#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

Monday, November 28, 2022

0 comments

 လယ်ယာမြေပေါ်တွင် နှစ်ပေါင်း (၃၀) ကျော်နေထိုင်ပြီးလျှင် ....

မြေစာရင်း ဌာနတွင် "လယ်ယာမြေ" ဟုအမည်ပေါက်သည့်မြေကွက်ကို တရားမရုံးတွင် မည်ကဲ့သို့ အခြေအနေမျိုးတွင် စီရင်ပိုင်ခွင့်ရှိသည်ကို 

ဦးစံသင်း ပါ -၄ နှင့် ဒေါ်ဝင်းတင် ပါ -၁၇  တရားမအထွေထွေအယူခံမှုတွင် တွေ့ရသည်။

လန(၃၉) အမိန့်မရှိ လယ်ယာမြေအမည်ပေါက်နေဆဲဖြစ်သော်လည်း 

အကြောင်းခြင်းရာ အားဖြင့်

ငါးကြီးကြီး ကြော်ရတော့မည့် ရန်ကုန်တိုင်းအတွင်း မြေယာလျော်ကြေးကိစ္စ

Tuesday, January 5, 2021

0 comments
🌊ငါးကြီးကြီး ကြော်ရတော့မည့် ရန်ကုန်တိုင်းအတွင်း မြေယာလျော်ကြေးကိစ္စ

🌾ရန်ကုန်တိုင်းအတွင်း မြေယာလျော်ကြေးပေးရမည့် အချို့အမှုတွဲများ မူဝါဒနှင့်ညီညွတ်မှုအားနည်းသည့်အတွက် မြေယာလျော်ကြေးပေးမည့်ကိစ္စများနဲ့ပါတ်သက်ပြီး ဗဟိုကော်မတီ၏ညွှန်ကြားချက်အားလိုက်နာမှုမရှိသည့် သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်ကို စိစစ်ဖေါ်ထုတ်၍ ထိရောက်စွာအရေးယူနိုင်ရေး စိစစ်တင်ပြရန် ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီကို ပြန်ညွှန်ကြားထားသည်။ 

Wednesday, December 9, 2020

0 comments
လယ်ယာမြေ အရောင်းအဝယ် ကိစ္စရပ်များကို တရားဝင် စာချုပ်စာတမ်း မှတ်ပုံတင်၍ အမည်ပြောင်းလဲနိုင်ရေး


ဆောင်းပါး

၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများအရ လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ပြောင်းလဲခြင်းတွင် အမွေဆက်ခံခြင်း
နှင့် မြေယာပြုပြင်ပြောင်းလဲခြင်း ကိစ္စရပ်နှစ်ခုကိုသာ ယခင်ကဆောင်ရွက်ခွင့်ရခဲ့သည်။(ထိုအကြောင်းနှင့် ပတ်သက်၍ စာရေးသူ
သည် မြန်မာတောင်သူကြီးများဂျာနယ်တွင်ဆောင်းပါးရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။) ယခုအခါတွင်မူ လယ်ယာမြေလုပ်ပိုင်ခွင့်
ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းစသည့်ကိစ္စရပ်များကိုပါအမည်ပြောင်းလဲနိုင်ပြီဖြစ်ကြောင်း
တောင်သူ လယ်သမားများနှင့် ၎င်းတို့ထံမှ လယ်ယာမြေ ဝယ်ယူသူများ ဝမ်းမြောက်ဖွယ် သတင်းကောင်း တစ်ရပ်ကို လယ်ယာ
မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ဂရန် အ‌ကြောင်း နဲ့ ပုံစံဖောင် တွေကအစ ပြည့်ပြည့် စုံစုံလေးတင်ပေးထားတယ်

Monday, December 7, 2020

0 comments

 

ဂရန်

၁- ဂရန်လျှောက်ထားခြင်း

၂-မြေငှားဂရန် အသစ် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

၃-မြေငှားဂရန် အမည်ပြောင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

၄-အခွန်လွတ် သာသနာ့မြေဂရန် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

၅-ဗဒ္ဓသိမ်ဂရန် လျှောက်ထားမှုတွင် ပါဝင်ရမည့် အချက်အလက်များ

၆-ဂရံဆိုတာဘာလဲ

၇-ဂရန်လျှောက်ထားဖို့အတွက် ဘယ်ကိုတင်ရမလဲ

၈-ဂရန်လျှောက်ထားဖို့အတွက် ဘယ်လိုမြေဖြစ်ရမလဲ

၉-ဂရန်အမျိုးအစားများ

၁၀-ပါမစ်ကိုဂရန် လျှောက်ခြင်း

၁၁-မြေတိုင်းတာခြင်း

၁၂-မြေပုံ၊ မြေရာဇဝင်ရေးကူးခြင်း

၁၃-ဘိုးဘွားပိုင်မြေအား အမည်ပြောင်းလဲခြင်း လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

