#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

နည်းမျိုးစုံနဲ့ ညစ်တဲ့ လီဆယ်

Friday, March 27, 2020

 နည်းမျိုးစုံနဲ့ ညစ်တဲ့ လီဆယ်

အင်္ဂလိပ်တို့ဟာ မြန်မာတပြည်လုံး 
သိမ်းပြီးစမှာပဲ အင်္ဂလိပ်အစိုးရက 
၁၈၉၄ မြေသိမ်းဥပဒေ (The Land Acquisition Act) ကို စတင်ပြဋ္ဌာန်းခဲ့ပါတယ်။ 
ငါတို့က စစ်နိုင်သူပဲဆိုတဲ့ ပုံစံနဲ့ မူလ ပိုင်ဆိုင်ခဲ့သူတွေရဲ့ လယ်မြေတွေကို အနိုင်ကျင့်ပြီးအဓမ္မ မသိမ်းပိုက်ခဲ့ကြဘူး။ 
မြေသိမ်းဥပဒေကို စနစ်တကျ
မျှမျှတတထုတ်ပြန်ခဲ့ပြီး သူအုပ်ချုပ်မဲ့နိုင်ငံအတွက် အများအကျိုးရှိမှ သိမ်းခဲ့ပါတယ်။ 
ကြေးတိုင်နဲ့ မြေယာပညာရှင်များကလည်း 
၁၈၉၄ ခုနှစ် မြေသိမ်းအက်ဥပဒေရဲ့ အနှစ်သာရမှာ မြေသိမ်းယူသည့် ကိစ္စသည် နိုင်ငံတော်အကျိုးနှင့် အများပြည်သူ အကျိုးအတွက် ဖြစ်မှသာ သိမ်းယူနိုင်ပါတယ် ဆိုပါက ဝန်ကြီးဌာနများက သိမ်းယူခြင်း ဖြစ်စေကာမူ လိုသည်ထက်ပို၍ သိမ်းယူနိုင်မည် မဟုတ်ပဲ။ ကုမ္ပဏီများနှင့် ပုဂ္ဂလိကများသည် နိုင်ငံတော်အကျိုး၊ အများပြည်သူအကျိုး မဟုတ်သဖြင့် "လုံးဝ သိမ်းယူခွင့်မရှိ” လို့ ဆိုထားပါတယ်။ 
၁၈၉၄ မြေသိမ်းအက်ဥပဒေမှာတော့ မြေသိမ်းဆည်းမှုအပေါ် ကန့်ကွက်စာခေါ် ခြင်း၊ လျော်ကြေးမပေးသေးသမျှ မြေသိမ်းအမိန့် မထုတ်ဆင့်ရခြင်း ဆိုတဲ့ ပြဋ္ဌာန်းချက်တွေပါ ပါတယ်။
လက်ရှိအချိန်မှာလည်း နိုင်ငံတော်က မူဝါဒ (၅၂) ချက်နဲ့အညီသိမ်းဆည်းမြေယာကိစ္စတွေအတွက်
အချိန်ဆွဲတာတွေမပြုလုပ်ပဲ မူလပိုင်ရှင်လက်ထဲကိုမြန်မြန်ဆန်ဆန်ပြန်ပေးနိုင်ဖို့
ညွှန်ကြားထားတာရှိပါတယ်၊ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နဲ့ 
နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်တိုင်လည်း
ဒီကိစ္စရောက်လေရာနေရာမှာအမြဲပြောနေတာပါ
မြေသိမ်းခံရသူအတွက်မြေပြန်ရနိုင်တဲ့
အခြေအနေမရှိဘူး ဆိုရင်
လျော်ကြေးငွေပေးဖို့လဲပြောထားပါတယ်။
ကိုလိုနီခေတ် မြေသိမ်းဥပဒေမှာ လျော်ကြေးနဲ့ပတ်သက်ပြီး အတိအကျ ဖော်ပြခဲ့တာရှိသလို
ယနေ့ အသစ်ပြဌာန်းခဲ့တဲ့ လယ်ယာမြေဥပဒေ နည်းဥပဒေတွေမှာလည်းပြဌာန်းထားပါတယ် 
ကာလပေါက်စျေးနဲ့ ပေးလျော်ဖို့ညွှန်ကြားချက်တွေ
လည်းရှိပါတယ်။
အခုတော့ 
ကာလပေါက်စျေးကို ၂/၂၀၁၉ အရ 
ထုတ်ပြန်လိုက်တဲ့ ရောင်း ပေါင် ပေး ငှား
ကိစ္စအတွက် မြေတန်ဖိုးသတ်မှတ်ခြင်းကို
မြို့နယ်က သတ်မှတ်ပေးရမှာဆိုတော့ ရှင်းသလိုလိုတော့ရှိနေပါပြီ ၊
မရှင်းတာကတော့ တမင်ရှုပ်အောင်လုပ်နေကြတဲ့ လူတွေကြောင့်ပါပဲ။
ကိုယ့်နိုင်ငံကိုကျွန်ပြုသွားခဲ့ကြတဲ့သူတွေလောက်တောင်မှ စည်းစနစ်မရှိ၊ ပြည်သူအပေါ်စေတနာမထားတတ်တဲ့
ဝန်ထမ်းဆိုးဝန်ထမ်းညစ်တွေ များလွန်းနေသေးတဲ့မြန်မာပြည်မှာ
ငါးကြီးကြီးတွေကြော်နေပါတယ်ဆိုပြီး
ပရိတ်သတ်တစ်ယောက်လိုလဲ ထိုင်ကြည့်မနေနိုင်ပါဘူး ကိုယ့်လူမျိုးအချင်းချင်းဒုက္ခပေးနေတဲ့သူ
မည်သူ့ကိုမဆို အချက်အလက် အထောက်အထားခိုင်ခိုင်လုံလုံရတာနဲ့
ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အရေးယူတဲ့အဆင့်ရောက်အောင်
နည်းလမ်းပေါင်းစုံသုံးပြီး ရှင်းသွားမှာပါ။ တတ်သိပညာရှင်တွေနဲ့လည်းချိတ်ဆက်ထားပါတယ်။
ဝန်ထမ်းကျင့်ဝတ်စည်းကမ်းအတိုင်းမလိုက်နာပဲ ဘက်လိုက်အနိုင်ကျင့်ပါက
တည်ဆဲ ငြိမ်းစုစီဥပဒေ နှင့်အညီ နိုင်ငံတော်အကြီးအကဲများနဲ့အများပြည်သူသိရှိအောင် ဆန္ဒထုတ်ဖော်ခြင်းများအထိပြုလုပ်သွားပါမယ်။

လှိုင်ဘွား

0 comments:

Post a Comment