- မူလနေရာ
- ဥပဒေဆိုင်ရာ
- သတင်းစုံ
- ကဏ္ဍစုံ
- မြေတိုင်းဆိုင်ရာ
- ပုံစံနှင့်အခေါ်ဝေါ်များ
- ပုံစံနှင့်အသုံးအနှုန်းများ
- အတိုင်းအထွာများ
- မြို့မြေပုံများ
- ကျေးရွာမြေပုံများ
- ဆော့ဝဲများ
- လယ်ယာမြေဆော့ဝဲများ
- လယ်/မြေသတင်းဆော့ဝဲ
- မြေတိုင်းဆော့ဝဲ
- အခြားဆော့ဝဲများ
- ဆက်သွယ်ရန်
- ဆက်သွယ်တိုင်ကြားရန်
- တိုင်ရမည့်နေရာဌာနများ
- ဖုန်းနှင့်နေရာလိပ်စာများ
- တိုင်ကြားရန်နေရာများ
- ဝန်ကြီး/ဌာနများ
- မြန်မာနိုင်ငံပြန်တမ်း
- ကိုယ်ပိုင်အခန်း
- လှုပ်ရှားမှုမှတ်တမ်းများ
- လှိုင်ဘွားပေ့ချ်သို့သွားရန်
- လယ်ယာမြေပြဿနာများ
(လှိုင်ဘွား)သို့ - မှတ်တမ်းပုံရိပ်များ
- ဓါတ်ပုံများ
ဦးပိုင် တစ်ဆက်တစ်စပ်တည်းရှိသော မြေများကို ဧရိယာများခွဲစိတ်၍ မြေငှားဂရန်များ ထုတ်ပေးခြင်းမပြုရန် ညွှန်ကြားချက်။
Monday, September 28, 2020
မြေလွတ် မြေလပ် မြေရိုင်းကို အခြားနည်းအသုံးပြုခွင့်ပေးထားသည့်မြေများအား မြေငှားဂရန်၊ အခွန်လွတ်ဂရန်များ ခွင့်ပြုဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားချက်
မြေလွတ် မြေလပ် မြေရိုင်းကို အခြားနည်းအသုံးပြုခွင့်ပေးထားသည့်မြေများအား မြေငှားဂရန်၊
အခွန်လွတ်ဂရန်များ ခွင့်ပြုဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားချက်
မြေလွတ် မြေလပ် မြေရိုင်း လုပ်ကိုင်ခွင့်ရရှိသည့်မြေများ၊ မြေလွတ် မြေလပ် မြေရိုင်းကို အခြားနည်းအသုံးပြုခွင့်ပေးထားသည့်မြေများအား မြေငှားဂရန်၊ အခွန်လွတ်ဂရန်များ ခွင့်ပြုဆောင်ရွက်ခြင်းမပြုရန်၊ နှင့်ဘိုးဘပိုင်မြေ (သို့မဟုတ်) လက်ဝယ်ထားရှိပိုင်ခွင့်ရှိသောမြေများကို စက်မှု / စီးပွားမြေငှားဂရန် ထုတ်ပေးရန်မလိုကြောင်းသိရှိနိုင်ရန်၊ ကျွန်းများပေါ်တွင် စက်မှုဂရန် လျှောက်ထားလာခြင်းများနှင့် ပတ်သက်၍ ကျွန်းမြေ (မြေရင့်များ) ပေါ်ရှိ မြေအမျိုးအစားအပေါ်မူတည်၍ သက်ဆိုင်ရာဥပဒေများအရ အသုံးပြုခွင့်လျှောက်ထားစေပြီး ခွင့်ပြုချက်ရရှိမှသာ မြေငှားဂရန် ထုတ်ပေးခြင်းနှင့် မြေခွန်တော်ကောက်ခံခြင်းကို ဆောင်ရွက်ရန်၊ ညွှန်ကြားချက်ထွက်ရှိလာသည်။
Friday, September 25, 2020
လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ(၇) လုပ်ရာတွင် လုပ်ငန်းစဉ် အဆင့်(၂) ဖြစ်သည့် ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ (ပုံစံ ၂) ဖြင့် ကြေညာရမည်ဆိုသော်လည်း သက်ဆိုင်ရာက မကြေညာပဲ အဆင့်ကျော် ဆောင်ရွက်ခဲ့လျှင် ဘာလုပ်ကြမလဲ
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားခြင်း
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
လယ်ယာမြေ ဥပဒေ ပုဒ်မ (၆) အရ
(က) လူပုဂ္ဂိုလ်ဖြစ်ပါက -
(၁) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်စု သည် တောင်သူ လယ်သမားအိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင် ဖြစ်ရမည်။
