မြေသိမ်းသည်ဆိုရာ၀ယ်
ဦး၀င်းမောင်၊ မြန်မာနိုင်ငံ၀န်ထမ်း (ငြိမ်း)
၃၁-၁-၂၀၀၃ နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် စာ-၂၆ ဦးဟန်ထွန်း (အခွန်) ရေးသားသော ခါးဆက်ပြတ်နယ်ဘက် အုပ်ချုပ်ရေးဆောင်းပါးတွင် မြေသိမ်းဆည်းခြင်းကိစ္စ စနစ်တကျ မဆောင်ရွက်သဖြင့် မကျေနပ်မှုများ ပေါ်ပေါက်ခဲ့ရကြောင်း အနည်းငယ်ရေးသားထားသည်ကို တွေ့ရ၍ မြေသိမ်းဆည်းခြင်းကို ပြည်သူများ ပိုမို သိရှိစေရန် ထပ်မံ၍ တင်ပြရခြင်း ဖြစ်ပါသည်။
မြေသိမ်း ဥပဒေများ
မြေသိမ်းဥပဒေ (The Land Acquisition Act) ကို ၁၈၉၄ ခုနှစ် အက်ဥပဒေ အမှတ် (၁) ဖြင့် ပြဋ္ဌာန်းခဲ့ရာ ယနေ့ဆိုလျှင် နှစ် ၁၂၀ သက်တမ်း ရောက်နေသော်လည်း ခေတ်နောက်မကျ သေးရုံမျှမက ယင်းဥပဒေတွင် ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ ဆောင်ရွက်လျှင် ပြည်သူများ သိရှိ နားလည် သဘော ပေါက်၍ အများလက်ခံမည်ဖြစ်သဖြင့် မကျေနပ်မှုများ၊ ဆန်္ဒဖော်ထုတ်မှုများ နည်းပါးသွားနိုင်စရာ ရှိပါသည်။
မြေသိမ်းဆည်းနိုင်သည့် အာဏာပိုင်မှာ နိုင်ငံတော် သမ်္မတ ကိုယ်စား ပြည်ထဲရေး၀န်ကြီးဌာန ဖြစ်ပါသည်။ ယခင်က မြေသိမ်းနိုင်သည့် ဘဏ္ဍာတော်မင်းကြီး ရာထူး ရှိခဲ့သော်လည်း ယခုအခါ ယင်း၏ လုပ်ပိုင်ခွင့်ကို ပြည်ထဲရေး ၀န်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဩန်ကြားရေးမှူးချုပ်အား အာဏာ အပ်နှင်းထားသည်ကို တွေ့ရပါသည်။
မြေသိမ်းဆည်းတော့မည်၊ မြေသိမ်းရန် ရည်ရွယ် သည်ဟု ဆိုလျှင် အောက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရန်အတွက် ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေများ အတိုင်း ဆောင်ရွက်ရန် ပြဋ္ဌာန်းထားပါသည်။
ပုဒ်မ-(၄)(၁) မြေကို သိမ်းဆည်းရန် ရည်ရွယ်ကြောင်း ပဏာမ အမိန့်ကို မြန်မာနိုင်ငံ ပြန်တမ်းတွင် ထုတ်ပြန် ကြေညာရမည်။ ၎င်းင်းကြေညာချက်ကို ကော်လိတ်တော်မှ သိမ်းဆည်းမည့် မြေရှိရာ ဒေသရှိ သင့်တော်ရာနေရာများတွင် အများပြည်သူ သိရှိအောင် ကြေညာရမည်။ မြေ၊ အဆောက်အအုံအတွင်း ၀င်ရောက် စစ်ဆေးလိုပါက အနည်းဆုံး ၇ ရက် ကြိုတင် အသိပေးပြီးမှ ၀င်ရောက်ရမည်။
