#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

ကျေးလက်နေတောင်သူလယ်သမားများကိုလည်းဒီမိုကရေစီပေးပါ

Friday, March 27, 2020

 ကျေးလက်နေတောင်သူလယ်သမားများကိုလည်းဒီမိုကရေစီပေးပါ

ကျနော်ရေးတဲ့ ကျေးလက်နေတောင်သူလယ်သမားများကိုလည်းဒီမိုကရေစီပေးပါ ဆိုတဲ့ စတေးတပ်လေးကို
ပညာရှင် ဆရာသမားတစ်ယောက်က
ကျနော်ရေးသားချက်နဲ့ပါတ်သက်ပြီး
မောင်လှိုင်ဘွား မင်းရေးသလို တောင်သူတွေကို မြေပိုင်အခွင့်အရေးမျိုးပေးလိုက်ရင် နိုင်ငံပိုင်မြေတွေ မကျန်တော့ပဲ လယ်ကွင်းတွေပျောက်ကုန်မယ်။ နိုင်ငံအတွက် ဆန်စပါး ဖူလုံမှာမဟုတ်တော့

ဘူးလို့ ပြောလာတဲ့အတွက် အနည်းငယ်
စောဒကတက်ပါရစေ။

တကယ့်မြေပြင်အခြေအနေပြောပါမယ်။
ခရိုနီပိုင်၊ ဗိုလ်ချုပ်တွေပိုင်၊ ဝကခတွေပိုင်
တဲ့မြေတွေ၊ တောတွေတောင်တွေ၊ ရိုးမတွေ၊ မကျန် မြေမှန်သမျှ သစ်တောကြိုးဝိုင်းကလွဲလို့ နိုင်ငံပိုင်မြေ ဘယ်လောက်များရှိသေးလို့လဲဆရာ၊ မြေလွတ်မှန်သမျှ မြေရိုင်းမှန်သမျှ ချောင်းကြိုမြောင်းကြားမကျန် လက်ညှိုးထိုးကြည့် ပိုင်ရှင်ရှိသည်ဆိုတာချည်းပါပဲ။
ဘယ်ရုပ်ရှင်သရုပ်ဆောင်ပိုင်တဲ့ မြေ
ဘယ်အဆိုတော်ပိုင်တဲ့ မြေ ဆိုတာတွေ၊ လူမမြင်လွယ်တဲ့ တောထဲ
ရွှေကျင် ကျောက်တူး ခနောက်စိမ်းဖော်နေကြတဲ့သူတွေအများကြီးပါ။ မယုံရင်
အမြန်လမ်းမကြီးဘေးကမြေတွေ လယ်ကွက်တွေသွားဝယ်ကြည့်၊ မြန်မာတွေပိုင်သေးလားဆိုတာ ... ။ကိုယ်တိုင်
ဆာဗေးဆင်းကြည့်သိပါလိမ့်မယ်ဆရာ။
တကယ်တန်းက ခေတ်အဆက်ဆက်မှာ
ကျေးလက်နေတောင်သူလယ်သမားတွေကိုပဲ ဖိနှိမ်ခဲ့ကြတာပါ၊ အစိုးရအဆက်ဆက် တောင်သူလယ်သမားအခွင့်အရေးဥပ‌ဒေ ဆိုတာ စာအုပ်ထဲမှပဲရှိတာပါဆရာ၊ တောင်သူတွေဘဝ ဘယ်လောက်အခြေအနေဆိုးခဲ့သလဲ ဆရာတို့အသိဆုံးပါ။
တောင်သူတွေသာလယ်ပိုင်ခွင့်မရှိတာ
ကုမ္ပဏီတွေကတော့ ဧကရာချီပိုင်ကြတယ်ဆရာ
အဘတွေ ဗိုလ်ချုပ်တွေ သူဌေးသူကြွယ်တွေ ဧကထောင်ချီပိုင်ကြတယ်ဆရာ
