#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

မြေစာရင်းဌာန မြေပိုင်ဆိုင်မှုမှတ်တမ်း (I A) တွင် ဖေါ်ပြသော ပိုင်ဆိုင်မှု အမျိုးအစားများ

Thursday, July 9, 2020

0 comments
မြေစာရင်းဌာန မြေပိုင်ဆိုင်မှုမှတ်တမ်း (I A) တွင်ဖေါ်ပြသော ပိုင်ဆိုင်မှု အမျိုးအစားများ

မြေစာရင်းပုံစံ ၁၀၅ ၁၀၆ တွင် ဖော်ပြပါရှိသော ပိုင်ဆိုင်ခွင့် မြေအတန်းအစားများနှင့်ပတ်သက်၍ အတိုကောက်အသုံးအနှုန်းများကို သိရှိနိုင်စေဖို့ ဆရာဦးဇော်မင်း နတ်မောက်၏ရေးသားပြုစုထားမှုအားသိရှိနိုင်ရန် မျှဝေအပ်ပါသည်။


Crd:
မူရင်းလင့်
https://m.facebook.com/story.php?story_fbid=302797010055667&id=203253823343320

ပုံစံ ၁၀၅ သက်သေခံတဲ့ မိတ္တူနဲ့ သက်သေမခံတဲ့ မိတ္တူအကြောင်း

Wednesday, July 8, 2020

0 comments
ပုံစံ ၁၀၅ ဆိုတာဘာလဲ ။ ပုံစံ ၁၀၅ နဲ့ မြေယာအရောင်းအဝယ် လုပ်နေကြတာ တရားဝင်ပါသလား ။ ပိုင် ဆိုင်မှုခိုင်မာပါသလား

ပုံစံ ၁၀၅ ကို ရောထွေးတဲ့ အမြင်ရှိပါတယ်။ ပုံစံ ၁၀၅ က မြေသိမ်းလို့မရသလို မြေပိုင်ဆိုင်မှုမှတ်တမ်း လို့ လည်း ပြောလို့မရပါဘူး။ ရှင်းရှင်းပြောရရင်တော့ မြေခွန်မိတ္တူမျှသာ ဖြစ်ပါတယ်။ မြေစရင်းဌာနမှာ ရှိတဲ့ စာ တမ်း တွေ ကို အပြင်မှာမိတ္တူကူးခွင့်ပေးပါတယ်။ ပေးတဲ့ အခါမှာ နှစ်မျိုးရှိပါတယ်။ သက်သေခံတဲ့ မိတ္တူနဲ့ သက်သေမခံတဲ့ မိတ္တူဆိုပြီးနှစ်မျိုးရှိပါတယ်။ သက်သေခံမိတ္တူဆိုတာက သက်ဆိုင်ရာသူတစ်ယောက်က ဒီမြေတော့ ဘယ် လောက် ကျယ်တယ်ဆိုတာသိချင်တယ်၊ လက်မှာကိုင်ထားချင်တယ် ဆိုပြီး

(၂) မိဘမသေခင် သားကအရင်သေပါက မယားဖြစ်သူ အမွေမရထိုက်ကြောင်း အမေးအဖြေ

0 comments

မိဘမသေခင် သားကအရင်သေပါက မယားဖြစ်သူ အမွေမရထိုက်ကြောင်း အမေးအဖြေ

အမွေကိစ္စအတွက် ဗဟုသုတအနေဖြင့် လေ့လာလိုလျှင် အောက်က DVB Law Lab လင့်မှာ တိုက်ရိုက်ဝင်ကြည့်နိုင်ပါတယ်...
https://m.facebook.com/story.php?story_fbid=1759599537552224&id=599219823590207

My Fb link
https://m.facebook.com/story.php?story_fbid=2809564425996845&id=100008299453644

ဂရန်မြေ

Tuesday, July 7, 2020

0 comments
ဂရန်မြေ

(က)       စဝ်စိုးဝင်းမှာ တရားလို ဒေါ်မြင့်ကြည်၏  ခင်ပွန်းဖြစ်ကြောင်း၊ ဒေါ်နန်းတစ်တီလား ကွယ်လွန်သော အခါ ၎င်း၏ မြေးလေးယောက် ဒေါ်စင်ကြည်ရွှေ ( တရားပြိုင် ) စဝ်ကြည်လင်၊ စောရွှေကိုနှင့် စဝ်စိုးဝင်း ( တရား လို၏ခင်ပွန်း ) တို့က အချင်းဖြစ် မြေကွက် အပါအဝင် ဟော်မြေကွက်ကြီးအား ဆက်ခံကြကြောင်း၊  ၎င်းမြေ ကွက်ကြီးကို စဝ်စိုးဝင်း အမည်ဖြင့် ဂရန်ပေါက်ကြောင်း၊ တရားပြိုင် ဒေါ်စဝ်ကြည်ရွှေသည် အချင်းဖြစ်မြေကွက် ပေါ်၌ မူလကပင် အိမ်ဆောက်၍ နေထိုင်လာခဲ့ကြောင်း ၊ အမှုတွဲမှတ်တမ်းအရ ပေါ်ပေါက်သည်။ ထို့ကြောင့် အချင်းဖြစ်မြေကွက် အပါအဝင် ယခင်က ဟော်ဆောက်လုပ် နေထိုင်ခဲ့သည့်