၄ (၂) ပုဒ်မ ၄ (၁)အရ ထုတ်ပြန်သော ပြန်တမ်းနှင့် သက်ဆိုင်ရာ အမှုတွဲရရှိပါက ယင်းမြေကို ၀င်ရောက်၍ တိုင်းတာခြင်း၊ ပုံဆွဲခြင်း၊ နယ်နိမိတ် အလားအလာ သတ်မှတ်ခြင်းကို ဥပဒေပုဒ်မ ၄(၁)နှင့်အညီ ပြုလုပ်ရမည်။
ပုဒ်မ ၅ (၅) မြေသိမ်းရန်အတွက် ၀င်ရောက်သည့်အခါတွင် အပျက်အစီးများ ဖြစ်ပေါ်ပါက ပျက်စီးမှုအတွက် လျော်ကြေး ပေးရမည်။ အငြင်းပွားပါက ကော်လိတ်တော်အရာရှိထံ တင်ပြ အဆုံးအဖြတ်ခံရယူရမည်။ ၎င်းင်းအရာရှိ၏ အဆုံး အဖြတ်သည် အပြီးသတ် ဖြစ်သည်။
၅ (က)(၁) ပုဒ်မ ၄(၁)အရ အများပြည်သူအကျိုး (သို့မဟုတ်) ကုမ္ပဏီအဖွဲ့အစည်းအတွက် လိုအပ်ကြောင်း၊ လိုအပ်ဖွယ်ရာ ရှိကြောင်း ကြေညာသည့် မြေနှင့် အကျိုးသက်ဆိုင်သူ (Person Interested) ထံမှ ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်ရန်ရှိပါက ကန့်ကွက်နိုင်ကြောင်း ကြေညာရမည်။
၅(က)(၃) ဤပုဒ်မအတွက် မြေသိမ်းခဲ့လျှင် ကန့်ကွက် သူမှာ လျော်ကြေးငွေတောင်းခံခွင့်ရှိသော မြေနှင့် အကျိုး သက်ဆိုင်သူ ဖြစ်ပါသည်။
ပုဒ်မ-၆(၁) ဤဥပဒေ၏ အခန်း ၇ (လျော်ကြေးပေးခြင်း ကဏ္ဍ) ပါ ပြဋ္ဌာန်းချက်များကို ထောက်ထား၍ ၅(က)(၂) အရ ထုတ်ပြန်သော မြေမှာ အများပြည်သူအကျိုး (သို့) ကုမ်္ပဏီ၊ အဖွဲ့အစည်းအတွက် လိုအပ်ကြောင်း အစီရင်ခံစာကို အစိုးရမှ ကျေနပ်ပါက ၎င်းင်းကိစ်္စအတွက် ကြေညာချက် ထုတ်ပြန်ရမည်။ သို့ရာတွင် ယင်းကြေညာချက်ကို အများ ပြည်သူ အကျိုးအတွက် အစိုးရမှ လည်းကောင်း၊ ကုမ်္ပဏီ၊ အဖွဲ့အစည်းများမှ လည်းကောင်း၊ လျော်ကြေးမပေးမချင်း မထုတ်ပြန်ရပါ။
၆(၂)(၃) ထိုကြေညာချက်တွင် မြေတည်ရှိသည့်နေရာ၊ မည်သည့်အတွက် မြေသိမ်းယူရန် လိုအပ်ကြောင်း ဧရိယာ၊ အကျယ်အ၀န်း၊ စုံစမ်းနိုင်သော နေရာ ဖော်ပြရမည်။ ယင်းကြေညာချက်မှာ အများပြည်သူ (သို့) ကုမ်္ပဏီ၊ အဖွဲ့အစည်းအတွက် လိုအပ်သည့် မြေဖြစ်ကြောင်း အပြီးသတ် သက်သေခံချက် ဖြစ်ရမည်။ ယင်းကြေညာချက် ထုတ်ပြန်ပြီးနောက် အစိုးရသည်မြေကို နည်းလမ်းတကျ သိမ်းယူနိုင်ပါမည်။
ပုဒ်မ-၇ အစိုးရက မြေသိမ်းကြေညာပြီးနောက် ကော်လိတ် တော်အရာရှိအား မြေသိမ်းယူရန် အမိန့်ချမှတ်နိုင်သည်။
