မြေယာသည် တိုင်းရင်းသားများအတွက် အသက်သွေးကြောဖြစ်သဖြင့်
မိမိတို့၏ ဓလေ့ထုံးတမ်းလာမြေယာများကို မိမိတို့ကိုယ်တိုင် စီမံပိုင်ခွင့်ရှိရမည်
ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွာတစ်ရွာမှ ကျနော့်အား လာရောက်ကူညီပေးပါရန် တောင်းဆိုနေမှုကြောင့် ကိုဗစ်ကာလအတွင်း ဘယ်လိုမှမဖြစ်နိုင်ကြောင်းပြန်ကြားရင်း စိတ်မကောင်းဖြစ်ရသည်။ လက်ရှိ အခြေအနေတွင် အစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ စနစ်ဟောင်းပြုပြင်ရေးထဲတွင် လယ်ယာကဏ္ဍ အနည်းငယ်ပါသော်လည်း တိုင်းရင်သား တို့အတွက်မူကား မပါသည်ကို အံ့သြစိတ်မကောင်းဖွယ်ရာတွေ့ရှိရသည်၊
၎င်းဒေသရှိ အခြေအနေကို ပြန်လှန်လေ့လာရင်း လွန်ခဲ့သည့် ၄ နှစ်ခန့်က အကြောင်းအရာမှတ်တမ်း တစ်ခု
""လမ်းဆုံရောက်နေသည့် မြန်မာ့မြေယာ အခင်းအကျင်း""
ဟူသည့်ခေါင်းစဥ်အောက်တွင် အမှန်တရားများစွာကိုတွေ့ရှိရ၍ ယနေ့မြေယာကိစ္စစိတ်ဝင်စားသူများ၊ ပညာရှင်များနဲ့၊ ပြည်သူ့ကိုယ်စားလှယ်များ၊ နောင်ဖြစ်လာအုံးမည့် ကိုယ်စားလှယ်လောင်းများအား သိစေဖတ်စေ ကူညီနိုင်ကြပါစေခြင်းငှာ ပြန်လည်မျှဝေပေးလိုက်ပါသည်။
လှိုင်ဘွား(လယ်ယာမြေ)
********************
မြေယာသည် တိုင်းရင်းသားများအတွက် အသက်သွေးကြောဖြစ်သဖြင့် မိမိတို့၏ ဓလေ့ထုံးတမ်းလာ မြေယာ များကို မိမိတို့ကိုယ်တိုင် စီမံပိုင်ခွင့်ရှိရမည်။
မြန်မာနိုင်ငံအစိုးရ၏ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ မြေသိမ်းယာသိမ်းဖြစ်ရပ်များ မကြုံစ ဖူး မြင့်တက်လာခဲ့သည်။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၌ အထူးသဖြင့် ကုန်းမြင့် တောင်တန်းဒေသများရှိ မြေအသုံးပြုခွင့် အခွင့်အရေးနှင့် ပတ်သက်သည့် ဥပဒေအခင်းအကျင်းကို ပြောင်းလဲသွားစေသည့် မြေယာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်များစွာ ပါဝင်လျက်ရှိပြီး မြေယာကဏ္ဍ၌ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုကို အား ပေးအားမြှောက်ပြုရန်အတွက် တရားဝင်မြေယာဈေးကွက်များကိုပါ ဖန်တီးခဲ့ကြသည်။ ဤအပြောင်းအလဲများ သည် စိုက်ပျိုးမြေများအပေါ် မှီခိုအားထား၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် သစ်တောများကို အမှီသဟဲပြုနေကြသည့် မြန်မာနိုင်ငံရှိ လူထုလူတန်းစားအများစု၏ စားနပ်ရိက္ခာနှင့် မြေယာလုပ်ပိုင်ခွင့်ကို အာမ ခံချက် ကင်းမဲ့သွားစေသဖြင့် စိုးရိမ်ပူပန်မှုများ အထူးတလည်မြင့်တက်လာစေသည်။
၂၀၁၂ ခုနှစ် မြေယာဥပဒေများသည် ကုန်းမြင့်တောင်တန်းဒေသများ၌ ရွှေ့ပြောင်းတောင်ယာကို အစဉ်အဆက် စိုက်ပျိုးလာခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကဒ်ပင်မရှိကြဘဲ အနည်းအကျဉ်းခန့်သာ မြေယာဆိုင်ရာ တရားဝင်စာ ရွက်အထောက်အထားရှိသည့် တိုင်းရင်းသားနယ်မြေများ၌ ကျင့်သုံးလျက်ရှိသည့် မြေယာလုပ်ပိုင်ခွင့်အခင်းအ ကျင်းကို ထည့်သွင်းစဉ်းစားထားခြင်းမရှိပေ။ ထို့အပြင် ဥပဒေသစ်များသည် ဓလေ့ထုံးတမ်းဆိုင်ရာနှင့် စုပေါင်း မြေယာအခွင့်အရေးများကို လုံးဝအသိအမှတ်ပြုထားခြင်းမရှိပေ။ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားလာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခနှင့် စီးပွားရေးလုပ်ပိုင်ခွင့်မရရှိခဲ့ကြသဖြင့် မိမိတို့၏ ဘိုးဘွားပိုင်မြေများမှ စွန့်ခွာခဲ့ကြရ သည့် သိန်းပေါင်းများစွာသော တိုင်းရင်းသူတိုင်းရင်းသားများ၏ နေရပ်ပြန်ခွင့်အခွင့်အရေးကိုပင်လျှင် ထည့် သွင်းစဉ်းစားပေးထားခြင်းမရှိပေ။ နောက်ဆက်တွဲအနေဖြင့် ဥပဒေသစ်များသည် မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံ နှစ်ပုံကျော်သည့် လက်လုပ်လက်စားတောင်သူများကိုချနှင်း၍ ပုဂ္ဂလိကကဏ္ဍ အထူးသဖြင့် အကြီးစား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုသာလျှင် အလုံးစုံအကျိုးခံစားခွင့်ပြုထားသကဲ့သို့ဖြစ်လာသည်။
မြန်မာနိုင်ငံရှိ တောင်သူများအပေါ် တိုက်ခိုက်မှုကို အဆုံးသတ်ခြင်း - ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာလုပ်ပိုင်ခွင့် စနစ်များကို ကျင့်သုံးခြင်းသည် ဖက်ဒရယ်သဘောတရားကို ကျင့်သုံးခြင်းဖြစ်သည်။
ခွန်ဦး၊ပအိုးဝ်လူငယ်အဖွဲ့အစည်း (PYO)
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးဟုခေါ်သည့် လုပ်ငန်းစဉ်တို့ကို စတင်လိုက်က
တည်းက တောင်သူလယ်သမားများကို ရာဇဝတ်ကြောင်းအရ အရေးယူပြစ်ဒဏ်ပေးမှု ဆထက်ထမ်းပိုးမြင့် တက်လာခဲ့သည့်အပြင် ၎င်းတို့၏မြေယာများကို ‘ဖွံ့ဖြိုးတိုးတက်ရေး’အကြောင်းပြချက်ဖြင့် စစ်တပ်နှင့် ၎င်းတို့၏လက်ဝေခံ ခရိုနီများက လုယူသွားခဲ့ကြသဖြင့် တောင်သူလယ်သမားအများအပြားသည် ပြည်တွင်းနေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူများဖြစ်လာခဲ့ကြသည်။ အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမြင်သဘောထားများ သည် နိုင်ငံလူဦးရေ၏ ၇၀%ကို ကိုယ်စားပြုပြီး အမှန်တကယ်နိုင်ငံကို ခေါင်းဆောင်သင့်သည့် တောင်သူလယ် သမားထု၏ အမြင်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေသည်။ အစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်၍ အကာအကွယ်ပေးရန်အတွက် လူထုလူတန်းစားများကို ၎င်းတို့၏ ဘိုးဘွားပိုင်မြေများမှ မောင်းထုတ်လျက်ရှိသည်။
