#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိပြီးသူကသာ လယ်ယာမြေကို အခြားနည်းဖြင့် အသုံး ပြုခွင့် လျှောက်ထားခွင့်ရှိသဖြင့် ခွင့်ပြုမိန့်မရရှိဘဲ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု သူအား လယ်ယာမြေဥပဒေအရ သတ်မှတ်သည့်ဒဏ်ကြေးငွေပေးဆောင်စေခြင်းသည် လယ်ယာမြေဥပဒေ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း။

Monday, August 17, 2020

0 comments

တရားမအထွေထွေလျှောက်ထားမှု

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော

 ဦးမြသိမ်းနှင့် ဦးအောင်ဇော်သိန်းတို့ ရှေ့တွင်

 

ဒေါ်ခင်စန်းလွင်

နှင့်

ဥက္ကဋ္ဌ

ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့

မွန်ပြည်နယ်ပါ ၄

(၂၀၁၆ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၅၄)

 

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ရရှိပြီးသူကသာ လယ်ယာမြေကို အခြားနည်းဖြင့် အသုံး ပြုခွင့် လျှောက်ထားခွင့်ရှိသဖြင့် ခွင့်ပြုမိန့်မရရှိဘဲ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြု သူအား လယ်ယာမြေဥပဒေအရ သတ်မှတ်သည့်ဒဏ်ကြေးငွေပေးဆောင်စေခြင်းသည် လယ်ယာမြေဥပဒေ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိခြင်း။

(၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်)

 

ဆုံးဖြတ်ချက်                   ။ လယ်ယာမြေဥပဒေပုဒ်မ ၁၂ (ဆ) အရ လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိ ဘဲ အခြားနည်းသုံးစွဲပါက ဝန်ကြီးဌာန (ပြည်ထောင်စုအစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) က ဤကိစ္စအလို့ငှာ ခန့်အပ်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် သတ်မှတ်

လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိရန် လျှောက်ထားသည့်အခါ ဆောင်ရွက်ရသည့် ဥပဒေ၊ နည်းဥပဒေ များနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တူညီမှု မရှိ ခြင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်အငြင်းပွားမှု၏ အဓိပ္ပါယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သည် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ - ၇) ထုတ်ပေးခဲ့ပြီးဖြစ်သည့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုကိုသာ မူလမှုခင်းဖွင့်လှစ်၍ စစ်ဆေးဆုံး ဖြတ်ခွင့်ရှိခြင်း။

0 comments


တရားမအထွေထွေလျှောက်ထားမှု

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော

ဦးစိုးညွန့်နှင့် ဦးမြသိမ်း တို့ရှေ့တွင်

 

ဦးကြည်ရှင်

နှင့်

ဥက္ကဋ္ဌ

တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး ပါ ၂

(၂၀၁၅ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၁၀၀)

 

လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိရန် လျှောက်ထားသည့်အခါ ဆောင်ရွက်ရသည့် ဥပဒေ၊ နည်းဥပဒေ များနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တူညီမှု မရှိ ခြင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်အငြင်းပွားမှု၏ အဓိပ္ပါယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သည် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် (ပုံစံ - ၇) ထုတ်ပေးခဲ့ပြီးဖြစ်သည့် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုကိုသာ မူလမှုခင်းဖွင့်လှစ်၍ စစ်ဆေးဆုံး ဖြတ်ခွင့်ရှိခြင်း။

(၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်)

 

ဆုံးဖြတ်ချက်                   ။ လယ်ယာမြေဥပဒေပုဒ်မ ၁၃ တွင် ဤဥပဒေအာဏာတည်ပြီးသည့် နောက်လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု အရှုပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင် မှတ်ပုံ တင်ထားပြီးမှသာ တရားဝင်ဖြေရှင်းဆောင်ရွက်နိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

