#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

ဘိုးဘပိုင် လယ်ယာမြေများ အခွင့်အရေး အကြောင်း

Friday, March 27, 2020

ဘိုးဘပိုင် လယ်ယာမြေများ အခွင့်အရေး အကြောင်း

-ဘိုးဘပိုင်မြေတွေ၊
-ဒါးမဦးချ လုပ်ကိုင်ခဲ့တဲ့မြေ၊
-၁၂ နှစ်တိုင် လက်ရှိထားလုပ်ကိုင်လာတဲ့မြေ၊
-ဘေးဘိုး စဉ်ဆက်မှသည် သားမြေးထိ တဆက်တည်း လုပ်ကိုင်လာတဲ့မြေ
တွေကို မြေပိုင်အခွင့်အရေး၊ ဘိုးဘပိုင် အခွင့် အရေးပေးပြီးတဲ့အခါ အဲဒီမြေနဲ့ မပတ်သက် မစပ်ယှက်တော့သည်မှ (၂) နှစ်ရှိပြီဖြစ်တဲ့မြေတွေ၊

လက်ရှိထားခြင်း၊ စိုက်ပျိုးလုပ်ကိုင်ခြင်းလည်း မရှိ၊ စွန့်လွှတ်သွားသည်မှာလည်း (၂) နှစ်တိုင် ရှိနေတဲ့ မြေတွေကို မူလပေးထားတဲ့ မြေရှင်အခွင့်အရေး လက်လွှတ်သွားပြီလို့ သတ်မှတ်ပြီး အပိုင်မြေအဖြစ်မှ ပယ်ဖျက်ကာ အစိုးရမြေ State Land အဖြစ် ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။ (LBTVL sect 11; UBLR sect 23;)
ဘိုးဘပိုင်ပိုင် လယ်ယာမြေ ရရှိထားတဲ့ တောင်သူလယ်သမားတွေ ရရှိမဲ့ အခွင့် အရေးကတော့-
- လယ်ယာမြေကို လက်ဝယ်ထားရှိနိုင်ခြင်း၊
- လယ်ယာမြေတွင် စိုက်ပျိုးလုပ်ကိုင်ခွင့်ရှိခြင်း၊
- လယ်ယာမြေကို ပေါင်နှံနိုင်ခြင်း၊
- လယ်ယာမြေကို ရောင်းချနိုင်ခြင်း၊ ပေးကမ်း၊ လှူဒါန်းနိုင်ခြင်း၊
- လယ်ယာမြေကို အမွေပေးနိုင်ခြင်း၊
- လယ်ယာမြေကို အခြားသူသို့ လွှဲပြောင်းနိုင်ခြင်း၊ ချထားနိုင်ခြင်း
တို့ ဖြစ်ပါတယ်။
၁၉၅၃ ခုနှစ်မှာ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ ပြဌာန်းပြီး လယ်ယာမြေ ဧက
အမြောက်အမြား ပိုင်ဆိုင်နေတဲ့ မြေပိုင်ရှင်ကြီးများထံမှ မြေတွေ ပြန်လည် သိမ်းယူပြီး မြေမဲ့ယာမဲ့နဲ့ မြေယာချို့တဲ့ တွေကို ဝေငှတဲ့အခါ မူလပိုင်ဆိုင်မှုတွေကို
ဖျက်သိမ်းပြီး အခြားသူများသို့ ဝေငှ ပိုင်ဆိုင် စေတာ ဖြစ်တဲ့အတွက် ၁၉၅၃ ခုနှစ် လယ်/နိုင် အက်ဥပဒေ အရ လယ်ယာမြေမှာရှိတဲ့ ဘိုးဘပိုင်မြေဆိုတဲ့ ပိုင်ဆိုင်မှု အမျိုးအစား ပျောက်ကွယ်သွားပြီလို့ အချို့က မှတ်ယူပါတယ်။
*((၁၉၅၃ လယ်/နိုင်လုပ်စဉ် မသိမ်းဘဲ ချန်လှပ်ပေးခဲ့တဲ့ ဧရိယာလည်း ရှိပါတယ်။ ရွာမြေ စက်ရုံမြေ အခြား နည်းသုံး မြေတွေ၊ သာသနာ၊ ကျောင်း၊ ကန်၊ ဇရပ်သုံးနေတဲ့ မြေတွေကို သိမ်းယူခြင်းမှ ကင်းလွတ်ခွင့် ပေးတဲ့အပြင် မြေပိုင်ရှင်တွေဆီက မြေကိုလည်း အကုန်သိမ်းယူတာ မဟုတ်ပါဘူး။ လယ်မြေဆိုလျှင် ဧက (၅၀)၊ ယာမြေဆို (၂၅) ဧက၊ ကိုင်း/ကျွန်းနဲ့ ကြံစိုက်မြေဆို (၁၀) ဧက ထက် ကျော်လွန်မှသာ သိမ်းပြီး အဲဒီ ဧက အတိုင်းအတာများအထိကို မူလပိုင်ရှင်ထံမှာ မသိမ်းဘဲ ချန်ထားပေးခဲ့ပါတယ်။ သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရမြေလို့