တောင်သူလယ်သမားများသည် လူ့ဘောင်အသိုက်အဝန်းတစ်ရပ်လုံးကို ကျွေးမွေး ထောက်ပံ့ရန်အတွက် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် မိမိတို့၏ဘဝများကို မြေယာ၌ ရင်းနှီးမြှုပ်နှံခဲ့ကြသူများ ဖြစ်သည်။ ရပ်ရွာအသိုက်အဝန်းတစ်ရပ်လုံး၏ အသက်ရှင်ရပ်တည်မှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပျက်စီးပျောက်ကွယ်လုနီးပါး ဖြစ်လာလျက်ရှိသည်။ တောင်သူလယ်သမားများသည်လည်း ကျွန်တစ်ပိုင်းဖြစ်လာ ခဲ့သည်။
မိမိတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အေးအေးချမ်းချမ်းမျှဝေသုံးစွဲ၍ စီမံခန့်ခွဲရန်အတွက် မြေ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ကို မည်ကဲ့သို့ ထိန်းသိမ်းပြုစုရမည်ဖြစ်ကြောင်း တောင်သူလယ်သမားများ ကောင်းစွာသိမြင်နားလည်ကြသည်။ တောင်သူလယ်သမားများသည် မိမိတို့၏ ဓလေ့ထုံးတမ်းဆိုင်ရာ အလေ့ အထများမှတစ်ဆင့် မြေယာအသုံးပြုမှု၊ သယံဇာတအရင်းအမြစ် စီမံခန့်ခွဲမှု၊ အကျိုးအမြတ်ခွဲဝေမှုနှင့် ဆုံးဖြတ် ချက်ချမှတ်ရာ၌ ဆရာကျသည့် ပညာရှင်များဖြစ်ကြသည်။
အစိုးရက မြေယာသည် အလွန်အရေးကြီးသည် ‘လူထုသည်သာအင်အား’ဖြစ်သည်ဟု အမြဲတမ်းလိုလိုပြောဆို လေ့ရှိသော်လည်း ဆန့်ကျင်ဘက်သာ ပြုမူဆောင်ရွက်လေ့ရှိသည်။ လူထုကို အကာအကွယ်ပေးရန် ကတိများ ပေးခဲ့ကြသော်လည်း ယင်းကတိကဝတ်များကို အလေးအနက်ထား ဖော်ဆောင်မှုမရှိပေ။ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည်လည်း တောင်သူများအတွက် ငြိမ်းချမ်းမှုကို ဆောင်ကျဉ်းမပေးနိုင်ခဲ့ပေ။ ယင်းအစား စစ်တပ်မှ မြေယာများကို လုယူ၍ ထိန်းချုပ်စီမံလျက်ရှိပြီး အစိုးရနှင့် ရင်းနှီးမြှုပ်နှံသူများကလည်း စစ်တပ်နှင့် ပလဲနံပသင့် သူများသာဖြစ်သဖြင့် မြေယာကို အလေးထားချစ်ခင်တန်ဘိုးထား၍ မည်ကဲ့သို့ ကာကွယ်စောင့်ရှောက်ရမှန်း နကန်းတစ်လုံးမျှ သိရှိသူများမဟုတ်သောကြောင့် တောင်သူများအတွက် ကပ်သစ်ဆိုက်သည့်ခေတ်ဟုပင် ခေါ်ဆိုထိုက်ပေသည်။ ၎င်းတို့အနေဖြင့် မြေကိုအကြောင်းပြု၍ အကျိုးအမြတ်ဖန်တီးရယူရန်နှင့် ဆက်လက်ဆုပ် ကိုင်ထားခြင်းဖြင့် မိမိတို့၏ သြဇာအာဏာကို တည်ဆောက်ရန်သာ စိတ်ဝင်စားကြသူများဖြစ်သည်။
တောင်သူများသည် မိမိတို့၏ မြေနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ပတ်သက်၍ ဝေဖန်ပိုင်းခြားနိုင် သည့် စွမ်းရည်ရှိသူများဖြစ်သည်။ ဓလေ့ထုံးတမ်းစနစ်များသည် မျိုးဆက်ပေါင်းများစွာကို ကျွေးမွေးထောက်ပံ့၍ နိုင်ငံအေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုနိုင်ပါသည်။ သို့ဖြစ်၍ နိုင်ငံအတွင်းရှိ မြေယာ အရေးကိစ္စအ၀၀ တည်ငြိမ်အေးချမ်းစေလိုပါက တောင်သူများကို ဦးဆောင်ဖန်တီးခွင့်ပြုလိုက်ရန်သာ လိုအပ်ပါ သည်။ တောင်သူများသည် ဤကဲ့သို့သော အရေးကိစ္စမျိုး၌ ကျွမ်းကျင်နှံ့စပ်၍ ဆရာကျသူများဖြစ်သည်။ တောင်သူများသည် မိမိတို့၏ ဘိုးဘွားပိုင်မြေအပေါ် မည်သည့်ပြဿနာမျှ ကြုံတွေ့ခဲ့ရခြင်းမရှိဘဲ မျိုးရိုးအစဉ် အဆက် လက်ဆင့်ကမ်းနေထိုင်လာခဲ့ကြသူများဖြစ်သည်။ ကျွန်ုပ်တို့၏ ဓလေ့ထုံးတမ်းအလေ့အထများသည် ကမ္ဘာ့အကောင်းဆုံး စနစ်များပင်ဖြစ်သည်။ အချို့သောသူများက အဘယ်ကြောင့် မရေမရာဖြင့် ရှုပ်ထွေးနေရ သနည်း။ ဤမေးခွန်းကို ဖြေရမည်ဆိုလျှင် ၎င်းတို့အနေဖြင့် ဓလေ့ထုံးတမ်းစနစ်ကို မသိရှိ၍ သို့မဟုတ် နားလည် သဘောပေါက်ခြင်းမရှိ၍ဖြစ်သည်။ ဓလေ့ထုံးတမ်းစနစ်သည် မျိုးဆက်ပေါင်းများစွာကို ဆက်လက်ကျွေးမွေး ထောက်ပံ့၍ မြေဆီလွှာအရည်အသွေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကာ ကျွန်ုပ်တို့၏ ရိုးရာအစဉ်အလာနှင့် ယဉ်ကျေးမှုများကို ဆက်လက်ဖန်တီး၍ ထိန်းသိမ်းပေးနေပါလိမ့်မည်။ ထို့ကြောင့် မြေယာ မူဝါဒနှင့် မြေယာဥပဒေများအတွက် တောင်သူများသည်သာလျှင် ဆုံးဖြတ်ခွင့်ရှိသင့်သည်။
ယခင်က မြန်မာနိုင်ငံဟူ၍ မရှိခဲ့ဘဲ နောက်ပိုင်းမှသာ လွတ်လပ်သည့် တိုင်းရင်းသားပြည်နယ်များ စုစည်းပေါင်း စပ်ပြီးမှသာ ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မပေါင်း စည်းမီ ပြည်နယ်တိုင်း၌ ကိုယ်ပိုင်အချုပ်အခြာအာဏာရှိခဲ့သည်။ မြန်မာနိုင်ငံအဖြစ် ထူထောင်ဖွဲ့စည်းခဲ့ခြင်း သည် နိုင်ငံတစ်နိုင်ငံအဖြစ် အာဏာကို ခွဲဝေသုံးစွဲရန် ပြင်ဆင်ခဲ့သည့် လုပ်ဆောင်ချက်တစ်ရပ်သာဖြစ် သည်။ သို့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသည် တပ်ပိုင်ပစ္စည်းကဲ့သို့ ဖြစ်သွားခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာပြီးနောက်ပိုင်း တိုင်းရင်းသားမျိုးနွယ်စုများသည် လက်ဝေခံကျွန်သဘောက်များ ဖြစ်လာခဲ့ပြီး စစ်တပ်သည်သာ အရှင်သခင်ကဲ့သို့ ဖြစ်လာခဲ့သည်။