(၂) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်သားစု အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်သားစုတွင်ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူသည် ဤဥပဒေ ပြဋ္ဌာန်းအတည်မပြုမီ တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင် လက်ရှိလက်ငုတ်လုပ်ကိုင်နေသူ ဖြစ်ရမည်။
လယ်ယာမြေ မူလမှုခင်းဆုံးဖြတ်မှုများနဲ့ပါတ်သက်လို့ အရေးပါသော လက်ငုတ်မြဲခြင်းကိစ္စ
Sunday, September 20, 2020
လယ်ယာမြေ မူလမှုခင်းဆုံးဖြတ်မှုများနဲ့ပါတ်သက်လို့ ဆုံးဖြတ်ကြရာမှာ လက်ငုတ်မြဲခြင်းသည် အရေးပါပုံကို
ဆရာဦးဇော်မင်း(နတ်မောက်) နဲ့ DVB မေးဖြေ Lawlab မှ ဗဟုသုတအလို့ငှာ ပြန်လည်မျှဝေလိုက်ပါတယ်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Friday, September 18, 2020
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
နေပြည်တော် စက်တင်ဘာ ၁၇
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေ နည်းဥပဒေအရ လျော်ကြေး၊ နစ်နာကြေး ပေးချေနိုင်ရေး တွက်ချက် ဆောင်ရွက်ရာတွင် အဓိကအားဖြင့် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့် မြေသည် တည်ဆဲ လယ်ယာမြေ ဥပဒေအရ ပေးလျော်ရမည့် မြေအမျိုးအစား မှန်ကန်မှုကို ဦးစွာအဓိကထားပြီး စိစစ်ရပါကြောင်း၊
လယ်၊ လယ်ယာ၊ ဥယျဉ်ခြံ၊ မြေများကို နယ်နိမိတ်ပြဿနာဖြစ်ခြင်း၊ လမ်းမြေကို ကျူးကျော်ခြင်း ကိစ္စရပ်များအတွက် မြေတိုင်းတာခြင်းဆိုင်ရာကိစ္စများ၊ တရားရုံးတော်မှ မြေတိုင်းကောင်မရှင်နာဖွဲ့ ခြင်း အကြောင်း လွှတ်တော် အမေး အဖြေ။
Sunday, September 6, 2020
မဲဆန္ဒရှင်အတော်များများမှ အိမ်နီးချင်းများနှင့် နယ်နိမိတ်ပြဿနာဖြစ်ခြင်း၊ အချို့ပြဿနာများမှာ လမ်းမြေကို ကျူးကျော်လာ၍ လမ်းကျဉ်းလာရသည့်အတွက် ပြည်သူများမှ တိုင်းထွာသတ်မှတ်ပေးစေ လိုကြောင်းကို တင်ပြကြပါကြောင်း၊ ၎င်းတို့မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး များထံ တင်ပြကြသော်လည်း ထိရောက်စွာဖြေရှင်းမပေးနိုင်မရှိသည့်အတွက် မြေစာရင်းဦးစီးဌာနသို့ စာတင်အကူအညီတောင်းရာတွင်လည်း ဆိုင်ရာ
ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်း
Monday, August 24, 2020
ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
Year of publication | 2019 |
Publisher | Forest Department |
Place of publication | Nay Pyi Taw, Myanmar |
Other Entities Involved | Forest Department, CFNWG, FAO |
Pages | 43 |
Author | FAO |
Language | Myanmar |
ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သုံးစွဲသည့်အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ပိုမိုသိရှိနားလည်းနိုင်စေရန် ရည်ရွယ်ပါသည်။