လယ်ယာမြေအမည်ပြောင်းကိစ္စရပ်နှင့်ပတ်သက်၍
ယနေ့ထိတိုင် ရှင်းလင်းစွာ ဖော်ပြခြင်းများကို မတွေ့ရှိရသေးသောကြောင့် တောင်သူလယ်သမားများ
အလွယ်တကူနားလည်နိုင်ရန် ဆွေးနွေးတင်ပြရခြင်းဖြစ်ပါသည်။
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည်
လယ်ယာမြေလုပ်ပိုင်ခွင့်ကို
ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်း၊ လဲလှယ်ခြင်းနှင့်
ပေးကမ်းခြင်းကိစ္စရပ်များအတွက် နှစ်ဦး သဘောတူစာချုပ်ကို ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ရှေ့မှောက်တွင် ချုပ်ဆို၍ သက်ဆိုင်ရာ
မြို့နယ်ဦးစီးဌာနရုံး၌ မှတ်ပုံတင်ရာတွင် လယ်ယာမြေတန်ဖိုးကို ဒေသန္တရ အခြေအနေအရ
ဆီလျော်သောနှုန်းထား ဖြစ်စေရန် သက်ဆိုင်သည့်
မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား လုပ်ပိုင်ခွင့်အပ်နှင်းရမည်။