သို့ဖြစ်၍ ဤပြဿနာကို ဖြေရှင်းလိုပါက မြေယာပိုင်ဆိုင်မှု၊ ဆုံးဖြတ်ချက်ချမှတ်ရေးအာဏာနှင့် စီမံခန့်ခွဲရေးအာ ဏာတို့သည် တောင်သူလယ်သမားများ၏ လက်ဝယ်တွင်ရှိရန်လိုအပ်ပြီး ပြည်နယ်အဆင့်ထိန်းချုပ်စီမံပိုင်ခွင့်ရှိ ရန် လိုအပ်သည်။ ပြည်နယ်များသည် အချုပ်အခြာအာဏာပိုင်သူများဖြစ်ပြီး ပြည်ထောင်စုအာဏာကို ပြည်နယ် များက အပ်နှင်းပေးထားခြင်းသာဖြစ်သဖြင့် ပြည်ထောင်စုမှ အတင်းအကျပ်လုယူအပိုင်စီး၍မရပေ။ မြေနှင့် ဆက်စပ်သယံဇာတအရင်းအမြစ် စီမံခန့်ခွဲရေး အာဏာများကိုလည်း အောက်ခြေမှအထက်သို့ တက်သည့်ပုံစံ ဖြင့် ဖွဲ့စည်းတည်ဆောက်ထားမှသာလျှင် ဖက်ဒရယ်ပြည်ထောင်စုဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ဓလေ့ထုံးတမ်း ဆိုင်ရာ မြေယာစီမံခန့်ခွဲမှုသည် ဖက်ဒရယ်သဘောတရားကို လက်တွေ့ကျင့်သုံးခြင်းဖြစ်သောကြောင့် ငြိမ်းချမ်း သည့် အာဏာခွဲဝေသုံးစွဲမှုကို အာမခံပေးနိုင်သည်။
လက်ရှိအစိုးရသည် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အလေးထားလျက်ရှိသဖြင့် ကျွန်ုပ်တို့တောင် သူများသည် ကျွန်သဘောက်များဖြစ်လာနေသဖြင့် တောင်သူများကို ကျွန်ပြုခြင်းသည် နိုင်ငံကိုကျွန်ပြုခြင်း လည်း မည်ပေသည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အတွင်း ရေခြားမြေခြားနိုင်ငံများက နယ်မြေသစ်များ ကို သိမ်းပိုက်နယ်ချဲ့ခဲ့ကြရာဝယ် တောင်သူများသည် ရရာလက်နက်စွဲကိုင်၍ တော်လှန်ခဲ့ကြသူများဖြစ်သည်။ မျက်မှောက်ခောတ် တောင်သူများသည်လည်း တတိယကမ္ဘာစစ်ကို ရင်ဆိုင်ကြုံတွေ့နေရသည်။ တောင်သူများ ၏ အိုးအိမ်များကို ပြန်လည်ပေးအပ်ပါ။ တောင်သူများ၏ မြေယာများကို ပြန်လည်အပ်နှံပေး၍ ဓလေ့ထုံးတမ်း အလေ့အထများကို အသိအမှတ်ပြုပါ။
မြေယာသည် တိုင်းရင်းသားများအတွက် အသက်သွေးကြောဖြစ်သဖြင့် မိမိတို့၏ ဓလေ့ထုံးတမ်းလာ မြေယာ များကို မိမိတို့ကိုယ်တိုင် စီမံပိုင်ခွင့်ရှိရမည်။
မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လူပြောသူပြောများသော်လည်း မြေယာအရေးကိစ္စအ ပေါ် နားလည်သဘောပေါက်မှု နည်းပါးကြသည်။ မြေယာအရေးကိစ္စများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ထဲ ထဲဝင်ဝင်ဆက်နွယ် ပတ်သက်လျက်ရှိသည်။ တိုင်းရင်းသားနယ်မြေဒေသများရှိ နယ်ခံလူထုလူတန်းစားများက မိမိတို့၏ ရိုးရာနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာအခွင့်အရေးများအပါအဝင် ၎င်းတို့၏ ရပိုင်ခွင့်အခွင့်အရေး များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တောင်းဆိုလျက်ရှိသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း မြေယာအရေး ကိစ္စများကို ဆွေးနွေးအဖြေရှာပေးရန်လည်း လိုလားတောင့်တနေကြသည်။
တိုင်းရင်းသားနယ်မြေများရှိ နယ်ခံလူထုလူတန်းစားများသည် တပ်မတော်၊ သစ်တောဦးစီးဌာန၊ ကုမ္ပဏီများ၊ တပ်မတော် ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်တပ်ဖွဲ့များနှင့် အစိုးရနှင့်နီးစပ်သည့် အဖွဲ့အစည်း ပေါင်းစုံ၏မြေယာသိမ်းဆည်းမှုများကို ခါးစည်းခံနေကြရသည်။ အဆိုပါအဖွဲ့အစည်းများက တည်ဆဲမြေယာ ဥပဒေများကို အသုံးပြု၍ သိမ်းဆည်းခဲ့ကြပြီး မူလပိုင်ရှင်များထံ ပြန်လည်အပ်နှံပေးရန် အကြောင်း ဖန်လာခဲ့ လျှင်ပင် စစ်မှန်သည့်ပိုင်ရှင်များကို ပြန်လည်ပေးအပ်ခြင်းမရှိဘဲ အခြားသူများထံသို့ လွှဲပြောင်းပေးခဲ့ကြသည်။ မြေယာသိမ်းဆည်းသည့် အကြောင်းရင်းများ၌ အကြီးစားစီးပွားဖြစ်စက်မှုသီးနှံစိုက်ခင်းများ ထူထောင်ရန်၊ တပ်စ ခန်းများတိုးချဲ့ရန်၊ သစ်တောနှင့် မြေအောက်သယံဇာတကဲ့သို့သော သဘာဝသယံဇာတအရင်းအမြစ်များကို လက်ဝါးကြီးအုပ်သိမ်းပိုက်ရန်၊ အခြေခံအဆောက်အအုံနှင့် အကြီးစားရေအားလျှပ်စစ်စီမံကိန်းများ ပါဝင်လျက်ရှိ သည်။ အချို့သော နယ်မြေဒေသများ၌ မြေယာကိုသာမက ရေကိုပါ လုယူလျက်ရှိသည်။ သတ္တုသယံဇာတ တူးဖော်ရေးအတွက် မြေယာသိမ်းဆည်းမှုသည် ရပ်ရွာလူထုများ၏ ရေမြေများကို ထိခိုကပျက်စီးစေရုံမျှမက ဒေ သတွင်းသဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေလျက်ရှိသည့်အပြင်မကြာခဏဆိုသလို ဒေသတွင်းရေချို ရင်းမြစ်များကိုပါ အဆိပ်သင့်ပျက်စီးသွားစေလျက်ရှိသည်။
ဗဟိုအစိုးရ၏ တည်ဆဲဥပဒေများ၌ နယ်ခံရပ်ရွာလူထုများ၏ ရေမြေများကို အကာအကွယ်ပေးထားခြင်းမရှိပေ။ အချို့ဒေသများ၌ မိမိတို့၏ မြေယာများကို ဥပဒေအရ တရားဝင်မှတ်ပုံတင်၍ အကာအကွယ်ယူရန် ကြိုးပမ်းနေ ကြသည်။ သို့သော်လည်း ကျွန်ုပ်တို့၏ အတွေ့အကြုံအရ တရားဝင်စာရွက်စာတမ်း အထောက်အထားများ လက်ဝယ်ရှိထားလျှင်ပင် မြေယာသိမ်းဆည်းခံရမည်သာဖြစ်သည်။ တရားဝင်ခွင့်ပြုချက် ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ မြေယာသိမ်းဆည်းမှုများကို ဆက်လက်ကျူးလွန်နေကြဆဲဖြစ်သည်။
