညွန့် ရေးသားသော မူရင်းလင့်ပါ။
https://m.facebook.com/story.php?story_fbid=1092704884491566&id=100012561935452
ယနေ့မေးမြန်းလာတာက ဤသို့ ပါ-
“တောင်သူပိုင် လယ်ယာမြေများကို ဖြတ်သန်းပြီး အများအတွက် လမ်းတံတားဖောက်ရင် ပုံစံ ၇ မရသူကို လျော်ကြေး မပေးဘူးလို့ သက်ဆိုင်ရာ ဌာနက ငြင်းဆိုလို့ရပါသလားဆရာ။ အဲလိုငြင်းနေကြလို့ပါ။”
မိမိလေ့လာမိတာက တပ်မတော် အစိုးရ လက်ထက်က ပြဌာန်းခဲ့သည့် လမ်းမကြီးများ ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေ အမှတ် ၈/၂၀၀၀) ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးသည်ပင်လျှင် လမ်းမြေအတွက် လိုအပ်ပါက၊ တည်ဆဲဥပဒေများနှင့်အညီသာ ပြည်သူ၏ မြေကို ရယူပိုင်ခွင့် ရှိပါသည်။ တည်ဆဲ ဥပဒေ ဆိုပါက ၁၈၉၄ ခုနှစ်၊ မြေသိမ်း အက်ဥပဒေ သာ ရှိပါသည်။ ယင်းအက်ဥပဒေ အရ ဆိုပါလျှင် မြေသိမ်းဆည်းမှု အတွက် အကျိုးစီးပွား ယုတ်လျော့မှု ရှိသူသည် လျော်ကြေးတောင်းခံပိုင်ခွင့်ရှိသော အကျိုးစီးပွား သက်ဆိုင်သူဖြစ်ကြောင်း ပြဌာန်းထားပါသည်။
ပုံစံ ၇ ဖျက်သိမ်း ရုပ်သိမ်းခြင်း
Friday, October 23, 2020
0 comments
ပုံစံ ၇ ဖျက်သိမ်း ရုပ်သိမ်းခြင်း
ဆရာ  ဦးဇော်မင်း(နတ်မောက်) ၏ ပို့စ်အား copy & paste လုပ်ပါသည်။  အောက်တွင်မူရင်းလင့်ရှိပါသည်။
ပုံစံ ၇ ဖျက်သိမ်း ရုပ်သိမ်းခြင်း
အခြားနည်းသုံးခွင့်နှင့် ဆိုင်ခွင့်၊ ပိုင်ခွင့်ဆိုသည်မှာ
0 comments
    စားကျက်မြေ အကြောင်း သိကောင်းစရာ
    တိုင်းရင်းသားဒေသ များတွင် စားကျက်မြေပြဿနာ အဖြစ်များလေ့ရှိပြီး ဧရာ၀တီတိုင်း နှင့် အညာဒေသအချို့တို့တွင်လည်းဖြစ်လေ့ရှိသည်။ခေတ်ပြောင်းစနစ်ပြောင်း၏ အရွေ့ တွင် ဗဟုသုတ နည်းပါပြီး ရိုးသားသော အခံကြောင့်  တောနေ တောင်သူ နှင့် တိုင်းရင်း သားတောင်သူတို့မှာ မိမိ လုပ်ကိုင်စားသောက်နေသောမြေသည် မည်သည့်မြေအမျိုးအစားဖြစ်သည် ၊တရား ဝင်လုပ်ကိုင်ခွင့်ရရှိအောင် မိမိ၏ ရပိုင်ခွင့်ကိုခိုင်မာအောင် မည်သို့လုပ်ကိုင်ရမည်ကို မသိကြ။  ယခုလို မြေစျေးတက်လာချိန်တွင် လုပ်ပိုင်ခွင့်ရှိသူနှင့် ငွေကြေး စိုက်ထုတ်နိုင်သူပေါင်းကာ စားကျက်မြေတွင်လုပ်ကိုင်နေကြသည့် ဘိုးဘွားစဉ်ဆက် မိမိ ရိုးဖလာ လုပ်ကိုင်လာခဲ့သည့် တောင်သူများအား ဥပဒေကို လက်နက်သဖွယ်အသုံးပြု၍ လုပ်ပိုင်ခွင့်ရှိသည့်ဌာနနှင်ပူးပေါင်းကာ မြေပေါ်မှနှင်ထုတ်တော့သည်။မူလက စားကျက်မြေဟုဆိုကာ လုပ်ကိုင်နေသည့်မူလတောင်သူများကိုနှင်ထုတ်