ပုံစံ ၁၀၅ ဆိုတာဘာလဲ ။ ပုံစံ ၁၀၅ နဲ့ မြေယာအရောင်းအဝယ် လုပ်နေကြတာ တရားဝင်ပါသလား ။ ပိုင် ဆိုင်မှုခိုင်မာပါသလား
ပုံစံ ၁၀၅ ကို ရောထွေးတဲ့ အမြင်ရှိပါတယ်။ ပုံစံ ၁၀၅ က မြေသိမ်းလို့မရသလို မြေပိုင်ဆိုင်မှုမှတ်တမ်း လို့ လည်း ပြောလို့မရပါဘူး။ ရှင်းရှင်းပြောရရင်တော့ မြေခွန်မိတ္တူမျှသာ ဖြစ်ပါတယ်။ မြေစရင်းဌာနမှာ ရှိတဲ့ စာ တမ်း တွေ ကို အပြင်မှာမိတ္တူကူးခွင့်ပေးပါတယ်။ ပေးတဲ့ အခါမှာ နှစ်မျိုးရှိပါတယ်။ သက်သေခံတဲ့ မိတ္တူနဲ့ သက်သေမခံတဲ့ မိတ္တူဆိုပြီးနှစ်မျိုးရှိပါတယ်။ သက်သေခံမိတ္တူဆိုတာက သက်ဆိုင်ရာသူတစ်ယောက်က ဒီမြေတော့ ဘယ် လောက် ကျယ်တယ်ဆိုတာသိချင်တယ်၊ လက်မှာကိုင်ထားချင်တယ် ဆိုပြီး
ကိုယ်ရေးကိုယ်တာ ကိစ္စအသုံးပြုဖို့ အတွက် တောင်းလိုက်တာကို သက်သေမခံတော့ ဘဲနဲ့ထုတ်ပေးလိုက်တယ်။ အကယ်၍ ရုံးတစ်ရုံးကို တင်ပြ မယ်။ တရားရုံးတင်ရင်တင်မယ်၊ စာချုပ်စာတမ်း ချုပ်ဖို့ မှတ်ပုံတင်ရုံးကို တင်မယ်၊ မြေလွတ်မြေရိုင်းလျှောက်ဖို့ သက်ဆိုင်ရာ ရုံးကိုတင်ရမယ်၊ ဂရမ်လျှောက်ဖို့ သက်ဆိုင်တဲ့ ထွေအုပ်ကို တင်ရမယ်၊ မြေရာမှုခင်း စစ်ဖို့ လယ် စီကို တင်ရမယ်။ ဒီလို ရုံးတစ်ရုံးကို တင်ဖို့ ထုတ်ပေးတဲ့ မြေပုံကို သက်သေခံမြေပုံ လို့ခေါ်တယ်။ ဒါက ပုံစံ ၁၀၅ ပေါ့။ မုန်ကန်ကြောင်း သက်သေခံရတယ်။ ပိုင်ရှင်ကို အဓိကမဟုတ် မြေ၊ အိမ်ယာအချက်အလက်တွေ မှန်ကန် ကြောင်း သက်သေခံရတာပါ။
ဒီမှာဘာပါလဲဆိုတော့ ဘယ်သူက လျှောက်တာလဲ၊ လျှောက်တဲ့မြေကွက်က ဦးပိုင်နံပတ်ဘယ်လောက်၊ ဧရိယာ ဘယ်လောက်၊ အခွန်စည်းကြပ်ခံရတဲ့သူက ဘယ်သူလဲ၊ ပိုင်ဆိုင်ခွင့်အနေ ထားက ဘယ်သူလဲ ဒါတွေဖော်ပြ ပါတယ်။ အရေးကြီးတာက ဘာကြောင့်ရေးကူးပေးသလဲပေါ့။ သူက ပိုင် ဆိုင်မှု အတွက် လုပ်တာမဟုတ်ဘူး၊ တစ်ခုခုလျှောက်ဖို့ိုဆိုတဲ့ ကိစ္စတစ်ခုအတွက်နဲ့ပဲပေးတာပါ။ ဥပမာ စာချုပ်စာတမ်း မှတ်ပုံတင်ဖို့၊ ဂရမ်လျှောက်ဖို့၊ အိမ်ဆောက်ဖို့ ဆိုတဲ့ အကြောင်းအရာတွေ ရေးပြီးတော့ ထုတ် ပေးတဲ့မြေပုံပါ။ သူကို ဒီမြေပိုင်တယ်ဆိုတဲ့ အာမခံချက်ထုတ်ပေးထာတဲ့ မြေပုံမဟုတ်ပါဘူး၊ နောက်ကိစ္စတစ်ရပ် ဆောင်ရွက်ဖို့ အတွက်ပေးတာပါ။
