လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ အမည်ပြောင်းဆောင်ရွက်မည့်သူများအတွက်နည်းလမ်း
လယ်ယာမြေပြဿနာများ(လှိုင်ဘွား) ဂရုတွင်
https://m.facebook.com/groups/782584568505114?view=permalink&id=2650913981672154
Ya Min ကမေး၍ Wan Zaw ကပြန်ဖြေထားပြီး
ဆရာ ဦးဇော်မင်း(နတ်မောက်)မှ
ကြောင်းကျိုးဆီလျော်စွာ အောက်ပါအတိုင်း Reply ပြန်ထားသည်ကို ဗဟုသုတ ရကြစေရန် ခွင့်မတောင်းတော့ပဲ တင်ပြလိုက်ပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ အမည်ပြောင်းဆောင်ရွက်မည့်သူများအတွက်နည်းလမ်း.....
၁။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင် ပုံစံ-၃
လျောက်လွှာတင်ပြီးအရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေစာရင်းပုံစံ ၁၀၅/၁၀၆ လျောက်ထားကူးယူပါ။
လျောက်လွှာတင်ပြီးအရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေစာရင်းပုံစံ ၁၀၅/၁၀၆ လျောက်ထားကူးယူပါ။
၂။ ၁၀၅/၁၀၆မြေပုံရလျင် မိမိမြေရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်အတွက် ဇုံအလိုက်သတ်မှတ်နုန်းထား ဘယ်လောက်သတ်မှတ်တယ်ဆိုဒါ သွားရောက်ကြည့်ရူ့ပါ။
၃။ သတ်မှတ်နုန်းထားသိပြီဆိုရင် တန်ဖိုးပေါ်တွင် ၂% အတွက်ကျသင့်သော တံဆိပ်ခေါင်းခွန် အား
မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနတွင် သွားရောက်ဝယ်ယပါ။
၄။တံဆိပ်ခေါင်းများရလျင် အရောင်းအဝယ်စာချုပ်ရိုက်ပြီး မိမိမြေရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါဝင်သောလည်/စီ
အရှေ့မှောက်တွင်စာချုပ်ချုပ်ဆိုရပါမည်။
မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနတွင် သွားရောက်ဝယ်ယပါ။
၄။တံဆိပ်ခေါင်းများရလျင် အရောင်းအဝယ်စာချုပ်ရိုက်ပြီး မိမိမြေရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါဝင်သောလည်/စီ
အရှေ့မှောက်တွင်စာချုပ်ချုပ်ဆိုရပါမည်။
၅။အဆိုပါစာချုပ်အား ရက်ပေါင်း ၁၂၀ အတွင်းမြို့နယ်
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင်
မှတ်ပုံတင်ရပါမည်။မှတ်ပုံတင်ခမှာ တန်ဖိုးပေါ်တွင် ဝ•၅%ပေးသွင်းရပါမည်။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင်
မှတ်ပုံတင်ရပါမည်။မှတ်ပုံတင်ခမှာ တန်ဖိုးပေါ်တွင် ဝ•၅%ပေးသွင်းရပါမည်။
၆။ အဆိုပါမှတ်ပုံတင်စာချုပ်ရပါက စာချုပ်အားအထောက်ထားပြုပြီး ဝယ်သူအမည်ပြောင်းလဲပေးပါရန် အဆိုပါဌာနတွင် ထပ်မံလျောက်ထားရပါမည်။
လိုအပ်သောစာရွက်စာတမ်းများစာရင်း........
၁. ပုံစံ-၇ မူရင်း
၂- ၁၀၅/၁၀၆ မူရင်း
၃-ရောင်းချသူထံမှ မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာယူထားရင် အဆိုပါစာရွက်မူရင်း နှင့် ပါဝါမရုတ်သိမ်းကြောင်းနှင့် ပါဝါပေးသူသက်ရှိထင်ရှား ရှိကြောင်း ကျမ်းကျိန်လွှာ မူရင်း
၄-ရောင်းသူ/ဝယ်သူမှတ်ပုံတင် သန်ခေါင်စာရင်း

အချိန်ကြာမြင့်ချိန်မှာ တစ်ရုံးနှင့်တစ်ရုံးမတူခြင်း၊လုပ်ကိုင်ဆောင်ရွက်သူ မတူခြင်းကြောင့် အချိန်ကြာမြင့်ချိန်ကွာခြားနိုင်ပါတယ်။
Crd Wan Zaw ဖြေမှ
Crd Wan Zaw ဖြေမှ
Wan Zaw အမှတ်စဉ် ၁။ ၂။ ၃ တောင်သူ ပြဿနာရှိပါသည်။ စဉ် ၁။ မြေပုံကူးရာတွင် ယခင် ပုံစံ ၇ နှင့် ပူးတွဲထုတ်ပေးထားသော ၁၀၅ ကို အတည်မပြုပါ။ ယခုအရောင်းအဝယ်စာချုပ်လုပ်သည့်နှစ်အတွင်း(၁ နှစ်အတွင်း) ထုတ်ပေးသော ၁၀၅ ဖြစ်ရပါမည်။ ထို့ကြောင့် ယင်းနေရာကို နောက်ဆုံးတိုင်းတာ ရရှိထားသော ကွင်း မြေပုံအရ ကွင်းဆင်းစိစစ်ပါမည်။ ကန်သင်းတင်လယ်သမားများ၊ ကာယကံရှင်များ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ ရှေ့တွင် တိုင်းတာစိစစ်ပြီးရရှိအဖြေကို တောင်သူသို့ ရှင်းလင်း အသိပေးပါမည်။ အဆိုပါ ရရှိ ဧရိယာကိုသာ အတည်ပြုပါမည်။ ဧရိယာကွဲပြားမှုအတွက် မကျေနပ်လျှင်လယ်စီသို့ တင်ပါဆိုသော်လည်း ဖြေရှင်းပြသည့်စနစ် ဝေဝါးဝါးသာဖြစ်သည်။ ထို့အပြင် စိစစ်တိုင်းတာရရှိသော ဧကအတိုင်း ပုံစံ ၇ ပြင်ဆင်ရန် လယ်စီမှတာဝန်မယူဘဲ တောင်သူမှ လယ်စီထံပြန်လျှောက်ရမည့် အရစ်ရှည်မှုများ တွေ့ရမည်။)
စဉ် ၂ အတွက် ရပ်ကျေးလယ်စီက အဆိုပြုသော တစ်ဧကနှုန်းထားကို မြို့နယ်လယ်စီမှ အတည်ပြုသတ်မှတ်ရန် ဖြစ်ရာ ရပ်ကျေးတွင် မြေမျိုးလိုက် မြေအတန်းအစားကောင်းသင့်ညံ့အလိုက် မိုးကောင်း ဆည်ရေသောက်အလိုက် ဇုံနှုန်းများ စနစ်တကျဆောင်ရွက်ထားရမည့် နည်းလမ်းရှိပါပြီလား။ တန်ဘိုးဖြတ်ပေးရန်အတွက် ရပ်ကျေးထံ သို့မဟုတ် မြို့နယ်သို့ မည်သို့လျှောက်ထားရမည်။ တန်ဘိုသင့်မှုကို မည်သည့်အဆင့်က တရားဝင်ဘယ်လို အကြောင်းပြန်မည်လဲ။
စဉ် ၃ အတွက် တံဆိပ်ခွန် ၂ ရာနှုန်း မဟုတ်ပါ။ တံဆိပ်ခွန် ဥပဒေ ပုဒ်မ ၃-က အရ ပြည်နယ် တိုင်း အစိုးရအဖွဲ့ ရန်ပုံငွေအတွက် အပို ၂ ရာနှုန်း ပေါင်း ၄ ရာနှုန်းထမ်းဆောင်ရပါမည်။ အခွန်ကိစ္စ ထိုမျှနှင့် မရနိုင်ပါ။ ဝယ်သူ ဝင်ငွေရလမ်း မပြနိုင်က သိန်း ၁၀၀၀ ထိ ၃% ရောင်းသူမှ အခြေပစ္စည်းရောင်းချမှုပေါ်မှ အမြတ်ခွန် ဆောင်ရပေဦးမည်။
Crd ဆရာဦးဇော်မင်း(နတ်မောက်)replyမှ

လှိုင်ဘွား
0 comments:
Post a Comment