ခေါ်ပါတယ်။))*
လယ်နိုင်လုပ်ငန်းကြီးသည် ၁၉၅၃-၁၉၅၄ မှာ စတင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် (၅) နှစ်အကြာ ၁၉၅၇-၁၉၅၈ မှာ လုပ်ငန်း ရပ်ဆိုင်းတဲ့အခါ မသိမ်းယူဘဲ ကျန်ခဲ့တဲ့ မြေတွေရှိတာမှာ ဘိုးဘပိုင် အခွင့်အရေးတွေ မပျက်သုဉ်းဘဲ ကျန်ခဲ့ရမယ်လို့ဆိုကြပါတယ်။
၁၉၅၃ လယ်နိုင် ဥပဒေသည် မြေပိုင်ရှင်များထံမှ သတ်မှတ်အတိုင်းအတာထက် ပိုမိုသော ဧရိယာများကို နိုင်ငံ တော်မှ ပြန်လည်သိမ်းယူပြီး လယ်ယာမဲ့တွေကို ပြန်ဝေငှတဲ့ သဘောသာရှိပြီး မြေပိုင်ရှင် အခွင့်အရေးများကို တိတိလင်းလင်း
ရုပ်သိမ်းခဲ့မှု မရှိပါဘူး။ မသိမ်းယူဘဲ ချန်လှပ်ခဲ့တဲ့ (ဧက ၅၀ အောက်) မူလ ဘိုးဘပိုင် လယ်ယာ မြေများ မှာသာမက အဝေခံမြေများမှာပါ ပိုင်ဆိုင်ခွင့် ပုံစံ
သဘော အခွင့် ဆက်ပေးထားတာ တွေ့ရပါတယ်။
သိမ်းယူမြေများကို ဝေငှတဲ့အခါ လယ်ယာမြေကို အဝေခံ ရသူများအတွက်
အခွင့်အရေးကိုလည်း ပုဒ်မ ၁၀ မှာ ပြဌာန်းထားပါတယ်။ ယင်း အခွင့်အရေးတွေထဲမှာ သီးစားမချရဘဲ မိမိကိုယ်တိုင်သာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း
သတ်မှတ်ချက်က လွဲပြီး ပေးအပ်တဲ့ ပိုင်ဆိုင်ခွင့်များမှာ မသိမ်းဘဲ ချန်ထားခဲ့တဲ့ ကင်းလွတ်ခွင့်ရ မြေရှင်တွေကို ပေးတဲ့ ပုဒ်မ ၉ ပါ အခွင့်အရေးများ
အတိုင်းဖြစ်ကြောင်း တွေ့ရပါတယ်။
စိစစ်ကြည့်တဲ့အခါ ၁၉၅၃ လယ်နိုင်အက်ဥပဒေ ပုဒ် ၉၊ နဲ့ ပုဒ်မ ၁၀ အခွင့်အရေးများအရ ကင်းလွတ်ခွင့်ရနဲ့ ဝေငှခံ မြေ ရသူတွေသည် လက်ရှိထားခွင့်
ဆက်လက်တည်ရှိတယ်။ လွှဲပြောင်းပေးကမ်းခြင်း၊ အမွေဆက်ခံခြင်းတွေ (အာဏာပိုင်ရဲ့ ခွင့်ပြုချက်နဲ့) လုပ်ကိုင်နိုင်တာ တွေ့ရပါတယ်။ မူလ မြေရှင်အခွင့်အရေးနဲ့ လုံးလုံးကြီး ကွာခြား သွားခြင်း မရှိပါဘူး။ အဓိက စာသားတစ်ရပ်
ကိုတော့ ချွင်းချက်ပေးရမယ်။ သီးစားမချရ..ကိုယ်တိုင်လုပ်ရမယ်ဆိုတဲ့
စည်းကမ်းချက်ဖြစ်ပြီး အဲဒါကလည်း တကယ်တော့ အသက်မဝင်တဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်။ မြေရှင်တွေဟာ ၁၉၅၃ လယ်/နိုင်ဥပဒေ ပြဌာန်းပြီး နောက်ပိုင်းမှာလည်း ၁၉၅၁ သီးစားခ စံနှုန်းဥပဒေ၊ ၁၉၅၄ သီးစားခ စံနှုန်း (ပြင်ဆင်ချက်) ဥပဒေ၊ ၁၉၆၃ သီးစားခစံနှုန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေများအရ သီးစားချပိုင်ခွင့်၊ သီးစားခ ရပိုင်ခွင့်တွေ ဆက်လက် ရရှိနေခဲ့ပါတယ်။ ဒီတော့ မြေရှင်ဆိုင်ရာဆိုင်ခွင့်နဲ့ မြေရှင် သဘောသဘာဝများသည် ၁၉၅၃ လယ်နိုင်ဥပဒေကြောင့် ပျောက်ပျက် မသွားခဲ့ဘူးလို့ ဆိုရမှာ ဖြစ်တယ်။
