စားကျက်မြေ နုတ်ပယ်ခြင်း၊ ပယ်ဖျက်ခြင်းကို အထက်မြန်မာနိုင်ငံ မြေနှင့်အခွန် နည်းဥပဒေ ၇၇ အရလည်းကောင်း၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန် နည်းဥပဒေ ၆၈ အရလည်းကောင်း စားကျက်မြေ ပယ်ဖျက်ခြင်း ကိစ္စရပ်များကို သက်ဆိုင်ရာ ထွေအုပ်ရုံးများသို့ လျှောက်ထားစေပြီး
အောက်ခြေရုံးအဆင့်ဆင့်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ အမှုတွဲ ပြုစုကာ ရုံးချုပ်အထိ အဆင့်ဆင့်တင်ပြရန်၊ ရုံးချုပ်မှ လိုအပ်သလို စိစစ်ပြီး စားကျက်မြေ ပယ်ဖျက်ခွင့်ပြုကြောင်း အကြောင်းကြားစာ ရရှိမှသာ စားကျက်မြေ ပယ်ဖျက်ခြင်း ကိစ္စရပ်များကို ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ညွှန်ကြားထားပါတယ်။ သတိပြုစေချင်တာက စားကျက်မြေ ဆိုတာ အများအတွက် အသုံးပြုတဲ့မြေ ဖြစ်လို့ အများအတွက် အကျိုးပြုမယ့် လုပ်ငန်းများ၊ ကျွဲနွား မရှိသော ကျေးရွာများမှာ ပယ်ဖျက်ခွင့် တင်ပြရင်ပိုမို သင့်လျော်ပြီး ခွင့်ပြုချင်ရနိုင်ပါမယ်။ ယခု ၂၀၁၂ လယ်ယာမြေဥပဒေမှာ စားကျက်မြေ များကို ထိန်းသိမ်းထားရှိဖို့နဲ့ တရားဝင် ပယ်ဖျက်ပြီး ခွင့်ပြုချက်နဲ့သာ အသုံးပြုစေဖို့ ပြဌာန်းထားပါတယ်။ ဒါအပြင် မြေလွတ်မြေလပ်မြေရိုင်း ဥပဒေပါ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ပယ်ဖျက်ပြီးတဲ့ စားကျက်မြေတွေဟာ မြေလွတ်မြေလပ်မြေရိုင်း ဖြစ်သွားတယ်လို့ ဖော်ပြထားချက်အရ စားကျက်မြေ ပယ်ဖျက်ပြီးရင်တောင် ထိုမြေကို မြေလွတ်မြေလပ်မြေရိုင်း အသုံးပြုခွင့် ပြန်လည်လျောက်ထား ရပါမယ်။ စားကျက်မြေကို ကျူးကျော် အသုံးပြုရင် တရားစွဲ ခံရနိုင်ပြီး ပြစ်ဒဏ်ကတော့ အောက်မြန်မာပြည် မြေနှင့်အခွန်တော် နည်းဥပဒေ ၆၉ အရ ဒဏ်ငွေ ၂၀ ဖြစ်စေ၊ ထောင်ဒဏ် တစ်လထိ ဖြစ်စေ ကျခံရပါမယ်။ အထက်မြန်မာပြည်အတွက် ဖြစ်ရင် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော် စည်းမျဉ်း၊ နည်းဥပဒေ ၇၀ အရ ကျပ် ၂၀ ထိ ငွေဒဏ် ထမ်းဆောင်ရန်နှင့် ဒဏ်ငွေ မဆောင်နိုင်က ၁၅ ရက်အထိ ထောင်ဒဏ် ကျခံစေရန် ပြဌာန်း ထားပါကြောင်း တင်ပြလိုက်ပါတယ်။

0 comments:
Post a Comment