ပုံစံ ၁၀၅ ပြပြီးအရောင်းအဝယ်လုပ်တယ။် ခိုင်မာလား မခိုင်မာလားဆိုတာ ၂ မျိုးရှိပါတယ်။ မြို့ကွက်တွေမှာ အိမ်ယာမြေတွေ အရောင်းဝယ်လုပ်ရင် ပုံစံ ၁၀၅ ပူးတွဲတင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမတစ်ချက် က စာချုပ်မှာပြထားတဲ့တည်နေရာ မှန်လား၊ မမှန်လားဆိုတာ ပုံစံ ၁၀၅ နဲ့ ပူးတွဲစစ်နိုင်အောင်၊ နောက်တစ်ခုက ပုံစံ ၁၀၅ မှာက လျှောက်ထားလိုက်တာနဲ့ ပိုင်ရှင်အမည်ပါတယ်။ လျှောက်ထားသူနဲ့ပိုင်ရှင်နဲ့က တူချင်မှတူတာ ဆိုတော့ လျှောက်တဲ့သူကို ပိုင်တယ်လို့ပြောလို့မရပါဘူး။ ဒါ့ကြောင့် စစ်လို့ရအောင် ပုံစံ ၁၀၅ ကိုပူးတွဲတင်ရ တာပါ။ ဒါက လယ်ယာမြေမှာတော့ အဓိကမကျပါဘူး။ လယ်ယာမြေမှာက ပုံစံ ၇ က အဓိကပါ။ ပုံစံ ၇ ကခိုင်မာပါ တယ်။ ၁၀၅ က မခိုင်မာပါဘူး။ မြို့ကွက်မှာ ကတော့ ၁၀၅ က အထောက်အထား တစ်ရပ်ဖြစ် ပါတယ် ဆိုတာ ဖြေကြားပေးချင်ပါတယ် ။
#DVBlawlab #DVBtvnews #ပုံစံ၁၀၅
(Zawgyi)
ပုံစံ ၁၀၅ ဆိုတာဘာလဲ ။ ပုံစံ ၁၀၅ နဲ႔ ေျမယာအေရာင္းအ၀ယ္ လုပ္ေနၾကတာ တရား၀င္ပါသလား ။ ပိုင္ ဆိုင္မႈခိုင္မာပါသလား။
ပုံစံ ၁၀၅ ကို ေရာေထြးတဲ့ အျမင္ရွိပါတယ္။ ပုံစံ ၁၀၅ က ေျမသိမ္းလို႔မရသလို ေျမပိုင္ဆိုင္မႈမွတ္တမ္း လို႔ လည္း ေျပာလို႔မရပါဘူး။ ရွင္းရွင္းေျပာရရင္ေတာ့ ေျမခြန္မိတၱဴမွ်သာ ျဖစ္ပါတယ္။ ေျမစရင္းဌာနမွာ ရွိတဲ့ စာတမ္း ေတြ ကို အျပင္မွာမိတၱဴကူးခြင့္ေပးပါတယ္။ ေပးတဲ့ အခါမွာ ႏွစ္မ်ိဳးရွိပါတယ္။ သက္ေသခံတဲ့ မိတၱဴနဲ႔ သက္ေသမခံတဲ့ မိတၱဴဆိုၿပီးႏွစ္မ်ိဳးရွိပါတယ္။ သက္ေသခံမိတၱဴဆိုတာက သက္ဆိုင္ရာသူတစ္ေယာက္က ဒီေျမေတာ့ ဘယ္ ေလာက္ က်ယ္တယ္ဆိုတာသိခ်င္တယ္၊ လက္မွာကိုင္ထားခ်င္တယ္ ဆိုၿပီး ကိုယ္ေရးကိုယ္တာ ကိစၥအသုံးျပဳဖို႔ အတြက္ ေတာင္းလိုက္တာကို သက္ေသမခံေတာ့ ဘဲနဲ႔ထုတ္ေပးလိုက္တယ္။ အကယ္၍ ႐ုံးတစ္႐ုံးကို တင္ျပ မယ္။ တရား႐ုံးတင္ရင္တင္မယ္၊ စာခ်ဳပ္စာတမ္း ခ်ဳပ္ဖို႔ မွတ္ပုံတင္႐ုံးကို တင္မယ္၊ ေျမလြတ္ေျမ႐ိုင္းေလွ်ာက္ဖို႔ သက္ဆိုင္ရာ ႐ုံးကိုတင္ရမယ္၊ ဂရမ္ေလွ်ာက္ဖို႔ သက္ဆိုင္တဲ့ ေထြအုပ္ကို