လယ ၃၀ လျှောက်ရင် အချိန်ဘယ်လောက်ကြာသလဲ
"အများဆုံး ငါးလပေါ့"လို့ လိုရင်းကိုပဲ ဖြေရပါမယ်။ နည်းဥပဒေမှာတော့ နှစ်လခွဲလို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ခရိုင်မှာ ကြာမြင့်ချိန်၊ ပြည်နယ်တိုင်း အစိုးရမှာ ကြာမြင့်ချိန်နဲ့ ဗဟိုလယ်စီမှာ ကြာမြင့်ချိန်ကို နည်းဥပဒေမှာ ဖော်ပြမထားလို့ အနီးစပ်ဆုံး ငါးလလို့ ခန့်မှန်းပြောတာပါ။ အဲဒီကာလအတွင်း လျောက်ထားမှုကို ခွင့်ပြုလား ခွင့်မပြုဘူးလားဆိုတာ သိရသင့်ပါတယ်။