၂၅နှစ်ခန့် အနှောက်အယှက်မရှိနေထိုင်လာရုံမျှဖြင့် မြေကိုပိုင်ကြောင်း မြွတ်ဟဒီကရီချမှတ်မပေးသင့်... အယူခံမှု

Saturday, June 27, 2020

0 comments
၂၅နှစ်ခန့် အနှောက်အယှက်မရှိနေထိုင်လာရုံမျှဖြင့် မြေကိုပိုင်ကြောင်း မြွတ်ဟဒီကရီချမှတ်မပေးသင့်... အယူခံမှု

အယူခံတရားလို၏ရှေ့နေက ဒေါ်လတ်တို့သည် အချင်းဖြစ်မြေတွင် ၂၅နှစ်ခန့် အနှောက်အယှက်မရှိနေထိုင်လာသည်ဖြစ်၍ ထိုမြေကိုပိုင်ကြောင်း မြွတ်ဟဒီကရီချမှတ်ပေးသင့်ကြောင်း တင်ပြလျှောက်ထားသည်။ သူတစ်ဦးတစ်ယောက်သည် ထိုသို့အနှောက်အယှက်မရှိ ကာလအတန်အကြာနေထိုင်ရုံမျှဖြင့် အလိုအလျောက် မြေပိုင်ရှင်အဖြစ်သို့ ရောက်ရှိသွားကြောင်း ဥပဒေပြဌာန်းချက်မရှိပေ။ မြေကိုလက်ရှိထားခြင်းနှင့် ပိုင်ဆိုင်ခြင်းတို့သည် သီးခြားအကြောင်းအရာများဖြစ်သည်။
ဒေါ်လတ်(ခ)ဒေါ်လှ နှင့် ဒေါ်အမလေး
၁၉၈၄ မတစ စာ ၁၉၂

လယ်မြေကို ဒဏ်ကြေးငွေသတ်မှတ်ပြီး အခြားနည်းလမ်းသုံးစွဲခွင့်ပြုရန် ရန်ကုန်တိုင်းအစိုးရစီစဉ်နေ

Monday, June 22, 2020

0 comments
လယ်မြေကို ဒဏ်ကြေးငွေသတ်မှတ်ပြီး အခြားနည်းလမ်းသုံးစွဲခွင့်ပြုရန် ရန်ကုန်တိုင်းအစိုးရစီစဉ်နေ


ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေများကို ဒဏ်ကြေး ငွေကောက်ခံပြီး အခြားနည်းလမ်း သုံးစွဲခွင့်ပြုပေးရန် စီစဉ်နေသည် ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားကြောင်းမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်း ကြိုင်က ပြောသည်။
ဇွန်လ ၁၇ ရက်က ပြုလုပ် သည့် ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီနှင့် တိုင်းဒေသကြီးအတွင်း လယ်ယာ၊ သားငါးကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေ သည့် အသင်းအဖွဲ့များနှင့် ပုဂ္ဂလိ ကလုပ်ငန်းရှင်

လယ်မြေနှင့် တရားမစီရင်ပိုင်ခွင့်

Monday, June 15, 2020

0 comments
"လယ်မြေနှင့် တရားမစီရင်ပိုင်ခွင့်"

“လယ်ယာမြေ”

‘လယ်ယာမြေ’ ဆိုသည်မှာ စိုက်ပျိုးရေးအတွက် အသုံးပြုသည့် သို့တည်းမဟုတ် လက်ရှိထားသည့် မြေကိုဆိုလို သည်။

{( ၁၉၆၃ခုနှစ်၊သီးစားချထားရေး ဥပဒေပုဒ်မ -၂ ( ၁) ( ခ )၊ ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး နည်းဥပဒေပုဒ်မ-၂( ဂ )၊ ၁၉၆၃ ခုနှစ်၊ တောင်သူလက်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေပုဒ်မ -၂( က ))}

ရှင်းလင်းချက် ( ၁ ) ။ ။ ထိုစကားရပ်တွင် လူအများအခေါ်အဝေါ်အားဖြင့် လယ်ယာ၊ ကိုင်းမြေဟု သော် လည်းကောင်း၊ ကြက်ပေါင်းစေး၊ ဓနိ၊ ဥယျာဉ်ခြံမြေဟုသော်လည်းကောင်း၊ ဟင်းသီး ဟင်းရွက်၊ ပန်းမာလ်