ဝိနယော နာမ သာသနဿ အာယု
"သာသနာ့မြေပြုလုပ်ပုံအဆင့်ဆင့်"
"သာသနာ့မြေပြုလုပ်ပုံအဆင့်ဆင့်"
သာသနာ့မြေလျှောက်ထားသော ရဟန်းတော်အရှင်မြတ်တို့အနေဖြင့် အထူးသတိထားရမည့်အချက်မှာ...
*သာသနာ့မြေလျှောက်ထားသောရဟန်းတော်သည်သူပိုင်ဆိုင်သည့်မြေနေရာကို သက်ဆိုင်ရာအစိုးရထံ၌တရားဝင်မှတ်ပုံတင်စာချုပ်ပြုလုပ်၍ အာလယပြတ် စွန့်လွှတ်အပ်နှံရ၏...။
ထို့ကြောင့်...ထိုအချိန်မှစတင်၍ထိုမြေနေရာကို ထိုရဟန်းတော်သည်(လုံးဝ)မပိုင်တော့ပါ....။
ထိုရဟန်းတော်သည် မိမိမပိုင်တော့သည့် မိမိ၏ ပုဂ္ဂလိကပိုင်မဟုတ်တော့သည့် ထိုမြေနေရာကို
ရောင်းချခြင်းငှားရမ်းခြင်း၊ ပေါင်နှံခြင်းလှူဒါန်းခြင်း၊ ပေးကမ်းခြင်းစသည့်ကိစ္စတို့ကိုပြုလုပ်၍(လုံးဝ)မရ....။

ပါရာဇိကအာပတ်အပြစ်သင့်ကာ ရဟန်းဘဝပျက်စီးဆုံးရှုံးနိုင်၍ အထူးသတိထားကြရန်လိုအပ်၏...
ဘူမိနာမ အနဂံ ္ဃ ၊ အပ္ပကေနာပိ ပါရာဇိကော ဘဝေယျ။
(ပါ/ဋ္ဌ ဒု -၂၆၁)
(ပါ/ဋ္ဌ ဒု -၂၆၁)
မြေကြီးဟူသည်တန်ဖိုးများစွာထိုက်တန်၏...အနည်းငယ်သော(တစ်လက်မတစ်ထွာတစ်တောင်)
အကျယ်ဝန်းပမာဏမျှဖြင့်လည်း ပါရာဇိကကျနိုင်၏...။
************
အခွန်လွတ် သာသနာမြေ လျှောက်ထားမှု အတွက် ဂေါပကအဖွဲ့သို့မဟုတ် သာသနာ့ရေးရာ အဖွဲ့အစည်း သို့မဟုတ် ကျောင်းထိုင်ဘုန်းတော်ကြီးက စာဖြင့်ရေးသား လျှောက်ထားနိုင် ပါသည်။ အခွန်လွတ် သာသနာမြေများ လျှောက်ထားမှုကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးထံ လျှောက်ထားရ ပါမည်။
လျှောက်လွှာ၌ အောက်ပါ စာရွက် စာတမ်း အထောက်အထား အချက် အလက်များ ဖော်ပြ ပါရှိရပါမည်။
(က) လျှောက်ထားသူအမည်၊ နေရပ်လိပ်စာ၊ အဖွဲ့အစည်း၊ ရာထူး တာဝန်၊
( ခ) လျှောက်ထားမြေ တည်ရှိသည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကွင်းအမှတ်၊ ဦးပိုင်အမှတ်၊
(ဂ) လျှောက်ထားမြေ၏ ဧရိယာဧက၊
(ဃ) လျှောက်ထားမြေ၏ ဧရိယာ နယ်နိမိတ် လေးရပ် သို့မဟုတ် အလားအလာ လေးရပ်၊
(င) မည်သည့်အတွက် လျှောက်ထားခြင်း ဖြစ်သည်။
(စ) ယင်းမြေနှင့် ပတ်သက်သည့် အထောက်အထားများ၊
(ဆ) မြေစာရင်းဌာန၏ လျှောက်ထားမြေ အတွက် မြေရာဇဝင်နှင့် ပုံစံ(၁၀၅) သက်သေခံမြေပုံ နှစ်ပုံ၊
(ဇ) ဆောက်လုပ်ပြီး သို့မဟုတ် ဆောက်လုပ်ဆဲ သို့မဟုတ် ဆောက်လုပ်ရန် လျာထားသော ကျောင်း၊ ဇရပ်၊ အဆောက်အအုံ၏ Front view and side view ပုံစံများ
(ဈ) အထက်မြန်မာပြည် မြေနှင့် အခွန်ဥပဒေ အမိန့်ဆင့်ဆိုချက် ၃၂ (က)(၁) နှင့် အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ
၅၁ (၁) အရ လျှောက်ထားမြေသည် ဘိုးဘပိုင်မြေ ဖြစ်ပါက ယင်းမြေကို လက်ရှိထား ပိုင်ဆိုင်နေသော ပိုင်ရှင် ဖြစ်သူက ၄င်း၏ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများအား နိုင်ငံတော်သို့ မှတ်ပုံတင်ထားသော တရားဝင် လွှဲပြောင်းစာချုပ် (registration deed) ဖြင့် အာလယပြတ် ပြန်လည်စွန့်လွှတ် အပ်နှံထားသော စာချုပ်စာတမ်း၊
(ည) အစိုးရက စီမံချထားနိုင်သောမြေ (land at the disposal of government) တွင် ချထားပေးခဲ့သော ဂရန်မြေ ဖြစ်ပါက အစိုးရထံ စာချုပ် စာတမ်းဖြင့် ပြန်လည် အပ်နှံရန် မလိုပါ။ မိမိ၏ လက်ရှိထားမှုကို အခွန်လွတ် သာသနာမြေ ချထားပေးနိုင်ရန်အတွက် ပြန်အပ်ကြောင်း ကြေညာစာတမ်းကိုသာ ရေးသားတင်ပြရန် လိုပါသည်။ ( ... written declaration by the occupier will suffice to enable the land to be treated as unoccupied land at the disposed of Government for the purpose of a grant under rule 52/32)

အခွန်လွတ် သာသနာမြေ လျှောက်ထား မှုကို အမှုတွဲဖွင့် ဆောင်ရွက်ခြင်း။
အခွန်လွတ် သာသနာမြေ လျှောက်လွှာနှင့် အထက်တွင် ပြဆိုထားသည့် ပူးတွဲပါ စာရွက် စာတမ်းများကို လက်ခံ ရရှိသောအခါ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးသည် ဂရန်မှတ်ပုံတင် စာအုပ်တွင် ထည့်သွင်းပြီးလျှင် အမှုတွဲအဖြစ်သို့ ရောက်ရှိအောင် ဆောင်ရွက်မည် ဖြစ်သည်။ သာသနာမြေအဖြစ် လျှောက်
ထားသည့်အခါ ရှေးယခင်က အရေးပိုင်ရုံးအနေဖြင့် အမှုတွဲ ဖွင့်လှစ် ဆောင်ရွက်မည် ဖြစ်သော်လည်း ယခုအခါ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများက အမှုတွဲ စတင်ဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် အခွန်လွတ် သာသနာမြေ အမှုတွဲကို စတင်
ဖွင့်လှစ်ပြီးသည်နှင့် သာမန်ဂရန်မြေများ အတွက် ခွင့်ပြုချက် လျှောက်ထားစဉ်က ဆောင်ရွက်မြဲ ဖြစ်သည့် မြို့နယ် မြေစာရင်းဦးစီးဌာနမှူးထံ မြေရာဇဝင်၊ မြေအမျိုးအစား၊ ကျသင့်မည့် အခွန်တော်များကို မှတ်ချက်ပြုရန် ပေးပို့ခဲ့သော လုပ်ထုံးလုပ်နည်း အတိုင်းပင် လိုအပ်ချက်များ စိစစ်ဖြေကြားနိုင်ရန်အတွက် အမှု
တွဲကို မြို့နယ် မြေစာရင်းဦးစီးဌာနမှူးထံ ပေးပို့ရမည်။ သို့သော်လည်း အခွန်လွတ် သာသနာမြေ အမှုတွဲများအတွက် မေးမြန်းရာတွင် ထူးခြားချက်မှာ အောက်ပါ အချက်များ ပါဝင်အောင် မေးမြန်းရန် ဖြစ်သည်။ ၄င်းတို့မှာ
(က) လျှောက်ထားသောမြေမှာ မြို့မြေအတွင်း ကျရောက်၍ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသော မြေ ဟုတ် မဟုတ်၊
