အမှုခေါ် စာချွန်တော်အမိန့်ဖြင့် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ နောက်ဆုံးအတည်ပြုဆုံးဖြတ်ချက်ကို ပယ်ဖျက်ခြင်း
လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန်လျှောက်ထားသည့်အခါ ဆောင်ရွက်ရသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တူညီမှုမရှိခြင်း ၊ လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှု၏ အဓိပ္ပါယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွ့သည် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) ထုတ်ပေခဲ့းပြီးဖြစ်သည့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုကိုသာ မူလမှုခင်းဖွင့်လှစ်၍ စစ်ဆေးဆုံးဖြတ်ခွင့် ရှိခြင်း။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးစိုးညွှန်နှင့် ဦးမြသိမ်းတို့ရှေ့တွင်-
ဦးကြည်ရှင် နှင့် ဥက္ကဌ ၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးပါ ၂ ။
(၂၀၁၅ ခုနှစ်၊ တရာမအထွေထွေလျှောက်ထားမှု အမှတ် ၁၀၀)
0 comments:
Post a Comment