ဦးပိုင် တစ်ဆက်တစ်စပ်တည်းရှိသော မြေများကို ဧရိယာများခွဲစိတ်၍ မြေငှားဂရန်များ ထုတ်ပေးခြင်းမပြုရန် ညွှန်ကြားချက်။
မြေငှားဂရန်ထုတ်ပေးရာတွင် ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့်အခွန် နည်းဥပဒေ ၅၁(ခ)အရလည်းကောင်း၊ ၁၈၉၈ ခုနှစ်၊ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ ၉ အရလည်းကောင်းလုပ်ပိုင်ခွင့်များကို အောက်ပါအတိုင်း သတ်မှတ်ပြဋ္ဌာန်းထားပါသည်..
(က) ခရိုင်အုပ်ချုပ်ရေးမှူး(ကော်လိတ်တော်အရာရှိ) သည် မြေဧရိယာ (၁) ဧကအထိ၊
(ခ) တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး (တိုင်းမင်းကြီး)သည် မြေဧရိယာ (၁)ဧကအထက်မှ (၅)ဧကအထိ၊
(ဂ) ညွှန်ကြားရေးမှူးချုပ် (ဘဏ္ဍာတော်မင်းကြီး) သည်မြေဧရိယာ (၅) ဧကအထက်၊
Crd: ဆရာမျိုးမင်းထွန်း
0 comments:
Post a Comment