ပုဒ်မ-၈ ကော်လိတ်တော်အရာရှိသည် ပုဒ်မ ၆ မြေသိမ်း အမိန့်ထုတ်ပြန်ပြီးနောက် မတိုင်းတာ မသတ်မှတ်ရသေးသည့် မြေကို မှတ်သားခြင်း၊ တိုင်းထွာခြင်း၊ ပုံစံထုတ်ယူရမည်။ အဆိုပါ အမိန့်ကြော်ငြာစာသည် မြေသိမ်းရန် အပြီးသတ် သက်သေခံချက် ဖြစ်သည်။
ပုဒ်မ-၉(၁) ကော်လိတ်တော်အရာရှိမှ မြေကို လက်ရှိ ရယူခြင်း၊ မြေသိမ်းယူခြင်းအတွက် လျော်ကြေးတောင်းခံရန် ဖော်ပြ၍ သင့်တော်ရာနေရာများ၊ မြေအနီးအနားတွင် အများပြည်သူ သိရှိရန် ကြေညာရမည်။
၉ (၂) ယင်းနို့တစ်စာ ထုတ်ပြန်ပြီး ၁၅ ရက်အတွင်း မြေအကျိုးသက်ဆိုင်သူများမှ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စား လှယ်ဖြင့် ဖြစ်စေ၊ ကော်လိတ်တော်ထံ လာရောက်၍ လျော်ကြေးတောင်းခံနိုင်သည်။
၉ (၃) ကော်လိတ်တော်အရာရှိမှ ယင်းမြေကို လက်၀ယ် ရယူထားသူရှိလျှင် လည်းကောင်း၊ မြေကွက်အကျိုး သက်ဆိုင်သူဟု ယုံကြည်ရသူ (သို့) သိရသူများ ကိုယ်စား လှယ်များထံ ထပ်မံ နို့တစ်စာ ပေးရမည်။
၉ (၄) ၎င်းနေရာတွင် အကျိုးသက်ဆိုင်သူ၊ ကိုယ်စားလှယ် မရှိလျှင် နို့တစ်စာကို နောက်ဆုံး သိရသည့် နေထိုင်ရာ အလုပ်လုပ်ကိုင်ရာ (သို့) စာတိုက်မှ မှတ်ပုံတင်ပေးပို့ရမည်။
ပုဒ်မ-၁၀(၁) ကော်လိတ်တော်သည် မြေသိမ်းပြီးနောက် ၁၅ ရက်ထက်မစောစေဘဲ မြေတွင် အကျိုးခံစားခွင့်ရှိသူ ပူးတွဲ ပိုင်ဆိုင်သူ၊ နေထိုင်သူ အသီးသီး၏ အမည်နှင့် ငှားရမ်းခများ၊ အမြတ်များကို နောက် ၃ နှစ်အတွက် ရမည့် စာရင်းကို ပြုလုပ်ပေးအပ်စေရမည်။
၁၀ (၂) ယင်းတောင်းဆိုသော ဖော်ပြချက်ကို ပေးအပ်ရမည့် သူသည် ရာဇသတ်ပုဒ်မ-၁၇၅/၁၇၆ ပါ ပြဋ္ဌာန်းချက်နှင့် အညီ ပြုလုပ်သည်ဟု မှတ်ယူရမည်။
ပုဒ်မ-၁၁ ချိန်းဆိုသော နေရာတွင် ကော်လိတ်တော် အရာရှိမှ မြေတိုင်းတာခြင်းအပေါ် ပုဒ်မ ၉ အရ ပေးသော နို့တစ်စာနှင့် ပတ်သက်၍ ကန့်ကွက်ချက်နှင့် ပုဒ်မ ၄ အရ ထုတ်ပြန်သော ကြေညာသောနေ့ရှိ မြေတန်ဖိုး၊ လျော်ကြေး တောင်းခံသော အကျိုးသက်ဆိုင်သူ အသီးသီးကို ဆက်လက် စုံစမ်းစစ်ဆေးပြီးနောက် အောက်ပါအတိုင်း ဆုံးဖြတ်ရမည်။
(က) မြေချိန် ဧရိယာ အကျယ်အ၀န်း
(ခ) မြေအတွက် လျော်ကြေးပေးသင့်သည့်ငွေကြေး
