#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

Earth apk ဆော့ဝဲနဲ့ မြေ ဧက တိုင်းတာပုံ တိုင်းတာနည်း၊ မှတ်သားနည်းနဲ့ ဂူဂဲလ်မက် မြေပုံ (google map) ထုတ်ယူနည်း

Wednesday, September 30, 2020

0 comments

Earth apk ဆော့ဝဲနဲ့ မြေ ဧက တိုင်းတာပုံ တိုင်းတာနည်း၊ မှတ်သားနည်းနဲ့ ဂူဂဲလ်မက် မြေပုံ (google map) ထုတ်ယူနည်း


လယ်ယာမြေ ဥယျဥ်ခြံ‌မြေတွေကို မိမိတို့ရဲ့ ဖုန်းကိုအသုံးပြုပြီးတော့ အကျယ်အဝန်း၊ ဧရိယာ ဧက တိုင်းတာပုံ တိုင်းတာနည်း၊ မှတ်သားနည်းနဲ့ ဂူဂဲလ်မက် မြေပုံ (google map) ထုတ်ယူနည်းလေးကို လူတိုင်းနားလည်လွယ်အောင် ဒီ ဗီဒီယို ဖိုင်လေးနဲ့ ပြောပြပေးသွားပါမယ်။


အောက်မှာ ဗီဒီယိုဖိုင် လင့်ပေးထားပါတယ် 👇👇👇

ဒီနေရာလေးကိုနှိပ်ပြီး (Youtube)ယူကျုကနေ ကြည့်နိုင်ပါတယ်

လိုအပ်တဲ့ Earth apk ဆော့ဝဲလေးကိုတော့၊ Playstore ကနေ ဒေါင်းလုပ်ယူထားရမှာပါ၊အခြားဘာမှမလိုအပ်ပါဘူး။ အောက်မှာ Playstore အဆင်မပြေသူတွေအတွက် လင့်ပေးထားပါတယ်

တိုင်းရင်းသားများအတွက် ဓလေ့ထုံးတမ်းလာ မြေယာများကို မိမိတို့ကိုယ်တိုင် စီမံပိုင်ခွင့်

Tuesday, September 29, 2020

0 comments

မြေယာသည် တိုင်းရင်းသားများအတွက် အသက်သွေးကြောဖြစ်သဖြင့်

မိမိတို့၏ ဓလေ့ထုံးတမ်းလာမြေယာများကို မိမိတို့ကိုယ်တိုင် စီမံပိုင်ခွင့်ရှိရမည်


ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွာတစ်ရွာမှ ကျနော့်အား လာရောက်ကူညီပေးပါရန် တောင်းဆိုနေမှုကြောင့် ကိုဗစ်ကာလအတွင်း ဘယ်လိုမှမဖြစ်နိုင်ကြောင်းပြန်ကြားရင်း စိတ်မကောင်းဖြစ်ရသည်။ လက်ရှိ အခြေအနေတွင် အစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ စနစ်ဟောင်းပြုပြင်ရေးထဲတွင် လယ်ယာကဏ္ဍ အနည်းငယ်ပါသော်လည်း တိုင်းရင်သား တို့အတွက်မူကား မပါသည်ကို အံ့သြစိတ်မကောင်းဖွယ်ရာတွေ့ရှိရသည်၊

၎င်းဒေသရှိ အခြေအနေကို ပြန်လှန်လေ့လာရင်း လွန်ခဲ့သည့် ၄ နှစ်ခန့်က အကြောင်းအရာမှတ်တမ်း တစ်ခု

""လမ်းဆုံရောက်နေသည့် မြန်မာ့မြေယာ အခင်းအကျင်း""

ဟူသည့်ခေါင်းစဥ်အောက်တွင်  အမှန်တရားများစွာကိုတွေ့ရှိရ၍ ယနေ့မြေယာကိစ္စစိတ်ဝင်စားသူများ၊ ပညာရှင်များနဲ့၊ ပြည်သူ့ကိုယ်စားလှယ်များ၊ နောင်ဖြစ်လာအုံးမည့် ကိုယ်စားလှယ်လောင်းများအား သိစေဖတ်စေ ကူညီနိုင်ကြပါစေခြင်းငှာ ပြန်လည်မျှဝေပေးလိုက်ပါသည်။

ဦးပိုင် တစ်ဆက်တစ်စပ်တည်းရှိသော မြေများကို ဧရိယာများခွဲစိတ်၍ မြေငှားဂရန်များ ထုတ်ပေးခြင်းမပြုရန် ညွှန်ကြားချက်။

Monday, September 28, 2020

0 comments

 

ဦးပိုင် တစ်ဆက်တစ်စပ်တည်းရှိသော မြေများကို ဧရိယာများခွဲစိတ်၍ မြေငှားဂရန်များ ထုတ်ပေးခြင်းမပြုရန် ညွှန်ကြားချက်။