*((မြေယာဥပဒေပညာရှင်များ အလေးအနက်ထား သုံးသပ်ပြီး အကျယ်တဝင့်
ဆွေးနွေးသင့်တဲ့ ၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေနဲ့ ၁၉၆၅ ခုနှစ် သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ၂ ရပ် ရဲ့ ဝိသေသတွေ ကသာ
ဘိုးဘပိုင် လယ်ယာမြေနဲ့ မြေရှင်စနစ်ကို ရိုက်ချိုးခဲ့နိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။ လေ့လာ စိစစ်ကြည့်ရအောင်ပါ။))*
၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေ
ပုဒ်မ ၃ ။ ။ အစိုးရသည် အမိန့်ကြော်ညာစာဖြင့် မည်သည့် လယ်ယာမြေကို မဆို ထိုအမိန့်ကြော်ညာစာတွင် သီးခြား ဖေါ်ပြထားသည့် နေ့ရက်မှစ၍ သီးစားချထားမည်ဟု ကြေညာနိုင်သည်။ ထိုသို့ ကြေညာသည့်အခါ ထိုလယ်ယာမြေ နှင့်
သက်ဆိုင်သည့် မြေရှင်၏ သီးစားချထားနိုင်သည့်အခွင့်အရေးသည် ရပ်စဲရမည်။
တကယ်ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်ပါတယ်။ မြေရှင်ရဲ့ အအခွင့်အရေးကို ထိပါးလာပါပြီ။ မြေရှင်တွေအတွက် ပိုဆိုးသွားတာက ၁၉၆၅ ခုနှစ် သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ၁၉၆၃ သီးစားချထားရေးဥပဒေမှာ ပုဒ်မ ၄ အဖြစ် -
"လယ်ယာမြေများပေါ်တွင် အစိုးရက ချထားသော သီးစားများသည် သို့မဟုတ် မြေရှင်များက ချထားသော သီးစား များ ကျန်ရှိနေသေးလျှင် ထိုသီးစားများသည် မြေရှင်အား သီးစားခပေးရန်မလို"
ဟု ထည့်သွင်း ပြဌာန်းလိုက်ခြင်း ဖြစ်ပါတယ်။
မြေပိုင်ရှင်ဆိုပြီး လက်ဝယ်ထားခွင့်
လည်း မရှိတော့ဘူး။ အရင်က ရထားတဲ့ ထာဝရ ပိုင်ဆိုင်ခွင့် လက်ရှိထားခွင့်ဆိုတဲ့ possessing အခွင့်အရေး ပျောက်ကွယ်သွားပါပြိ။ မြေကို ကိုယ်တိုင်လုပ်မှသာ မြေပေါ် ဆက်နေခွင့် လုပ်ကိုင်စားသောက်ခွင့် ရပါတော့တယ်။
မြေယာစနစ်တော်လှန်ရေးဆိုတဲ့ အဟုန်ကြောင့် လယ်လုပ်သူသာ
လယ်လုပ်ပိုင်ခွင့် ရရှိစေရမည် ဆိုတဲ့ မူဝါဒ ထွန်းကားလာပါတယ်။ မြေယာမှုခင်း ဖြစ်ရင်လည်း ပိုင်ဆိုင်မှုကို ဦးစားမပေးဘဲ လုပ်ကိုင်မှု ကိုသာ ဦးစားပေးပြီး
မြေကို ဘယ်သူလုပ်နေလဲ..လက်ရှိလက်ငုတ် ဘယ်သူလဲ ဆိုတဲ့.. လုပ်ကိုင်နေတဲ့ အခြေအနေအရသာ စဉ်းစား ဆောင်ရွက်ပေးပါတယ်။ ဘိုးဘပိုင်တွေ ဘာတွေ လုံးဝ ထည့်သွင်း မစဉ်းစား မသုံးသပ်တော့တာကြောင့် ပိုင်ဆိုင်မှု အစား လုပ်ကိုင်မှုအတွက် ဆုံးဖြတ်တဲ့ လမ်းကြောင်း ဖြစ်လာပါတယ်။
လယ်ယာမြေကို အမွေပစ္စည်းတစ်ရပ်အဖြစ် မမှတ်ယူရ ဆိုတဲ့ ညွှန်ကြားချက်တွေအရ လယ်ယာမြေအပေါ် အမွေဆက်ခံခွင့်ကို အလေးမပေးတော့ပါဘူး။