(ဂ) မြေတွင် အကျိုးသက်ဆိုင်သည်ဟု ယုံကြည် ရသော (သို့) သိရသော ပုဂ်္ဂိုလ်အသီးသီး လာရောက်သည် ဖြစ်စေ၊ မလာရောက်သည်ဖြစ်စေ လျော်ကြေးခွဲဝေပေး သင့်သည် စသည့် အကျိုးအကြောင်း ခိုင်လုံစွာ ဆုံးဖြတ်ချက် ချ၍ လက်မှတ် ရေးထိုး ပေးရမည်။
ပုဒ်မ-၁၂(၁) ကော်လိတ်တော်အရာရှိမှ အမှုတွဲဖွင့်၍ ၎င်းင်းနှင့် အကျိုးသက်ဆိုင်သူများအကြား၊ မြေအကျယ် အ၀န်းနှင့် မြေတန်ဖိုး လျော်ကြေးခွဲဝေလျာထားချက်တို့သည် အပြီးသတ်နှင့် နောက်ဆုံး သက်သေခံချက် ဖြစ်စေရမည်။
၁၂(၂) ကော်လိတ်တော်အရာရှိမှ ၎င်းင်း၏ ဆုံးဖြတ်ချက်ကို အကျိုးသက်ဆိုင်သူထံ (သို့) မရှိပါက ကိုယ်စားလှယ်ထံ ချက်ချင်း အကြောင်းကြား နို့တစ်ပေးရမည်။
ပုဒ်မ-၁၃ ကော်လိတ်တော်အရာရှိသည် သင့်မြတ်သည်ဟု ယူဆက စုံစမ်းခြင်းကို ရက်ရွှေ့နိုင်ပါသည်။
ပုဒ်မ-၁၄ စုံစမ်းစစ်ဆေးရန်အတွက်၊ အကျိုးသက်ဆိုင်သူများ၊ သက်သေများကို ခေါ်ယူ စစ်ဆေးခြင်း၊ သက်သေခံ အထောက်အထားများ တင်ပြစေနိုင်ပါသည်။
ပုဒ်မ-၁၆ ပုဒ်မ ၁၁၊ အရ ဆုံးဖြတ်ချက် ချမှတ်ပြီးသောအခါ ကန့်ကွက်ချက်များ ကင်းရှင်းစွာဖြင့် လွှဲအပ်သည့် မြေကို အပြည့်အ၀ လွှဲအပ်ရယူနိုင်ပါသည်။
ပုဒ်မ-၁၇ အရေးပေါ် ကိစ်္စများအတွက် သိမ်းယူနိုင်သည့် အာဏာ၊ မြေကို အရေးပေါ် လိုအပ်သည့် ကိစ်္စများတွင် အစိုးရ၏ ရည်ညွှန်းချက်ဖြင့်၊ ၎င်းအနေဖြင့် ဆုံးဖြတ်ချက် မချမှတ်ရသေးသော်လည်း ပုဒ်မ-၉(၁)အရ နို့တစ်စာ ထုတ်ပြီးနောက် ၁၅ ရက် ကုန်ဆုံးသည့်အခါ အများပြည်သူ အကျိုး (သို့) ကုမ်္ပဏီအဖွဲ့အစည်းအတွက် လိုအပ်သည့် ထွန်ရက် စိုက်ပျိုးမြေ (သို့) မြေလွတ်၊ မြေရိုင်း (Waste or Arable Land) ကို ကြွေးမြီအရပ်ရပ် ကင်းလွတ်ခွင့်ဖြင့် လက်ရှိယူနိုင်ပါသည်။
ပုဒ်မ-၁၇(၂) လှေ၊ သင်္ဘောများမြစ်ကြောင်း ရုတ်တရက် ပြောင်းလဲခြင်း၊ အရေးပေါ်ကိစ္စကြောင့် မီးရထား သွားလာမှုအတွက် အရေးတကြီး လိုအပ်ခြင်းစသော ကိစ္စများအတွက် ပုဒ်မခွဲ (၁) အရ နို့တစ်စာထုတ်၍ သိမ်းယူနိုင်ပါသည်။ ယင်းသို့ သိမ်းယူသော်လည်း ယင်းမြေ၊ အဆောက်အဦတွင် လက်ရှိ နေသူများအား အနည်းဆုံး ၄၈ နာရီ နို့တစ်မပေးဘဲ ရယူခြင်းမပြုရ (သို့မဟုတ်) လက်ရှိနေသူမှ ၎င်းင်း၏ ပစ်္စည်းများ အဆင်ပြေစွာ ရွှေ့ပြောင်းနိုင်ရန် လုံလောက်သော အချိန် မပေးဘဲ လက်ရှိ သိမ်းယူခြင်းမပြုရ။