လယ်ယာမြေဥပဒေပြဋ္ဌာန်းအတည်မပြုမီ တည်ဆဲမြေယာဥပဒေများနှင့် အညီတရားဝင်လက်ရှိလက်ငုတ်ဖြစ်သူအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်း။

0 comments

 

တရားမအထွေအထွေလျှောက်ထားမှု

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသော

ဦးမြသိမ်း နှင့် ဦးမြင့်အောင်တို့ရှေ့တွင်

ဦးဝင်းလွင်

နှင့်

ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့

ရန်ကုန်တိုင်းဒေသကြီး ပါ- ၅

(၂၀၁၆ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၁၂၇)

လယ်ယာမြေဥပဒေပြဋ္ဌာန်းအတည်မပြုမီ တည်ဆဲမြေယာဥပဒေများနှင့်

အညီတရားဝင်လက်ရှိလက်ငုတ်ဖြစ်သူအား လယ်ယာမြေ

လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးခြင်း။

 

(၂၀၁၇ ခုနှစ်၊ ဇွန်လ ၅ ရက်)

ဆုံးဖြတ်ချက်။                   လျှောက်ထားခံရသူအမှတ် ၅ ဦးသိန်းလွင် အချင်းဖြစ်လယ်မြေ ၄၅.၈၁ ဧက၏ မူလပိုင်ရှင်ဖြစ်သူ ဘကြီး ဦးကျော်ငြိမ်းနှင့် ၂၀၁၀ ပြည့်နှစ်၌ မြေယာမှုခင်းဖြစ်ပွားပြီးနောက် ဓနုတ်ကျေးရွာ၊ ရယကနှင့် ဒလမြို့နယ်မြေစာရင်းဦးစီးဌာနတို့၏ ဆုံးဖြတ်ချက်အရ အချင်းဖြစ်လယ်မြေ ၄၅.၈၁ ဧကကို ဆက်လက်လုပ်ကိုင်ခွင့် ရရှိခဲ့သူဖြစ်ပြီး ဦးကျော်ငြိမ်းကွယ်လွန်ပြီးနောက် ဦးသိန်းလွင်မှ လက်ရှိလက်ငုတ် လုပ်ကိုင်နေကြောင်း သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က စိစစ်တွေ့ရှိရ၍ ဦးသိန်းလွင်အား ၁၅-၁၀-၂၀၁၃ ရက်နေ့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ-၇၊ (၄) စောင် ထုတ်ပေးခဲ့ခြင်းသည် ဥပဒေနှင့်ညီညွတ်မှုမရှိဟု ဆိုနိုင်မည်မဟုတ်ပေ။

          လျှောက်ထားသူသည် အချင်းဖြစ်လယ်မြေတွင်စိုက်ပျိုးလုပ်ကိုင်နေကြောင်း ခိုင်လုံသော အထောက်အထား တင်ပြနိုင်မှုမရှိခြင်း၊ လျှောက်ထားခံရသူအမှတ် ၅ သည် အချင်းဖြစ်လယ်မြေများကို ၂၀၀၇ ခုနှစ်မှစ၍ လက်ရှိလက်ငုတ်လုပ်ကိုင်နေသူဖြစ်၍ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက် များနှင့် ညီညွတ်မှုရှိခြင်းတို့ကြောင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အချင်းဖြစ်လယ်မြေများကို လျှောက်ထားခံရသူအမှတ် ၅ အား လုပ်ကိုင်ခွင့်ပြုကြောင်း ဆုံးဖြတ်ခဲ့ခြင်းအပေါ် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အတည်ပြုခဲ့ခြင်းသည်ယင်းတို့၏ စီရင်ပိုင်ခွင့်အာဏာအရ ဆောင်ရွက်ခြင်း ဖြစ်၍ ယင်းဆုံးဖြတ်ချက်များအပေါ် အမှုခေါ်စာချွန်တော်အမိန့် ထုတ်ဆင့်ပယ်ဖျက်ရန်အကြောင်း မရှိပေ။

