#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

မိတ္တူကူးခွင့် မပေးဘူးဆိုတဲ့ကိစ္စ

Friday, March 27, 2020

 မိတ္တူကူးခွင့် မပေးဘူးဆိုတဲ့ကိစ္စ

မိတ္တူကူးခွင့် မပေးဘူးဆိုတဲ့ကိစ္စ ခုံသမာဓိ လယ်စီ ကြီးများသိစေရန် ဤပို့စ်အား
အကြောင်းတိုက်ဆိုင်၍ရေးပါသည်။
ဒီနေ့ မော်ကျွန်းက တောင်သူတွေ ကျနော့်ဆီရောက်လာတယ်။ မြေယာမှုခင်းရှုံးလို့တဲ့။ ပုံစံ (၇) ထွက်ပြီလားမေးတော့ ထွက်ပြီတဲ့။ ဘယ်မှာလဲမေးတော့ မရသေးဘူးတဲ့။ ဘာလို့လဲသွားမယူဘူးလားဆိုတော့
ပြဿနာတက်နေလို့ မပေးသေးဘူးတဲ့

မြေစာရင်းက သိမ်းထားပါသတဲ့။
တစ်ဖက်က မြေယာမှုခင်းတိုင်ကြားသူက
မြေယာမှုခင်းဖွင့်တာကို မြေယာမှုခင်းဖွင့်လှစ်ခံရသူခမြာ ပုံစံ (၇)ဆိုတာ ဘယ်လိုဟာမှန်းတောင်မမြင်ရသေးပဲနဲ မြေယာမှုခင်းဖွင့်ခံရပြီး ရှုံးသွားတာ။
ပုံစံ(၇) ကို မြေယာမှုခင်းဖွင့်ထားလို့ထုတ်မပေးသေးပဲ မြေစာရင်းဌာနမှ ထိမ်းသိမ်းထားပြီး အနိုင်ရပြီးမှထုတ်ပေးမယ်ဆိုတာကတော့ တော်တော်များနေပြီလို့ယူဆပါတယ်။
ရှိစေတော့ ဒါကတစ်ပိုင်းပါ။
အဲဒီလိုမြေယာမှုခင်းကိစ္စတွေမှာ
သက်ဆိုင်ရာလယ်စီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို မကြေနပ်တဲ့အခါ ဥပဒေနားမလည်သူ တောင်သူလယ်သမားတွေဟာ
နီးစပ်ရာ နားလည်သူတွေထံအကူအညီတောင်းကြပါတယ်။
သို့ပေမဲ့
ပြဿနာက လယ်စီက ခုံသမာဓိအဖြစ်ဆောင်ရွက်တဲ့ ကိစ္စမှာ ရှေ့နေရှေ့ရပ်တွေနဲ့ ကိုယ်စားလှယ်တွေကို ကူညီဆောင်ရွက်ခွင့်မပြုပါဘူး
ဒီ့ထက်ဆိုးတာက သက်သေကိုကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ မိတ္တူကူးခွင့်မပေးတာအဆိုးဆုံးပါ။
အများသိကြတဲ့အတိုင်း
တရားရုံးမှာလည်း ပွင့်လင်းမြင်သာ
မိတ္တူမှန် ရေးကူးခွင့်ပေးတယ်။
သက်သေခံဥပဒေ ပုဒ်မ ၇၆။
ရဲမှာလည်း
သက်သေကို ယုံထိုက် မယုံထိုက် ချိန်ဆနိုင်ရန်အတွက် ရာ/ကျင့် ၁၆၂ ကိုပြဌာန်းထားပါတယ်။ ၁၆၂(၂) အရ ရဲထံထွက်ချက်အားတောင်းဆိုလျှင်ပေးရမည်လို့။ဒီလိုပြဌာန်းချက်တွေ
က မလိုက်နာလို့မရတဲ့ပြဌာန်းချက်ဖြစ်ပါတယ်။
အခုချိန်မှာ အထူးသဖြင့်
နိုင်ငံကို ကောင်းအောင်တည်ဆောက်နေကြတဲ့ဒီအချိန်အခါမှာ
နိုင်ငံရေးအရ အများပြည်သူကို ကူညီပေးနေသူတွေရှိသလို စေတနာအလျှောက်
ကူညီပေးနေတဲ့ cso, ngo တွေ အခြားသောအဖွဲ့အစည်းတွေများစွာရှိပါတယ်။