၁၄-မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

ဂရန်အတွက် လိုအပ်မဲ့ လျှောက်လွှာဖောင်ကအစ

ဖတ်မှတ်လေ့လာထားသမျှ အတော်လေးပြည့်ပြည့်စုံစုံ ရေးပေးပါမယ်။

နိုင်ငံတော်က မြေကိုအသုံးပြုဖို့လိုအပ်လို့ မြေကိုယူရင် မြေယာပိုင်ဆိုင်မှု အထောက်အထားမရှိပါကလျော်ကြေးနစ်နာကြေးရ/မရ ဆရာ ၏ မှတ်သားဖွယ် စကား

Monday, October 26, 2020

0 comments
နိုင်ငံတော်က မြေကိုအသုံးပြုဖို့လိုအပ်လို့ မြေကိုယူရင် မြေယာပိုင်ဆိုင်မှု အထောက်အထားမရှိပါကလျော်ကြေးနစ်နာကြေးရ/မရ

အောက်မှာ ဥပဒေသုတေသီ ဆရာဦးမောင်မောင်ညွန့် ရေးသားသော မူရင်းလင့်ပါ။

https://m.facebook.com/story.php?story_fbid=1092704884491566&id=100012561935452

ယနေ့မေးမြန်းလာတာက ဤသို့ ပါ-
“တောင်သူပိုင် လယ်ယာမြေများကို ဖြတ်သန်းပြီး အများအတွက် လမ်းတံတားဖောက်ရင် ပုံစံ ၇ မရသူကို လျော်ကြေး မပေးဘူးလို့ သက်ဆိုင်ရာ ဌာနက ငြင်းဆိုလို့ရပါသလားဆရာ။ အဲလိုငြင်းနေကြလို့ပါ။”
မိမိလေ့လာမိတာက တပ်မတော် အစိုးရ လက်ထက်က ပြဌာန်းခဲ့သည့် လမ်းမကြီးများ ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေ အမှတ် ၈/၂၀၀၀) ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးသည်ပင်လျှင် လမ်းမြေအတွက် လိုအပ်ပါက၊ တည်ဆဲဥပဒေများနှင့်အညီသာ ပြည်သူ၏ မြေကို ရယူပိုင်ခွင့် ရှိပါသည်။ တည်ဆဲ ဥပဒေ ဆိုပါက ၁၈၉၄ ခုနှစ်၊ မြေသိမ်း အက်ဥပဒေ သာ ရှိပါသည်။ ယင်းအက်ဥပဒေ အရ ဆိုပါလျှင် မြေသိမ်းဆည်းမှု အတွက် အကျိုးစီးပွား ယုတ်လျော့မှု ရှိသူသည် လျော်ကြေးတောင်းခံပိုင်ခွင့်ရှိသော အကျိုးစီးပွား သက်ဆိုင်သူဖြစ်ကြောင်း ပြဌာန်းထားပါသည်။

ပုံစံ ၇ ဖျက်သိမ်း ရုပ်သိမ်းခြင်း

Friday, October 23, 2020

0 comments
ပုံစံ ၇ ဖျက်သိမ်း ရုပ်သိမ်းခြင်း

ဆရာ  ဦးဇော်မင်း(နတ်မောက်) ၏ ပို့စ်အား copy & paste လုပ်ပါသည်။  အောက်တွင်မူရင်းလင့်ရှိပါသည်။

ပုံစံ ၇ ဖျက်သိမ်း ရုပ်သိမ်းခြင်း

(၂၂) လယ်မြေ လယ်ယာမြေကို ဥယျဥ်ခြံမြေ ပြောင်းလို့ရသလား

Wednesday, October 21, 2020

0 comments
လယ်မြေ လယ်ယာမြေကို ဥယျဥ်ခြံမြေ ပြောင်းလို့ရသလား

- လယ်ယာမြေကို နှစ်ရှည်ဥယျာဉ်ခြံမြေအဖြစ် လျှောက်ထားနိုင်ပါသလား။ နားမလည်လို့ မေးတာပါ။ ရတယ်ဆိုရင်လည်း ဘယ်လိုလုပ်ရမလဲဆိုတာကို ရှင်းပြပေးစေချင်ပါတယ် ။

လေ့လာနိုင်ကြဖို့  မူရင်းအာဘော် မူရင်းအဓိပ္ပါယ် မလွဲရအောင် မူရင်းလင့်ကို တင်ပေးလိုက်ပါတယ်။
ဗီဒီယိုကြည့်ရန် မူရင်းလင့် 👇