#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

ဆရာ ဦးဇော်မင်း(နတ်မောက်) ၏ သမိုင်းတစ်စအား တူးဆွ ပြခြင်း

Monday, August 3, 2020

ဆရာ ဦးဇော်မင်း(နတ်မောက်) ၏

သမိုင်းတစ်စအား တူးဆွ ပြခြင်း...

၂၀၁၂ လယ်ယာမြေဥပဒေ ပေါ်ထွက်လာပြီးနောက် ဥပဒေ၏ အားနည်းချို့ယွင်းမှုများကြောင့် ပြဿနာ အများကြီး ရင်ဆိုင် တွေ့ကြုံရသည့် အထဲတွင် တောင်သူလယ်သမားများသာမက ဌာန ၀န်ထမ်းငယ်များလည်း တစ်အုပ်တစ်မ ပါ၀င်ခဲ့ပါတယ်။ အဲဒီတော့ အဖြစ်မှန် မသိကြတဲ့ ၀န်ထမ်းငယ်များက ထိုအချိန်ကာလက တာ၀န်ရှိသူများ၊ အကြီးတန်း အရာရှိများကို အပြစ်တင်ကြပါတယ်။ ဆရာတို့ ရေးဆွဲခဲ့တဲ့ ဥပဒေကြောင့် ဟု လက်ညိုး ဝိုင်းထိုးကြပါတယ်။

လယ်ယာမြေဥပဒေက ၂၀၀၆ ခုနှစ် ကျွန်တော် နေပြည်တော်  မြေယာစီမံဌာနခွဲကို ရောက်စဉ်ကပင် မူကြမ်းရေးဆွဲနေပါပြီ။ တကယ့် အကြမ်းစားဘဲ ရှိပါသေးတယ်။  ရန်ကုန် လသခရုံးဟောင်းမှာ လူဟောင်းများ ဖြစ်တဲ့ ဆရာဦး၀င်းနိုင်တို့ ၊ ဦးကျော်တင့်၊ ဦးမြင့်ဦး၊ ဦးသန်းတို့ကိုပါ ဖိတ်ခေါ်ပြီး ၂ လ တစ်ကြိမ်လော က် စုဝေး တိုင်ပင် ဖြည့်စွက် ရေးသားလာကြ၊ နေပြည်တော် ရုံးချုပ်မှာ အကြိမ်ကြိမ် ဖြည့်စွက်ကြနဲ့ ၂၀၀၆ မူကြမ်းမှ ၂၀၀၇၊ ၂၀၀၈၊ စသည်ဖြင့် ၂၀၁၁ ထိ မူကြမ်းများ ရေးဆွဲကြပါတယ်။ ၂၀၁၁ မှာ ပြည်ထောင်စု အစိုးရက လယ်ယာမြေဥပဒေ ရေးဆွဲရေး ကော်မရှင် ဖွဲ့စည်းပေးတဲ့အခါ အတော့်ကို ပီပြင်တဲ့ guide line များနဲ့ မူကြမ်း တစ်စောင် ရလာပါတယ်။

သို့သော် တောင်သူလယ်သမားများ၏ ကံကြမ္မာလို့ဘဲ ပြောရမလား၊ ဌာနမှာ အကုသိုလ် ၀င်ချင်လို့လား မသိပါဘူး။ ဒီဖက် အုပ်ချုပ်ရေး မဏ္ဍိုင်က တာ၀န်ရှိသူများနှင့် Focal Dept  ဖြစ်တဲ့ လယ် ဆည်၀န်ကြီးဌာနမှ ဥပဒေကြမ်းရေးဆွဲနေစဉ်မှာ ရပ်ဆိုင်းလိုက်ရပါတယ်။

ယခင်အစိုးရအဖွဲ့၀င်ဟောင်းတစ်ဦးဆီမှာ ပါသွားတဲ့ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ စသည့် မူကြမ်းများကို အခြေခံပြီး ၄င်းကိုယ်စားလှယ်မှ Private Bill  အဖြစ် တင်လိုက်တာကို လွှတ်တော်က ပြဌာန်းလိုက်သည့်အတွက် ဒီဘက်က ဘာမှ ဆက်လုပ်လို့ မရ ဖြစ်သွားပါတယ်။ ပြည်ထောင်စု အစိုးရက တာ၀န်ပေးသည့် ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင်က  ရေးဆွဲတဲ့ ဥပဒေကြမ်း ဆက်လက် အကောင်အထည် ဖေါ်ခွင့် မရတော့ပါ။