၁၇(၃) လက်ရှိရယူချိန် (Taking possession) ၌ အကျိုးသက်ဆိုင်သူများအား မြေပေါ်ရှိ သီးပင်၊ စားပင်များ ရှိက ၎င်းအတွက် ရုတ်တရက် လက်မဲ့ဖြစ်စေခြင်းနှင့် ပျက်စီးနစ်နာမှုအတွက် လျော်ကြေး ကမ်းလှမ်းရမည်။ ယင်းကမ်းလှမ်းချက်ကို လက်မခံပါက သစ်ပင်၊ သီးနှံပင် များ၏ တန်ဖိုးနှင့် ပျက်စီးမှု သင့်ငွေများကို လျော်ကြေး (Award) ဆုံးဖြတ်ရာတွင် ထည့်သွင်း ပေးရမည်။
ပုဒ်မ-၁၈ ကော်လိတ်တော်အရာရှိ၏ ဆုံးဖြတ်ချက်ကို လက်မခံပါက ကော်လိတ်တော်အရာရှိထံ လျှောက်လွှာ ရေးသား၍ တရားရုံးသို့ စောဒကမှု လျှောက်ထားပြီး အဆုံးအဖြတ်နာခံရမည်။ (Reference to court)
ဤသို့ဆိုလျှင် လက်ရှိ မြေသိမ်းဆည်းနေသည့် ကိစ်္စများမှာ တည်ဆဲ မြေသိမ်းဥပဒေ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်မှု ရှိ မရှိ ပေါ်လွင် ထင်ရှားနေပါပြီ။
နစ်နာကြေး၊ လျော်ကြေး
စာရေးသူ Y.C.D.C တွင် ဥပဒေအကြံပေးအဖြစ် ၁၁ နှစ်ခန့် တာ၀န်ထမ်းခဲ့စဉ်က မြို့မြေပြဿနာ အမှုတွဲများ လေ့လာရာတွင် အချို့ မြေကွက်များဆိုလျှင် တော်လှန်ရေး အစိုးရလက်ထက် ကတည်းက မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အလိုရှိ၍ ပုဒ်မ ၄(၁)၊ ၅ စသည်ဖြင့် ကြေညာ ခဲ့ပြီးသော်လည်း လေ့လာသည့် အချိန်အထိ သိမ်းဆည်းသည့် အမိန့်ကြော်ငြာစာ မထုတ်ပြန်ရသေးခြင်း၊ လက်ရောက် မရယူသေးခြင်း၊ လျော်ကြေး လုံး၀ မပေးသေးခြင်းတို့ တွေ့ရပါသည်။ ဤသို့ နှစ်ကြာနေ၍ ဘာမှမလုပ်ဖြစ်တော့လျှင်လည်း မြေသိမ်း ဥပဒေပုဒ်မ ၄၈ နှင့် ဩန်ကြားချက် ၁၂ အရ ယခင်ထုတ်ပြီး အမိန့်ကြော်ငြာစာကို ရုပ်သိမ်းပြီး မြေသိမ်းခြင်းကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည့် သာဓကများလည်း တွေ့ဖူးပါသည်။ မြေသိမ်းနည်းဥပဒေ ၃(၆)နှင့် ညွှန်ကြားချက် ၁၃(ခ)အရ သိမ်းဆည်းမည့် မြေတွင် ဘာသာရေး အဆောက်အအုံ များ၊ အုတ်ဂူများ၊ သင်္ချိုင်းမြေများပါရှိလျှင် ချန်လှပ်ထားရန် လိုအပ်ပါသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၁၉၉၂ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ် အတွင်းရှိ မြို့မြေများကို