ရပ်ရွာတွင်းရှိ မြေယာအမျိုးမျိုးကို စီမံခန့်ခွဲရန် ကျင့်သုံးလျက်ရှိသည့် တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း ဆိုင်ရာဥပဒေများကို အစိုးရမှ အသိအမှတ်ပြုခြင်းမရှိသည့်အပြင် လက်ရှိမြေယာဥပဒေများကို အသုံးချ၍ လူ ထုလူတန်းစားများ၏ မြေယာများကို လုယူကာ ရင်းနှီးမြှုပ်နှံသူများကို လွှဲပြောင်းပေးအပ်လျက်ရှိသည်။ တစ်ခါ တစ်ရံ အစိုးရမှ သိမ်းဆည်းမြေများကို ပြန်လည်စွန့်လွှတ်ကြောင်း ထုတ်ပြန်ကြေညာလေ့ရှိသော်လည်း မူလ ပိုင်ရှင်အစစ်အမှန်များ၏ လက်ထဲသို့ မည်သည့်အခါကမျှ ပြန်လည်အပ်နှံပေးခဲ့ခြင်းမရှိပေ။ မြေယာပြန်လည်ခွဲ ဝေနေရာချထားရန် ဆုံးဖြတ်သည့်အခါတိုင်း အကျင့်ပျက်ခြစားသည့် အစိုးရဝန်ထမ်းများက ကုမ္ပဏီများကိုသာ အကျိုးအမြတ်ရရှိသွားစေသည်။
တိုင်းရင်းသားများအတွက် မြေသည် အသက်တမျှအရေးကြီးသည်။ အစဉ်အလာအရ ကျွန်ုပ်တို့ရပ်ရွာအတွင်းရှိ မြေများအားလုံးကို ကျွန်ုပ်တို့တိုင်းရင်းသားများသာ ပိုင်ဆိုင်မှုရှိသည်။ သို့ဖြစ်၍ တိုင်းရင်းသားလူထုအနေဖြင့် အဆိုပါမြေယာများအားလုံးသာမက ယင်းတို့နှင့်ဆက်စပ်လျက်ရှိသည့် သယံဇာတအရင်းအမြစ်များအားလုံးကို ပါ ဓလေ့ထုံးတမ်းစနစ်များဖြင့် ထိန်းချုပ်စီမံပိုင်ခွင့်ရှိရမည်။ တိုင်းရင်းသားနယ်မြေဒေသများရှိ မြေယာနှင့် ဆက် စပ်သယံဇာတအရင်းအမြစ်များနှင့် ပတ်သက်သည့် အစိုးရ၏ မူဝါဒများသည် တိုင်းရင်သားလူထုလူတန်းစား များ၏ ဓလေ့ထုံးတမ်းဆိုင်ရာ အလေ့အထများအပေါ် အသိအမှတ်ပြု၍ အခြေခံရန်လိုအပ်သည်။ မြေယာ ပိုင်ဆိုင်မှုအခွင့်အရေး၊ စီမံခန့်ခွဲပိုင်ခွင့် အခွင့်အရေးနှင့် မြေယာမှအကျိုးအမြတ်ဖော်ထုတ်ခံစားပိုင်ခွင့်တို့ အပါ အဝင် ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာအသုံးပြုမှုပုံစံများကို အစိုးရ၏ မြေယာမူဝါဒများ၊ ဥပဒေများနှင့် လုပ်ထုံး လုပ်နည်းများအတွင်း ထည့်သွင်းပြဋ္ဌာန်းထားရမည်။ အဆိုပါပြဋ္ဌာန်းချက်များသည် တိုင်းရင်းသားလူထုလူတန်း စားများနှင့် ၎င်းတို့၏မြေယာများကို အကာအကွယ်ပေးရမည်။ အစိုးရအနေဖြင့် သိမ်းဆည်းမြေများကို စစ်မှန် သည့် မူလပိုင်ရှင်များထံသို့ ပွင့်လင်းမြင်သာစွာဖြင့်
ပြန်လည်အပ်နှံပေးရမည်။မူလတိုင်းရင်းသားမြေပိုင်ရှင်များနှင့် သုံးစွဲသူများအား ညှိနှိုင်းတိုင်ပင်မှုမပြုဘဲ ကုမ္ပဏီများအား မည်သည့်စီမံကိန်းကိုမျှ လက်လွတ်စပယ် အ ကောင်အထည်ဖော်ရန် ခွင့်မပြုသင့်ပေ။ တိုင်းရင်းသားနယ်မြေဒေသများ၌ စီမံကိန်းများကို အကောင်အထည် ဖော်လိုသည့် ကုမ္ပဏီများအနေဖြင့် တိုင်းရင်းသားလူထုလူတန်းစားများ၏ ဆုံးဖြတ်ချက်များနှင့် အကြံပြုထောက် ခံချက်များကို လေးစားလိုက်နာရမည်။ အမျိုးသမီးနှင့် အမျိုးသားများအားလုံး မြေယာနှင့်ပတ်သက်၍ တန်းတူအခွင့်အရေးရှိရမည်။
NLD အစိုးရအနေဖြင့် ၂၁ ရာစု ပင်လုံပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ မြေနှင့် ဆက်စပ်သယံဇာတအရင်း အမြစ်များအပေါ် ဆွေးနွေးတိုင်ပင်ခွင့်ပြုရန်လိုအပ်သကဲ့သို့ အားလုံးပူးပေါင်းပါဝင်နိုင်သည့် ညီလာခံ အခင်းအ ကျင်းမျိုးဖြစ်အောင် ဆောင်ရွက်ပေးရန်လိုအပ်ပါလိမ့်မည်။ ညီလာခံတက်ရောက်လာသူများအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မြေယာအခွင့်အရေးအပါအဝင် တိုင်းရင်းသားလူထုလူတန်းစားများ၏ အခွင့် အရေးများကို အသိအမှတ်ပြု အကာအကွယ်ပေး၍ အားပေးအားမြှောက်ပြုသည့် ဥပဒေအခင်းအကျင်းမျိုး ဖြစ်စေမည့် ပြုပြင်ပြောင်းလဲရေးကို ဆွေးနွေးအဖြေရှာသင့်သည်။ ထို့အပြင် ကျွန်ုပ်တို့အပေါ် ရိုက်ခတ်လာမည့် မည်သည့်မြေနှင့် ဆက်စပ်သယံဇာတအရင်းအမြစ်ဆိုင်ရာ ဥပဒေကိုမျှ အတည်မပြုမီ အရေးကြီးသည့် ဤကိစ္စ ရပ်မျိုးကိုလွှတ်တော်သို့ အဆိုပြုတင်ပြရန် အမြန်ဆုံးစည်းရုံးဆော်သြသင့်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၌ နေထိုင်လျက်ရှိသည့် ရှမ်း၊ ကချင်၊ တအာန်း၊ ပအိုးဝ်၊ လားဟူ၊ အခါ၊ ဓနု၊ လီဆူ၊ ဝ၊ ဗမာ၊ တောင်ရိုး၊ ယင်းနက်ယင်းကျား တိုင်းရင်းသားမျိုးနွယ်စုများမှ ကိုယ် စားလှယ်ပေါင်း ၁၃၅ ဦးသည် ဓလေ့ထုံးတမ်းဆိုင်ရာ မြေယာအရေးကိစ္စများကို အတူတကွဆွေးနွေး အဖြေရှာ ခဲ့ကြပါသည်။ ထို့နောက် ကျွန်ုပ်တို့အားလုံးအတွက် အလွန်အရေးပါ၍လာမည့်အနာဂတ် ဖက်ဒရယ်မြန်မာနိုင်ငံ တော် တည်ဆောက်ရာတွင်လည်း များစွာအထောက်အကူပြုမည်ဟု လက်ခံယုံကြည်ထားသည့် သဘောထားကြေညာချက်တစ်စောင်ကို အတူတကွဝိုင်းဝန်းပြုစုခဲ့ကြပါသည်။ မြေယာအရေးကိစ္စအတွက် မှန်ကန်သည့် ဖြေ ရှင်းရေးနည်းလမ်းကို ရှာဖွေဖော်ထုတ်နိုင်မှသာလျှင် စစ်မှန်သည့်ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်သည်။ မြေယာ အရေးကိစ္စကို တရားသဖြင့် မျှမျှတတဖြေရှင်းလိုပါက ရပ်ရွာလူထုအား ၎င်းတို့ပိုင် မြေယာအပေါ် ဆုံးဖြတ်ပိုင် ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်နှင့် အကျိုးခံစားပိုင်ခွင့်ရှိအောင် အာမခံပေးရန်လိုအပ်ပါသည်။
Crd:
ခွန်ကောင်း၊ ပအိုးဝ်လူငယ်အဖွဲ့အစည်း (PYO)
ဓလေ့ထုံးတမ်းဆိုင်ရာမြေအသုံးချမှုစနစ် အလုပ်ရုံဆွေးနွေးပွဲ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်
