#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိ‌သောမြေများကို ဝယ်ယူခွင့်ရရှိသူစာရင်းထုတ်ပြန်ကြေညာ...

Wednesday, June 10, 2020

0 comments
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိ‌သောမြေများကို ဝယ်ယူခွင့်ရရှိသူစာရင်းထုတ်ပြန်ကြေညာ

မြေအသုံးပြုခွင့်လျှောက်လွှာများမှအစိုးရအဖွဲ့ကစီမံခန့်ခွဲပိုင်ခွင့်ရှိ‌သောမြေများကို ဝယ်ယူခွင့်ရရှိသူစာရင်း အသိပေးကြေညာခြင်း။

(၂၀၂၀ ပြည့်နှစ် ဇွန်လ ၉ ရက်)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိ‌သောမြေများ စီမံခန့်ခွဲမှုကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ မြေများကို စီးပွားရေး/ စက်မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက်လည်းကောင်း၊ လူနေထိုင်ရန်အတွက် လည်းကောင်း၊ မြေအသုံးပြုခွင့်အား သတ်မှတ်စည်ပင်စရိတ် ပေးသွင်း၍ အသုံးပြုခွင့် ပေးမည်ဖြစ်ရာ စိတ်ပါဝင်စားသူ မည်သူမဆို သတ်မှတ်ထား

မြေစာရင်း၊အမြဲအမိန့် စ-ဆုံး

Tuesday, June 9, 2020

0 comments
မြေစာရင်း၊အမြဲအမိန့် စ-ဆုံး 


မြေစာရင်း၊အမြဲအမိန့် စာအုပ်ဖိုင် ၅ ဖိုင်ကိုပေါင်းပြီး တစ်စုတစ်စည်းထဲဖတ်လို့ရအောင် 
PDF တွေကို Split and Merge လုပ်ပြီး လင့်အသစ်နဲ့တင်ပေးထားတာပါ။
ဖိုင်ဆိုဒ် 39.57 mb ရှိပါတယ်

မြေအမျိုးအစား၊ မြေမျိုးကြီး၊ ကွင်းထွက်မြေပုံအမှတ်အသားများ၊ ပုံစံ (၁၀၅) (၁၀၆)၊ ကြေးတိုင်စိုက်ခြင်းနှင့် မြေခွန်စည်းကြပ်ခြင်းများအကြောင်းအနှစ်ချုပ်

Saturday, June 6, 2020

0 comments
အမျိုးအစား၊ မြေမျိုးကြီး၊ ကွင်းထွက်မြေပုံအမှတ်အသားများ၊ ပုံစံ (၁၀၅) (၁၀၆)၊ ကြေးတိုင်စိုက်ခြင်းနှင့် မြေခွန်စည်းကြပ်ခြင်းများအကြောင်းအနှစ်ချုပ်

[Unicode]

မြေအမျိုးအစားများကို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန (ယခင် မြေစာရင်း)မှ စိုက်ပျိုးမြေများ - (လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်၊ ဓနိ၊ ရော်ဘာ၊ တောင်ယာ ဟူ၍ မြေမျိုးကြီး ခုနစ်မျိုး ထပ်မံခွဲခြားထားပါသည်။) သစ်တောမြေများ၊ စိုက်ပျိုးနိုင်သောမြေရိုင်း၊ တောရိုင်းမြေ (အပတော) များ၊ စားကျက်မြေ၊ လမ်းမြေ၊ မီးရထားလမ်းမြေ၊ စက်ရုံမြေ၊ သတ္တုတွင်းမြေ၊ ဆည်မြောင်း၊ ကန်၊ တာတမံမြေ၊ မြစ်ချောင်းရေ အောက်မြေ၊ အင်းအိုင်မြေ၊ မြို့မြေ၊ ရွာမြေ၊ သာသနာ၊ သုသာန်၊ အဆောက်အဦမြေ၊ လေယာဉ်ကွင်းမြေ၊ ကျန်အခြားမြေဟူ၍ (၁၃) မျိုးထပ်မံ ခွဲခြားထားပါသည်။ စိုက်ပျိုးမြေများ အနက် မြန်မာနိုင်ငံ မြေစာရင်းလက်စွဲ ဥပဒေ အပိုဒ် (၁၁၇၆)