မြေစာရင်း T.L.R မြေပုံများနှင့် တကွ Y.C.D.C သို့ မလွှဲအပ်မီအချိန်က စီမံကိန်းရှိသည်၊ မြေသိမ်းရန် ရည်ရွယ်သည်ဟု ဆိုရုံမျှဖြင့် အမိန့်ကြော်ငြာစာ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိဘဲ မြို့မြေစာရင်း T.L.R ဘေး ကော်လံတွင် ခဲမှတ်ချက် (ခဲတံဖြင့် ဘေးမှ မှတ်ချက် အတိုကလေး ရေးထားခြင်း) ဖြင့် တေးမှတ်ထားသည်ကိုပင် မြေရှင်များမှ မြို့တော်စည်ပင်သို့ အမည်ပေါက် အမည် ပြောင်းလျှောက်ထားလျှင် အိုးအိမ်ဦးစီးဌာနသို့ မှတ်ချက် တောင်းသည့်အခါ တိကျသော မှတ်ချက် (ပြန်ကြားစာ) မရရှိသဖြင့် Y.C.D.C မှ ဘာမျှ လုပ်မပေးနိုင်သဖြင့် နစ်နာနေသော မြေရှင်များလည်း တွေ့ဖူးပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၁၂ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁ ဖြင့် ပြဋ္ဌာန်း ထားသော လယ်ယာမြေဥပဒေ၏ နည်းဥပဒေ (အမ်ိန့် ကြော်ငြာစာ ၂/၂၀၁၂) ပြဋ္ဌာန်းချက်အပိုဒ် ၆၄ နှင့် ၆၆ အရဆိုလျှင် လယ်ယာမြေဥပဒေအရ နိုင်ငံတော်အကျိုးငှာ ဖြစ်စေ၊ အများပြည်သူ အကျိုးငှာဖြစ်စေ၊ သိမ်းယူခြင်း ခံရလျှင် မူလ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအား နစ်နာ ကြေးနှင့် လျော်ကြေးများကို သက်ဆိုင်ရာမှ နှောင့်နှေး ကြန့်ကြာခြင်းမရှိစေဘဲ ရရှိရန် ဆောင်ရွက်ပေးရမည်ဟု ဖော်ပြထားပြီး ယင်းနစ်နာကြေး၊ လျော်ကြေးများကို နိုင်ငံတော်က ပေးရမည်ဟု ပြဋ္ဌာန်းထားသည့်အပြင် အပိုဒ် ၆၇ အရ သီးနှံနှင့် အဆောက်အအုံ၊ မြေအတွက် လျော်ကြေးကို ကာလပေါက်စျေးဖြင့် တွက်ချက်ရမည်ဟု အတိအလင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။
ယနေ့ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်း နေချိန်တွင် နိုင်ငံတော်သမ်္မတကြီး၏ လမ်းညွှန်ချက်ဖြစ်သော Good Governance, Clean Government ဖြစ်ဖို့ ဆိုလျှင် သတ်မှတ်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပါက ပြဿနာများ၊ မကျေနပ်မှုများ နည်းပါးသွားနိုင်မည်ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။
Original link:က. ဒီမှာ
0 comments:
Post a Comment