(ခ) လျှောက်ထားသော မြေမှာ လယ်ယာမြေ ဖြစ်နေပါလျှင် ယခင် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ ပုဒ်မ ၃၉ အရ သို့မဟုတ် ယခု
၂၀၁၂ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ဝ အရ လယ်ယာမြေအဖြစ်မှ အခြားနည်း ပြောင်းလဲ အသုံးပြုခွင့် ရရှိပြီး မပြီး၊ မှတ်ချက်။ လ/န ၃၉ အရ ကင်းလွတ်ခွင့် မရသေးလျှင် ယင်းကင်း လွတ်ခွင့်ကို ရယူရန် ယခင်က ဗဟိုမြေယာ ကော်မတီသို့ တင်ပြ လျှောက်ထားပြီး လ/န ၃၉ ခွင့်ပြုမိန့်ကို ရယူ၍ ယင်းအမိန့်ကို ပူးတွဲ လျှောက်ထား ရပါမည်။ ယခုအခါ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအသစ်အရ ဖွဲ့စည်းထားသော ဗဟိုလယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ အပါအဝင်
လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်သို့ ယင်းဥပဒေ ပုဒ်မ ၃ဝ အရ လျှောက်ထား၍ လယ်ယာမြေအား အခြားနည်း ပြောင်းလဲ သုံးစွဲခွင့် ခွင့်ပြုချက် ရယူပြီးမှသာ သာသနာမြေ ခွင့်ပြုချက် ရရှိရေးကို ဆက်လက်ဆောင် ရွက်ရပါမည်။
(ဂ) လျှောက်ထားသောမြေ၏ ကာလတန်ဖိုးနှင့် ယင်းမြေအတွက် အခွန်စည်းကြပ်လျှင် ကျသင့်မည့် အခွန်၏ အဆ ၂ဝ ပေါင်းရသော ငွေ
ပမာဏသည် မည်မျှ ဖြစ်သည်။ ဆိုသည့် အချက်များမှာ အမှုတွဲ၌ ထည့်သွင်း မေးမြန်းမည့် အချက်များ ဖြစ်ပါသည်။

မြို့နယ် မြေစာရင်းဦးစီးဌာနမှ မြေရာဇဝင်နှင့် မှတ်ချက်များ ပြန်လည် ရရှိသောအခါ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူးသည် လျှောက်ထားသော မြေကို ကန့်ကွက်လိုသူများ ကန့်ကွက်နိုင်ရန် အတွက် မြို့နှင့် ကျေးရွာမြေများ လက်စွဲဥပဒေ နည်းဥပဒေ ၅၈ အရ notice ထုတ်ဆင့် ကြော်ငြာရမည် ဖြစ်ပါသည်။ နို့တစ်စာတွင် မည်သည့် အရပ်ဒေသရှိ မြေဧရိယာ မည်မျှကို အခွန်လွတ် သာသနာ့မြေအဖြစ် ဂရန်ချထားပေးမည် ဖြစ်၍ ကန့်ကွက် လိုက ၁၅ ရက်အတွင်း ကန့်ကွက် နိုင်ကြောင်း ကြော်ငြာကို သတ်မှတ် ပုံစံများဖြင့် ထုတ်ပြန် ကြော်ငြာရမည်။ အောက်မြန်မာပြည် မြို့နှင့် ကျေးရွာ မြေများ နည်းဥပဒေ ၁၉ (၁) အရ မြေပေါ်၌ ဖြစ်စေ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဖြစ်စေ၊ မိမိရုံး၏ notice board ၌ ဖြစ်စေ၊ မြို့ပေါ်ရှိ လူအများဝင်ထွက် သွားလာသည့် နေရာများ၌ ဖြစ်စေ၊ မြို့နယ်တရားရုံး ကြော်ငြာ သင်ပုန်း၌ ဖြစ်စေ ယင်းအသိပေးစာကို ကပ်စွဲ၍ ကြော်ငြာပေးရမည် ဖြစ်ပါသည်။ ယင်းသို့ ကြော်ငြာရက်များအတွင်း မြို့နယ် အုပ်ချုပ်ရေးမှူးသည် အမှုဆောလျင်စွာ ပြီးစီးစေရန်အလို့ငှာ လျှောက်ထားသူ ဂေါပကအဖွဲ့ လူကြီးများသို့မဟုတ် ဘုန်းတော်ကြီးအား ပန်ကြား လျှောက်ထား၍ သာသနာမြေ သတ်မှတ်