စာချုပ်စာတမ်းမှတ်ပုံတင် လွဲမှားချုပ်ဆိုမှု အတွက် မှတ်ပုံတင်အရာရှိတွင် တာဝန်ရှိ/မရှိ လွှတ်တော်မေးခွန်း

0 comments

ဦးခင်မောင်ဝင်း (လမ်းမတော် မဲဆန္ဒနယ်)
            မြေစာရင်းပုံစံ (၁၀၅) နှင့် (၁၀၆) တို့တွင် ပိုင်ရှင်အမည်ပေါက်မဟုတ်သူက ရောင်းချပြီး မြေပိုင်ရှင် အဖြစ် အလွဲဖော်ပြချုပ်ဆိုခဲ့သော မှတ်ပုံတင်စာချုပ်တွင် မှတ်ပုံတင်အရာရှိကို စာချုပ်ပြုလုပ်သူများ ကဲ့သို့ မမှန်သက်သေခံဖန်တီးရာတွင် တာဝန်မကင်းဟုဆိုပါက မှန်/မမှန်နှင့် စပ်လျဉ်းသည့်မေးခွန်း
  ကျွန်တော်တို့တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီကို ရောက်ရှိလာကြတဲ့တိုင်ကြားစာများမှာတွေ့မြင်ရတဲ့ မတရား ဘက်လိုက်မှုတွေရဲ့ဘဝ ပေါ်ပေါက်လာလို့ မေးမြန်းရန်အတွက် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
         တိုင်ကြားစာတွေမှာ မြေအရောင်းအဝယ်မှတ်ပုံတင် စာချုပ်များပြုလုပ်ရာတွေမှာ မြေစာရင်း ပုံစံ (၁၀၅) နဲ့ (၁၀၆) တို့မှာ ဖော်ပြတဲ့ မြေပိုင်ရှင်အမည်မပေါက်သူအား မိမိကိုယ်ကိုမြေပိုင်ရှင်အမည် ပေါက်သူအဖြစ် လွဲမှားစွာဖော်ပြပြီး ဝယ်သူနဲ့ပူးပေါင်းပြီး စာချုပ်တွေ ချုပ်ဆိုကြခြင်းဖြစ်ပါတယ်။ ဒီလို စာချုပ်တွေ လုပ်ဆောင်ရာမှာ မှတ်ပုံတင်အရာရှိက အဂတိလိုက်စားပြီးတိုးတိုးတိတ်တိတ်လုပ်ပေး တဲ့အတွက်