မြန်မာ့ဆုံရပ်
မျှဝေသူ
လှိုင်ဘွား (လယ်ယာမြေ )
Zawgyi
ယခုရက္ပိုင္းအတြင္း ရွမ္းျပည္နယ္ေတာင္ပိုင္း လြိဳင္လင္ခ႐ိုင္၊ ပအိုဝ္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ႐ြာတစ္႐ြာမွ က်ေနာ့္အား လာေရာက္ကူညီေပးပါရန္ ေတာင္းဆိုေနမႈေၾကာင့္ ကိုဗစ္ကာလအတြင္း ဘယ္လိုမွမျဖစ္ႏိုင္ေၾကာင္းျပန္ၾကားရင္း စိတ္မေကာင္းျဖစ္ရသည္။ လက္ရွိ အေျခအေနတြင္ အစိုးရ၏ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ စနစ္ေဟာင္းျပဳျပင္ေရးထဲတြင္ လယ္ယာက႑ အနည္းငယ္ပါေသာ္လည္း တိုင္းရင္သား တို႔အတြက္မူကား မပါသည္ကို အံ့ၾသစိတ္မေကာင္းဖြယ္ရာေတြ႕ရွိရသည္၊
၎ေဒသရွိ အေျခအေနကို ျပန္လွန္ေလ့လာရင္း လြန္ခဲ့သည့္ ၄ ႏွစ္ခန္႔က အေၾကာင္းအရာမွတ္တမ္း တစ္ခု
""လမ္းဆုံေရာက္ေနသည့္ ျမန္မာ့ေျမယာ အခင္းအက်င္း""
ဟူသည့္ေခါင္းစဥ္ေအာက္တြင္ အမွန္တရားမ်ားစြာကိုေတြ႕ရွိရ၍ ယေန႔ေျမယာကိစၥစိတ္ဝင္စားသူမ်ား၊ ပညာရွင္မ်ားနဲ႔၊ ျပည္သူ႔ကိုယ္စားလွယ္မ်ား၊ ေနာင္ျဖစ္လာအုံးမည့္ ကိုယ္စားလွယ္ေလာင္းမ်ားအား သိေစဖတ္ေစ ကူညီႏိုင္ၾကပါေစျခင္းငွာ ျပန္လည္မွ်ေဝေပးလိုက္ပါသည္။
လႈိင္ဘြား(လယ္ယာေျမ)
********************
ေျမယာသည္ တိုင္းရင္းသားမ်ားအတြက္ အသက္ေသြးေၾကာျဖစ္သျဖင့္ မိမိတို႔၏ ဓေလ့ထုံးတမ္းလာ ေျမယာ မ်ားကို မိမိတို႔ကိုယ္တိုင္ စီမံပိုင္ခြင့္ရွိရမည္။
ျမန္မာႏိုင္ငံအစိုးရ၏ ျပဳျပင္ေျပာင္းလဲေရး စတင္ခဲ့သည့္ ၂၀၁၁ ခုႏွစ္မွစ၍ ေျမသိမ္းယာသိမ္းျဖစ္ရပ္မ်ား မႀကဳံစ ဖူး ျမင့္တက္လာခဲ့သည္။ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းမ်ား၌ အထူးသျဖင့္ ကုန္းျမင့္ ေတာင္တန္းေဒသမ်ားရွိ ေျမအသုံးျပဳခြင့္ အခြင့္အေရးႏွင့္ ပတ္သက္သည့္ ဥပေဒအခင္းအက်င္းကို ေျပာင္းလဲသြားေစသည့္ ေျမယာႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ဥပေဒသစ္မ်ားစြာ ပါဝင္လ်က္ရွိၿပီး ေျမယာက႑၌ ျပည္တြင္းျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈကို အား ေပးအားေျမႇာက္ျပဳရန္အတြက္ တရားဝင္ေျမယာေဈးကြက္မ်ားကိုပါ ဖန္တီးခဲ့ၾကသည္။ ဤအေျပာင္းအလဲမ်ား သည္ စိုက္ပ်ိဳးေျမမ်ားအေပၚ မွီခိုအားထား၍ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ားအတြက္ သစ္ေတာမ်ားကို အမွီသဟဲျပဳေနၾကသည့္ ျမန္မာႏိုင္ငံရွိ လူထုလူတန္းစားအမ်ားစု၏ စားနပ္ရိကၡာႏွင့္ ေျမယာလုပ္ပိုင္ခြင့္ကို အာမ ခံခ်က္ ကင္းမဲ့သြားေစသျဖင့္ စိုးရိမ္ပူပန္မႈမ်ား အထူးတလည္ျမင့္တက္လာေစသည္။
၂၀၁၂ ခုႏွစ္ ေျမယာဥပေဒမ်ားသည္ ကုန္းျမင့္ေတာင္တန္းေဒသမ်ား၌ ေ႐ႊ႕ေျပာင္းေတာင္ယာကို အစဥ္အဆက္ စိုက္ပ်ိဳးလာခဲ့ၾကၿပီး ႏိုင္ငံသားစိစစ္ေရးကဒ္ပင္မရွိၾကဘဲ အနည္းအက်ဥ္းခန႔္သာ ေျမယာဆိုင္ရာ တရားဝင္စာ ႐ြက္အေထာက္အထားရွိသည့္ တိုင္းရင္းသားနယ္ေျမမ်ား၌ က်င့္သုံးလ်က္ရွိသည့္ ေျမယာလုပ္ပိုင္ခြင့္အခင္းအ က်င္းကို ထည့္သြင္းစဥ္းစားထားျခင္းမရွိေပ။ ထို႔အျပင္ ဥပေဒသစ္မ်ားသည္ ဓေလ့ထုံးတမ္းဆိုင္ရာႏွင့္ စုေပါင္း ေျမယာအခြင့္အေရးမ်ားကို လုံးဝအသိအမွတ္ျပဳထားျခင္းမရွိေပ။ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ျဖစ္ပြားလာခဲ့သည့္ လက္နက္ကိုင္ပဋိပကၡႏွင့္ စီးပြားေရးလုပ္ပိုင္ခြင့္မရရွိခဲ့ၾကသျဖင့္ မိမိတို႔၏ ဘိုးဘြားပိုင္ေျမမ်ားမွ စြန႔္ခြာခဲ့ၾကရ သည့္ သိန္းေပါင္းမ်ားစြာေသာ တိုင္းရင္းသူတိုင္းရင္းသားမ်ား၏ ေနရပ္ျပန္ခြင့္အခြင့္အေရးကိုပင္လွ်င္ ထည့္ သြင္းစဥ္းစားေပးထားျခင္းမရွိေပ။ ေနာက္ဆက္တြဲအေနျဖင့္ ဥပေဒသစ္မ်ားသည္ ျမန္မာႏိုင္ငံလူဦးေရ၏ သုံးပုံ ႏွစ္ပုံေက်ာ္သည့္ လက္လုပ္လက္စားေတာင္သူမ်ားကိုခ်ႏွင္း၍ ပုဂၢလိကက႑ အထူးသျဖင့္ အႀကီးစား ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားကိုသာလွ်င္ အလုံးစုံအက်ိဳးခံစားခြင့္ျပဳထားသကဲ့သို႔ျဖစ္လာသည္။
ျမန္မာႏိုင္ငံရွိ ေတာင္သူမ်ားအေပၚ တိုက္ခိုက္မႈကို အဆုံးသတ္ျခင္း - ဓေလ့ထုံးတမ္းဆိုင္ရာ ေျမယာလုပ္ပိုင္ခြင့္ စနစ္မ်ားကို က်င့္သုံးျခင္းသည္ ဖက္ဒရယ္သေဘာတရားကို က်င့္သုံးျခင္းျဖစ္သည္။
ခြန္ဦး၊ပအိုးဝ္လူငယ္အဖြဲ႕အစည္း (PYO)
ျမန္မာႏိုင္ငံ၏ ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းစဥ္ႏွင့္ ၿငိမ္းခ်မ္းေရးဟုေခၚသည့္ လုပ္ငန္းစဥ္တို႔ကို စတင္လိုက္က တည္းက ေတာင္သူလယ္သမားမ်ားကို ရာဇဝတ္ေၾကာင္းအရ အေရးယူျပစ္ဒဏ္ေပးမႈ ဆထက္ထမ္းပိုးျမင့္ တက္လာခဲ့သည့္အျပင္ ၎တို႔၏ေျမယာမ်ားကို ‘ဖြံ႕ၿဖိဳးတိုးတက္ေရး’အေၾကာင္းျပခ်က္ျဖင့္ စစ္တပ္ႏွင့္ ၎တို႔၏လက္ေဝခံ ခ႐ိုနီမ်ားက လုယူသြားခဲ့ၾကသျဖင့္ ေတာင္သူလယ္သမားအမ်ားအျပားသည္ ျပည္တြင္းေနရပ္စြန႔္ခြာ ေ႐ႊ႕ေျပာင္းေနထိုင္ရသူမ်ားျဖစ္လာခဲ့ၾကသည္။ အစိုးရ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာ အျမင္သေဘာထားမ်ား သည္ ႏိုင္ငံလူဦးေရ၏ ၇၀%ကို ကိုယ္စားျပဳၿပီး အမွန္တကယ္ႏိုင္ငံကို ေခါင္းေဆာင္သင့္သည့္ ေတာင္သူလယ္ သမားထု၏ အျမင္ႏွင့္ ျပဒါးတစ္လမ္း သံတစ္လမ္းျဖစ္ေနသည္။ အစိုးရသည္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို အားေပးျမႇင့္တင္၍ အကာအကြယ္ေပးရန္အတြက္ လူထုလူတန္းစားမ်ားကို ၎တို႔၏ ဘိုးဘြားပိုင္ေျမမ်ားမွ ေမာင္းထုတ္လ်က္ရွိသည္။