ကော်မရှင်က ရေးဆွဲလက်စတန်းလန်း လယ်ယာမြေဥပဒေကြမ်းနဲ့ ၂၀၁၂ လယ်ယာမြေဥပဒေ မတူပါဘူး။ ၀န်ကြီးဌာန မှ ရေးဆွဲတဲ့ ဥပဒေလို့ လက်ညိုးထိုးနေသူများ လေ့လာကြည့်ကြပါ။

လယ်ယာမြေဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်ဖွဲ့စည်းခြင်း
[ အမိန့်ကြော်ငြာစာအမှတ် (၄၄/ ၂၀၁၁) ]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
လယ်ယာမြေဥပဒေကြမ်း ရေးဆွဲရေးကော်မရှင်ဖွဲ့စည်းခြင်း
အမိန့်ကြော်ငြာစာအမှတ် (၄၄/ ၂၀၁၁)
၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်
(၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်)
 
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်နှင့် နိုင်ငံသားအား လုံးတို့၏ အမျိုးသားရေးအကျိုးစီးပွားအတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး လက်တွေ့လိုက်နာအသုံးပြုနိုင် မည့်လယ်ယာမြေဥပဒေသစ်တစ်ရပ် ပေါ်ထွန်းလာစေနိုင်ရန် လယ်ယာမြေဥပဒေကြမ်း ရေးဆွဲရေး ကော်မရှင်ကိုအောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-

(က) ပြည်ထောင်စုဝန်ကြီး
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဥက္ကဋ္ဌ
(ခ) ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ
(ဂ) ဒုတိယရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
(ဃ) ဒုတိယဝန်ကြီး
အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အဖွဲ့ဝင်
(င) ညွှန်ကြားရေးမှူးချုပ်
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန အဖွဲ့ဝင်
(စ) ဦးဆောင်ညွှန်ကြားရေးမှူး
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန အဖွဲ့ဝင်
(ဆ) ညွှန်ကြားရေးမှူးချုပ်
မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန အဖွဲ့ဝင်
(ဇ) ညွှန်ကြားရေးမှူးချုပ်
သတ္တုတွင်းဝန်ကြီးဌာန အဖွဲ့ဝင်
(ဈ) ညွှန်ကြားရေးမှူးချုပ်
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန အဖွဲ့ဝင်
(ည) ညွှန်ကြားရေးမှူးချုပ်
ယဉ်ကျေးမှုဝန်ကြီးဌာန အဖွဲ့ဝင်
(ဋ) ညွှန်ကြားရေးမှူးချုပ်
သာသနာရေးဝန်ကြီးဌာန အဖွဲ့ဝင်
(ဌ) ဒုတိယဥက္ကဋ္ဌ ၊ ဗဟိုဘဏ်
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန အဖွဲ့ဝင်
(ဍ) ညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  တွဲဖက်အတွင်းရေးမှူး
(ဎ) ညွှန်ကြားရေးမှူးချုပ်
ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ၊ အတွင်းရေးမှူး

                                              အမိန့်အရ

                                        တင်မျိုးကြည်
                                        အတွင်းရေးမှူး  ၊
                                  ပြည်ထောင်စုအစိုးရအဖွဲ့

အဆိုပါ ကော်မ၇ှင်က ရေးဆွဲသည့် ဥပဒေကြမ်း၏ Out Line များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(တစ်ခုတော့ ရှိပါရဲ့.. ပြည်ထောင်စုလွှတ်တော်က ဥပဒေ ပြဌာန်းပြီးသည့်အခါ နည်းဥပဒေ ရေးဆွဲ ရာမှာတော့ ၀န်ကြီးဌာနက တာ၀န်ခံ ရေးဆွဲ ရပါတယ်။ အဲဒီတုံးကလဲ ပြန် မပြောချင်ပါဘူးဗျာ။  အကုသိုလ် များပါတယ်။)











Crd; ဆရာ ဦးဇော်မင်း(နတ်မောက်) ၏ သမိုင်းတစ်စအား တူးဆွ ပြခြင်းကို Copy ယူတင်ပြပါသည်။

0 comments:

Post a Comment