ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕၏ (၃၂) ႀကိမ္ေျမာက္ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝး က်င္းပ
နေပြည်တော် စက်တင်ဘာ ၁၇
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေ နည်းဥပဒေအရ လျော်ကြေး၊ နစ်နာကြေး ပေးချေနိုင်ရေး တွက်ချက် ဆောင်ရွက်ရာတွင် အဓိကအားဖြင့် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့် မြေသည် တည်ဆဲ လယ်ယာမြေ ဥပဒေအရ ပေးလျော်ရမည့် မြေအမျိုးအစား မှန်ကန်မှုကို ဦးစွာအဓိကထားပြီး စိစစ်ရပါကြောင်း၊
ပေးလျော်ရမည့် မြေအမျိုးအစားမှန်ကန်ပါမှ ဥပဒေ၊ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည့် အချက်များနှင့် ကိုက်ညီမှာဖြစ်ပါကြောင်း၊ ပေးလျော်ရမည့် မြေအမျိုးအစား ကိုက်ညီမှန်ကန်မှုရှိသော မြေများပေါ်၌ စီမံကိန်းလုပ်ငန်းဆောင်ရွက်စဉ်က ထိခိုက်ပျက်စီးသွားသည့် သီးနှံများနှင့် လယ်ယာမြေများအတွက် နည်းဥပဒေပါ ပြဌာန်းချက်ပါအတိုင်း ဒေသကာလ ပေါက်စျေးနှင့် သတ်မှတ်နှုန်းထားများဖြင့် ပေးလျော်နိုင်ရေး လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က လယ်ယာမြေ ပုံစံ - ၁၂ ဖြင့် စိစစ်တွက်ချက်ပြီး သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များ၏ သဘောထား မှတ်ချက်ဖြင့် ဗဟိုလယ် ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ တင်ပြလာခြင်းဖြစ်ကြောင်း။မြေယာပိုင်ရှင်များကို လျော်ကြေး၊ နစ်နာကြေးလျင်မြန်စွာ ထုတ်ပေးနိုင်ခြင်းဖြင့် ပိုင်ရှင်များ အတွက် ဥပဒေအရ ပေးအပ်သော ရပိုင်ခွင့်များ နှောင့်နှေးမှုမရှိပဲ ခံစားရမည် ဖြစ်သကဲ့သို့ တစ်ဘက်တွင်လည်း နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စများ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများ ကြန့်ကြာမှုမရှိစေပဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ကိုဗစ်-၁၉ ကာလအတွင်း စိစစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် ယခုပေးအပ်ရန် ခွင့်ပြုမည့် လျော်ကြေးငွေများသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ဘဏ္ဍာငွေများ ဖြစ်သည်နှင့်အညီ လျော်ကြေးပမာဏကို ထိုက်သင့်သည် ထက်ပိုမိုသွားခြင်း မဖြစ်စေရေး စိစစ်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးလှကျော်နှင့် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတော်၏ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အသုံးပြုခဲ့သည့် လယ်ယာမြေများအတွက် လယ်ယာမြေပိုင်ရှင် တောင်သူများနှင့် မြေရှင်များ နစ်နာမှုမရှိစေရန် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ ဘဏ္ဍာ နှစ်အလိုက် လျော်ကြေး၊ နစ်နာကြေးများကို အချိန်မီပေးလျော်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက လျော်ကြေး၊ နစ်နာကြေး တွက်ချက်တင်ပြလာသော လုပ်ငန်းစာတွဲများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ လျော်ကြေး၊နစ်နာကြေးစုစုပေါင်း ကျပ်သိန်းပေါင်း နှစ်သောင်း ခြောက်ထောင်ခန့် ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အချိန်မီပေးလျော်နိုင်ရေး နှင့် စတင်တော့မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်းပေါင်း လေးသောင်းငါး ထောင်ခန့် အလျင်အမြန် ပေးလျော်နိုင်ရေး စိစစ်ဆုံးဖြတ်ခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ ကိုဆွေးနွေးဆောင်ရွက်ကြပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်များအတွက် စုစုပေါင်း လျော်ကြေးပမာဏ ငွေကျပ်သိန်းပေါင်း ခုနစ်သောင်းကျော် ခွင့်ပြုပေးခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)
အောက်ဖေါ် ပြပါလင့်တွင် ဗီဒီယိုအားကြည့်ရှုနိုင်ပါသည်။
https://www.youtube.com/watch?v=ckmoXHw-Zn8#action=share
Zawgyi
ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕၏ (၃၂) ႀကိမ္ေျမာက္ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝး က်င္းပ
ေနျပည္ေတာ္ စက္တင္ဘာ ၁၇
ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕၏ (၃၂)ႀကိမ္ေျမာက္ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးကို ယေန႔ နံနက္ပိုင္းက စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ Video Conferencing စနစ္ျဖင့္ က်င္းပသည္။
အစည္းအေဝးတြင္ ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေအာင္သူက လယ္ယာေျမ နည္းဥပေဒအရ ေလ်ာ္ေၾကး၊ နစ္နာေၾကး ေပးေခ်ႏိုင္ေရး တြက္ခ်က္ ေဆာင္႐ြက္ရာတြင္ အဓိကအားျဖင့္ ေလ်ာ္ေၾကး၊ နစ္နာေၾကး ေပးေခ်ရမည့္ ေျမသည္ တည္ဆဲ လယ္ယာေျမ ဥပေဒအရ ေပးေလ်ာ္ရမည့္ ေျမအမ်ိဳးအစား မွန္ကန္မႈကို ဦးစြာအဓိကထားၿပီး စိစစ္ရပါေၾကာင္း၊ ေပးေလ်ာ္ရမည့္ ေျမအမ်ိဳးအစားမွန္ကန္ပါမွ ဥပေဒ၊ နည္းဥပေဒတြင္ ျပ႒ာန္းထားသည့္ အခ်က္မ်ားႏွင့္ ကိုက္ညီမွာျဖစ္ပါေၾကာင္း၊ ေပးေလ်ာ္ရမည့္ ေျမအမ်ိဳးအစား ကိုက္ညီမွန္ကန္မႈရွိေသာ ေျမမ်ားေပၚ၌ စီမံကိန္းလုပ္ငန္းေဆာင္႐ြက္စဥ္က ထိခိုက္ပ်က္စီးသြားသည့္ သီးႏွံမ်ားႏွင့္ လယ္ယာေျမမ်ားအတြက္ နည္းဥပေဒပါ ျပဌာန္းခ်က္ပါအတိုင္း ေဒသကာလ ေပါက္ေစ်းႏွင့္ သတ္မွတ္ႏႈန္းထားမ်ားျဖင့္ ေပးေလ်ာ္ႏိုင္ေရး လယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕ အဆင့္ဆင့္က လယ္ယာေျမ ပုံစံ - ၁၂ ျဖင့္ စိစစ္တြက္ခ်က္ၿပီး သက္ဆိုင္ရာ ျပည္ေထာင္စု နယ္ေျမ ေနျပည္ေတာ္ အပါအဝင္ တိုင္းေဒသႀကီး/ျပည္နယ္ လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕မ်ား၏ သေဘာထား မွတ္ခ်က္ျဖင့္ ဗဟိုလယ္ ယာေျမစီမံခန္႔ခြဲမႈ အဖြဲ႕သို႔ တင္ျပလာျခင္းျဖစ္ေၾကာင္း။