ေတာင္သူလယ္သမားမ်ားသည္ လူ႔ေဘာင္အသိုက္အဝန္းတစ္ရပ္လုံးကို ေကြၽးေမြး ေထာက္ပံ့ရန္အတြက္ မ်ိဳးဆက္တစ္ဆက္ၿပီးတစ္ဆက္ မိမိတို႔၏ဘဝမ်ားကို ေျမယာ၌ ရင္းႏွီးျမႇဳပ္ႏွံခဲ့ၾကသူမ်ား ျဖစ္သည္။ ရပ္႐ြာအသိုက္အဝန္းတစ္ရပ္လုံး၏ အသက္ရွင္ရပ္တည္မႈႏွင့္ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ား ပ်က္စီးေပ်ာက္ကြယ္လုနီးပါး ျဖစ္လာလ်က္ရွိသည္။ ေတာင္သူလယ္သမားမ်ားသည္လည္း ကြၽန္တစ္ပိုင္းျဖစ္လာ ခဲ့သည္။
မိမိတို႔၏ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ားကို ေအးေအးခ်မ္းခ်မ္းမွ်ေဝသုံးစြဲ၍ စီမံခန႔္ခြဲရန္အတြက္ ေျမ၊ သစ္ေတာႏွင့္ သဘာဝပတ္ဝန္းက်င္ကို မည္ကဲ့သို႔ ထိန္းသိမ္းျပဳစုရမည္ျဖစ္ေၾကာင္း ေတာင္သူလယ္သမားမ်ား ေကာင္းစြာသိျမင္နားလည္ၾကသည္။ ေတာင္သူလယ္သမားမ်ားသည္ မိမိတို႔၏ ဓေလ့ထုံးတမ္းဆိုင္ရာ အေလ့ အထမ်ားမွတစ္ဆင့္ ေျမယာအသုံးျပဳမႈ၊ သယံဇာတအရင္းအျမစ္ စီမံခန႔္ခြဲမႈ၊ အက်ိဳးအျမတ္ခြဲေဝမႈႏွင့္ ဆုံးျဖတ္ ခ်က္ခ်မွတ္ရာ၌ ဆရာက်သည့္ ပညာရွင္မ်ားျဖစ္ၾကသည္။
အစိုးရက ေျမယာသည္ အလြန္အေရးႀကီးသည္ ‘လူထုသည္သာအင္အား’ျဖစ္သည္ဟု အၿမဲတမ္းလိုလိုေျပာဆို ေလ့ရွိေသာ္လည္း ဆန႔္က်င္ဘက္သာ ျပဳမူေဆာင္႐ြက္ေလ့ရွိသည္။ လူထုကို အကာအကြယ္ေပးရန္ ကတိမ်ား ေပးခဲ့ၾကေသာ္လည္း ယင္းကတိကဝတ္မ်ားကို အေလးအနက္ထား ေဖာ္ေဆာင္မႈမရွိေပ။ လက္ရွိၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္သည္လည္း ေတာင္သူမ်ားအတြက္ ၿငိမ္းခ်မ္းမႈကို ေဆာင္က်ဥ္းမေပးႏိုင္ခဲ့ေပ။ ယင္းအစား စစ္တပ္မွ ေျမယာမ်ားကို လုယူ၍ ထိန္းခ်ဳပ္စီမံလ်က္ရွိၿပီး အစိုးရႏွင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကလည္း စစ္တပ္ႏွင့္ ပလဲနံပသင့္ သူမ်ားသာျဖစ္သျဖင့္ ေျမယာကို အေလးထားခ်စ္ခင္တန္ဘိုးထား၍ မည္ကဲ့သို႔ ကာကြယ္ေစာင့္ေရွာက္ရမွန္း နကန္းတစ္လုံးမွ် သိရွိသူမ်ားမဟုတ္ေသာေၾကာင့္ ေတာင္သူမ်ားအတြက္ ကပ္သစ္ဆိုက္သည့္ေခတ္ဟုပင္ ေခၚဆိုထိုက္ေပသည္။ ၎တို႔အေနျဖင့္ ေျမကိုအေၾကာင္းျပဳ၍ အက်ိဳးအျမတ္ဖန္တီးရယူရန္ႏွင့္ ဆက္လက္ဆုပ္ ကိုင္ထားျခင္းျဖင့္ မိမိတို႔၏ ၾသဇာအာဏာကို တည္ေဆာက္ရန္သာ စိတ္ဝင္စားၾကသူမ်ားျဖစ္သည္။
ေတာင္သူမ်ားသည္ မိမိတို႔၏ ေျမႏွင့္ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ေဝဖန္ပိုင္းျခားႏိုင္ သည့္ စြမ္းရည္ရွိသူမ်ားျဖစ္သည္။ ဓေလ့ထုံးတမ္းစနစ္မ်ားသည္ မ်ိဳးဆက္ေပါင္းမ်ားစြာကို ေကြၽးေမြးေထာက္ပံ့၍ ႏိုင္ငံေအးခ်မ္းစြာ ဖြံ႕ၿဖိဳးတိုးတက္လာေစရန္ အေထာက္အကူျပဳႏိုင္ပါသည္။ သို႔ျဖစ္၍ ႏိုင္ငံအတြင္းရွိ ေျမယာ အေရးကိစၥအ၀၀ တည္ၿငိမ္ေအးခ်မ္းေစလိုပါက ေတာင္သူမ်ားကို ဦးေဆာင္ဖန္တီးခြင့္ျပဳလိုက္ရန္သာ လိုအပ္ပါ သည္။ ေတာင္သူမ်ားသည္ ဤကဲ့သို႔ေသာ အေရးကိစၥမ်ိဳး၌ ကြၽမ္းက်င္ႏွံ႔စပ္၍ ဆရာက်သူမ်ားျဖစ္သည္။ ေတာင္သူမ်ားသည္ မိမိတို႔၏ ဘိုးဘြားပိုင္ေျမအေပၚ မည္သည့္ျပႆနာမွ် ႀကဳံေတြ႕ခဲ့ရျခင္းမရွိဘဲ မ်ိဳး႐ိုးအစဥ္ အဆက္ လက္ဆင့္ကမ္းေနထိုင္လာခဲ့ၾကသူမ်ားျဖစ္သည္။ ကြၽႏ္ုပ္တို႔၏ ဓေလ့ထုံးတမ္းအေလ့အထမ်ားသည္ ကမာၻ႔အေကာင္းဆုံး စနစ္မ်ားပင္ျဖစ္သည္။ အခ်ိဳ႕ေသာသူမ်ားက အဘယ္ေၾကာင့္ မေရမရာျဖင့္ ရႈပ္ေထြးေနရ သနည္း။ ဤေမးခြန္းကို ေျဖရမည္ဆိုလွ်င္ ၎တို႔အေနျဖင့္ ဓေလ့ထုံးတမ္းစနစ္ကို မသိရွိ၍ သို႔မဟုတ္ နားလည္ သေဘာေပါက္ျခင္းမရွိ၍ျဖစ္သည္။ ဓေလ့ထုံးတမ္းစနစ္သည္ မ်ိဳးဆက္ေပါင္းမ်ားစြာကို ဆက္လက္ေကြၽးေမြး ေထာက္ပံ့၍ ေျမဆီလႊာအရည္အေသြးႏွင့္ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းေစာင့္ေရွာက္ကာ ကြၽႏ္ုပ္တို႔၏ ႐ိုးရာအစဥ္အလာႏွင့္ ယဥ္ေက်းမႈမ်ားကို ဆက္လက္ဖန္တီး၍ ထိန္းသိမ္းေပးေနပါလိမ့္မည္။ ထို႔ေၾကာင့္ ေျမယာ မူဝါဒႏွင့္ ေျမယာဥပေဒမ်ားအတြက္ ေတာင္သူမ်ားသည္သာလွ်င္ ဆုံးျဖတ္ခြင့္ရွိသင့္သည္။
ယခင္က ျမန္မာႏိုင္ငံဟူ၍ မရွိခဲ့ဘဲ ေနာက္ပိုင္းမွသာ လြတ္လပ္သည့္ တိုင္းရင္းသားျပည္နယ္မ်ား စုစည္းေပါင္း စပ္ၿပီးမွသာ ယေန႔ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္ ျဖစ္ေပၚလာခဲ့ျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံအေနျဖင့္ မေပါင္း စည္းမီ ျပည္နယ္တိုင္း၌ ကိုယ္ပိုင္အခ်ဳပ္အျခာအာဏာရွိခဲ့သည္။ ျမန္မာႏိုင္ငံအျဖစ္ ထူေထာင္ဖြဲ႕စည္းခဲ့ျခင္း သည္ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ အာဏာကို ခြဲေဝသုံးစြဲရန္ ျပင္ဆင္ခဲ့သည့္ လုပ္ေဆာင္ခ်က္တစ္ရပ္သာျဖစ္ သည္။ သို႔ေသာ္လည္း ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အာဏာသည္ တပ္ပိုင္ပစၥည္းကဲ့သို႔ ျဖစ္သြားခဲ့သည္။ ဖြဲ႕စည္းပုံအေျခခံဥပေဒေပၚလာၿပီးေနာက္ပိုင္း တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားသည္ လက္ေဝခံကြၽန္သေဘာက္မ်ား ျဖစ္လာခဲ့ၿပီး စစ္တပ္သည္သာ အရွင္သခင္ကဲ့သို႔ ျဖစ္လာခဲ့သည္။
