#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

မြေအတန်းအစား (သို့မဟုတ်) မြေအမျိုးအစား များနှင့် (၃ခ) ဆိုတာ

Friday, March 27, 2020

 မြေအတန်းအစား (သို့မဟုတ်) မြေအမျိုးအစား များနှင့် (၃ခ) ဆိုတာ


မြေအတန်းအစား (သို့မဟုတ်) မြေအမျိုးအစား

မြေနှင့်အိမ်၊ မြေ၊ ပတ်သက်လျှင် အောက်ပါမြေအမျိုးအစားများကို
သိထားရမည်။
၁။ လယ်ယာဥယျာဉ်မြေ
၂။ မြေပိုင်မြေ (ဘိုးဘွားပိုင်မြေ)
၃။ ဂရန်မြေ

၄။ ချထားမြေ (ပါမစ်မြေ)
၅။ စကွာတာမြေ
၆။ ကျူးကျော်မြေ
၇။ သာသနာပိုင်မြေ
၁။ လယ်ယာဥယျာဉ်မြေ
---------------------------
လယ်ယာဥယျာဉ် စိုက်ပျိုးရေးလုပ်ကိုင်ရန်အတွက်သာ
အသုံးပြုခွင့်ရသည်။
(လယ်ယာမြေဥပဒေသစ် ပြဋ္ဌာန်းပြီးနောက် လယ်ယာများကို လွှဲပြောင်းရောင်းချနိုင်ပါသည်။)
လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပုဒ်မ ၃(ခ)အရ လယ်ယာမြေဆိုသည်မှာ နိုင်ငံတော်က အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့်လယ်ယာ လုပ်ကိုင်နိုင်သော မြေရိုင်းများနှင့် လယ်ယာကိုင်းကျွန်း ဥယျာဉ်စိုက်ပျိုးမှု၊ သို့တည်းမဟုတ် လယ်ယာကိုင်းကျွန်းဖြင့် အသက်မွေးမှုကိစ္စများအတွက်ဖြစ်စေ၊
ယင်းသို့ စိုက်ပျိုးမှုနှင့် အသက်မွေးမှု၏ အထောက်အပံ့ဖြစ်သော အမှုကိစ္စများအတွက်ဖြစ်စေ လက်ရှိထားသည့်၊ သို့တည်းမဟုတ် သာမန်လုပ်ကိုင်သည်၊ သို့တည်းမဟုတ် အငှားချထားပြီးသည့် မြေကိုဆိုလိုသည့်အပြင်၊ ထိုစကားရပ်တွင် ထိုမြေပေါ်ရှိ လူနေအိမ်များနှင့်အခြားအဆောက်အအုံများပါဝင်သည်။
သို့ရာတွင် မြို့ရွာအတွင်း တည်ရှိသော လူနေအိမ်ရာအဖြစ် လက်ရှိထားသည့်မြေမပါဝင်ချေ။
(ပုဒ်မ-၃ခ)
အထက်ပါပုဒ်မ ၃(ခ)အဓိပ္ပာယ်သတ်မှတ်ချက်တွင် မပါဝင်၊
အကျုံးမဝင်မှသာ လူနေရပ်ကွက်အဖြစ် သတ်မှတ်သည်။
ပုဒ်မ(၃၉)ဟူသည် လယ်ယာမြေမှ လူနေရပ်ကွက်အဖြစ် မြို့မြေစာရင်းဝင် သတ်မှတ်ပေးနိုင်သော ပုဒ်မဖြစ်သည်။
လယ်ယာမြေ ပုဒ်မ-၃(ခ)နှင့် အကျုံးမဝင်တော့ဘဲ လန-၃၉သတ်မှတ်ပြီးမြေမျိုးသာ ရောင်း/ပေါင် လွှဲပြောင်းခွဲစိတ်နိုင်ပါသည်။
(၂) မြေပိုင်မြေ (ဘိုးဘွားပိုင်မြေ)
--------------------------------------
မြန်မာနိုင်ငံအား နယ်ချဲ့အင်္ဂလိပ်သိမ်းပိုက်စဉ်က မြို့ကွက်များကို ပြင်ဆင်ချဲ့ထွင်ပြီး ပြည်သူများအား ရောင်းချခဲ့စဉ်က ဝယ်ယူထားကြသော မြေနှင့်လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေအရ လယ်ယာဥယျာဉ်ခြံမြေမှ ပြောင်းလဲလာနိုင်သောမြေ အဆိုပါမြေအား ရောင်း/ပေါင်/လွှဲပြောင်း ခွဲစိတ်နိုင်သည်။
(၃) ဂရန်မြေ (မြေငှားစာချုပ်မြေ)
--------------------------------------
အင်္ဂလိပ်အစိုးရလက်ထက်က အစိုးရထံမှ မြေမဝယ်ယူနိုင်သောသူများအား မြေငှားခသတ်မှတ်၍ အငှားချထားသော မြေနှင့်ချထားမြေ၊ စကွာတာမြေ၊ ရွာမြေ စသည်တို့မှ ပြောင်းလဲလာနိုင်သောမြေ။
အဆိုပါမြေအား ရောင်း/ပေါင်/လွှဲပြောင်း ခွဲစိတ်နိုင်သည်။
(၄) ချထားမြေ (ပါမစ်မြေ)
-----------------------------
မြေငှားစာချုပ်မရှိသော်လည်း နိုင်ငံတော်မှ ချထားသောမြေ။ တစ်ချိန်ချိန်တွင် မြေငှားစာချုပ် ထုတ်ပေးနိုင်သော အလားအလာရှိသည်။ ယခုကာလတွင်မူ ပါမစ်မြေမှ မြေငှားစာချုပ်ထုတ်ပေးနေပါသည်။
(၅) စကွာတာမြေ
---------------------
အင်္ဂလိပ်အစိုးရလက်ထက်က မြေငှားခမပေးနိုင်၍ ဂရန်မြေမရသူများအား မပြောပလောက်သော မြေငှားခထမ်းဆောင်စေ၍ နေထိုင်ခွင့်ပေးထားသော မြေ၊ ဂရန်သက်ကုန်၊ စည်းကမ်းချိုးဖောက်၍ ဂရန်ဖျက်သိမ်းခံရသော်လည်း မြေပေါ်မှာဆက်လက်နေထိုင်ပြီး မြေခကို ဆက်လက်ထမ်းဆောင်နေသူများ၊ ၎င်းမြေအငှားချထားသူများသည ဂရန်မြေအဖြစ်သို့ လျှောက်ထားနိုင်သည်။
ဂရန်ကျပြီးမှသာ ရောင်း/ပေါင်/လွှဲပြောင်းနိုင်သည်။
Crd ; ဒေါ်စိုးစိုးသက် LL.B
တရားလွှတ်တော်ရှေ့နေ