လျှောက်ထားသူအတွက်       -        ဦမြင့်ဆွေ၊

                                                တရားလွှတ်တော်ရှေ့နေ

လျှောက်ထားခံရသူအမှတ်    -        ဒေါ်ယုယုခင်၊ ညွှန်ကြားရေးမှူး

(၁ မှ ၄) အတွက်                          ပြည်ထောင်စုရှေ့နေချုပ်ရုံး

လျှောက်ထားခံရသူအမှတ်    -        ဦးခင်မြ၊ တရားလွှတ်တော်ရှေ့နေ

(၅) အတွက်

          ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ဓနုတ်စံပြကျေးရွာအုပ်စု၊ ကွင်းအမှတ် ၂၃၆-အေ၊ ဘုရားကြီးချောင်းကွင်း၊ ဦးပိုင်အမှတ် ၁၂/ ၁၊ ၁၃/ က/ ၅၊ ၁၃/ ခ/ ၇၊၁၃ /ခ / ၈ ဧရိယာ ၄၅.၈၁ ဧကရှိ လယ်ယာမြေနှင့်စပ်လျဉ်း၍ လျှောက်ထားသူဦးဝင်းလွင်နှင့် လျှောက်ထားခံရသူ အမှတ် ၅ ဦးသိန်းလွင်

လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အဆင့်ဆင့်ဆုံးဖြတ်ချက်သည် တရားစီရင်ရေးသဘော သက်ဝင်သည့် ဆုံးဖြတ်ချက်ဖြစ်၍ အမှုခေါ်စာချွန်တော်အမိန့် လျှောက်ထားရန်ဖြစ်ခြင်း။ အမှုခေါ်စာချွန်တော် အမိန့်ကို လျှောက်ထားတောင်းခံရာတွင် စည်းကမ်းသတ်ကာလ။

0 comments


တရားမအထွေထွေလျှောက်ထားမှု

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသော

ဦးစိုးညွန့်၊ ဦးအောင်ဇော်သိန်းနှင့် ဦးစိုးနိုင် တို့ရှေ့တွင်

 

ဦးမောင်ရွှေ

နှင့်

ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပါ- ၅

(၂၀၁၇ ခုနှစ်၊ တရားမအထွေထွေလျှောက်ထားမှုအမှတ် ၆၇ )

လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အဆင့်ဆင့်ဆုံးဖြတ်ချက်သည် တရားစီရင်ရေးသဘော သက်ဝင်သည့် ဆုံးဖြတ်ချက်ဖြစ်၍ အမှုခေါ်စာချွန်တော်အမိန့် လျှောက်ထားရန်ဖြစ်ခြင်း။ အမှုခေါ်စာချွန်တော် အမိန့်ကို လျှောက်ထားတောင်းခံရာတွင် စည်းကမ်းသတ်ကာလ။

 

(၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်)

ဆုံးဖြတ်ချက်။                   လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ ဆုံးဖြတ်ချက်သည် တရားစီရင်မှုသဘော သက်ဝင်သည့် ဆုံးဖြတ်ချက်ဖြစ်၍ လျှောက်ထားသူများသည် အာဏာပေးစာချွန်တော်အမိန့်လျှောက်ထားရန် မဟုတ်ဘဲ အမှုခေါ်စာချွန်တော်အမိန့် လျှောက်ထားရန်ဖြစ်သည်။

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားခြင်း

Sunday, August 16, 2020

0 comments

 လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ထားခြင်း

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

လယ်ယာမြေ ဥပဒေ ပုဒ်မ (၆) အရ

(က)   လူပုဂ္ဂိုလ်ဖြစ်ပါက -

        (၁)  လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်စု သည် တောင်သူ လယ်သမားအိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင် ဖြစ်ရမည်။

        (၂)   လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်သားစု အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်သားစုတွင်ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူသည် ဤဥပဒေ   ပြဋ္ဌာန်းအတည်မပြုမီ          တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင် လက်ရှိလက်ငုတ်လုပ်ကိုင်နေသူ ဖြစ်ရမည်။