သို႔ျဖစ္၍ ဤျပႆနာကို ေျဖရွင္းလိုပါက ေျမယာပိုင္ဆိုင္မႈ၊ ဆုံးျဖတ္ခ်က္ခ်မွတ္ေရးအာဏာႏွင့္ စီမံခန႔္ခြဲေရးအာ ဏာတို႔သည္ ေတာင္သူလယ္သမားမ်ား၏ လက္ဝယ္တြင္ရွိရန္လိုအပ္ၿပီး ျပည္နယ္အဆင့္ထိန္းခ်ဳပ္စီမံပိုင္ခြင့္ရွိ ရန္ လိုအပ္သည္။ ျပည္နယ္မ်ားသည္ အခ်ဳပ္အျခာအာဏာပိုင္သူမ်ားျဖစ္ၿပီး ျပည္ေထာင္စုအာဏာကို ျပည္နယ္ မ်ားက အပ္ႏွင္းေပးထားျခင္းသာျဖစ္သျဖင့္ ျပည္ေထာင္စုမွ အတင္းအက်ပ္လုယူအပိုင္စီး၍မရေပ။ ေျမႏွင့္ ဆက္စပ္သယံဇာတအရင္းအျမစ္ စီမံခန႔္ခြဲေရး အာဏာမ်ားကိုလည္း ေအာက္ေျခမွအထက္သို႔ တက္သည့္ပုံစံ ျဖင့္ ဖြဲ႕စည္းတည္ေဆာက္ထားမွသာလွ်င္ ဖက္ဒရယ္ျပည္ေထာင္စုဟု ေခၚဆိုႏိုင္မည္ျဖစ္သည္။ ဓေလ့ထုံးတမ္း ဆိုင္ရာ ေျမယာစီမံခန႔္ခြဲမႈသည္ ဖက္ဒရယ္သေဘာတရားကို လက္ေတြ႕က်င့္သုံးျခင္းျဖစ္ေသာေၾကာင့္ ၿငိမ္းခ်မ္း သည့္ အာဏာခြဲေဝသုံးစြဲမႈကို အာမခံေပးႏိုင္သည္။
လက္ရွိအစိုးရသည္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးကိုသာ အေလးထားလ်က္ရွိသျဖင့္ ကြၽႏ္ုပ္တို႔ေတာင္ သူမ်ားသည္ ကြၽန္သေဘာက္မ်ားျဖစ္လာေနသျဖင့္ ေတာင္သူမ်ားကို ကြၽန္ျပဳျခင္းသည္ ႏိုင္ငံကိုကြၽန္ျပဳျခင္း လည္း မည္ေပသည္။ ပထမကမာၻစစ္ႏွင့္ ဒုတိယကမာၻစစ္အတြင္း ေရျခားေျမျခားႏိုင္ငံမ်ားက နယ္ေျမသစ္မ်ား ကို သိမ္းပိုက္နယ္ခ်ဲ႕ခဲ့ၾကရာဝယ္ ေတာင္သူမ်ားသည္ ရရာလက္နက္စြဲကိုင္၍ ေတာ္လွန္ခဲ့ၾကသူမ်ားျဖစ္သည္။ မ်က္ေမွာက္ေခာတ္ ေတာင္သူမ်ားသည္လည္း တတိယကမာၻစစ္ကို ရင္ဆိုင္ႀကဳံေတြ႕ေနရသည္။ ေတာင္သူမ်ား ၏ အိုးအိမ္မ်ားကို ျပန္လည္ေပးအပ္ပါ။ ေတာင္သူမ်ား၏ ေျမယာမ်ားကို ျပန္လည္အပ္ႏွံေပး၍ ဓေလ့ထုံးတမ္း အေလ့အထမ်ားကို အသိအမွတ္ျပဳပါ။
ေျမယာသည္ တိုင္းရင္းသားမ်ားအတြက္ အသက္ေသြးေၾကာျဖစ္သျဖင့္ မိမိတို႔၏ ဓေလ့ထုံးတမ္းလာ ေျမယာ မ်ားကို မိမိတို႔ကိုယ္တိုင္ စီမံပိုင္ခြင့္ရွိရမည္။
ျမန္မာႏိုင္ငံ၌ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ ပတ္သက္၍ လူေျပာသူေျပာမ်ားေသာ္လည္း ေျမယာအေရးကိစၥအ ေပၚ နားလည္သေဘာေပါက္မႈ နည္းပါးၾကသည္။ ေျမယာအေရးကိစၥမ်ားသည္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ ထဲ ထဲဝင္ဝင္ဆက္ႏြယ္ ပတ္သက္လ်က္ရွိသည္။ တိုင္းရင္းသားနယ္ေျမေဒသမ်ားရွိ နယ္ခံလူထုလူတန္းစားမ်ားက မိမိတို႔၏ ႐ိုးရာႏွင့္ ဓေလ့ထုံးတမ္းဆိုင္ရာ ေျမယာအခြင့္အေရးမ်ားအပါအဝင္ ၎တို႔၏ ရပိုင္ခြင့္အခြင့္အေရး မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပးရန္ ေတာင္းဆိုလ်က္ရွိသည္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြင္း ေျမယာအေရး ကိစၥမ်ားကို ေဆြးေႏြးအေျဖရွာေပးရန္လည္း လိုလားေတာင့္တေနၾကသည္။
တိုင္းရင္းသားနယ္ေျမမ်ားရွိ နယ္ခံလူထုလူတန္းစားမ်ားသည္ တပ္မေတာ္၊ သစ္ေတာဦးစီးဌာန၊ ကုမၸဏီမ်ား၊ တပ္မေတာ္ ေက်ာေထာက္ေနာက္ခံျပဳထားသည့္ ျပည္သူ႔စစ္တပ္ဖြဲ႕မ်ားႏွင့္ အစိုးရႏွင့္နီးစပ္သည့္ အဖြဲ႕အစည္း ေပါင္းစုံ၏ေျမယာသိမ္းဆည္းမႈမ်ားကို ခါးစည္းခံေနၾကရသည္။ အဆိုပါအဖြဲ႕အစည္းမ်ားက တည္ဆဲေျမယာ ဥပေဒမ်ားကို အသုံးျပဳ၍ သိမ္းဆည္းခဲ့ၾကၿပီး မူလပိုင္ရွင္မ်ားထံ ျပန္လည္အပ္ႏွံေပးရန္ အေၾကာင္း ဖန္လာခဲ့ လွ်င္ပင္ စစ္မွန္သည့္ပိုင္ရွင္မ်ားကို ျပန္လည္ေပးအပ္ျခင္းမရွိဘဲ အျခားသူမ်ားထံသို႔ လႊဲေျပာင္းေပးခဲ့ၾကသည္။ ေျမယာသိမ္းဆည္းသည့္ အေၾကာင္းရင္းမ်ား၌ အႀကီးစားစီးပြားျဖစ္စက္မႈသီးႏွံစိုက္ခင္းမ်ား ထူေထာင္ရန္၊ တပ္စ ခန္းမ်ားတိုးခ်ဲ႕ရန္၊ သစ္ေတာႏွင့္ ေျမေအာက္သယံဇာတကဲ့သို႔ေသာ သဘာဝသယံဇာတအရင္းအျမစ္မ်ားကို လက္ဝါးႀကီးအုပ္သိမ္းပိုက္ရန္၊ အေျခခံအေဆာက္အအုံႏွင့္ အႀကီးစားေရအားလွ်ပ္စစ္စီမံကိန္းမ်ား ပါဝင္လ်က္ရွိ သည္။ အခ်ိဳ႕ေသာ နယ္ေျမေဒသမ်ား၌ ေျမယာကိုသာမက ေရကိုပါ လုယူလ်က္ရွိသည္။ သတၱဳသယံဇာတ တူးေဖာ္ေရးအတြက္ ေျမယာသိမ္းဆည္းမႈသည္ ရပ္႐ြာလူထုမ်ား၏ ေရေျမမ်ားကို ထိခိုကပ်က္စီးေစ႐ုံမွ်မက ေဒ သတြင္းသဘာဝပတ္ဝန္းက်င္ကိုပါ ထိခိုက္ပ်က္စီးေစလ်က္ရွိသည့္အျပင္မၾကာခဏဆိုသလို ေဒသတြင္းေရခ်ိဳ ရင္းျမစ္မ်ားကိုပါ အဆိပ္သင့္ပ်က္စီးသြားေစလ်က္ရွိသည္။
ဗဟိုအစိုးရ၏ တည္ဆဲဥပေဒမ်ား၌ နယ္ခံရပ္႐ြာလူထုမ်ား၏ ေရေျမမ်ားကို အကာအကြယ္ေပးထားျခင္းမရွိေပ။ အခ်ိဳ႕ေဒသမ်ား၌ မိမိတို႔၏ ေျမယာမ်ားကို ဥပေဒအရ တရားဝင္မွတ္ပုံတင္၍ အကာအကြယ္ယူရန္ ႀကိဳးပမ္းေန ၾကသည္။ သို႔ေသာ္လည္း ကြၽႏ္ုပ္တို႔၏ အေတြ႕အႀကဳံအရ တရားဝင္စာ႐ြက္စာတမ္း အေထာက္အထားမ်ား လက္ဝယ္ရွိထားလွ်င္ပင္ ေျမယာသိမ္းဆည္းခံရမည္သာျဖစ္သည္။ တရားဝင္ခြင့္ျပဳခ်က္ ရွိသည္ျဖစ္ေစ မရွိသည္ ျဖစ္ေစ ေျမယာသိမ္းဆည္းမႈမ်ားကို ဆက္လက္က်ဴးလြန္ေနၾကဆဲျဖစ္သည္။