တင္ရမယ္၊ ေျမရာမႈခင္း စစ္ဖို႔ လယ္ စီကို တင္ရမယ္။ ဒီလို ႐ုံးတစ္႐ုံးကို တင္ဖို႔ ထုတ္ေပးတဲ့ ေျမပုံကို သက္ေသခံေျမပုံ လို႔ေခၚတယ္။ ဒါက ပုံစံ ၁၀၅ ေပါ့။ မုန္ကန္ေၾကာင္း သက္ေသခံရတယ္။ ပိုင္ရွင္ကို အဓိကမဟုတ္ ေျမ၊ အိမ္ယာအခ်က္အလက္ေတြ မွန္ကန္ ေၾကာင္း သက္ေသခံရတာပါ။
ဒီမွာဘာပါလဲဆိုေတာ့ ဘယ္သူက ေလွ်ာက္တာလဲ၊ ေလွ်ာက္တဲ့ေျမကြက္က ဦးပိုင္နံပတ္ဘယ္ေလာက္၊ ဧရိယာ ဘယ္ေလာက္၊ အခြန္စည္းၾကပ္ခံရတဲ့သူက ဘယ္သူလဲ၊ ပိုင္ဆိုင္ခြင့္အေန ထားက ဘယ္သူလဲ ဒါေတြေဖာ္ျပ ပါတယ္။ အေရးႀကီးတာက ဘာေၾကာင့္ေရးကူးေပးသလဲေပါ့။ သူက ပိုင္ဆိုင္မႈ အတြက္ လုပ္တာမဟုတ္ဘူး၊ တစ္ခုခုေလွ်ာက္ဖိုိ႔ုဆိုတဲ့ ကိစၥတစ္ခုအတြက္နဲ႔ပဲေပးတာပါ။ ဥပမာ စာခ်ဳပ္စာတမ္း မွတ္ပုံတင္ဖို႔၊ ဂရမ္ေလွ်ာက္ဖို႔၊ အိမ္ေဆာက္ဖို႔ ဆိုတဲ့ အေၾကာင္းအရာေတြ ေရးၿပီးေတာ့ ထုတ္ေပးတဲ့ေျမပုံပါ။ သူကို ဒီေျမပိုင္တယ္ဆိုတဲ့ အာမခံခ်က္ထုတ္ေပးထာတဲ့ ေျမပုံမဟုတ္ပါဘူး၊ ေနာက္ကိစၥတစ္ရပ္ ေဆာင္႐ြက္ဖို႔ အတြက္ေပးတာပါ။
ပုံစံ ၁၀၅ ျပၿပီးအေရာင္းအဝယ္လုပ္တယ။္ ခိုင္မာလား မခိုင္မာလားဆိုတာ ၂ မ်ိဳးရွိပါတယ္။ ၿမိဳ႕ကြက္ေတြမွာ အိမ္ယာေျမေတြ အေရာင္းဝယ္လုပ္ရင္ ပုံစံ ၁၀၅ ပူးတြဲတင္ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပထမတစ္ခ်က္ က စာခ်ဳပ္မွာျပထားတဲ့တည္ေနရာ မွန္လား၊ မမွန္လားဆိုတာ ပုံစံ ၁၀၅ နဲ႔ ပူးတြဲစစ္ႏိုင္ေအာင္၊ ေနာက္တစ္ခုက ပုံစံ ၁၀၅ မွာက ေလွ်ာက္ထားလိုက္တာနဲ႔ ပိုင္ရွင္အမည္ပါတယ္။ ေလွ်ာက္ထားသူနဲ႔ပိုင္ရွင္နဲ႔က တူခ်င္မွတူတာ ဆိုေတာ့ ေလွ်ာက္တဲ့သူကို ပိုင္တယ္လို႔ေျပာလို႔မရပါဘူး။ ဒါ့ေၾကာင့္ စစ္လို႔ရေအာင္ ပုံစံ ၁၀၅ ကိုပူးတြဲတင္ရ တာပါ။ ဒါက လယ္ယာေျမမွာေတာ့ အဓိကမက်ပါဘူး။ လယ္ယာေျမမွာက ပုံစံ ၇ က အဓိကပါ။ ပုံစံ ၇ ကခိုင္မာပါ တယ္။ ၁၀၅ က မခိုင္မာပါဘူး။ ၿမိဳ႕ကြက္မွာ ကေတာ့ ၁၀၅ က အေထာက္အထား တစ္ရပ္ျဖစ္ ပါတယ္ ဆိုတာ ေျဖၾကားေပးခ်င္ပါတယ္ ။
#DVBlawlab #DVBtvnews #ပုံစံ၁၀၅
Crd:DVB Law Lab မှ ကူယူဖော်ပြပါသည်။
Crd:DVB Law Lab မွ ကူယူေဖာ္ျပပါသည္။
0 comments:
Post a Comment