#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

တောင်သူများကို စက်မှုလယ်ယာဦးစီးဌာနမှကူညီမည်

Saturday, April 4, 2020

လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ အကူအညီရယူဆောင်ရွက်ရန်လိုအပ်ပါက စက်မှုလယ်ယာဦးစီးဌာန သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်
ယနေ့အချိန်တွင် coVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာလုပ်ငန်းများကို အမျိုးသားအဆင့် ဆောင်ရွက်လျက်ရှိရာတွင် တောင်သူလယ်သမားဦးကြီးများအနေဖြင့် မိမိတို့၏ လယ်ယာလုပ်ငန်းများ အချိန်မီဆောင်ရွက်ရန် အခက်အခဲများတွေ့ကြုံတွေ့လာနိုင်ပါသည်။
သို့ဖြစ်ပါ၍ တောင်သူဦးကြီးများ၏ လယ်ယာလုပ်ငန်းများ နှောင်နှေးကြန့်ကြာမှု မဖြစ်ပေါ် စေရန် နှင့် လယ်ယာကုန်ထုတ်လုပ်မှု မထိခိုက်စေရန် တို့အတွက် လူအင်အား အနည်းဆုံးဖြင့် စက်ကိရိယာများအသုံးပြု၍ ထွန်ယက်ရေး၊ စိုက်ပျိုးရေးနှင့် ရိတ်သိမ်းခြွေလှေ့ရေး လုပ်ငန်းများဆောင်ရွက်နိုင်ကြရန်အလို့ငှာ စက်မှုလယ်ယာဦးစီးဌာန က စွမ်းအားရှိသရွေ့ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ရာ တောင်သူဦးကြီးများ နှင့် စိုက်ပျိုးလုပ်ကိုင် သူများအနေဖြင့် နီးစပ်ရာ စက်မှုလယ်ယာစခန်းများ တွင်လည်းကောင်း၊ အောက်ပါဖုန်းနံပါတ်များ သို့လည်းကောင်း၊ ဆက်သွယ် အကူအညီရယူနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။ 

""ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ""

ညွှန်ကြားရေးမှူးချုပ်
🖁၀၉ ၅၀၀၇၅၇၆
🖁၀၆၇ ၃၄၃၁၂၁၀ 

ဒုတိယညွှန်ကြားရေးမှူးချုပ် - 
🖁၀၉ ၂၅၀ ၂၈၉ ၂၉၉
🖁၀၆၇ ၃၄၃၁၂၁၂ 

ညွှန်ကြားရေးမှူး(လုပ်ငန်း) - 
🖁၀၉ ၄၂၂ ၀၀၀ ၂၂၁ 

ညွှန်ကြားရေးမှူးချုပ်ရုံး - 
🖁၀၆၇ ၃၄၃၁၂၃၄ 

စက်မှုလယ်ယာဦးစီးဌာန(လုပ်ငန်းဌာနခွဲ) -
🖁၀၆၇ ၃၄၃၁၂၁၈ 

တိုင်းဒေသကြီး နှင့် ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနရုံးများ 
                                မြို့နယ်စက်မှုလယ်ယာစခန်းများ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

0 comments:

Post a Comment