မြေကို ဘိုးဘွားပိုင်မြေ (ဘိုးဘပိုင်မြေ) ဟုပြောလာ၍ စာရွက်ကိုယူကြည့်ရာ ၃ခ ဖြစ်နေသည်ကိုတွေ့ရပြီး ၎င်း ၃ခ ကိုပင် 3B ဟုပြောပြီး ဘိုးဘပိုင် (B) ပါဟုယူဆနေကြပါသဖြင့် ဤပို့စ်အား ဗဟုသုတဖြစ်စေရန်မျှဝေလိုက်သည်။ မူရင်းဆရာမအား ခရက်ဒစ်ပေးပါသည်။


၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ အမှတ် ၇၅ ကို ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။

၁၉၅၄ ခုနှစ် ၊လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး (ပြင်ဆင်ချက်) ၊ အက်ဥပဒေအမှတ် ၂၂ ၊ ၁၉၅၅ ခုနှစ် ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး (ပြင်ဆင်ချက်) အက်ဥပဒေအမှတ် ၅၄ ၊ ၁၉၅၇ ခုနှစ် ၊လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး (ပြင်ဆင်ချက်) အက်ဥပဒေအမှတ် ၄၉ တို.ကိုထုတ်ပြန်ခဲ့သည်။

၁၉၅၃ ခုနှစ် ၊လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ အခန်း ၁ အမှတ် ၃ (ခ) တွင် လယ်ယာမြေ ဆိုသည်မှာ နိုင်ငံတော်က အလိုရှိသည့်အတိုင်းသုံးစွဲနိုင်သည့် လယ်ယာလုပ်ကိုင်နိုင်သော မြေရိုင်းများနှင့် လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်စိုက်ပျိုးမှု သို.တည်းမဟုတ် လယ် ၊ ယာ ၊ ကိုင်း ၊ကျွန်းဖြင့် အသက်မွေးမှု ကိစ္စများအတွက်ဖြစ်စေ ၊ ယင်းသို. စိုက်ပျိုးမှု နှင့် အသက်မွေးမှု ၏ အထာက်အပံ့ဖြစ်သော အမှုကိစ္စများအတွက်ဖြစ်စေ ၊ လက်ရှိထားသည့် ၊ သို.တည်းမဟုတ် ၊ သာမန်လုပ်ကိုင်သည့် သို.တည်းမဟုတ် အငှားချထားပြီး ဖြစ်သည့် မြေကိုဆိုလိုသည့်အပြင် ထိုစကားရပ်တွင် ထိုမြေပေါ ်ရှိ လူနေအိမ်များနှင့် တခြား အဆောက်အအုံးများ ၊ တည်ရာမြေများလည်း ပါဝင်သည်။ သို.ရာတွင် မြို.ရွာအတွင်းတည်ရှိသော လူနေအိမ်ရာအဖြစ် လက်ရှိထားသည့်မြေ မပါဝင်ချေ။

၁၉၅၃ ခုနှစ် ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃ (ခ) နှင့် အကျုံးမဝင်တော့မှ လူနေရပ်ကွက် (မြို.မြေ) အဖြစ် သတ်မှတ်၍ရသည်။ မြို.ရွာနှင့်အိုးအိမ်ဦးစီးဌာန သည် ပုဒ်မ ၃ (ခ) ၏ နောက်ဆုံးစကားရပ်ပါ လယ်ယာမြေနှင့် အကျုံးအဝင်မြေများ တစ်နည်းအားဖြစ် အိမ်ရာမြေအဖြစ် အသုံးပြုထားသော မြေများကို လယ်ယာမြေနှင့် အကံျုးမဝင်ကြောင်း အတည်ပြုစာ ထုတ်ပေးနိုင်သည်။ 
crd:FB

လှိုင်ဘွား (လယ်ယာမြေ)


0 comments:

Post a Comment