- လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု အယူခံဝင်ရောက်သောအခါ ပုံစံ(၇) တောင်းယူခြင်း၊ ဖျက်သိမ်းခြင်း၊ ပြင်ဆင်ထုတ်ပေးခြင်းနှင့် ပြောင်းလဲထုတ်ပေးခြင်း
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ဟူသည် ကျေးရွာအုပ်စု/ရက်ကွက် အဆင့်တွင် လျှောက်ထားသည့် နေ့ရက်မှစတင်
ရေတွက်ပါက ကန့်ကွက်သူမရှိ၊ အပြိုင်လျှောက်ထားခြင်း မရှိလျှင် အနည်းဆုံး သုံးလခန့်ကြာမြင့်သည့် အခါကျမှ လျှောက်ထားသူ
၏ လက်ဝယ်သို့ ရောက်ရှိမည်ဖြစ်သည်။ ပုံစံ(၇) ရရှိပြီးသော လယ်ယာမြေကို အခြား တစ်စုံတစ်ယောက်က မြေယာမှုခင်းတိုင်ကြား
၍ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံတက်ရောက်ပါသော် ထိုပုံစံ(၇) ကို ရရှိထားသူက ပြန်လည်အပ်နှံကြရပြန်သည်။
ထို့ကြောင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ မိုး၊ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးသည့်အခါ ပုံစံ (၇) မူရင်း တောင်းဆို
ပါသော် မည်သို့သော အခက်အခဲများ တွေ့ကြုံရပါမည်နည်း။ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ကလည်း အဘယ်ကြောင့်
တောင်းဆိုရပါသနည်း။
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက်
ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်စွဲပါစာအမှ ၁၂ / လယ-၂၅(၀၀၄ / ၂၀၁၆) အရညွှန်ကြား
ချက်အပိုဒ် (၃) အပိုဒ်ခွဲ (က) တွင်လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ပြီးသားလယ်ယာမြေအငြင်းပွားမှုများကို မြို့နယ်လယ်ယာမြေ
စီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင်ရောက်လာလျှင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
အတွင်းရေးမှူးဖြစ်သူကဦးစွာတောင်းယူစိစစ်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိုယ်စား ၎င်းကိုယ်တိုင်သီးသန့်လုံခြုံစွာ သိမ်း
ဆည်းခြင်း သို့မဟုတ်အဖွဲ့ဥက္ကဋ္ဌမှ တာဝန်ပေးသူတစ်ဦးဦးက လုံခြုံစွာ သိမ်းဆည်းထားရမည်ဟု ဖော်ပြပါရှိသည်။

ညွှန်ကြားချက်အား မလိုက်နာခြင်း
သို့သော် ယခုအခါ ကာယကံရှင်များမှ ပုံစံ(၇) ပေးအပ်ခြင်းမရှိသဖြင့် လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်တွင် လယ်ယာမြေအငြင်
းပွား အယူခံမှုများ စစ်ဆေးရာ၌ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ သို့အတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့
သည် ၎င်း၏ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ၂၈ ရက်စွဲပါ စာအမှတ် ၁၂ / လယ-၂၅ (၁၈၄ /၂၀၁၇) အရ အောက်ပါအတိုင်း ဆောင်ရွက်ရန်
ထပ်မံညွှန်ကြားခဲ့ပါသည်။ (က) အမှုစတင်စစ်ဆေးသည့်နေ့တွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးသည် အဖွဲ့၏ရှေ့
မှောက်၌ ပုံစံ (၇) လက်ဝယ်ရှိသူ ကာယကံရှင်ကို နားလည် သဘောပေါက်အောင် ရှင်းလင်းပြောဆိုပြီး ပုံစံ(၇) အား ဦးစွာတောင်းယူရ
ပါမည်။ (ခ) အမှုစတင်စစ်ဆေးသည့်နေ့၌ ကာယကံရှင်က ပုံစံ(၇) မူရင်းယူဆောင်လာခြင်းမရှိပါက ဒုတိယအကြိမ် ပြန်လည်စစ်ဆေး
သည့်နေ့ရက်တွင် ပုံစံ(၇) ယူဆောင်လာရန် အသိပေးပြောကြားရန်နှင့် အမှုတွဲမှတ်စုတွင်လည်း ရေးသွင်းမှတ်တမ်းတင်ရန် လိုအပ်ပါ
သည်။ (ဂ) အကယ်၍ ထပ်မံချိန်းဆိုသည့် နေ့ရက်များ၌လည်း ကာယကံရှင်က အပ်နှံနိုင်ခြင်း မရှိပါက ပုံစံ(၇) သည် မိမိ၏လက်ဝယ်တွင်
ရှိပါသော်လည်း ရောင်းချ၊ ပေါင်နှံထားခြင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းထားခြင်း၊ ပျောက်ဆုံးခြင်းမရှိကြောင်း ဝန်ခံချက်ပုံစံတွင် ဖြည့်
သွင်းရယူ၍ သက်ဆိုင်ရာအယူခံအမှုတွဲတွင် မှတ်တမ်းတင်ထားရှိရန်။ (ဃ) လယ်ယာမြေအယူခံမှုအား စစ်ဆေးပြီးနောက် သက်ဆိုင်ရာ
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဆုံးဖြတ်ချက်ချမှတ်သည့်အခါ အထက်ပါဝန်ခံချက်အား စည်းကမ်းချိုးဖောက်မှုတစ်ခုအနေဖြင့် ထည့်
သွင်းစဉ်းစားမှုပြုနိုင်သည်။