ပေးရန် အဘယ်ကြောင့် လျှောက်ထား ရကြောင်း၊ သာသနာမြေအဖြစ် လိုအပ်ရသည့် အကြောင်းတို့ကို စုံစမ်းစစ်ဆေးချက်များ သို့မဟုတ် ဘုန်းတော်ကြီး၏ မိန့်မှတ်ချက်များကို စာဖြင့် ရေးသား လက်မှတ်ရေးထိုး စေကာ အမှုတွဲတွင်တွဲထားရမည်။ ကန့်ကွက်လွှာ တင်ပြရန် ကြော်ငြာရက် ကုန်ဆုံးသောအခါ မြို့နယ် အုပ်ချုပ်ရေးမှူး သို့မဟုတ် တာဝန်ရှိသူသည် လျှောက်ထားသော မြေနေရာသို့ သွားရောက်၍ သာမန်
ဂရန် လျှောက်ထားမှုများကို စစ်ဆေးသည့် လုပ်ထုံးလုပ်နည်းအတိုင်း လျှောက်ထားမြေကွက်သည် မြေပုံနှင့် တိုက်ဆိုင်တူညီမှု ရှိ မရှိ စစ်ဆေး၍ မှန်ကန်ပါက မြေပုံပေါ်တွင် 'စစ်ဆေး၍ မှန်ကန်ကြောင်း အုပ်ချုပ်ရေးမှူးက လက်မှတ် ရေးထိုးထားရမည်။ အကယ်၍ ကျန်းမာရေး၊ မီးဘေး အန္တရာယ် စသည့် ရှုထောင့် တစ်ခုခုမှ လိုအပ်သည်ဟု ထင်မြင်လျှင် ပြုပြင်ရန် ဖြစ်စေ၊ ပြင်ဆင်ရန် ဖြစ်စေ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း၍ မည်သို့ ဆောင်ရွက်ရန်ဟု ညွှန်ကြား နိုင်သည်။ (အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ ၁၄ အရ)

အမှုတွဲတွင် စိစစ် ပါဝင်ရမည့် အချက်အလက်များ။ အခွန်လွတ် သာသနာမြေ လျှောက်ထားသည့် အမှုတွဲတစ်ခုတွင် အောက်ပါ အချက်အလက်များ ပြည့်စုံစွာ ပါရှိရန် လိုအပ်ပါသည်။ ယင်းအချက်များ ပြည့်စုံမှသာ သာသနာမြေအဖြစ် ခွင့်ပြုမိန့် ထုတ်ပြန်ပေးမည့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဆက်လက် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါ
သည်။ (ယင်းအချက်များသည် သိမ်မြေ လျှောက်ထားရာလည်း ပါရှိရမည့် အချက်များပင် ဖြစ်ပါသည်။)
(၁) ဂရန်လျှောက်ထားလွှာ၊
(၂) မြေစာရင်းဌာန၏ သက်သေခံမြေပုံ၊ ပုံစံ ၁၀၅ နှစ်ပုံ၊
(၃) မြို့နယ် မြေစာရင်းဦးစီးဌာနမှ ထုတ်ပေးထားသည့် အခွန်လွတ် သာသနာ့မြေ လျှောက်ထားသည့် မြေနေရာ၏ မြေရာဇဝင်(ပုံစံ-၁၀၆)
(၄) ပတ်ဝန်းကျင်တွင် စိုက်ပျိုးလုပ်ကိုင်နေသော တောင်သူများ ရှိပါက အခွန်လွတ် သာသနာ့မြေနေရာ လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ၄င်းတို့၏ သဘောထား ထွက်ဆိုချက်၊
(၅) ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အခွန်လွတ် သာသနာ့မြေနေရာ သတ်မှတ် ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ ထောက်ခံချက်၊
(၆) ရပ်ကွက်/ကျေးရွာအုပ်စု သံဃာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်၏ အခွန်လွတ် သာသနာမြေနေရာ သတ်မှတ်ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ သဘောထားမှတ်ချက်၊
(၇) ကျောင်းဂေါပကအဖွဲ့ (ရှိပါက) ၏ အခွန်လွတ် သာသနာ့မြေနေရာ လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ အစည်းအဝေး ဆုံးဖြတ်ချက်၊
(၈) အခွန်လွတ် သာသနာ လျှောက်ထားမြေ၏ ပတ်ဝန်းကျင်ပြ မြေပုံ၊
(၉) ဆောက်လုပ်ပြီး (ဝါ) ဆောက်လုပ်မည့် သာသနိက အဆောက်အအုံ များ၏ (site plan) ပုံများ၊ အကယ်၍ အခွန်လွတ် သာသနာမြေ လျှောက်ထားသည့်မြေမှာ လယ်ယာမြေ ဖြစ်ပါက လယ်ယာမြေမှ အခြားနည်း ပြောင်းလဲ သုံးစွဲခွင့် ရပြီး ဖြစ်ကြောင်း လန (၃၉) သို့မဟုတ် လယ်ယာမြေ ဥပဒေ ပုဒ်မ (၃၀) ခွင့်ပြုမိန့် မိတ္တူစာ၊
(၁၀) အခွန်လွတ် သာသနာ့မြေ လျှောက်ထားမည့် မြေနေရာ ကွင်းဆင်း စစ်ဆေးမှုမှတ်တမ်း၊
(၁၁) အခွန်လွတ် သာသနာ့မြေ လျှောက်ထားမြေ၏ ကာလတန်ဖိုးနှင့် မြေခွန်အဆ ၂၀ တွက်ချက်မှုစာရင်း၊
(၁၂) မြေခွန်၏ အဆ ၂၀ ကို ကြိုတင် ပေးသွင်းထားမှု (ငွေသွင်းချလံ ပူးတွဲလျက်) (ယင်းတွက်ချက်ရငွေသည် ကျပ် ၅ဝ အောက် ဖြစ်ပါက ပေးသွင်းရန် မလိုပါ)၊
(၁၃) အခွန်လွတ် သာသနာ့မြေ လျှောက်ထားမြေသည် ဘိုးဘွားပိုင်မြေ သို့မဟုတ် လက်ဝယ်ထားရှိနိုင်သောမြေ (land holder right) ဖြစ်ပါက နိုင်ငံတော်အစိုးရထံသို့ အခွန်လွတ် သာသနာ့မြေအလို့ငှာ အာလယပြတ် စွန့်လွှတ်ပါကြောင်း ရေစ္စရီ မှတ်ပုံတင် ထားသော စွန့်လွှတ်စာချုပ် (registration deeds) ပူးတွဲပါရှိရမည်။ အကယ်၍ ဂရန်မြေဖြစ်ပါက လက်ရှိ အမည်ပေါက် ပိုင်ဆိုင်သူ ပုဂ္ဂိုလ်က နိုင်ငံတော် အစိုးရထံသို့ပြန်လည် အပ်နှံကြောင်း ကိုယ်တိုင်ခံဝန် ကြေညာ စာတမ်း ပါရပါမည်၊
(၁၄) အခွန်လွတ် သာသနာ့မြေ လျှောက်ထားမှုကို ၁၅ ရက်အတွင်း၌ ကန့်ကွက်နိုင်ကြောင်း ထုတ်ဆင့် ထားသည့် ကြော်ငြာစာမိတ္တူ၊ ယင်း အပေါ်တွင် သတ်မှတ်ကာလအတွင်း ကန့်ကွက်သူ မရှိကြောင်း အရာရှိက မှတ်ချက်ရေး လက်မှတ်ထိုးထားရမည်၊
(၁၅) မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်၏ အခွန်လွတ် သာသနာမြေ နေရာ သတ်မှတ်ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ ဩဝါဒ မိန့်ကြားချက်၊
(၁၆) မြို့နယ်သာသနာရေး ဦးစီးဌာန မှူး၏ သာသနာ့မြေနေရာ သတ်မှတ် ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ သဘောထား ထောက်ခံချက်၊
(၁၇) အခွန်လွတ် သာသနာ့မြေနေရာ သတ်မှတ် ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ မြို့နယ်အုပ်ချုပ်ရေးမှူး၏ သဘောထား မှတ်ချက်၊
(၁၈) မြို့နယ်အုပ်ချုပ်ရေးမှူးက ခရိုင်အုပ်ချုပ်ရေးမှူးသို့ ