#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

Friday, September 25, 2020

0 comments

လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ(၇) လုပ်ရာတွင် လုပ်ငန်းစဉ် အဆင့်(၂) ဖြစ်သည့် ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ (ပုံစံ ၂) ဖြင့် ကြေညာရမည်ဆိုသော်လည်း သက်ဆိုင်ရာက မကြေညာပဲ အဆင့်ကျော် ဆောင်ရွက်ခဲ့လျှင် ဘာလုပ်ကြမလဲ



လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လယ်ယာမြေ ဥပဒေ ပုဒ်မ (၆) အရ

(က)   လူပုဂ္ဂိုလ်ဖြစ်ပါက -

        (၁)  လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်စု သည် တောင်သူ လယ်သမားအိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင် ဖြစ်ရမည်။

        (၂)   လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်သားစု အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်သားစုတွင်ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူသည် ဤဥပဒေ   ပြဋ္ဌာန်းအတည်မပြုမီ          တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင် လက်ရှိလက်ငုတ်လုပ်ကိုင်နေသူ ဖြစ်ရမည်။

လယ်ယာမြေ မူလမှုခင်းဆုံးဖြတ်မှုများနဲ့ပါတ်သက်လို့ အရေးပါသော လက်ငုတ်မြဲခြင်းကိစ္စ

Sunday, September 20, 2020

0 comments

 လယ်ယာမြေ မူလမှုခင်းဆုံးဖြတ်မှုများနဲ့ပါတ်သက်လို့ ဆုံးဖြတ်ကြရာမှာ လက်ငုတ်မြဲခြင်းသည် အရေးပါပုံကို

ဆရာဦးဇော်မင်း(နတ်မောက်) နဲ့ DVB မေးဖြေ Lawlab မှ ဗဟုသုတအလို့ငှာ ပြန်လည်မျှဝေလိုက်ပါတယ်။

https://www.facebook.com/dvblawlab/videos/1254845051513926/

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

Friday, September 18, 2020

0 comments

 ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ





နေပြည်တော် စက်တင်ဘာ ၁၇


ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  Video Conferencing စနစ်ဖြင့် ကျင်းပသည်။


အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေ နည်းဥပဒေအရ လျော်ကြေး၊ နစ်နာကြေး ပေးချေနိုင်ရေး တွက်ချက် ဆောင်ရွက်ရာတွင် အဓိကအားဖြင့် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့် မြေသည် တည်ဆဲ လယ်ယာမြေ ဥပဒေအရ ပေးလျော်ရမည့် မြေအမျိုးအစား မှန်ကန်မှုကို ဦးစွာအဓိကထားပြီး စိစစ်ရပါကြောင်း၊

လယ်၊ လယ်ယာ၊ ဥယျဉ်ခြံ၊ မြေများကို နယ်နိမိတ်ပြဿနာဖြစ်ခြင်း၊ လမ်းမြေကို ကျူးကျော်ခြင်း ကိစ္စရပ်များအတွက် မြေတိုင်းတာခြင်းဆိုင်ရာကိစ္စများ၊ တရားရုံးတော်မှ မြေတိုင်းကောင်မရှင်နာဖွဲ့ ခြင်း အကြောင်း လွှတ်တော် အမေး အဖြေ။

Sunday, September 6, 2020

0 comments
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၆.၈.၂၀၁၉)
ဦးဉာဏ်ဟိန်း(သံဖြူဇရပ်မဲဆန္ဒနယ်)
 

မဲဆန္ဒရှင်အတော်များများမှ အိမ်နီးချင်းများနှင့် နယ်နိမိတ်ပြဿနာဖြစ်ခြင်း၊ အချို့ပြဿနာများမှာ လမ်းမြေကို ကျူးကျော်လာ၍ လမ်းကျဉ်းလာရသည့်အတွက် ပြည်သူများမှ တိုင်းထွာသတ်မှတ်ပေးစေ လိုကြောင်းကို တင်ပြကြပါကြောင်း၊ ၎င်းတို့မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး များထံ တင်ပြကြသော်လည်း ထိရောက်စွာဖြေရှင်းမပေးနိုင်မရှိသည့်အတွက် မြေစာရင်းဦးစီးဌာနသို့ စာတင်အကူအညီတောင်းရာတွင်လည်း ဆိုင်ရာ

ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်း

Monday, August 24, 2020

0 comments

ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

Year of publication2019
PublisherForest Department
Place of publicationNay Pyi Taw, Myanmar
Other Entities InvolvedForest Department, CFNWG, FAO
Pages43
AuthorFAO
LanguageMyanmar

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သုံးစွဲသည့်အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ပိုမိုသိရှိနားလည်းနိုင်စေရန် ရည်ရွယ်ပါသည်။

လယ်ယာမြေနှင့် အမွေဆက်ခံခွင့်ပြဿနာများ နှင့် Illeagally Transaction ဖြစ်ရပုံ သုံးသပ်ချက်

0 comments

 လယ်ယာမြေနှင့် အမွေဆက်ခံခွင့်ပြဿနာများအပေါ်သုံးသပ်ချက်


DVB Law Lab မှ ဆရာ ဦးဇော်မင်း(နတ်မောက်) အမေးအဖြေ

ယခု ကာလပိုင်းများမှာ လယ်ယာမြေလုပ်ပိုင်ခွင့်အား အမွေဆက်ခံမှုအတွက် တရားရုံးများ၏ စိရင် ဆုံးဖြတ် မှုနှင့် လယ်စီအဖွဲ့များ၏ မြေယာစီမံခန့်ခွဲရေး အမြင်အရ စစ်ဆေး ဆုံးဖြတ် သုံးသပ်မှုတို့၏ ကွဲလွဲမှုများ တွေ့လာရပါတယ်။ 

တရားရုံးမှ ဥပဒေပြဌာန်းချက်ပါ ပုဒ်မများ၊ စကားရပ်များကို အခြေပြု ဖွင့်ဆိုကောက်ချက်ချပြီး ဥပဒေ စကား လုံးပေါ် မှီတည် သုံးသပ်ပါတယ်။ မြေယာစိမံခန့်ခွဲမှု သဘောတရားကတော့ ဥပဒေ ပြဌာန်းချက်ကို ဖြစ်စဉ်နှင့် ယှဉ်တွဲ သုံးသပ် ဆုံးဖြတ်ပါတယ်။ 

တစ်လောလေးက လယ်စီအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် တရားရုံး၏ ဆုံးဖြတ်ချက် ကွဲလွဲမှုတစ်ရပ်ကို  တွေ့ရတဲ့ အပေါ် ဆွေးနွေးတင်ပြလိုပါတယ်။ 

အခြားနည်းသုံးခွင့်နှင့် ဆိုင်ခွင့်၊ ပိုင်ခွင့်ဆိုသည်မှာ

Wednesday, August 19, 2020

0 comments
အခြားနည်းသုံးခွင့်နှင့် ဆိုင်ခွင့်၊ ပိုင်ခွင့်ဆိုသည်မှာ
====================================
ကိုကိုဦး

၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ယနေ့ကာလအထိ မြေယာလောက၌ ရေပန်းစားလာသောစကားရပ် တစ်ခုမှာ “အခြားနည်းသုံးစွဲခွင့်” ဆိုသည့် စကားရပ်ဖြစ်ပါသည်။ အများပြည်သူအနေဖြင့် အဆိုပါ စကားရပ်အပေါ် နားလည် မှုလွဲမှားစွာဖြင့် ကောက်ချက်ချဆောင်ရွက်မှုများ တွေ့ရှိနေရပြီး ယခုတိုင် ဖြေရှင်း၍ ပြီးဆုံးနိုင်ခြင်းမရှိသေးသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ကိစ္စရပ်များ၌လည်း ထဲထဲဝင်ဝင်ပါဝင်နေကြောင်း တွေ့ရှိရသဖြင့် ‘အခြားနည်းသုံးစွဲခွင့်’ဆိုသည့် ဝေါဟာရ အနက်အဓိပ္ပာယ်သဘောနှင့် အဆိုပါ အခြားနည်းသုံးစွဲခွင့်ပြုချက် ရရှိထားသည့် မြေအား ဆိုင်ခွင့်၊ ပိုင်ခွင့်ဆိုသည့် အကြောင်းအရာများကို