#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

လယ်၊ လယ်ယာ၊ ဥယျဉ်ခြံ၊ မြေများကို နယ်နိမိတ်ပြဿနာဖြစ်ခြင်း၊ လမ်းမြေကို ကျူးကျော်ခြင်း ကိစ္စရပ်များအတွက် မြေတိုင်းတာခြင်းဆိုင်ရာကိစ္စများ၊ တရားရုံးတော်မှ မြေတိုင်းကောင်မရှင်နာဖွဲ့ ခြင်း အကြောင်း လွှတ်တော် အမေး အဖြေ။

Sunday, September 6, 2020

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၆.၈.၂၀၁၉)
ဦးဉာဏ်ဟိန်း(သံဖြူဇရပ်မဲဆန္ဒနယ်)
 

မဲဆန္ဒရှင်အတော်များများမှ အိမ်နီးချင်းများနှင့် နယ်နိမိတ်ပြဿနာဖြစ်ခြင်း၊ အချို့ပြဿနာများမှာ လမ်းမြေကို ကျူးကျော်လာ၍ လမ်းကျဉ်းလာရသည့်အတွက် ပြည်သူများမှ တိုင်းထွာသတ်မှတ်ပေးစေ လိုကြောင်းကို တင်ပြကြပါကြောင်း၊ ၎င်းတို့မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး များထံ တင်ပြကြသော်လည်း ထိရောက်စွာဖြေရှင်းမပေးနိုင်မရှိသည့်အတွက် မြေစာရင်းဦးစီးဌာနသို့ စာတင်အကူအညီတောင်းရာတွင်လည်း ဆိုင်ရာ

တရားရုံး၌ အမှုလုပ်ရန် ညွှန်ကြားကြောင်း၊ တရားရုံး သို့ အမှုဖွင်‌့ရန်စုံစမ်းရာတွင်လည်း ၎င်းပြဿနာသည် မြေစာရင်းရုံးနှင့်သာဆိုင်ပါကြောင်း၊ တရားမ မှုဖွင့်ပါက အမှုစရိတ်နှင့် အချိန်ကြာမည်ဟုပြောကြောင်း ထို့ကြောင့်မိမိထံသို့ ကူညီပေးပါရန် တင်ပြ လာကြခြင်းဖြစ်ပါကြောင်း၊ ၎င်းကိစ္စသည် တစ်တိုင်းပြည်လုံးတွင် ဖြစ်နေကြောင်းကို ကိုယ်စားလှယ်  အချင်းချင်းဆွေးနွေးကြမှ သိရှိရပါကြောင်း၊ မိမိတို့မှ ဆိုင်ရာဌာနများနှင့် တာဝန်၊ လုပ်ပိုင်ခွင့်များအရ ပေါင်းစပ်ညှိနှိုင်းသည့် အခါတွင် ဘောလီဘောအပုတ်ခံရပါသည်ဆိုသည့် လူထုထင်မှတ်မှားရခြင်း အကြောင်းအရင်းကို ဖော်ထုတ်တွေ့ရှိလာခဲ့ရခြင်းဖြစ်ပါကြောင်း၊ မြေစာရင်းက တိုင်းထွာပေး၍ မရခြင်း အကြောင်းအရင်းမှ ဆည်မြောင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏  ၁၅-၉-၂၀၁၆ ရက်စွဲပါ စာအမှတ်(၇၀၀၂/၆သ(၁))အရ ဖြစ်ပါကြောင်း၊ ယခုလို နယ်နိမိတ်ပြဿနာဖြစ်၍ လူထုကတင်ပြလာလျှင် ညွှန်ကြားထားသည်မှမြန်မာနိုင်ငံ မြေစာရင်းလက်စွဲ ပုဒ်မ ၉၇၅ အရ တိုင်းတာ ခွင့်မပေးဘဲ သက်ဆိုင်ရာတရားရုံး၌ ဖြေရှင်းဆောင်ရွက်ကြစေရန်နှင့် တရားရုံးမှ ကြားနာစစ်ဆေးပြီး တိုင်းထွာရန် လိုအပ်သည်ဟု ယူဆပါက တရားမကျင့်ထုံးဥပဒေနှင့်အညီ မြေစာရင်း ဝန်ထမ်းတစ်ဦး အား Commissioner အဖြစ်ခန့်အပ်ပြီး မြန်မာနိုင်ငံမြေစာရင်းလက်စွဲဥပဒေ ပုဒ်မ ၉၇၇ အရ မြေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ခွင့်ပြုချက်တောင်းခံ၍ တိုင်းထွာရန်ဟု တွေ့ရှိရပါကြောင်း၊  ၎င်း အတွက် တရားစီရင်ရေးအာဏာဘက်တွင် ညွှန်ကြားချက်မပေးဟု မြို့နယ်တရားသူကြီးမှ ပြောပါကြောင်း၊ ထို့အပြင် Commissioner ခန့်ရမည်ဆိုပါက ၎င်း၏ဝန်ထမ်းကို သာခန့်နိုင်ပြီး မြေစာရင်းဝန်ထမ်းကို ခန့်နိုင်မည်မဟုတ်ကြောင်းကို ရှင်းပြပါကြောင်း၊ ဌာနနှစ်ခုပေါင်းစပ် ဖြေရှင်း ရမည့်ကိစ္စကို သေချာပေါင်းစပ်ညှိနှိုင်းထားခြင်းလည်းမပြုခဲ့ဘဲ တရားရုံမှ တာဝန်ပေးခိုင်းလာပြီးမှ တစ်ခေါက်၊ ရုံးချုပ်က ညွှန်ကြားရေးမှူးချုပ်ထံ ခွင့်ပြုချက်ထပ်တောင်းအုံးဆိုသည့် သူတစ်လူ ငါတစ်မင်းဆန်သည့် လုပ်ထုံးလုပ်နည်းမျိုးသည် လူထုအပေါ် ဘယ်လောက်ဝန်ထုပ်ဝန်ပိုးဖြစ်နေမလဲ ဆိုသည်ကို သုံးသပ်စေလိုပါကြောင်း၊ မိမိတို့သည် အသွင်မတူသော အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီ အုပ်ချုပ်ရေးကို ကူးပြောင်းနေကြခြင်း ဖြစ်ပါကြောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးဆိုသည်မှာ လူထုကို ဗဟိုပြုစီမံကိန်းရေးဆွဲပြီး မျက်နှာမူဆက်ဆံရသည့်အတွက် လူထုကိုဝန်ဆောင်မှုပေးရာတွင် မှန်ကန်၊ မျှတ၊ ချောမွေ့၊ မြန်ဆန်ဖို့ လိုအပ်ပါကြောင်း၊ ထိုမှသာ လူထုဝန်ထုပ်ဝန်ပိုး မဖြစ်မည် ဖြစ်ပါကြောင်း၊ ထို့သို့ဖြစ်ရန်အတွက် မိမိတို့တွင် ရှိပြီးသားအမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို စိစစ်ပြီးပြောင်းပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာ၊ အိမ်၊ ခြံမြေတို့၏ နယ်နိမိတ်အငြင်းပွားမှုများကို လျင်မြန်ထိရောက်စွာ ‌ဖြေရှင်းပေးနိုင်မည့် လုပ်ထုံးလုပ်နည်း တစ်ရပ် ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်

တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အားလုံး၏ သဘောထားပြုဖြေကြားချက်များနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပေါင်းစပ်ရှင်းလင်း ဖြေကြားမည်ဖြစ်ပါကြောင်း၊ အောက်ခြေ မြေပြင်မြို့နယ်၊ ကျေးရွာများတွင်မြေကိစ္စရှုပ်ထွေးမှုများသည် မလျော်ကန်သည့် အတ္တနှင့်လောဘ အခြေခံရလိုမှုတို့အပေါ် အခြေပြုပြီး အငြင်းပွားမှုများမှ ပေါ်ပေါက်လာရခြင်းဖြစ်သည်ကို တွေ့ရပါ ကြောင်း ၊ အငြင်းပွားမှုများကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် ၎င်းမေးခွန်းကို မေးမြန်း ရခြင်း ဖြစ်သည်ဟု သုံးသပ်ရပါကြောင်း၊ လူများ၏မလျော်မကန် ရလိုမှုတို့ကြောင့် လမ်းပေါ်များကို ကျူးကျော်သည့်ကိစ္စ၊ မိမိနှင့်တစ်ဆက်တစ်စပ်တည်းရှိသည့် နယ်နိမိတ်ကို ကျူးကျော်သည့်ကိစ္စ၊ အရပ်စကားပြောရရင် မြေခိုးသည့်ကိစ္စများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ၎င်းကိစ္စများကို ပြန်လည် ဆန်းစစ်ကြည့်မည်ဆိုပါက မိမိ၏အတွေ့အကြုံအရ နှစ်စဉ်မိဘနှင့်သားသမီး၊ ညီအစ်ကို မောင်နှမ၊ ဆွေမျိုးသားချင်း၊ တစ်ရပ်ထဲအတူနေသူတွေအချင်းချင်း အငြင်းပွားမှုများဖြစ်နေသည့် Case အကြောင်းအရာများကို  မိမိတို့ဝန်ကြီးဌာနကို တိုင်ကြားမှုများလည်း ရှိပါကြောင်း၊  အချင်းချင်း အငြင်းပွားမှုများသည် ညှိနှိုင်းဖြေရှင်းမရသည့်အဆုံး တရားရုံးရောက် တရားရင်ဆိုင်ဖြေရှင်းရသည့် အထိ ဖြစ်ကြရခြင်းဖြစ်ပါကြောင်း၊ မြေယာနှင့်ပတ်သက်ပြီး လယ်ယာမြေ၊ အိမ်ခြံမြေတို့နှင့် နယ်နိမိတ် အငြင်းပွားမှုနှင့်စပ်လျဉ်းပြီး လုပ်ငန်းဆောင်ရွက်မှုအပိုင်းများအပေါ် မိမိအနေဖြင့် ခွဲခြားစိတ်ဖြာ ရှင်းလင်းဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြေနယ်နိမိတ်တိုင်းတာမှုများကို သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီများ က ဆောင်ရွက်ရပါကြောင်း၊ ကျန်ရှိသည့် မြို့မြေ၊ ရွာမြေနှင့်စိုက်ပျိုးမြေစသည့် မြေများကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အများပြည်သူ အကျိုးငှာ ပြင်ပပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများက ၎င်းတို့တရားဝင်ပိုင်ဆိုင်သည့် အိမ်ခြံမြေများ၏ မြေနယ်နိမိတ်များတိုင်းတာပေးရန် လျှောက်ထားလာသည့် ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး အငြင်းပွားမှု မရှိသည့် ကိစ္စရပ်များအတွက် မြန်မာနိုင်ငံမြေစာရင်း လက်စွဲဥပဒေ အပိုဒ် ၉၇၁၊ အပိုဒ် ၉၇၂ နှင့် အပိုဒ် ၉၇၃ ပါပြဋ္ဌာန်းချက်များအရ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၏ ခွင့်ပြုမိန့်ရယူဆောင်ရွက်ပြီး မြေတိုင်းခြင်းများဆောင်ရွက်မှုရှိပါကြောင်း၊  လယ်ယာမြေဆိုသည့် စကားရပ်တွင် အကျုံးဝင်သည့်မြေများကို တောင်သူလယ်သမားတစ်ဦးကျ ၎င်း၏ ဦးပိုင်ခြံနယ်နိမိတ် များကို မြေပုံပေါ်တွင် ပြသပေးရန် တင်ပြသည့်ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၉၇၄ ပါ ပြဋ္ဌာန်းချက်အရ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ဦးပိုင်ခြား နယ်နိမိတ် ကို ပြသပေးထားပါကြောင်း၊  မြို့မြေ၊ ရွာမြေများအတွက် ပိုင်ဆိုင်မှုအငြင်းပွားမှုရှိသည့် မြေနယ်နိမိတ်များတိုင်းတာပေးရန် လျှောက်ထား လာသည့်ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး မြေစာရင်း လက်စွဲဥပဒေအပိုဒ် ၉၇၅ တွင် အခွန်မြေတိုင်းစာရေးများက ဦးပိုင်ခြားနယ်နိမိတ်ကို ပြသခြင်း သို့မဟုတ် ဦးပိုင်ခြားနယ်နိမိတ်ကို တိုင်းတာသတ်မှတ်ပေးခြင်း စသည့်ကိစ္စရပ်များတွင် မှန်ကန်ခြင်း မရှိသည့်မြေပုံကို အခြေပြုမိပါက မတရားသည့်ပိုင်ဆိုင်မှုများ ဖြစ်တတ်မှုကြောင့် ဦးပိုင်ခြားနယ်နိမိတ် ကို တိုင်းတာသတ်မှတ်ပေးရန်လျှောက်ထားခြင်းကို သာမန်အားဖြင်‌့ ငြင်းပယ်ရမည်ဟု ပြဋ္ဌာန်းထား ပါကြောင်း၊ ထို့ကြောင့် မြေနယ်နိမိတ်အငြင်းပွားနေသည့် ကာယကံရှင်များအနေဖြင့် ၎င်းတို့၏ မြေ ပိုင်ဆိုင်မှုများအတွက် သက်ဆိုင်ရာတရားရုံးတွင် ဖြေရှင်းဆောင်ရွက်ကြရသည့် အခြေအနေမျိုး ဖြစ်ပါကြောင်း၊ နယ်နိမိတ်အငြင်းပွားသည့် မြေများအပေါ် မြေတိုင်းတာပေးခြင်းနှင့် ပတ်သက်ပြီး ၁၉၀၈ ခုနှစ်၊ တရားမကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊  ၎င်းဥပဒေ ကဏ္ဍအမှတ် ၂၆၊ နည်းဥပဒေ ၉ တွင် အငြင်းပွားသည့် အကြောင်းအရာတစ်ရပ်ရပ်ကို ရှင်းလင်း ထင်ရှားအောင်ပြုလုပ်ရန်ဖြစ်စေ၊ စိစစ်ရန်ဖြစ်စေနယ်နိမိတ်အငြင်းပွားမှုများ၊ မည်သည်‌့မြေဖြစ်ကြောင်း အငြင်းပွားသည့်အမှုများကို ဒေသန္တရစုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ကြောင်း၊ ဒေသန္တရစုံစမ်းစစ်ဆေးမှုကို တရားရုံးကမိမိသဘောအတိုင်း ခွင့်ပြုနိုင်ကြောင်း၊ တရားမမှု သို့မဟုတ် မှုခင်းကိစ္စတစ်ခုခုမှာ မြေပေါ်ကိုသွား‌ေ‌ရာက်စုံစမ်းဖို့လိုအပ်လျှင် သက်ဆိုင်ရာတရားရုံးက ခရိုင်လယ်ဝန် သို့မဟုတ် ၎င်း၏ လက်အောက်တွင်ရှိသည့် အရာရှိတစ်ဦးဦးကို ၎င်းကိစ္စဆောင်ရွက်ရန်ပုဂ္ဂိုလ်အဖြစ်  