သက်သေခံမြေပုံ (မြေစာရင်းပုံစံ-၁၀၅)ရေးကူးခြင်း

0 comments
သက်သေခံမြေပုံ (မြေစာရင်းပုံစံ-၁၀၅)ရေးကူးခြင်း

လုပ်သားပြည်သူ အများစုက အတိုကောက် (သို့) ခပ်လွယ်လွယ် ပြောဆိုသုံးစွဲ ခေါ်ဝေါ်လေ့ရှိသော အင်္ဂလိပ်လို ၁၀၅ (ဝမ်းနော့ဖိုက်)ခေါ်သက်သေခံ မြေပုံ (မြေစာရင်းပုံစံ-၁၀၅) သည် မြေယာကိစ္စအ၀၀နှင့်စပ်လျဉ်း၍ လျှောက်ထားဆောင်ရွက်ရသော လုပ်ငန်းများ၌မရှိမဖြစ်လိုအပ်သော အထောက်အထား တစ်ခုဖြစ်သည်။ မြို့တော်၊ မြို့နယ်စာချုပ်စာတမ်း မှတ်ပုံတင်ရုံး (လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန) များတွင် မရွှေ့မပြောင်းနိုင်သောပစ္စည်း (ဥပမာ- အိမ်၊ ခြံ၊ မြေ) များရောင်းချ၊  ပေါင်နှံ၊ ပေးကမ်း၊ လွှဲပြောင်း၊အပိုင်ပေးခြင်း စာချုပ်များ ချုပ်ဆိုရာတွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအရ လယ်ယာမြေကိုအခြားနည်း အသုံးပြုခွင့် (ပုဒ်မ-၂၉ နှင့် ၃၀) ခွင့်ပြုမိန့် လျှောက်ထားကြရာတွင် လည်းကောင်း၊ တရားရုံးများတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် စပ်လျဉ်း၍ တရားမမှုများ

ရှမ်းပြည်နယ်တွင် မြေပုံ ၁၀၅ /၁၀၆ရေးဆွဲခြင်းဆိုင်ရာ ပြည်သူ့လွှတ်တော် အမေးအဖြေ

0 comments

ပြည်သူ့လွှတ်တော် 
 ဒေါ်နန်းဝါနု ( ကွန်ဟိန်း မဲဆန္ဒနယ်)

မိမိတို့ ရှမ်းပြည်နယ်တွင် မြေပုံ ၁၀၅ ရေးဆွဲရာ၌ မြေပုံ ၁၀၅ ရေးဆွဲလိုသူ၏ အရောင်းအ‌ဝယ်စာချုပ်၊ ရပ်ကွက်စာချုပ်၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင် စုဇယား၊ ရပ်ကွက်ထောက်ခံချက်၊ မြေကွက်အလျား၊ အနံ မြေပုံ စသည့် အချက် (၅)ချက်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးကို ဦးစွာလျှောက်ထားရခြင်း၊ ထိုမှတစ်ဆင့် ခရိုင်(ထွေ/အုပ်)၊ မြို့နယ်(ထွေ/အုပ်)ရုံးများသို့ ပေးပို့၍ ကွင်းဆင်းစစ်ဆေးခြင်းများရာတွင် ၁၀ လခန့် ကြာမြင့်ခြင်း၊ ထိုသို့ဆောင်ရွက်ပြီးနောက် အထက်ပါရုံးဌာနများ၏ သဘောတူညီချက်များအပြည့်အစုံဖြင့် မြို့နယ်အုပ်ချုပ်ရေး EC အစည်းအဝေး

နိုင်ငံတော်အကြီးအကဲများ၏ သိမ်းဆည်းမြေဆိုင်ရာ မှတ်မှတ်ရရ ညွှန်ကြားချက်များ...

Thursday, June 4, 2020

1 comments
ဒီနေ့တော့ ဘာရယ်မဟုတ်ဘူး
နဲနဲအချိန်ရတာနဲ့...သိမ်းဆည်းမြေယာနဲ့ပါတ်သက်ပြီး... နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ရဲ့ညွှန်ကြားစာလေးတွေ
မရှင်းမလင်းဖြစ်နေတာတွေ...ရှင်းရှင်းလင်းလင်းဖတ်လို့ရအောင်...
စာပြန်စီပြီး...jpg ဓာတ်ပုံထုတ်ပေးထားတယ်...မူရင်းကတော့ ရှိပြီးဖြစ်ကြမှာပါ...အခုဟာကိုတော့ အောက်ခြေမှာ မူရင်းမဟုတ်ကြောင်း မှတ်ချက်ရေးပေးထားတယ်...
""အခု ညွှန်ကြားချက်လေးတွေ ကို လွမ်းကျန် မနေရစေဖို့ မြေသိမ်းဆည်းခံတို့အတွက် အမှတ်တရပေါ့"" 
တကယ်တကယ်ပါ...တကယ်သာ အလုပ်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပါ။