စာချွန်တော်အမိန့် လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် အချက်များ
၁။ လျှောက်ထားသူကိုယ်တိုင် (သို့) ကိုယ်စားလှယ်စာရသူ (သို့) ၄င်း၏ တရားလွှတ်တော်ရှေ့နေက လာရောက်တင်သွင်းရမည်။
၂။ လျှောက်လွှာတွင် ရုံးခွန်တော်တံဆိပ်ခေါင်း ၅၀၀ ကျပ် ထမ်းဆောင်ရမည်။
၃။ လျှောက်ထားသူ၊ လျှောက်ထားခံရသူတို့နှင့် သက်ဆိုင်သည့် အချက်အလက်များ ပြည့်စုံစွာ ပါရှိရမည်။
၄။ စာချွန်တော်အမိန့် လျှောက်ထားရသည့် အကြောင်းအရာများကို ရှင်းလင်းပြည့်စုံစွာ ဖော်ပြရမည်။ လျှောက်ထားလိုသည့်စာချွန်တော်အမိန့် အမျိုးအစားကို ဖော်ပြရမည်။ ယင်းအချက်များ အပြည့်အစုံပါရှိသည့် ကျမ်းကျိန်လွှာ ပူးတွဲပါရှိရမည်။
၅။ ကျမ်းကျိန်လွှာကို လျှောက်ထားသူကိုယ်တိုင် (သို့) ကိုယ်စားလှယ်စာရသူက
ကျမ်းကျိန်ဆိုရမည့်အပြင် ကျမ်းကျိန်လွှာတွင် ကျမ်းကျိန်လွှာပါ အချက်များ မှန်ကြောင်း ဝန်ခံချက် စာသားပါရှိရမည်။
၆။ ရှေ့တော်သွင်းစာချွန်တော် လျှောက်ထားခြင်းဖြစ်လျှင် ချုပ်နှောင်ထားခြင်းခံရသူကိုယ်တိုင် ကျမ်းကျိန်လွှာ မပြုလုပ်နိုင်ပါက အခြားသူတစ်ဦးက ပြုလုပ်သော ကျမ်းကျိန်လွှာပါရှိရမည်။ (ကိုယ်တိုင် ကျမ်းကျိန်ချက် မပြုလုပ်နိုင်သည့် အကြောင်း ထည့်သွင်းဖော်ပြရမည်။
၇။ လျှောက်ထားသည့် အကြောင်းအရာနှင့် သက်ဆိုင်သည့် လိုအပ်သော စာရွက်စာတမ်း မူရင်း/ တာဝန်ခံမိတ္တူတို့ကို စာရွက်စာတမ်း စာရင်းဖြင့် ဖော်ပြလျက် ပူးတွဲတင်သွင်းရမည်။ (မူရင်းမတင်သွင်းနိုင်ပါက မတင်သွင်းနိုင်သည့် အကြောင်းပြချက်ကို လျှောက်လွှာနှင့် ကျမ်းကျိန်လွှာတွင် ဖော်ပြပါရှိရမည်။)
၈။ လျှောက်လွှာတွင် လျှောက်ထားသူကိုယ်တိုင် (သို့) ကိုယ်စားလှယ်စာရသူနှင့် ၄င်း၏ရှေ့နေ့ (ရှိပါက) လက်မှတ်ရေးထိုးရမည်။
၉။ ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်ပါက ကိုယ်စားလှယ်လွှဲအပ်စာ (GP/SP)၊ ကိုယ်စားလှယ် လွှဲအပ်သည့် လျှောက်လွှာ ပူးတွဲပါရှိရမည်။
၁၀။ လျှောက်ထားလွှာ၊ ကျမ်းကျိန်လွှာ၊ ပူးတွဲတင်သွင်းသည့် စာရွက်စာတမ်းမူရင်းအပါအဝင် မိတ္တူ စုစုပေါင်း ၅ စုံတင်သွင်းရမည်။

ကနဦးအမိန့် ချမှတ်ပြီးသည့်အခါ ဆောင်ရွက်ရမည့် အချက်များ
၁။ လျှောက်ထားသူသည် လျှောက်ထားခံရသူများထံ ဆင့်ဆိုရန် လိပ်စာ အပြည့်အစုံ ဖော်ပြရမည့်အပြင် ဆင့်ဆိုရန် ရုံးခွန်တော်တံဆိပ်ခေါင်း ထမ်းဆောင်ရမည်။
၂။ လျှောက်ထားသူသည် မိမိ၏ လျှောက်လွှာ၊ ကျမ်းကျိန်လွှာ၊ ပူးတွဲတင်သွင်းသည့် စာရွက်စာတမ်းအားလုံးနှင့် ကနဦးဆုံးဖြတ်ချက် မိတ္တူမှန် ၅ စုံအပြင် လျှောက်ထား ခံရသူဦးရေအလိုက် ထပ်မံတင်ပြရမည်။
၃။ လျှောက်ထားခံရသူတို့သည် ပြန်ကြားအစီရင်ခံစာနှင့် ပြန်လှန်ကျမ်းကျိန်လွှာ မူရင်းအပြင် မိတ္တု ၆ စုံပူးတွဲတင်သွင်းရမည်။ ပြန်ကြားအစီရင်ခံစာနှင့် ကျမ်းကျိန် လွှာတို့ကို ကနဦး လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် အချက်ပါ အပိုဒ် ၅၊၇၊၈၊ တို့နှင့်အညီဆောင်ရွက်ရမည်ဖြစ်သည်။
၄။ လျှောက်ထားခံရသူသည် ဌာနဆိုင်ရာဖြစ်လျှင် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး (သို့) ၄င်း၏ အထက်တာဝန်ရှိသူဖြစ်ပါက ၄င်းကိုယ်တိုင်ဖြစ်စေ၊ ၄င်းက တာဝန်ပေးသည့် တာဝန်ရှိသူ တစ်ဦးဦးဖြစ်စေ ပြန်ကြားအစီရင်ခံစာ တင်သွင်းနိုင်သည်။ (တာဝန်ပေးအပ်ကြောင်းစာပါရှိရမည်)

စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ နည်းဥပဒေများ ပူးတွဲတင်ပြလိုက်ပါတယ်
Crd::MMH
0 comments:
Post a Comment