မြေငှားဂရန်ထုတ်ပေးရာတွင် ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့်အခွန် နည်းဥပဒေ ၅၁(ခ)အရလည်းကောင်း၊ ၁၈၉၈ ခုနှစ်၊ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ ၉ အရလည်းကောင်းလုပ်ပိုင်ခွင့်များကို အောက်ပါအတိုင်း သတ်မှတ်ပြဋ္ဌာန်းထားပါသည်..
(က) ခရိုင်အုပ်ချုပ်ရေးမှူး(ကော်လိတ်တော်အရာရှိ) သည် မြေဧရိယာ (၁) ဧကအထိ၊
(ခ) တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး (တိုင်းမင်းကြီး)သည် မြေဧရိယာ (၁)ဧကအထက်မှ (၅)ဧကအထိ၊
(ဂ) ညွှန်ကြားရေးမှူးချုပ် (ဘဏ္ဍာတော်မင်းကြီး) သည်မြေဧရိယာ (၅) ဧကအထက်၊
သို့ဖြစ်၍ ဦးပိုင် တစ်ဆက်တစ်စပ်တည်းရှိသော မြေများကို ဧရိယာများခွဲစိတ်၍ မြေငှားဂရန်များ ထုတ်ပေးခြင်းမပြုရန်နှင့် လိုက်နာဆောင်ရွက်ရန်..။

မြေလွတ် မြေလပ် မြေရိုင်းကို အခြားနည်းအသုံးပြုခွင့်ပေးထားသည့်မြေများအား မြေငှားဂရန်၊ အခွန်လွတ်ဂရန်များ ခွင့်ပြုဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားချက်

0 comments

မြေလွတ် မြေလပ် မြေရိုင်းကို အခြားနည်းအသုံးပြုခွင့်ပေးထားသည့်မြေများအား မြေငှားဂရန်၊ 

အခွန်လွတ်ဂရန်များ ခွင့်ပြုဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားချက်


မြေလွတ် မြေလပ် မြေရိုင်း လုပ်ကိုင်ခွင့်ရရှိသည့်မြေများ၊ မြေလွတ် မြေလပ် မြေရိုင်းကို အခြားနည်းအသုံးပြုခွင့်ပေးထားသည့်မြေများအား မြေငှားဂရန်၊ အခွန်လွတ်ဂရန်များ ခွင့်ပြုဆောင်ရွက်ခြင်းမပြုရန်၊ နှင့်ဘိုးဘပိုင်မြေ (သို့မဟုတ်) လက်ဝယ်ထားရှိပိုင်ခွင့်ရှိသောမြေများကို စက်မှု / စီးပွားမြေငှားဂရန် ထုတ်ပေးရန်မလိုကြောင်းသိရှိနိုင်ရန်၊ ကျွန်းများပေါ်တွင် စက်မှုဂရန် လျှောက်ထားလာခြင်းများနှင့် ပတ်သက်၍ ကျွန်းမြေ (မြေရင့်များ) ပေါ်ရှိ မြေအမျိုးအစားအပေါ်မူတည်၍ သက်ဆိုင်ရာဥပဒေများအရ အသုံးပြုခွင့်လျှောက်ထားစေပြီး ခွင့်ပြုချက်ရရှိမှသာ မြေငှားဂရန် ထုတ်ပေးခြင်းနှင့် မြေခွန်တော်ကောက်ခံခြင်းကို ဆောင်ရွက်ရန်၊ ညွှန်ကြားချက်ထွက်ရှိလာသည်။

Friday, September 25, 2020

0 comments

လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ(၇) လုပ်ရာတွင် လုပ်ငန်းစဉ် အဆင့်(၂) ဖြစ်သည့် ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ (ပုံစံ ၂) ဖြင့် ကြေညာရမည်ဆိုသော်လည်း သက်ဆိုင်ရာက မကြေညာပဲ အဆင့်ကျော် ဆောင်ရွက်ခဲ့လျှင် ဘာလုပ်ကြမလဲ



လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လယ်ယာမြေ ဥပဒေ ပုဒ်မ (၆) အရ

(က)   လူပုဂ္ဂိုလ်ဖြစ်ပါက -

        (၁)  လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်စု သည် တောင်သူ လယ်သမားအိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင် ဖြစ်ရမည်။

        (၂)   လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်သားစု အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်သားစုတွင်ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူသည် ဤဥပဒေ   ပြဋ္ဌာန်းအတည်မပြုမီ          တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင် လက်ရှိလက်ငုတ်လုပ်ကိုင်နေသူ ဖြစ်ရမည်။

လယ်ယာမြေ မူလမှုခင်းဆုံးဖြတ်မှုများနဲ့ပါတ်သက်လို့ အရေးပါသော လက်ငုတ်မြဲခြင်းကိစ္စ

Sunday, September 20, 2020

0 comments

 လယ်ယာမြေ မူလမှုခင်းဆုံးဖြတ်မှုများနဲ့ပါတ်သက်လို့ ဆုံးဖြတ်ကြရာမှာ လက်ငုတ်မြဲခြင်းသည် အရေးပါပုံကို

ဆရာဦးဇော်မင်း(နတ်မောက်) နဲ့ DVB မေးဖြေ Lawlab မှ ဗဟုသုတအလို့ငှာ ပြန်လည်မျှဝေလိုက်ပါတယ်။

https://www.facebook.com/dvblawlab/videos/1254845051513926/

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

Friday, September 18, 2020

0 comments

 ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ





နေပြည်တော် စက်တင်ဘာ ၁၇


ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  Video Conferencing စနစ်ဖြင့် ကျင်းပသည်။


အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေ နည်းဥပဒေအရ လျော်ကြေး၊ နစ်နာကြေး ပေးချေနိုင်ရေး တွက်ချက် ဆောင်ရွက်ရာတွင် အဓိကအားဖြင့် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့် မြေသည် တည်ဆဲ လယ်ယာမြေ ဥပဒေအရ ပေးလျော်ရမည့် မြေအမျိုးအစား မှန်ကန်မှုကို ဦးစွာအဓိကထားပြီး စိစစ်ရပါကြောင်း၊