ဒါကို အားလုံးသိမ်းကြုံးပြီး ပွဲစားတွေလို့မြင်နေတာကတော့အတော်သေးသိမ်ပြီး အောက်တန်းကျတဲ့ အယူအဆ လို့ထင်ပါတယ်။
တကယ်တမ်းသက်သေခံဥပဒေမှာက
ပုဒ်မ ၇၆။ မည်သူမဆို စစ်ဆေးကြည့်ရှုနိုင်ခွင့်ရှိသော အများပြည်သူတို့နှင့်သက်ဆိုင်သည့် စာတမ်းအမှတ်
အသားကို ထိန်းသိမ်းရသော ပြည်သူ့ဝန်ထမ်းအသီးသီးသည် ထိုသို့စစ်ဆေးကြည့်ရှုနိုင်ခွင့်ရှိသူကကျသင့်တရားဝင်သတ်မှတ်သောအခကြေးငွေကိုပေးဆောင်၍ ထိုစာတမ်းအမှတ်အသားကို
တောင်းဆိုသည့်အခါထိုသူအား ယင်းမိတ္တူကို ထုတ်ပေးရမည် မိတ္တူ၏အောက်ခြေတွင် ယင်းမိတ္တူမှာ ဆိုခဲ့သည့်စာတမ်းအမှတ်အသား၏ တာဝန်ခံမိတ္တူမှန်ဖြစ်ကြောင်း သို့မဟုတ်
ထိုစာတမ်း အမှတ်အသား
မိတ္တူ၏အောက်ခြေတွင် ယင်းမိမှာ
အသား တစ်စိတ်တစ်ပိုင်း၏ မိတ္တူဖြစ်ကြောင်း ထောက်ခံချက် ပါရှိ‌စေ
ရမည်။ ထိုထောက်ခံချက်တွင်
အဆိုပါ ပြည်သူ့ဝန်ထမ်းက မိမိ၏အမည် ရာထူးအမည် တို့ကိုဖော်ပြပြီး နေ့စွဲတပ်၍ လက်မှတ်ရေးထိုးရမည်၊ ထိုဝန်ထမ်းသည်ဥပဒေအရ တံဆိပ် အမှတ်အသားကို အသုံးပြုခွင့်ရှိလျှင် ထိုတံဆိပ် အမှတ်အသားကိုရိုက်နှိပ်ရမည်။
ဤကဲ့သို့ထောက်ခံရေးသားထားသောမိတ္တူများကို တာဝန်ခံမိတ္တူများဟုခေါ်တွင်စေရမည်။
ရှင်းလင်းချက်။ ။ ဝန်ထမ်းတစ်ဦးဦးသည် လုပ်ဆောင်နေကျဖြစ်သည့် မိမိ၏ရာထူးဆိုင်ရာ ဝတ္တရားအရအဆိုပါ မိတ္တူများကို ထုတ်ပေးခွင့်ရှိလျင် ထိုဝန်ထမ်းသည် ဤပုဒ်မ၏အဓိပ္ပာယ်အရ
ဆိုခဲ့သော ယင်းစာတမ်းအမှတ်အသားများကို ထိန်းသိမ်းရသောဝန်ထမ်းဖြစ်သည်ဟု
မှတ်ယူရမည်။ လို့ပါတာပါ
ရဲမှာလည်း
သက်သေကို ယုံထိုက် မယုံထိုက် ချိန်ဆနိုင်ရန်အတွက် ရာ/ကျင့် ၁၆၂ ကိုပြဌာန်းထားခြင်းဖြစ်ပါတယ်။ ၁၆၂(၂) အရ ရဲထံထွက်ချက်အားတောင်းဆိုလျှင်ပေးရမည်။
၁၆၂။ (၁) ဤအခန်းအရ စုံစမ်းထောက်လှမ်းနေစဉ်တွင် ရဲအရာရှိတစ်ဦးထံ ပေးသော
မည်သူတစ်ဦးတစ်ယောက်၏ အစစ်ခံချက်ကိုမျှ စာဖြင့်ရေးယူလျှင် အစစ်ခံသူက လက်မှတ်ရေးထိုး ခြင်းမပြုရ။ အဆိုပါအစစ်ခံချက်ကိုဖြစ်စေ၊ ရဲနေ့စဉ်မှတ်တမ်း၌ ရေးမှတ်ထားချက်၊ သို့မဟုတ် အခြားနည်းဖြင့် ရေးမှတ်ထားချက်ကိုဖြစ်စေ၊ အဆိုပါ အစစ်ခံချက်၊ သို့မဟုတ် ရေးမှတ်ထားချက်၏ အစိတ်အပိုင်းကိုဖြစ်စေ အောက်တွင် ပြဋ္ဌာန်းထားသည်မှလွဲ၍ ယင်းအစစ်ခံချက်ပေးသည့်အချိန်က