ရပ္႐ြာတြင္းရွိ ေျမယာအမ်ိဳးမ်ိဳးကို စီမံခန႔္ခြဲရန္ က်င့္သုံးလ်က္ရွိသည့္ တိုင္းရင္းသားမ်ား၏ ဓေလ့ထုံးတမ္း ဆိုင္ရာဥပေဒမ်ားကို အစိုးရမွ အသိအမွတ္ျပဳျခင္းမရွိသည့္အျပင္ လက္ရွိေျမယာဥပေဒမ်ားကို အသုံးခ်၍ လူ ထုလူတန္းစားမ်ား၏ ေျမယာမ်ားကို လုယူကာ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို လႊဲေျပာင္းေပးအပ္လ်က္ရွိသည္။ တစ္ခါ တစ္ရံ အစိုးရမွ သိမ္းဆည္းေျမမ်ားကို ျပန္လည္စြန႔္လႊတ္ေၾကာင္း ထုတ္ျပန္ေၾကညာေလ့ရွိေသာ္လည္း မူလ ပိုင္ရွင္အစစ္အမွန္မ်ား၏ လက္ထဲသို႔ မည္သည့္အခါကမွ် ျပန္လည္အပ္ႏွံေပးခဲ့ျခင္းမရွိေပ။ ေျမယာျပန္လည္ခြဲ ေဝေနရာခ်ထားရန္ ဆုံးျဖတ္သည့္အခါတိုင္း အက်င့္ပ်က္ျခစားသည့္ အစိုးရဝန္ထမ္းမ်ားက ကုမၸဏီမ်ားကိုသာ အက်ိဳးအျမတ္ရရွိသြားေစသည္။
တိုင္းရင္းသားမ်ားအတြက္ ေျမသည္ အသက္တမွ်အေရးႀကီးသည္။ အစဥ္အလာအရ ကြၽႏ္ုပ္တို႔ရပ္႐ြာအတြင္းရွိ ေျမမ်ားအားလုံးကို ကြၽႏ္ုပ္တို႔တိုင္းရင္းသားမ်ားသာ ပိုင္ဆိုင္မႈရွိသည္။ သို႔ျဖစ္၍ တိုင္းရင္းသားလူထုအေနျဖင့္ အဆိုပါေျမယာမ်ားအားလုံးသာမက ယင္းတို႔ႏွင့္ဆက္စပ္လ်က္ရွိသည့္ သယံဇာတအရင္းအျမစ္မ်ားအားလုံးကို ပါ ဓေလ့ထုံးတမ္းစနစ္မ်ားျဖင့္ ထိန္းခ်ဳပ္စီမံပိုင္ခြင့္ရွိရမည္။ တိုင္းရင္းသားနယ္ေျမေဒသမ်ားရွိ ေျမယာႏွင့္ ဆက္ စပ္သယံဇာတအရင္းအျမစ္မ်ားႏွင့္ ပတ္သက္သည့္ အစိုးရ၏ မူဝါဒမ်ားသည္ တိုင္းရင္သားလူထုလူတန္းစား မ်ား၏ ဓေလ့ထုံးတမ္းဆိုင္ရာ အေလ့အထမ်ားအေပၚ အသိအမွတ္ျပဳ၍ အေျခခံရန္လိုအပ္သည္။ ေျမယာ ပိုင္ဆိုင္မႈအခြင့္အေရး၊ စီမံခန႔္ခြဲပိုင္ခြင့္ အခြင့္အေရးႏွင့္ ေျမယာမွအက်ိဳးအျမတ္ေဖာ္ထုတ္ခံစားပိုင္ခြင့္တို႔ အပါ အဝင္ ဓေလ့ထုံးတမ္းဆိုင္ရာ ေျမယာအသုံးျပဳမႈပုံစံမ်ားကို အစိုးရ၏ ေျမယာမူဝါဒမ်ား၊ ဥပေဒမ်ားႏွင့္ လုပ္ထုံး လုပ္နည္းမ်ားအတြင္း ထည့္သြင္းျပ႒ာန္းထားရမည္။ အဆိုပါျပ႒ာန္းခ်က္မ်ားသည္ တိုင္းရင္းသားလူထုလူတန္း စားမ်ားႏွင့္ ၎တို႔၏ေျမယာမ်ားကို အကာအကြယ္ေပးရမည္။ အစိုးရအေနျဖင့္ သိမ္းဆည္းေျမမ်ားကို စစ္မွန္ သည့္ မူလပိုင္ရွင္မ်ားထံသို႔ ပြင့္လင္းျမင္သာစြာျဖင့္
ျပန္လည္အပ္ႏွံေပးရမည္။မူလတိုင္းရင္းသားေျမပိုင္ရွင္မ်ားႏွင့္ သုံးစြဲသူမ်ားအား ညႇိႏႈိင္းတိုင္ပင္မႈမျပဳဘဲ ကုမၸဏီမ်ားအား မည္သည့္စီမံကိန္းကိုမွ် လက္လြတ္စပယ္ အ ေကာင္အထည္ေဖာ္ရန္ ခြင့္မျပဳသင့္ေပ။ တိုင္းရင္းသားနယ္ေျမေဒသမ်ား၌ စီမံကိန္းမ်ားကို အေကာင္အထည္ ေဖာ္လိုသည့္ ကုမၸဏီမ်ားအေနျဖင့္ တိုင္းရင္းသားလူထုလူတန္းစားမ်ား၏ ဆုံးျဖတ္ခ်က္မ်ားႏွင့္ အႀကံျပဳေထာက္ ခံခ်က္မ်ားကို ေလးစားလိုက္နာရမည္။ အမ်ိဳးသမီးႏွင့္ အမ်ိဳးသားမ်ားအားလုံး ေျမယာႏွင့္ပတ္သက္၍ တန္းတူအခြင့္အေရးရွိရမည္။
NLD အစိုးရအေနျဖင့္ ၂၁ ရာစု ပင္လုံျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၌ ေျမႏွင့္ ဆက္စပ္သယံဇာတအရင္း အျမစ္မ်ားအေပၚ ေဆြးေႏြးတိုင္ပင္ခြင့္ျပဳရန္လိုအပ္သကဲ့သို႔ အားလုံးပူးေပါင္းပါဝင္ႏိုင္သည့္ ညီလာခံ အခင္းအ က်င္းမ်ိဳးျဖစ္ေအာင္ ေဆာင္႐ြက္ေပးရန္လိုအပ္ပါလိမ့္မည္။ ညီလာခံတက္ေရာက္လာသူမ်ားအေနျဖင့္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေျမယာအခြင့္အေရးအပါအဝင္ တိုင္းရင္းသားလူထုလူတန္းစားမ်ား၏ အခြင့္ အေရးမ်ားကို အသိအမွတ္ျပဳ အကာအကြယ္ေပး၍ အားေပးအားေျမႇာက္ျပဳသည့္ ဥပေဒအခင္းအက်င္းမ်ိဳး ျဖစ္ေစမည့္ ျပဳျပင္ေျပာင္းလဲေရးကို ေဆြးေႏြးအေျဖရွာသင့္သည္။ ထို႔အျပင္ ကြၽႏ္ုပ္တို႔အေပၚ ႐ိုက္ခတ္လာမည့္ မည္သည့္ေျမႏွင့္ ဆက္စပ္သယံဇာတအရင္းအျမစ္ဆိုင္ရာ ဥပေဒကိုမွ် အတည္မျပဳမီ အေရးႀကီးသည့္ ဤကိစၥ ရပ္မ်ိဳးကိုလႊတ္ေတာ္သို႔ အဆိုျပဳတင္ျပရန္ အျမန္ဆုံးစည္း႐ုံးေဆာ္ၾသသင့္သည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္းေဒသမ်ား၌ ေနထိုင္လ်က္ရွိသည့္ ရွမ္း၊ ကခ်င္၊ တအာန္း၊ ပအိုးဝ္၊ လားဟူ၊ အခါ၊ ဓႏု၊ လီဆူ၊ ဝ၊ ဗမာ၊ ေတာင္႐ိုး၊ ယင္းနက္ယင္းက်ား တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ားမွ ကိုယ္ စားလွယ္ေပါင္း ၁၃၅ ဦးသည္ ဓေလ့ထုံးတမ္းဆိုင္ရာ ေျမယာအေရးကိစၥမ်ားကို အတူတကြေဆြးေႏြး အေျဖရွာ ခဲ့ၾကပါသည္။ ထို႔ေနာက္ ကြၽႏ္ုပ္တို႔အားလုံးအတြက္ အလြန္အေရးပါ၍လာမည့္အနာဂတ္ ဖက္ဒရယ္ျမန္မာႏိုင္ငံ ေတာ္ တည္ေဆာက္ရာတြင္လည္း မ်ားစြာအေထာက္အကူျပဳမည္ဟု လက္ခံယုံၾကည္ထားသည့္ သေဘာထားေၾကညာခ်က္တစ္ေစာင္ကို အတူတကြဝိုင္းဝန္းျပဳစုခဲ့ၾကပါသည္။ ေျမယာအေရးကိစၥအတြက္ မွန္ကန္သည့္ ေျဖ ရွင္းေရးနည္းလမ္းကို ရွာေဖြေဖာ္ထုတ္ႏိုင္မွသာလွ်င္ စစ္မွန္သည့္ၿငိမ္းခ်မ္းေရးကို ရရွိႏိုင္မည္ျဖစ္သည္။ ေျမယာ အေရးကိစၥကို တရားသျဖင့္ မွ်မွ်တတေျဖရွင္းလိုပါက ရပ္႐ြာလူထုအား ၎တို႔ပိုင္ ေျမယာအေပၚ ဆုံးျဖတ္ပိုင္ ခြင့္၊ စီမံခန႔္ခြဲပိုင္ခြင့္ႏွင့္ အက်ိဳးခံစားပိုင္ခြင့္ရွိေအာင္ အာမခံေပးရန္လိုအပ္ပါသည္။
Crd:
ခြန္ေကာင္း၊ ပအိုးဝ္လူငယ္အဖြဲ႕အစည္း (PYO)
ဓေလ့ထုံးတမ္းဆိုင္ရာေျမအသုံးခ်မႈစနစ္ အလုပ္႐ုံေဆြးေႏြးပြဲ ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္
ျမန္မာ့ဆုံရပ္
မွ်ေဝသူ
လႈိင္ဘြား (လယ္ယာေျမ )
0 comments:
Post a Comment