မခန့်ထားမီ  ရွေးချယ်ထားသည့် အရာရှိကို ခန့်ထားနိုင်ရန်အတွက် ခွင့်ပြုချက်ရယူရန်၊  ၎င်းသို့ ဆောင်ရွက် ပေးခြင်းအတွက် အခကြေးငွေရယူခွင့်ပြုရန် ကော်လိတ်တော်အရာရှိမှတစ်ဆင့် ကြေးတိုင်နှင့် မြေစာရင်းမင်းကြီးထံ အမိန့်တောင်းယူရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားရှိမှုနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊      ထို့အတူ တရားရုံးများလက်စွဲဥပဒေအပိုဒ်-၂၉၂ (The Courts Manual Section 292) တွင်  တရားမမှု သို့မဟုတ် မှုခင်းတစ်ရပ်ရပ်တွင် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၆ နည်း ၉ တွင် ဖော်ပြထားသည့် ကိစ္စတစ်ရပ်ရပ်အတွက် ဒေသန္တရစုံစမ်းစစ်ဆေးရန် လိုအပ်သည်ဟု ထင်မြင်ပါက  လယ်ဝန်ထံသို့ဖြစ်စေ၊ ၎င်း၏လက်အောက်ခံအရာရှိထံဖြစ်စေ ကော်မရှင်အမိန့်စာကို မထုတ်ပေး သေးမီ ရွေးချယ်ထားသည့်အရာရှိကို ကော်မရှင်လူကြီးအဖြစ်ခန့်အပ်ရန်နှင့် ကော်မရှင်အမိန့်ကို အတည်ပြုဆောင်ရွက်ရန်အတွက် အခငွေကို ထိုအရာရှိကလက်ခံရယူနိုင်စေရန် ခွင့်ပြုချက်ကို ကော်လိတ်တော်အရာရှိမှတဆင့် မြန်မာနိုင်ငံ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနကနေပြီး တရားရုံးတွင် ရယူမည်ဟု  ပြဋ္ဌာန်းထားပါကြောင်း၊           လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် နယ်နိမိတ်အငြင်းပွားမှုကိစ္စရပ်များတွင် မြေတိုင်းတာပေးရန် မြေတိုင်းကော်မရှင်နာခန့်အပ်ကြောင်းကို သက်ဆိုင်ရာတရားရုံးကနေပြီး တရားမပုံစံ ၆၀နှင့် အကြောင်းကြားလာမည်ဆိုပါက  ဌာန၏ စာရင်း မြေပုံမှတ်တမ်းများအပေါ် အခြေခံပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ယခင် ကြေးတိုင်နှင့် မြေစာရင်းမင်းကြီး ယခုညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုမိန့်နှင့် မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၉၇၇  အရ မြေတိုင်းတာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်နိမိတ်အငြင်းပွားသည့် ကိစ္စရပ် များ အတွက် မြေစာရင်းလက်စွဲဥပဒေပါ ပြဋ္ဌာန်းချက်များ၊ တရားမကျင့်ထုံးဥပဒေ အမိန့်  ၂၆၊ နည်းဥပဒေ ၉ ပါ ပြဋ္ဌာန်းချက်များနှင့်အတူ တရားရုံးလက်စွဲဥပဒေ အပိုဒ်၂၉၂ ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာတရားရုံးများ၏  ဥပဒေနှင့်အညီ ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အငြင်းပွားမှုမရှိသည့် ကိစ္စရပ်များ အတွက် သက်ဆိုင်ရာ ပုဂ္ဂလိကအဖွဲ့အစည်းများမှ  ၎င်းတို့ပိုင်ဆိုင်သည့် မြေနယ်နိမိတ်ကို တိုင်းတာ ပေးရန် လျှောက်ထားလာပါက တရားရုံးများကို တင်ပြလျှောက်ထားရန်မလိုဘဲ မြေစာရင်း လက်စွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြေတိုင်းတာပေးသည့်အခါ ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ရယူရန် လိုအပ်သည်မှာ တရားမကျင့်ထုံးဥပဒေနှင့် တရားရုံး လက်စွဲ ဥပဒေအရဆောင်ရွက်ခြင်းတွင် နယ်နိမိတ်တိုင်းတာမှု လွဲမှားသွားပါက သက်ဆိုင်ရာ ကာယကံရှင်များ နစ်နာသွားနိုင်သည့်အတွက် တိကျမှန်ကန်မှုဖြစ်စေရန် တည်ဆဲဥပဒေနှင့်အညီ ထိန်းကျောင်းပြီး လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့်ဆောင်ရွက်ကြရသည့် အနေအထားဖြစ်သည့် အလျောက် လုပ်ထုံး လုပ်နည်း ထပ်မံဖော်ထုတ်ရန် လိုအပ်မှုရှိမည်မဟုတ်ပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးဉာဏ်ဟိန်း(သံဖြူဇရပ်မဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိ မေးခွန်းမေးသည့်နေရာတွင် အသုံးအနှုန်းကို ချင့်ချိန်ပြီး ရေးရခြင်းဖြစ်ပါကြောင်း၊ လယ်ယာမြေ အငြင်းပွားမှုကို လယ်/စီအဖွဲ့များနှင့်  စစ်ဆေးနေသည်ကို သိပါကြောင်း၊ သို့သော်အဓိက မိမိပြောချင် သည်မှာ အိမ်နီးနားချင်း အချင်းချင်း မြေခိုးသည့်ပြဿနာဖြစ်ပါကြောင်း၊ ဒါက ငါ့မြေကို ၆ လက်မ လောက်တော့ ကျော်ပြီးစိုက်ထားသည် စသည်ဖြင့် အချင်းချင်းကြားတွင် မညီမညွတ်နေသည့်အတွက် ဖြေရှင်းရန်အတွက်ကိုကျတော့လည်း လုပ်ထုံးလုပ်နည်းကြီးများ အဆင့်ဆင့်များသည်  များလွန်းသည့် အတွက် ပြည်သူများသည် ၎င်းကို မလုပ်ချင်ကြပါကြောင်း၊ အချင်းချင်း ကျေနပ်သလား ဆိုတော့ လည်း မကျေနပ်ပါကြောင်း၊ ရင်ထဲမှာ တအုံနွေးနွေးနှင့် အိမ်ချင်းသာကပ်နေကြပြီး တစ်ယောက်နှင့် တစ်ယောက်မတည့်ကြသည်မှာ များပါကြောင်း၊  နှစ်ဦးနှစ်ဖက်‌ပြေလည်ပါက မြေစာရင်းရုံးမြေပုံနှင့် တိုင်းလိုက်ရုံလေးနှင့် နယ်နိမိတ်အမှန်ထွက်လာမည်‌့ကိစ္စကြီးကို နှစ်ဦးနှစ်ဖက်ကျေနပ်ကြောင်း လက်မှတ်ထိုး လိုက်သော်လည်း  တရားရုံးသွားရန်သာပြောနေသည့်အတွက် ၎င်းမေးခွန်းကို မိမိ မေးရခြင်း ဖြစ်ပါကြောင်း၊ အကယ်၍ နှစ်ဦးနှစ်ဖက် မြေစာရင်းရုံး လာတိုင်းထွာပြီး သတ်မှတ်ပေးသည့် နယ်နိမိတ်ကို ကျေနပ်လက်ခံသည်ဆိုပါက ၎င်းနည်းလမ်းနှင့်ဖြေရှင်းပေးနိုင်ခြင်းရှိ/မရှိကို သိလိုပါ ကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်

နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး ပြေလည်သွားမည်ဆိုသည့်ကိစ္စရပ်တစ်ခုသည် ၎င်းမြေတိုင်းတာမှုအတွက် အငြင်းပွားမှုမဖြစ်ခင်တည်းက ရှိသင့်သည့်ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့်၎င်းအငြင်းပွားမှု ကိစ္စဖြစ်ပေါ်လာပြီးသည့် အချိန်အခုလိုနှစ်ဦးနှစ်ဖက်ပြေလည်စွာဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဆိုပါက အကောင်းဆုံးနည်းလမ်းဖြစ်ပါကြောင်း၊ ၎င်းကို မိမိတို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း ဦးစီးဌာန သက်ဆိုင်ရာတာဝန်ရှိသည့် ပုဂ္ဂိုလ်များမှနေပြီး  ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စီမံ ဆောင်ရွက်ပေးသွားနိုင်မည့် အခြေအနေဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။

Zawgyi

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၃)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး အ႒မေန႔ (၆.၈.၂၀၁၉)

ဦးဉာဏ္ဟိန္း(သံျဖဴဇရပ္မဲဆႏၵနယ္)


မဲဆႏၵရွင္အေတာ္မ်ားမ်ားမွ အိမ္နီးခ်င္းမ်ားႏွင့္ နယ္နိမိတ္ျပႆနာျဖစ္ျခင္း၊ အခ်ိဳ႕ျပႆနာမ်ားမွာ လမ္းေျမကို က်ဴးေက်ာ္လာ၍ လမ္းက်ဥ္းလာရသည့္အတြက္ ျပည္သူမ်ားမွ တိုင္းထြာသတ္မွတ္ေပးေစ လိုေၾကာင္းကို တင္ျပၾကပါေၾကာင္း၊ ၎တို႔မွ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမႉးမ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး မ်ားထံ တင္ျပၾကေသာ္လည္း ထိေရာက္စြာေျဖရွင္းမေပးႏိုင္မရွိသည့္အတြက္ ေျမစာရင္းဦးစီးဌာနသို႔ စာတင္အကူအညီေတာင္းရာတြင္လည္း ဆိုင္ရာ