ေျမယာပိုင္ရွင္မ်ားကို ေလ်ာ္ေၾကး၊ နစ္နာေၾကးလ်င္ျမန္စြာ ထုတ္ေပးႏိုင္ျခင္းျဖင့္ ပိုင္ရွင္မ်ား အတြက္ ဥပေဒအရ ေပးအပ္ေသာ ရပိုင္ခြင့္မ်ား ေႏွာင့္ေႏွးမႈမရွိပဲ ခံစားရမည္ ျဖစ္သကဲ့သို႔ တစ္ဘက္တြင္လည္း ႏိုင္ငံေတာ္၏ ရင္းႏွီးျမႇဳပ္ႏွံမႈ ဆိုင္ရာကိစၥမ်ား၊ ေဒသတြင္းဖြံ႕ၿဖိဳးေရးဆိုင္ရာ စီမံကိန္းလုပ္ငန္းမ်ား ၾကန္႔ၾကာမႈမရွိေစပဲ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ မည္ျဖစ္သည့္အတြက္ ယခုကဲ့သို႔ ကိုဗစ္-၁၉ ကာလအတြင္း စိစစ္ေဆာင္႐ြက္ေပးျခင္းျဖစ္ေၾကာင္း၊ ထို႔အျပင္ ယခုေပးအပ္ရန္ ခြင့္ျပဳမည့္ ေလ်ာ္ေၾကးေငြမ်ားသည္ ႏိုင္ငံသားအားလုံးႏွင့္ သက္ဆိုင္ေသာ ဘ႑ာေငြမ်ား ျဖစ္သည္ႏွင့္အညီ ေလ်ာ္ေၾကးပမာဏကို ထိုက္သင့္သည္ ထက္ပိုမိုသြားျခင္း မျဖစ္ေစေရး စိစစ္ေပးရန္ လိုအပ္ေၾကာင္း ေဆြးေႏြးေျပာၾကားသည္။
အစည္းအေဝးသို႔ ဗဟိုလယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕အတြင္းေရးမႉး ဒုတိယဝန္ႀကီး ဦးလွေက်ာ္ႏွင့္ အဖြဲ႕ဝင္မ်ား စုံညီစြာ တက္ေရာက္ေဆြးေႏြးၾကသည္။
အစည္းအေဝးတြင္ ၂၀၁၉-၂၀၂၀ ခု ဘ႑ာေရးႏွစ္မကုန္ဆုံးမီ လုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ေရးႏွင့္ ႏိုင္ငံေတာ္၏ စီမံကိန္း လုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ေရးအတြက္ အသုံးျပဳခဲ့သည့္ လယ္ယာေျမမ်ားအတြက္ လယ္ယာေျမပိုင္ရွင္ ေတာင္သူမ်ားႏွင့္ ေျမရွင္မ်ား နစ္နာမႈမရွိေစရန္ လယ္ယာေျမဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ သက္ဆိုင္ရာ ဘ႑ာ ႏွစ္အလိုက္ ေလ်ာ္ေၾကး၊ နစ္နာေၾကးမ်ားကို အခ်ိန္မီေပးေလ်ာ္ႏိုင္ေရးဆိုင္ရာ ကိစၥရပ္မ်ား၊ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္အပါအဝင္ တိုင္းေဒသႀကီး/ ျပည္နယ္လယ္ယာေျမ စီမံခန႔္ခြဲမႈအဖြဲ႕မ်ားက ေလ်ာ္ေၾကး၊ နစ္နာေၾကး တြက္ခ်က္တင္ျပလာေသာ လုပ္ငန္းစာတြဲမ်ားႏွင့္ စပ္လ်ဥ္းသည့္ ကိစၥရပ္မ်ား၊ ေလ်ာ္ေၾကး၊နစ္နာေၾကးစုစုေပါင္း က်ပ္သိန္းေပါင္း ႏွစ္ေသာင္း ေျခာက္ေထာင္ခန႔္ ကို ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္တြင္ အခ်ိန္မီေပးေလ်ာ္ႏိုင္ေရး ႏွင့္ စတင္ေတာ့မည့္ ၂၀၂၀-၂၀၂၁ ဘ႑ာေရးႏွစ္တြင္ က်ပ္သိန္းေပါင္း ေလးေသာင္းငါး ေထာင္ခန္႔ အလ်င္အျမန္ ေပးေလ်ာ္ႏိုင္ေရး စိစစ္ဆုံးျဖတ္ျခင္းႏွင့္ စပ္လ်ဥ္းသည့္ ကိစၥရပ္မ်ား ကိုေဆြးေႏြးေဆာင္႐ြက္ၾကၿပီး ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ႏွင့္ ၂၀၂၀-၂၀၂၁ ဘ႑ာေရး ႏွစ္မ်ားအတြက္ စုစုေပါင္း ေလ်ာ္ေၾကးပမာဏ ေငြက်ပ္သိန္းေပါင္း ခုနစ္ေသာင္းေက်ာ္ ခြင့္ျပဳေပးခဲ့ ေၾကာင္း သိရသည္။
(သတင္းစဥ္)
ေအာက္ေဖၚ ျပပါလင့္တြင္ ဗီဒီယိုအားၾကည့္ရႈႏိုင္ပါသည္။
https://www.youtube.com/watch?v=ckmoXHw-Zn8#action=share
0 comments:
Post a Comment