လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ(၇) လုပ်ရာတွင် လုပ်ငန်းစဉ် အဆင့်(၂) ဖြစ်သည့် ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ (ပုံစံ ၂) ဖြင့် ကြေညာရမည်ဆိုသော်လည်း သက်ဆိုင်ရာက မကြေညာပဲ အဆင့်ကျော် ဆောင်ရွက်ခဲ့လျှင် ဘာလုပ်ကြမလဲ
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားခြင်း
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
လယ်ယာမြေ ဥပဒေ ပုဒ်မ (၆) အရ
(က) လူပုဂ္ဂိုလ်ဖြစ်ပါက -
(၁) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်စု သည် တောင်သူ လယ်သမားအိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင် ဖြစ်ရမည်။
(၂) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်သားစု အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်သားစုတွင်ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူသည် ဤဥပဒေ ပြဋ္ဌာန်းအတည်မပြုမီ တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင် လက်ရှိလက်ငုတ်လုပ်ကိုင်နေသူ ဖြစ်ရမည်။