မေးမြန်းစုံထောက်နေသော ပြစ်မှုတစ်ရပ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် စစ်ဆေးစီရင်
မှု၌ သက်သေခံချက်အဖြစ် အသုံးမပြုစေရ။ သို့ရာတွင် အထက်တွင် ဖော်ပြပါရှိသည်အတိုင်းအစစ်ခံချက်ကို စာဖြင့် ရေးမှတ်ထားသော မည်သည့်သက်သေခံကိုမဆို အဆိုပါ စုံစမ်းစစ်ဆေးမှု၊
သို့မဟုတ် စစ်ဆေးစီရင်မှုတွင် တရားလိုဘက်မှဖြစ်စေ၊ တရားခံဘက်မှဖြစ်စေ ခေါ်ယူသောအခါ ထိုသက်သေ၏ အစစ်ခံချက်ဖြစ်ကြောင်း နည်းလမ်းတကျ ထင်ရှားဖြစ်ခဲ့လျှင် တရားခံဘက်က
ဖြစ်စေ၊ တရားလိုဘက်ကဖြစ်စေ သက်သေခံ အက်ဥပဒေပုဒ်မ ၁၄၅အရ ပြဌာန်းထားသော နည်းလမ်းအတိုင်း အဆိုပါသက်သေကို ဆန့်ကျင်ရန်အတွက်
၊ သို့မဟုတ် သက်သေခံအက်ဥပဒေပုဒ်မ
၁၅၅ အရ ပြဋ္ဌာန်းထားသော နည်းလမ်းအတိုင်း အဆိုပါသက်သေကို မယုံကြည်ထိုက်ကြောင်းပြဆိုရန်အတွက် အသုံးပြုနိုင်သည်။ ၎င်းအပြင် အဆိုပါအစစ်ခံချက်၏ အစိတ်အပိုင်းကို ထိုကဲ့သို့
အသုံး ပြုသောအခါ ထိုအစိတ်အပိုင်းကို ပြန်လှန်စစ်မေးရာ၌ ဖြစ်ပေါ်ခဲ့သော အကြောင်းအရာ တစ်စုံတစ်ရာကို ရှင်းလင်းရန်အတွက် ထိုသက်သေအား ပြန်လည်စစ်မေးရာ၌ အသုံးပြုနိုင်သည်။
လို့ဆိုပါတယ်။
(၂) အထက်တွင်ဆိုခဲ့သည့်အတိုင်း အဆိုပါအစစ်ခံချက်ကို စာဖြင့်ရေးမှတ်ထားပြီးသောအခါ တရားရုံးသည် တရားခံတောင်းဆိုချက်အရ တရားခံအား အဆိုပါအစစ်ခံချက်၏မိတ္တူတစ်စောင်ကို ပေးရန်ညွှန်ကြားရမည်။ သို့ရာတွင် အဆိုပါထွက်ချက်၏ အစိတ်အပိုင်းတစ်ရပ်ရပ်သည် စုံစမ်းစစ်ဆေးမှု၏၊ သို့မဟုတ် စစ်ဆေးစီရင်မှု၏ မှုဖြစ်ကြောင်းခြင်းရာနှင့် မစပ်ဆိုင်ဟုထင်မြင်လျှင်၊ သို့မဟုတ် အဆိုပါထွက်ဆိုချက်၏ အစိတ်အပိုင်းကို တရားခံသို့ ထုတ်ပြခြင်းမှာတရားမျှတမှုအတွက် မလိုအပ်သည့်အပြင် အများပြည်သူအကျိုးအတွက်လည်း မသင့်လျော်ဟု
တရားရုံးက ထင်မြင်လျှင်၊ ထိုကဲ့သို့ ထင်မြင်ချက်ကို (အကျိုးအကြောင်း ဖော်ပြချက်မပါဘဲ) ရေးမှတ်၍ အဆိုပါ ထွက်ဆိုချက်၏ အစိတ်အပိုင်းကို တရားခံအား ပေးသည့် အစစ်ခံချက်မိတ္တူမှ ချန် လှပ်ထားရမည်။
ဆိုတော့ကာ အင်မတန်ပြည့်စုံပြီး ကောင်း
မွန်တဲ့ပြဌာန်းချက်တွေပါ။
#မိတ္တူကူးခွင့်တောင်မပေးပဲ ဘယ်ဟာတွေကိုဘယ်လို ပုံစံနဲ့ #သဘောမရိုးဘူး #သဘောရိုးတယ် ဆုံးဖြတ်ကြမလဲ။ သဘောရိုးနဲ့ဆုံးဖြတ်ရင် #ပုဒ်မ၄၀ အရတရားစွဲလို့မရဘူးဆိုတာကို ပြောင်းပြန်ကောက်ယူပြီး
#သဘောမရိုးပါဘူးလို့ ပုဒ်မ ၄၀။နဲ့ ပြန်ပြီး တရားစွဲကြဖို့ဆိုတာ အတော်ရီစရာကောင်းပါတယ်။ ဥပဒေမှာ #အတိအလင်းပြဌာန်းမထားတာကို #အပြန်အလှန်ပြောင်းပြန်ကောက်ယူပြီး ဒီလိုတရားပြန်စွဲလို့ရတယ်ပဲထားအုံး သက်သေပြဘို့ အခက်အခဲရှိပါတယ်။
ဒါတွေကို ကျနော်အပါအဝင် ထောက်ပြသူတွေများစွာ ပုံစံအမျိုးမျိုး ရှုထောင့်အမျိုးမျိုးကနေ ချပြနေကြပါလျှက်
ယနေ့အထိ အကောင်အထည်မဖော်နိုင်သေးပါဘူး။
ပြောခြင်တာက
ပညာရှင်တွေအမြောက်အများရှိပါလျှက်လည်း၊ ပွဲတက် ဖော်ရှိုးလုပ်
ဝပ်ရှော့လုပ် ဖိုရမ်လုပ် ကမ်ပိန်းလုပ်
ဘာလုပ်လုပ် ဘာမှဖြစ်မလာဘူး၊ ဘာကြောင့်လဲ
ဘာစေတနာမှ မရှိကြလို့ပါ။
ခေတ်ဟောင်းက ညွှန်ကြားချက်တွေ ချချပြနေပြီး အရင်က ဥပဒေက ဘယ်လို ညာလိုနဲ့၊ ဥပဒေကိုလူကလုပ်တာပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေနားကို ပေါက်အောင် ရေးကြပါ ပြောကြပါ။
ဌာနစွဲ ဝါဒစွဲတွေနဲ့မကာကြပါနဲ့။အဓိပ္ပါယ်မရှိတဲ့ တရားမျှတမှုနဲ့ ဆန့်ကျင်တဲ့ အရာမှန်သမျှကို ဘယ်ဥပဒေ ဘယ်ညွှန်ကြားချက်တွေရှိခဲ့စေကာမူ၊ ယနေ့ ပြင်ဆင်ဖို့အချိန်တန်ပြီ
ပြင်ဆင်နိုင်ဖို့ ဒဲ့ပြော ဒဲ့ရေးကြပါ။
တောနေလူတန်းစားတွေ ဘဝမြင့်မှ မြို့နေလူတန်းစားတွေဘဝတင့် ကြမှာပါ။
လူအများစုဖြစ်တဲ့
တောနေလူတန်းစားတွေ အလုပ်လုပ်နိုင်မှ
ဖွံ့ဖြိုးတိုးတက်အောင်ပံ့ပိုးပေးနိုင်မှ၊ အခွင့်အလမ်းတွေပေးမှ တိုင်းပြည်ချမ်းသာမှာပါ။ ချမ်းသာမှ ထမင်းမငတ်မှ ငြိမ်းချမ်းရေးဆိုတာမျှော်လင့်လို့ရတာပါ။တကယ်တော့
တောကထွက်တဲ့အရာတွေဟာ တကယ့် (product) ထုတ်ကုန် အစစ်တွေပါ။
ငြိမ်းချမ်းရေးလိုခြင်ရင်၊ တရားဥပဒေစိုးမိုးခြင်ရင် တိုင်းပြည်ရဲ့ ၇၅ ရာခိုင်နှုန်းရှိတဲ့
ကျေးလက်နေလူတန်းစားဘဝကို မြှင့်တင်ပေးပါ။
လှိုင်ဘွား(လယ်ယာမြေ)
သက်သေခံဥပ‌ဒေ (၁၉၈၉)



သက်သေခံဥပဒေကိုပြင်ဆင်သည့်ဥပဒေ (၂၀၁၅)
https://www.amyotha.hluttaw.mm/my/download/file/fid/1666
(၁) ရာဇဝတ်ကျင့်ထုံးဥပဒေ



(၂) ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေ (၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်)
မရှိသေးသူများ download ရယူပြီး ဖတ်ရှုနိုင်ရန် တင်ပေးလိုက်ပါတယ်။
လှိုင်ဘွား(လယ်ယာမြေ)

0 comments:

Post a Comment