လယ်ယာမြေကို အမွေဆက်ခံခွင့် ပျောက်သွားစေပါတယ်။ ၆၃ သီးစား
ချထားရေးဥပဒေအရ မြေကို ကိုယ်တိုင် မလုပ်နိုင်သော၊ မလုပ်သော
လယ်ပိုင်ရှင်များထံမှ မြေတွေ သီးစားများထံ ရောက်သွားစေပါတယ်။ မြေပိုင်ရှင်များ ပပျောက်သွားပြိး မြေကို ကိုယ်တိုင် လုပ်သူများသာ အစိုးရထံ သီးစားမှတ်ပုံတင်ပြီး မြေပေါ်ကျန်ခဲ့ရတဲ့ အနေအထား ဖြစ်သွားရပါတယ်။
*((ဒါကြောင့်မို့ ဘိုးဘပိုင်လယ်ယာမြေများ ပိုင်ခွင့်၊ မြေပိုင်ရှင်များ၏ မြေပိုင်ဆိုင်မှု အခွင့်အရေးများသည် ၁၉၆၃ ခုနှစ် သိးစားချထားရေး ဥပဒေအရ ချုပ်ငြိမ်း
ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း၊ ကျွန်တော့် အမြင်အရ သုံးသပ် ယူဆ ပါတယ်။))*
ဒါဖြင့် ၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင် လက်မှတ်ရရှိသူသည် သားစဉ်မြေးဆက် အဆက်ဆက် လုပ်ကိုင်ခွင့်ရရှိစေရမည်ဟု ပြဌာန်းထားတဲ့အတွက် ပိုင်ဆိုင်ခွင့် ပြန်ရရှိပါပြီလား..အမည်ပေါက် မြေပိုင်လို့ ပြောနိုင်ပါသလား မေးရင်တော့ လက်ရှိ ပုံစံ ၇ စည်းကမ်းချက်တွေအရ လောလောဆယ် ဖြေရ ခက်ပါ တယ်။ ဗဟိုလယ်စီအဖွဲ့ကြီးအနေနဲ့ သူထုတ်ပေးလိုက်တဲ့ ပုံစံ ၇ တွေရဲ့ Title အတွက် အမွေဆက်ခံမှု မြေပိုင်ဆိုင်ခွင့်များအတွက် တရားရုံးလုပ်ပိုင်ခွင့်များနဲ့ ညှိနှိုင်းရမှာတွေ တပုံတပင် ကျန်ရှိနေသေးသလို ထပ်မံ ရှင်းလင်း ညွှန်ကြားရန် ကိစ္စရပ်များစွာ ကျန်ရှိနေသေးသည်ဟု တွေ့မြင်ရကြောင်း ဆွေးနွေးတင်ပြလိုက်ရပါတယ်။
ကိုဇော် - နတ်မောက်
(၂၀-၂-၂၀၁၆) မှကောက်နှုပ်တင်ပြပါသည်။
မူရင်းဆရာရဲ့ဆိုလိုရင်းမပျောက်သွားအောင်မူရင်းလင့်ကိုအောက်မှာပေးထားပါတယ်။
ဲဘိုးဘပိုင် လယ်ယာမြေများ
အခွင့်အရေး အကြောင်း
-ဘိုးဘပိုင်မြေတွေ၊
-ဒါးမဦးချ လုပ်ကိုင်ခဲ့တဲ့မြေ၊
-၁၂ နှစ်တိုင် လက်ရှိထားလုပ်ကိုင်လာတဲ့မြေ၊
-ဘေးဘိုး စဉ်ဆက်မှသည် သားမြေးထိ တဆက်တည်း လုပ်ကိုင်လာတဲ့မြေ
တွေကို မြေပိုင်အခွင့်အရေး၊ ဘိုးဘပိုင် အခွင့် အရေးပေးပြီးတဲ့အခါ အဲဒီမြေနဲ့ မပတ်သက် မစပ်ယှက်တော့သည်မှ (၂) နှစ်ရှိပြီဖြစ်တဲ့မြေတွေ၊ လက်ရှိထားခြင်း၊ စိုက်ပျိုးလုပ်ကိုင်ခြင်းလည်း မရှိ၊ စွန့်လွှတ်သွားသည်မှာလည်း (၂) နှစ်တိုင် ရှိနေတဲ့ မြေတွေကို မူလပေးထားတဲ့ မြေရှင်အခွင့်အရေး လက်လွှတ်သွားပြီလို့ သတ်မှတ်ပြီး အပိုင်မြေအဖြစ်မှ ပယ်ဖျက်ကာ အစိုးရမြေ State Land အဖြစ် ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။ (LBTVL sect 11; UBLR sect 23;)

ဲhttps://m.facebook.com/groups/782584568505114?view=permalink&id=947939875302915

0 comments:

Post a Comment