#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားခြင်း

Sunday, August 16, 2020

0 comments

 လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လယ်ယာမြေ ဥပဒေ ပုဒ်မ (၆) အရ

(က)   လူပုဂ္ဂိုလ်ဖြစ်ပါက -

        (၁)  လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်စု သည် တောင်သူ လယ်သမားအိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင် ဖြစ်ရမည်။

        (၂)   လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်သားစု အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်သားစုတွင်ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူသည် ဤဥပဒေ   ပြဋ္ဌာန်းအတည်မပြုမီ          တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင် လက်ရှိလက်ငုတ်လုပ်ကိုင်နေသူ ဖြစ်ရမည်။

        (၃)  ဤဥပဒေ ပြဋ္ဌာန်းပြီးနောက်  ဤဥပဒေနှင့်ဖြစ်စေ၊ ဤဥပဒေအရပြုသည့် နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေ တရားဝင်အကျိုးခံစားခွင့်ရရှိသူ ဖြစ်ရမည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့် ညွှန်ကြားချက်များ

Friday, August 14, 2020

0 comments

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့်  ညွှန်ကြားချက်များ



၁။ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်အပြိုင်လျှောက်ထားခြင်းများ ကန့်ကွက်ခြင်းများဆုံးဖြတ်ရာတွင် လိုက်နာရမည့်အခြေခံအချက်များ။

၂။ လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ပြီးနောက် လယ်ယာမြေအငြင်းပွားမှုများကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင်ရောက်ရာတွင်ထုတ်ပေးပြီးသည့် လယ်ယာအမြလုပ်ပိုင်ခွင့်ပုံစံ(၇)လက်မှတ်ကို တောင်းယူခြင်းဆိုင်ရာနည်းလမ်း။

၃။ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးပြီးနောက် အငြင်းပွားမှုဖြေရှင်းခြင်းနှင့်အယူခံခြင်း ဆုံးဖြတ်ရာတွင် လိုက်နာကျင့်သုံးဆောင်ရွက်ရမည့် အခြေခံအချက်များ။

၄။ ရပ်ကွက်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားသော မူလမှုခင်းများအား ဖြေရှင်းဆောက်ရွက်ရန်နည်းလမ်း။

၅။ မြေယာအငြင်းပွားမှုပြီးပြတ်ပြီးနောက် ဆုံးဖြတ်ချက်နှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပြောင်းလဲပြင်ဆင်ထုတ်ပေးနိုင်ရေးနှင့် စပ်လျင်း၍ လုပ်ထုံးလုပ်နည်းပြဌာန်းခြင်း။

၆။ လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် လုပ်ပိုင်ခွင့်ရရှိသူများမှတ်ပုံတင်စာရင်း (ပုံစံ-၅)၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအလိုက် လုပ်ပိုင်ခွင့် မှတ်ပုံတင်စာရင်း (ပုံစံ-၁၁) တို့အားစနစ်တကျထိမ်းသိမ်းထားရှိရန်နှင့် ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားရန်နည်းလမ်း။

အကောင်းဆုံး ပြင်ဆင်ပေးထားတဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်အတွက် ပုံစံများ ကို ပုံနဲ့တကွတင်ပေးလိုက်ပါတယ်...

Saturday, August 8, 2020

0 comments

 လယ်ယာမြေ လုပ်ပိုင်ခွင့်အတွက် ပုံစံများ 


""ကျနော် ကိုယ်တိုင် အပင်ပန်းခံ လုပ်ထားတဲ့ အကောင်းဆုံး ပြင်ဆင်ပေးထားတဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်အတွက် ပုံစံများ ကို ပုံနဲ့တကွတင်ပေးလိုက်ပါတယ်...ပုံစံဖြည့်သွင်းနိုင်တဲ့ Word File ကိုပါတွဲတင်ပေးထားပါတယ်..ကြည်လင်ပြတ်သားစွာကြည့်ရှုလေ့လာနိုင်ဖို့ PDF Fileလေးပါ တင်ပေးထားတယ်...ဒေါင်းလုပ် မလုပ်တတ်သူတွေအတွက် JPG နဲ့ ဓါတ်ပုံလုပ်တင်ပေးထားသေးတယ်..နော်""

*အားလုံးအဆင် ပြေကြပါစေ*....


ပုံစံ(၁) 👉     လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ

ပုံစံ(၂) 👉      လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ

ပုံစံ (၂-က) 👉လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့ကကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ

ပုံစံ(၃) 👉     လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ မှတ်ပုံစာရင်း

နိုင်ငံတော်ရန်ပုံငွေ နဲ့ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဘယ်လောက်ထိရောက်အောင်မြင်ခဲ့သလဲ အခုရော ဆက်လုပ်နေသေးလားသိဖို့

Friday, August 7, 2020

0 comments

နိုင်ငံတော်ရန်ပုံငွေ နဲ့ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဘယ်လောက် ထိရောက်အောင်မြင်

ခဲ့သလဲ အခုရော ဆက်လုပ်နေသေးလား သိဖို့ အများသူငှာ ဗဟုသုတရဖို့ အတွက် မူရင်း

www.moali.gov.mm မှ Copy ယူတင်ပြပေးလိုက်ပါတယ်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း

စီမံကိန်းနောက်ခံအကြောင်းအရာ

၁။        ကျေးလက်နေပြည်သူများအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရပြည့်ဝစေရန် ရည်မှန်း၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ဆရာ ဦးဇော်မင်း(နတ်မောက်) ၏ သမိုင်းတစ်စအား တူးဆွ ပြခြင်း

Monday, August 3, 2020

0 comments
ဆရာ ဦးဇော်မင်း(နတ်မောက်) ၏

သမိုင်းတစ်စအား တူးဆွ ပြခြင်း...

၂၀၁၂ လယ်ယာမြေဥပဒေ ပေါ်ထွက်လာပြီးနောက် ဥပဒေ၏ အားနည်းချို့ယွင်းမှုများကြောင့် ပြဿနာ အများကြီး ရင်ဆိုင် တွေ့ကြုံရသည့် အထဲတွင် တောင်သူလယ်သမားများသာမက ဌာန ၀န်ထမ်းငယ်များလည်း တစ်အုပ်တစ်မ ပါ၀င်ခဲ့ပါတယ်။ အဲဒီတော့ အဖြစ်မှန် မသိကြတဲ့ ၀န်ထမ်းငယ်များက ထိုအချိန်ကာလက တာ၀န်ရှိသူများ၊ အကြီးတန်း အရာရှိများကို အပြစ်တင်ကြပါတယ်။ ဆရာတို့ ရေးဆွဲခဲ့တဲ့ ဥပဒေကြောင့် ဟု လက်ညိုး ဝိုင်းထိုးကြပါတယ်။

အမှု‌ခေါ် စာချွန်တော်အမိန့်ဖြင့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ နောက်ဆုံးအတည်ပြုဆုံးဖြတ်ချက်ကို ပယ်ဖျက်ခြင်း

Saturday, August 1, 2020

0 comments

အမှု‌ခေါ် စာချွန်တော်အမိန့်ဖြင့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ နောက်ဆုံးအတည်ပြုဆုံးဖြတ်ချက်ကို ပယ်ဖျက်ခြင်း

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန်လျှောက်ထားသည့်အခါ ဆောင်ရွက်ရသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တူညီမှုမရှိခြင်း ၊ လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှု၏ အဓိပ္ပါယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွ့သည် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) ထုတ်ပေခဲ့းပြီးဖြစ်သည့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုကိုသာ မူလမှုခင်းဖွင့်လှစ်၍ စစ်ဆေးဆုံးဖြတ်ခွင့် ရှိခြင်း။

လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု သူအားဒဏ်ကြေးငွေပေးဆောင်စေခြင်း

0 comments
လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု သူအား လယ်ယာမြေဥပဒေအရ သတ်မှတ်သည့်ဒဏ်ကြေးငွေပေးဆောင်စေခြင်းသည် လယ်ယာမြေဥပဒေ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း ကို တရားလွှတ်တော်ချုပ်ရဲ့ အမှုခေါ်စာချွန်တော် ထုတ်ဆင့် ပယ်ဖျက်ခြင်းက ယနေ့ အချိန်ဆိုရင် မှန်နိုင်ပါအုံးမလား  

မွေးမြူရေးအတွက် တစ်ဧက ၃၀၀၀ ကျပ် အခြားကိစ္စရပ်များအတွက် ၃၀% ဆိုတာတွေနဲ့  သဟဇာတ ဖြစ်/မဖြစ်
အောက်မှာ ၂၀၁၆ ကကိစ္စလေးပြန်တင်ပေးလိုက်ပါတယ်။ 
တရားမအထွေထွေလျှောက်ထားမှု