လယ်ယာမြေအငြင်းပွားမှု စစ်ဆေးဆုံးဖြတ်ပြီးဖြစ်ပါက ဆက်လက်ဆောင်ရွက်ရန် နည်းလမ်းများ (င) လယ်ယာမြေဥပဒေပုဒ်မ ၂၅(ဂ)
အရ အပြီးအပြတ်ဖြစ်သော မြေယာမှုခင်းဆုံးဖြတ်ချက်အရ နောက်ဆုံးအနိုင်ရရှိသူသည် မူလလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်
ဆုံးဖြတ်ချက်အပြည့်အစုံနှင့်တကွ ကာယကံရှင်အား ၎င်း၏လက်ဝယ်ရှိ ပုံစံ(၇) ကိုပူးတွဲပါ ဆုံးဖြတ်ချက်အရ ဖျက်သိမ်းမည်ဖြစ်ကြောင်း
နှင့် ပုံစံ(၇) အား သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံရက်ပေါင်း ၃၀ အတွင်း ပြန်လည်အပ်နှံရန်အကြောင်းကြားရမည်။
(စ) ကာယကံရှင်မှ ပြန်လည်အပ်နှံလာပါက အဆိုပါပုံစံ(၇) အား ဖျက်သိမ်းခြင်း၊ ပြင်ဆင်ထုတ်ပေးခြင်းနှင့် ပြောင်းလဲထုတ်ပေးခြင်း လုပ်
ငန်းများကို မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြအတည်ပြု၍ ရည်ညွှန်းချက်ပါ ညွှန်ကြားချက်အတိုင်းဆောင်ရွက်ရမည်။
(ဆ) အကယ်၍ သတ်မှတ်ထားသည့်ရက် ကျော်လွန်၍ ပြန်လည်အပ်နှံခြင်း မရှိပါက မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံတင်ပြအတည်ပြုချက်ရယူ၍ ဆုံးဖြတ်ချက်နှင့် ကိုက်ညီသော ပုံစံ(၇) များကို ပြင်ဆင်ထုတ်ပြန်ပေးရမည်။
ထို့နောက် မူလပုံစံ(၇) အား ဖျက်သိမ်းပြီးဖြစ်ကြောင်း အကြောင်းကြားစာကို ကာယကံရှင်ထံလိပ်မူ၍ လယ်ယာမြေ စီမံခန့်ခွဲမှု အဆင့်ဆင့်
အပြင် မြို့နယ်စီးပွားရေး၊ ဆည်မြောင်း၊ ရေအရင်းအမြစ်၊ စက်မှုလယ်ယာ ဦးစီးဌာနများနှင့် မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတို့ကို
မိတ္တူပေးပို့ အကြောင်းကြားရမည်။ ထိုသို့ မိတ္တူပေးပို့ရာတွင် အဆိုပါရုံးများ၏ ကြော်ငြာသင်ပုန်းများ၌ ကပ်ထားရန်အလို့ငှာ မိတ္တူအပို
တစ်စောင်စီ ထည့်သွင်းပေးပို့ရမည်။

နိဂုံး
မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်သည် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်း
ပွားမှု (အယူခံမှု) များ ကြားနာစစ်ဆေး ဆုံးဖြတ်ဆောင်ရွက်ရာ၌ ယခုညွှန်ကြားချက်များအား ယခင်ညွှန်ကြားချက်များနှင့် ပေါင်းစပ်လိုက်
နာ ကျင့်သုံးဆောင်ရွက်ရန် လိုအပ်ကြောင်း သုံးသပ်တင်ပြရေးသားလိုက်ရပါတော့သည်။

- အေးဝင်းဦး(ဘူမိဗေဒ)
မြန်မာတောင်သူကြီးများ ဂျာနယ်
အတွဲ(၂၄) အမှတ်(၃၄၇)၊ ဧပြီ ၁ - ၇၊ ၂၀၁၉ ခုနှစ်
0 comments:
Post a Comment