တရား႐ုံး၌ အမႈလုပ္ရန္ ၫႊန္ၾကားေၾကာင္း၊ တရား႐ုံး သို႔ အမႈဖြင္‌့ရန္စုံစမ္းရာတြင္လည္း ၎ျပႆနာသည္ ေျမစာရင္း႐ုံးႏွင့္သာဆိုင္ပါေၾကာင္း၊ တရားမ မႈဖြင့္ပါက အမႈစရိတ္ႏွင့္ အခ်ိန္ၾကာမည္ဟုေျပာေၾကာင္း ထို႔ေၾကာင့္မိမိထံသို႔ ကူညီေပးပါရန္ တင္ျပ လာၾကျခင္းျဖစ္ပါေၾကာင္း၊ ၎ကိစၥသည္ တစ္တိုင္းျပည္လုံးတြင္ ျဖစ္ေနေၾကာင္းကို ကိုယ္စားလွယ္  အခ်င္းခ်င္းေဆြးေႏြးၾကမွ သိရွိရပါေၾကာင္း၊ မိမိတို႔မွ ဆိုင္ရာဌာနမ်ားႏွင့္ တာဝန္၊ လုပ္ပိုင္ခြင့္မ်ားအရ ေပါင္းစပ္ညႇိႏႈိင္းသည့္ အခါတြင္ ေဘာလီေဘာအပုတ္ခံရပါသည္ဆိုသည့္ လူထုထင္မွတ္မွားရျခင္း အေၾကာင္းအရင္းကို ေဖာ္ထုတ္ေတြ႕ရွိလာခဲ့ရျခင္းျဖစ္ပါေၾကာင္း၊ ေျမစာရင္းက တိုင္းထြာေပး၍ မရျခင္း အေၾကာင္းအရင္းမွ ဆည္ေျမာင္းဦးစီးဌာန၊ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၏  ၁၅-၉-၂၀၁၆ ရက္စြဲပါ စာအမွတ္(၇၀၀၂/၆သ(၁))အရ ျဖစ္ပါေၾကာင္း၊ ယခုလို နယ္နိမိတ္ျပႆနာျဖစ္၍ လူထုကတင္ျပလာလွ်င္ ၫႊန္ၾကားထားသည္မွျမန္မာႏိုင္ငံ ေျမစာရင္းလက္စြဲ ပုဒ္မ ၉၇၅ အရ တိုင္းတာ ခြင့္မေပးဘဲ သက္ဆိုင္ရာတရား႐ုံး၌ ေျဖရွင္းေဆာင္႐ြက္ၾကေစရန္ႏွင့္ တရား႐ုံးမွ ၾကားနာစစ္ေဆးၿပီး တိုင္းထြာရန္ လိုအပ္သည္ဟု ယူဆပါက တရားမက်င့္ထုံးဥပေဒႏွင့္အညီ ေျမစာရင္း ဝန္ထမ္းတစ္ဦး အား Commissioner အျဖစ္ခန႔္အပ္ၿပီး ျမန္မာႏိုင္ငံေျမစာရင္းလက္စြဲဥပေဒ ပုဒ္မ ၉၇၇ အရ ေျမစာရင္း ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ထံ ခြင့္ျပဳခ်က္ေတာင္းခံ၍ တိုင္းထြာရန္ဟု ေတြ႕ရွိရပါေၾကာင္း၊  ၎ အတြက္ တရားစီရင္ေရးအာဏာဘက္တြင္ ၫႊန္ၾကားခ်က္မေပးဟု ၿမိဳ႕နယ္တရားသူႀကီးမွ ေျပာပါေၾကာင္း၊ ထို႔အျပင္ Commissioner ခန႔္ရမည္ဆိုပါက ၎၏ဝန္ထမ္းကို သာခန႔္ႏိုင္ၿပီး ေျမစာရင္းဝန္ထမ္းကို ခန႔္ႏိုင္မည္မဟုတ္ေၾကာင္းကို ရွင္းျပပါေၾကာင္း၊ ဌာနႏွစ္ခုေပါင္းစပ္ ေျဖရွင္း ရမည့္ကိစၥကို ေသခ်ာေပါင္းစပ္ညႇိႏႈိင္းထားျခင္းလည္းမျပဳခဲ့ဘဲ တရား႐ုံမွ တာဝန္ေပးခိုင္းလာၿပီးမွ တစ္ေခါက္၊ ႐ုံးခ်ဳပ္က ၫႊန္ၾကားေရးမႉးခ်ဳပ္ထံ ခြင့္ျပဳခ်က္ထပ္ေတာင္းအုံးဆိုသည့္ သူတစ္လူ ငါတစ္မင္းဆန္သည့္ လုပ္ထုံးလုပ္နည္းမ်ိဳးသည္ လူထုအေပၚ ဘယ္ေလာက္ဝန္ထုပ္ဝန္ပိုးျဖစ္ေနမလဲ ဆိုသည္ကို သုံးသပ္ေစလိုပါေၾကာင္း၊ မိမိတို႔သည္ အသြင္မတူေသာ အုပ္ခ်ဳပ္ေရးမွသည္ ဒီမိုကေရစီ အုပ္ခ်ဳပ္ေရးကို ကူးေျပာင္းေနၾကျခင္း ျဖစ္ပါေၾကာင္း၊ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးဆိုသည္မွာ လူထုကို ဗဟိုျပဳစီမံကိန္းေရးဆြဲၿပီး မ်က္ႏွာမူဆက္ဆံရသည့္အတြက္ လူထုကိုဝန္ေဆာင္မႈေပးရာတြင္ မွန္ကန္၊ မွ်တ၊ ေခ်ာေမြ႕၊ ျမန္ဆန္ဖို႔ လိုအပ္ပါေၾကာင္း၊ ထိုမွသာ လူထုဝန္ထုပ္ဝန္ပိုး မျဖစ္မည္ ျဖစ္ပါေၾကာင္း၊ ထို႔သို႔ျဖစ္ရန္အတြက္ မိမိတို႔တြင္ ရွိၿပီးသားအမိန႔္၊ ၫႊန္ၾကားခ်က္၊ စည္းမ်ဥ္းစည္းကမ္းႏွင့္ လုပ္ထုံးလုပ္နည္းမ်ားကို စိစစ္ၿပီးေျပာင္းေပးရန္ လိုအပ္ပါေၾကာင္း၊ ထို႔ေၾကာင့္ လယ္ယာ၊ အိမ္၊ ၿခံေျမတို႔၏ နယ္နိမိတ္အျငင္းပြားမႈမ်ားကို လ်င္ျမန္ထိေရာက္စြာ ‌ေျဖရွင္းေပးႏိုင္မည့္ လုပ္ထုံးလုပ္နည္း တစ္ရပ္ ေဖာ္ေဆာင္ေပးရန္ အစီအစဥ္ ရွိ/မရွိ ကိုသိလိုပါေၾကာင္း ေမးျမန္းပါသည္။


စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဦးလွေက်ာ္

တိုင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႕အားလုံး၏ သေဘာထားျပဳေျဖၾကားခ်က္မ်ားႏွင့္အတူ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ ေပါင္းစပ္ရွင္းလင္း ေျဖၾကားမည္ျဖစ္ပါေၾကာင္း၊ ေအာက္ေျခ ေျမျပင္ၿမိဳ႕နယ္၊ ေက်း႐ြာမ်ားတြင္ေျမကိစၥရႈပ္ေထြးမႈမ်ားသည္ မေလ်ာ္ကန္သည့္ အတၱႏွင့္ေလာဘ အေျခခံရလိုမႈတို႔အေပၚ အေျချပဳၿပီး အျငင္းပြားမႈမ်ားမွ ေပၚေပါက္လာရျခင္းျဖစ္သည္ကို ေတြ႕ရပါ ေၾကာင္း ၊ အျငင္းပြားမႈမ်ားေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ႀကီးအေနျဖင့္ ၎ေမးခြန္းကို ေမးျမန္း ရျခင္း ျဖစ္သည္ဟု သုံးသပ္ရပါေၾကာင္း၊ လူမ်ား၏မေလ်ာ္မကန္ ရလိုမႈတို႔ေၾကာင့္ လမ္းေပၚမ်ားကို က်ဴးေက်ာ္သည့္ကိစၥ၊ မိမိႏွင့္တစ္ဆက္တစ္စပ္တည္းရွိသည့္ နယ္နိမိတ္ကို က်ဴးေက်ာ္သည့္ကိစၥ၊ အရပ္စကားေျပာရရင္ ေျမခိုးသည့္ကိစၥမ်ား ျဖစ္ေပၚလ်က္ရွိပါေၾကာင္း၊ ၎ကိစၥမ်ားကို ျပန္လည္ ဆန္းစစ္ၾကည့္မည္ဆိုပါက မိမိ၏အေတြ႕အႀကဳံအရ ႏွစ္စဥ္မိဘႏွင့္သားသမီး၊ ညီအစ္ကို ေမာင္ႏွမ၊ ေဆြမ်ိဳးသားခ်င္း၊ တစ္ရပ္ထဲအတူေနသူေတြအခ်င္းခ်င္း အျငင္းပြားမႈမ်ားျဖစ္ေနသည့္ Case အေၾကာင္းအရာမ်ားကို  မိမိတို႔ဝန္ႀကီးဌာနကို တိုင္ၾကားမႈမ်ားလည္း ရွိပါေၾကာင္း၊  အခ်င္းခ်င္း အျငင္းပြားမႈမ်ားသည္ ညႇိႏႈိင္းေျဖရွင္းမရသည့္အဆုံး တရား႐ုံးေရာက္ တရားရင္ဆိုင္ေျဖရွင္းရသည့္ အထိ ျဖစ္ၾကရျခင္းျဖစ္ပါေၾကာင္း၊ ေျမယာႏွင့္ပတ္သက္ၿပီး လယ္ယာေျမ၊ အိမ္ၿခံေျမတို႔ႏွင့္ နယ္နိမိတ္ အျငင္းပြားမႈႏွင့္စပ္လ်ဥ္းၿပီး လုပ္ငန္းေဆာင္႐ြက္မႈအပိုင္းမ်ားအေပၚ မိမိအေနျဖင့္ ခြဲျခားစိတ္ျဖာ ရွင္းလင္းေျဖၾကားသြားမည္ျဖစ္ပါေၾကာင္း၊ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး စည္ပင္သာယာေရး နယ္နိမိတ္အတြင္းရွိ ေျမနယ္နိမိတ္တိုင္းတာမႈမ်ားကို သက္ဆိုင္ရာစည္ပင္သာယာေရးေကာ္မတီမ်ား က ေဆာင္႐ြက္ရပါေၾကာင္း၊ က်န္ရွိသည့္ ၿမိဳ႕ေျမ၊ ႐ြာေျမႏွင့္စိုက္ပ်ိဳးေျမစသည့္ ေျမမ်ားကို လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမွ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ အမ်ားျပည္သူ အက်ိဳးငွာ ျပင္ပပုဂၢိဳလ္မ်ားႏွင့္ အဖြဲ႕အစည္းမ်ားက ၎တို႔တရားဝင္ပိုင္ဆိုင္သည့္ အိမ္ၿခံေျမမ်ား၏ ေျမနယ္နိမိတ္မ်ားတိုင္းတာေပးရန္ ေလွ်ာက္ထားလာသည့္ ကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္းၿပီး အျငင္းပြားမႈ မရွိသည့္ ကိစၥရပ္မ်ားအတြက္ ျမန္မာႏိုင္ငံေျမစာရင္း လက္စြဲဥပေဒ အပိုဒ္ ၉၇၁၊ အပိုဒ္ ၉၇၂ ႏွင့္ အပိုဒ္ ၉၇၃ ပါျပ႒ာန္းခ်က္မ်ားအရ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ၏ ခြင့္ျပဳမိန႔္ရယူေဆာင္႐ြက္ၿပီး ေျမတိုင္းျခင္းမ်ားေဆာင္႐ြက္မႈရွိပါေၾကာင္း၊  လယ္ယာေျမဆိုသည့္ စကားရပ္တြင္ အက်ဳံးဝင္သည့္ေျမမ်ားကို ေတာင္သူလယ္သမားတစ္ဦးက် ၎၏ ဦးပိုင္ၿခံနယ္နိမိတ္ မ်ားကို ေျမပုံေပၚတြင္ ျပသေပးရန္ တင္ျပသည့္ကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္းၿပီး ေျမစာရင္းလက္စြဲဥပေဒ အပိုဒ္ ၉၇၄ ပါ ျပ႒ာန္းခ်က္အရ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနက ဦးပိုင္ျခား နယ္နိမိတ္ ကို ျပသေပးထားပါေၾကာင္း၊  ၿမိဳ႕ေျမ၊ ႐ြာေျမမ်ားအတြက္ ပိုင္ဆိုင္မႈအျငင္းပြားမႈရွိသည့္ ေျမနယ္နိမိတ္မ်ားတိုင္းတာေပးရန္ ေလွ်ာက္ထား လာသည့္ကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္းၿပီး ေျမစာရင္း လက္စြဲဥပေဒအပိုဒ္ ၉၇၅ တြင္ အခြန္ေျမတိုင္းစာေရးမ်ားက ဦးပိုင္ျခားနယ္နိမိတ္ကို ျပသျခင္း သို႔မဟုတ္ ဦးပိုင္ျခားနယ္နိမိတ္ကို တိုင္းတာသတ္မွတ္ေပးျခင္း စသည့္ကိစၥရပ္မ်ားတြင္ မွန္ကန္ျခင္း မရွိသည့္ေျမပုံကို အေျချပဳမိပါက မတရားသည့္ပိုင္ဆိုင္မႈမ်ား ျဖစ္တတ္မႈေၾကာင့္ ဦးပိုင္ျခားနယ္နိမိတ္ ကို တိုင္းတာသတ္မွတ္ေပးရန္ေလွ်ာက္ထားျခင္းကို သာမန္အားျဖင္‌့ ျငင္းပယ္ရမည္ဟု ျပ႒ာန္းထား ပါေၾကာင္း၊ ထို႔ေၾကာင့္ ေျမနယ္နိမိတ္အျငင္းပြားေနသည့္ ကာယကံရွင္မ်ားအေနျဖင့္ ၎တို႔၏ ေျမ ပိုင္ဆိုင္မႈမ်ားအတြက္ သက္ဆိုင္ရာတရား႐ုံးတြင္ ေျဖရွင္းေဆာင္႐ြက္ၾကရသည့္ အေျခအေနမ်ိဳး ျဖစ္ပါေၾကာင္း၊ နယ္နိမိတ္အျငင္းပြားသည့္ ေျမမ်ားအေပၚ ေျမတိုင္းတာေပးျခင္းႏွင့္ ပတ္သက္ၿပီး ၁၉၀၈ ခုႏွစ္၊ တရားမက်င့္ထုံးဥပေဒႏွင့္အညီ ေဆာင္႐ြက္ရျခင္း ျဖစ္ပါေၾကာင္း၊  ၎ဥပေဒ က႑အမွတ္ ၂၆၊ နည္းဥပေဒ ၉ တြင္ အျငင္းပြားသည့္ အေၾကာင္းအရာတစ္ရပ္ရပ္ကို ရွင္းလင္း ထင္ရွားေအာင္ျပဳလုပ္ရန္ျဖစ္ေစ၊ စိစစ္ရန္ျဖစ္ေစနယ္နိမိတ္အျငင္းပြားမႈမ်ား၊ မည္သည္‌့ေျမျဖစ္ေၾကာင္း အျငင္းပြားသည့္အမႈမ်ားကို ေဒသႏၲရစုံစမ္းစစ္ေဆးမႈျပဳလုပ္ႏိုင္ေၾကာင္း၊ ေဒသႏၲရစုံစမ္းစစ္ေဆးမႈကို တရား႐ုံးကမိမိသေဘာအတိုင္း ခြင့္ျပဳႏိုင္ေၾကာင္း၊ တရားမမႈ သို႔မဟုတ္ မႈခင္းကိစၥတစ္ခုခုမွာ ေျမေပၚကိုသြား‌ေ‌ရာက္စုံစမ္းဖို႔လိုအပ္လွ်င္ သက္ဆိုင္ရာတရား႐ုံးက ခ႐ိုင္လယ္ဝန္ သို႔မဟုတ္ ၎၏ လက္ေအာက္တြင္ရွိသည့္ အရာရွိတစ္ဦးဦးကို ၎ကိစၥေဆာင္႐ြက္ရန္ပုဂၢိဳလ္အျဖစ္  မခန႔္ထားမီ  ေ႐ြးခ်ယ္ထားသည့္ အရာရွိကို ခန႔္ထားႏိုင္ရန္အတြက္ ခြင့္ျပဳခ်က္ရယူရန္၊  ၎သို႔ ေဆာင္႐ြက္ ေပးျခင္းအတြက္ အခေၾကးေငြရယူခြင့္ျပဳရန္ ေကာ္လိတ္ေတာ္အရာရွိမွတစ္ဆင့္ ေၾကးတိုင္ႏွင့္ ေျမစာရင္းမင္းႀကီးထံ အမိန႔္ေတာင္းယူရမည္ျဖစ္ေၾကာင္း ျပ႒ာန္းထားရွိမႈႏွင့္အညီ ေဆာင္႐ြက္ရမည္ ျဖစ္ပါေၾကာင္း၊      ထို႔အတူ တရား႐ုံးမ်ားလက္စြဲဥပေဒအပိုဒ္-၂၉၂ (The Courts Manual Section 292) တြင္  တရားမမႈ သို႔မဟုတ္ မႈခင္းတစ္ရပ္ရပ္တြင္ တရားမက်င့္ထုံးဥပေဒ အမိန႔္ ၂၆ နည္း ၉ တြင္ ေဖာ္ျပထားသည့္ ကိစၥတစ္ရပ္ရပ္အတြက္ ေဒသႏၲရစုံစမ္းစစ္ေဆးရန္ လိုအပ္သည္ဟု ထင္ျမင္ပါက  လယ္ဝန္ထံသို႔ျဖစ္ေစ၊ ၎၏လက္ေအာက္ခံအရာရွိထံျဖစ္ေစ ေကာ္မရွင္အမိန႔္စာကို မထုတ္ေပး ေသးမီ ေ႐ြးခ်ယ္ထားသည့္အရာရွိကို ေကာ္မရွင္လူႀကီးအျဖစ္ခန႔္အပ္ရန္ႏွင့္ ေကာ္မရွင္အမိန႔္ကို အတည္ျပဳေဆာင္႐ြက္ရန္အတြက္ အခေငြကို ထိုအရာရွိကလက္ခံရယူႏိုင္ေစရန္ ခြင့္ျပဳခ်က္ကို ေကာ္လိတ္ေတာ္အရာရွိမွတဆင့္ ျမန္မာႏိုင္ငံ ေၾကးတိုင္ႏွင့္ေျမစာရင္းဦးစီးဌာနကေနၿပီး တရား႐ုံးတြင္ ရယူမည္ဟု  ျပ႒ာန္းထားပါေၾကာင္း၊           လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနအေနျဖင့္ နယ္နိမိတ္အျငင္းပြားမႈကိစၥရပ္မ်ားတြင္ ေျမတိုင္းတာေပးရန္ ေျမတိုင္းေကာ္မရွင္နာခန႔္အပ္ေၾကာင္းကို သက္ဆိုင္ရာတရား႐ုံးကေနၿပီး တရားမပုံစံ ၆၀ႏွင့္ အေၾကာင္းၾကားလာမည္ဆိုပါက  ဌာန၏ စာရင္း ေျမပုံမွတ္တမ္းမ်ားအေပၚ အေျခခံၿပီး လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ ယခင္ ေၾကးတိုင္ႏွင့္ ေျမစာရင္းမင္းႀကီး ယခုၫႊန္ၾကားေရးမႉးခ်ဳပ္၏ ခြင့္ျပဳမိန႔္ႏွင့္ ေျမစာရင္းလက္စြဲဥပေဒ အပိုဒ္ ၉၇၇  အရ ေျမတိုင္းတာ ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ နယ္နိမိတ္အျငင္းပြားသည့္ ကိစၥရပ္ မ်ား အတြက္ ေျမစာရင္းလက္စြဲဥပေဒပါ ျပ႒ာန္းခ်က္မ်ား၊ တရားမက်င့္ထုံးဥပေဒ အမိန႔္  ၂၆၊ နည္းဥပေဒ ၉ ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အတူ တရား႐ုံးလက္စြဲဥပေဒ အပိုဒ္၂၉၂ ပါ ျပ႒ာန္းခ်က္မ်ား ႏွင့္အညီ လယ္ယာေျမ စီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနအေနျဖင့္ သက္ဆိုင္ရာတရား႐ုံးမ်ား၏  ဥပေဒႏွင့္အညီ ေပါင္းစပ္ေျဖရွင္းေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ အျငင္းပြားမႈမရွိသည့္ ကိစၥရပ္မ်ား အတြက္ သက္ဆိုင္ရာ ပုဂၢလိကအဖြဲ႕အစည္းမ်ားမွ  ၎တို႔ပိုင္ဆိုင္သည့္ ေျမနယ္နိမိတ္ကို တိုင္းတာ ေပးရန္ ေလွ်ာက္ထားလာပါက တရား႐ုံးမ်ားကို တင္ျပေလွ်ာက္ထားရန္မလိုဘဲ ေျမစာရင္း လက္စြဲ ဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ ေျမတိုင္းတာေပးသည့္အခါ ၫႊန္ၾကားေရးမႉးခ်ဳပ္၏ ခြင့္ျပဳခ်က္ရယူရန္ လိုအပ္သည္မွာ တရားမက်င့္ထုံးဥပေဒႏွင့္ တရား႐ုံး လက္စြဲ ဥပေဒအရေဆာင္႐ြက္ျခင္းတြင္ နယ္နိမိတ္တိုင္းတာမႈ လြဲမွားသြားပါက သက္ဆိုင္ရာ ကာယကံရွင္မ်ား နစ္နာသြားႏိုင္သည့္အတြက္ တိက်မွန္ကန္မႈျဖစ္ေစရန္ တည္ဆဲဥပေဒႏွင့္အညီ ထိန္းေက်ာင္းၿပီး လုပ္ငန္းစဥ္အတိုင္း အဆင့္ဆင့္ေဆာင္႐ြက္ၾကရသည့္ အေနအထားျဖစ္သည့္ အေလ်ာက္ လုပ္ထုံး လုပ္နည္း ထပ္မံေဖာ္ထုတ္ရန္ လိုအပ္မႈရွိမည္မဟုတ္ပါေၾကာင္းျဖင့္ ျပန္လည္ေျဖၾကားခဲ့ပါသည္။