၂၀၁၂လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ က ကျေးလက်နေတောင်သူတွေကိုသာအရေးယူနိုင်ပြီး
လယ်မြေယာမြေ ဧကထောင်ချီဝယ်ထားပြီး စပါးတစ်ပင် သစ်တစ်ပင်မှမစိုက်တဲ့
လူကြီးတွေကိုတော့ အရေးမယူနိုင်ပါဘူးဆရာ။
နိုင်ငံပိုင်မြေတွေ တော်တော်
များများကို ပြည်တွင်းကတစ်ချို့လူတွေနဲ့ပေါင်းဝယ်ပြီးတိုင်းတစ်ပါးသားလက်ထဲမှာရောက်နေခဲ့ပါပြီဆရာ၊ အထွက်ကောင်းခဲ့တဲ့လယ်ယာမြေတွေ ခေတ်အဆက်ဆက် ချစားခဲ့ကြလို့ ဧကရာထောင်ချီပြီး ကြပ်တီးကုန်းတွေ ဖြစ်နေတာလက်တွေ့ဆင်းကြည့်သိနိုင်ပါလိမ့်မယ်ဆရာ။ တောင်သူစစ်စစ်ဆိုတာ ထယ်စာခဲကို ခလုပ်တိုက်မိရင်တောင် တစ်ဧကစပါးဘယ်လောက်ထွက်မယ် ပြောနိုင်ကြတယ်၊ တောင်သူလယ်သမားက မြေကိုချစ်ပါတယ်၊ မြေနဲ့ပဲရင်းနှီးပါတယ်၊ မြေနဲ့ပဲ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်စားခြင်ကြပါတယ်၊ ဒါကြောင့် နိုင်ငံတော်ကြီး စည်ပင်ဝပြောပြီး ဆန်ရေစပါးပေါများဖို့၊ ဆီကိုရေချိုး ဆေးရိုးမီးလှုံ နိုင်ဖို့အတွက်
တိုင်းတစ်ပါးသားလက်ထဲရောက်သလိုဖြစ်နေတဲ့ သိမ်းဆည်းခံဘယ်ယာမြေတွေအတွက် သမ္မတကြီးရဲ့ မှာကြားချက်ကိုအကောင်အထည်ဖော်ပေးလိုက်ပါ၊ မူဝါဒ ၅၂ ချက်ကို တကယ်လက်တွေ့ကျအောင်လုပ်ဆောင်ပေးပါ၊ လယ်ယာမြေဥပဒေ၊ မြေလွတ် မြေလပ်မြေရိုင်းဥပဒေရဲ့
အားနည်းချက်အားသာချက်တွေကို လွှတ်တော်ကြီးထဲမှာ အလေးထားပြီးဆွေးနွေးပေးပါ၊ ဆွေးနွေးပြီးရင်လည်း
အမြန်အကောင်အထည်ဖော်ပေးပါ၊ ညွှန်ကြားချက်နဲ့ ဥပဒေ မတော်မတည့်ဖြစ်နေတာတွေ ပြန်ပြင်ပေးပါ၊ အောက်ခြေဌာနဆိုင်ရာတွေ ပညာမပြနိုင်အောင် လုပ်ငန်းစဉ်တိုင်းမှာ အချိန်ကာလနောက်ဆုံးရက်ကန့်သတ်ပေးပါ၊ အုပ်ချုပ်ရေးပိုင်းက ဥပဒေနဲ့အညီမဆောင်ရွက်ရင်
လည်း ပြည်သူကို အခြေခံဥပဒေ ပုဒ်မ
၃၄၇ ပုဒ်မ ၃၅၃ ပုဒ်မ ၃၅၄ ပုဒ်မ ပုဒ်မ ၃၅၅ ပုဒ်မ ၃၅၇တွေအရ
လွတ်လပ်စွာတုန့်ပြန်ခွင့်ပေးပါ။
လှိုင်ဘွား(လယ်ယာမြေ)

0 comments:

Post a Comment