        (၃)  ဤဥပဒေ ပြဋ္ဌာန်းပြီးနောက်  ဤဥပဒေနှင့်ဖြစ်စေ၊ ဤဥပဒေအရပြုသည့် နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေ တရားဝင်အကျိုးခံစားခွင့်ရရှိသူ ဖြစ်ရမည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့် ညွှန်ကြားချက်များ

Friday, August 14, 2020

0 comments

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့် ပတ်သက်သည့်  ညွှန်ကြားချက်များ



၁။ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်အပြိုင်လျှောက်ထားခြင်းများ ကန့်ကွက်ခြင်းများဆုံးဖြတ်ရာတွင် လိုက်နာရမည့်အခြေခံအချက်များ။

၂။ လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင်ပြီးနောက် လယ်ယာမြေအငြင်းပွားမှုများကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင်ရောက်ရာတွင်ထုတ်ပေးပြီးသည့် လယ်ယာအမြလုပ်ပိုင်ခွင့်ပုံစံ(၇)လက်မှတ်ကို တောင်းယူခြင်းဆိုင်ရာနည်းလမ်း။

၃။ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးပြီးနောက် အငြင်းပွားမှုဖြေရှင်းခြင်းနှင့်အယူခံခြင်း ဆုံးဖြတ်ရာတွင် လိုက်နာကျင့်သုံးဆောင်ရွက်ရမည့် အခြေခံအချက်များ။

၄။ ရပ်ကွက်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားသော မူလမှုခင်းများအား ဖြေရှင်းဆောက်ရွက်ရန်နည်းလမ်း။

၅။ မြေယာအငြင်းပွားမှုပြီးပြတ်ပြီးနောက် ဆုံးဖြတ်ချက်နှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပြောင်းလဲပြင်ဆင်ထုတ်ပေးနိုင်ရေးနှင့် စပ်လျင်း၍ လုပ်ထုံးလုပ်နည်းပြဌာန်းခြင်း။

၆။ လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် လုပ်ပိုင်ခွင့်ရရှိသူများမှတ်ပုံတင်စာရင်း (ပုံစံ-၅)၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအလိုက် လုပ်ပိုင်ခွင့် မှတ်ပုံတင်စာရင်း (ပုံစံ-၁၁) တို့အားစနစ်တကျထိမ်းသိမ်းထားရှိရန်နှင့် ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားရန်နည်းလမ်း။

အကောင်းဆုံး ပြင်ဆင်ပေးထားတဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်အတွက် ပုံစံများ ကို ပုံနဲ့တကွတင်ပေးလိုက်ပါတယ်...

Saturday, August 8, 2020

0 comments

 လယ်ယာမြေ လုပ်ပိုင်ခွင့်အတွက် ပုံစံများ 


""ကျနော် ကိုယ်တိုင် အပင်ပန်းခံ လုပ်ထားတဲ့ အကောင်းဆုံး ပြင်ဆင်ပေးထားတဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်အတွက် ပုံစံများ ကို ပုံနဲ့တကွတင်ပေးလိုက်ပါတယ်...ပုံစံဖြည့်သွင်းနိုင်တဲ့ Word File ကိုပါတွဲတင်ပေးထားပါတယ်..ကြည်လင်ပြတ်သားစွာကြည့်ရှုလေ့လာနိုင်ဖို့ PDF Fileလေးပါ တင်ပေးထားတယ်...ဒေါင်းလုပ် မလုပ်တတ်သူတွေအတွက် JPG နဲ့ ဓါတ်ပုံလုပ်တင်ပေးထားသေးတယ်..နော်""

*အားလုံးအဆင် ပြေကြပါစေ*....


ပုံစံ(၁) 👉     လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ

ပုံစံ(၂) 👉      လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ

ပုံစံ (၂-က) 👉လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့ကကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ

ပုံစံ(၃) 👉     လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ မှတ်ပုံစာရင်း