ဦးဉာဏ္ဟိန္း(သံျဖဴဇရပ္မဲဆႏၵနယ္)မွ ဆက္စပ္ေမးခြန္းေမးျမန္းပါသည္။

မိမိ ေမးခြန္းေမးသည့္ေနရာတြင္ အသုံးအႏႈန္းကို ခ်င့္ခ်ိန္ၿပီး ေရးရျခင္းျဖစ္ပါေၾကာင္း၊ လယ္ယာေျမ အျငင္းပြားမႈကို လယ္/စီအဖြဲ႕မ်ားႏွင့္  စစ္ေဆးေနသည္ကို သိပါေၾကာင္း၊ သို႔ေသာ္အဓိက မိမိေျပာခ်င္ သည္မွာ အိမ္နီးနားခ်င္း အခ်င္းခ်င္း ေျမခိုးသည့္ျပႆနာျဖစ္ပါေၾကာင္း၊ ဒါက ငါ့ေျမကို ၆ လက္မ ေလာက္ေတာ့ ေက်ာ္ၿပီးစိုက္ထားသည္ စသည္ျဖင့္ အခ်င္းခ်င္းၾကားတြင္ မညီမၫြတ္ေနသည့္အတြက္ ေျဖရွင္းရန္အတြက္ကိုက်ေတာ့လည္း လုပ္ထုံးလုပ္နည္းႀကီးမ်ား အဆင့္ဆင့္မ်ားသည္  မ်ားလြန္းသည့္ အတြက္ ျပည္သူမ်ားသည္ ၎ကို မလုပ္ခ်င္ၾကပါေၾကာင္း၊ အခ်င္းခ်င္း ေက်နပ္သလား ဆိုေတာ့ လည္း မေက်နပ္ပါေၾကာင္း၊ ရင္ထဲမွာ တအုံေႏြးေႏြးႏွင့္ အိမ္ခ်င္းသာကပ္ေနၾကၿပီး တစ္ေယာက္ႏွင့္ တစ္ေယာက္မတည့္ၾကသည္မွာ မ်ားပါေၾကာင္း၊  ႏွစ္ဦးႏွစ္ဖက္‌ေျပလည္ပါက ေျမစာရင္း႐ုံးေျမပုံႏွင့္ တိုင္းလိုက္႐ုံေလးႏွင့္ နယ္နိမိတ္အမွန္ထြက္လာမည္‌့ကိစၥႀကီးကို ႏွစ္ဦးႏွစ္ဖက္ေက်နပ္ေၾကာင္း လက္မွတ္ထိုး လိုက္ေသာ္လည္း  တရား႐ုံးသြားရန္သာေျပာေနသည့္အတြက္ ၎ေမးခြန္းကို မိမိ ေမးရျခင္း ျဖစ္ပါေၾကာင္း၊ အကယ္၍ ႏွစ္ဦးႏွစ္ဖက္ ေျမစာရင္း႐ုံး လာတိုင္းထြာၿပီး သတ္မွတ္ေပးသည့္ နယ္နိမိတ္ကို ေက်နပ္လက္ခံသည္ဆိုပါက ၎နည္းလမ္းႏွင့္ေျဖရွင္းေပးႏိုင္ျခင္းရွိ/မရွိကို သိလိုပါ ေၾကာင္း ဆက္စပ္ေမးခြန္းေမးျမန္းပါသည္။

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဦးလွေက်ာ္

ႏွစ္ဦးႏွစ္ဖက္ညႇိႏႈိင္းၿပီး ေျပလည္သြားမည္ဆိုသည့္ကိစၥရပ္တစ္ခုသည္ ၎ေျမတိုင္းတာမႈအတြက္ အျငင္းပြားမႈမျဖစ္ခင္တည္းက ရွိသင့္သည့္ကိစၥရပ္တစ္ခုျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္၎အျငင္းပြားမႈ ကိစၥျဖစ္ေပၚလာၿပီးသည့္ အခ်ိန္အခုလိုႏွစ္ဦးႏွစ္ဖက္ေျပလည္စြာျဖင့္ ညႇိႏႈိင္းေဆာင္႐ြက္သြားမည္ ဆိုပါက အေကာင္းဆုံးနည္းလမ္းျဖစ္ပါေၾကာင္း၊ ၎ကို မိမိတို႔ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္း ဦးစီးဌာန သက္ဆိုင္ရာတာဝန္ရွိသည့္ ပုဂၢိဳလ္မ်ားမွေနၿပီး  ဥပေဒလုပ္ထုံးလုပ္နည္းႏွင့္အညီ စီမံ ေဆာင္႐ြက္ေပးသြားႏိုင္မည့္ အေျခအေနျဖစ္ပါေၾကာင္း ေျဖၾကားခဲ့ပါသည္။

0 comments:

Post a Comment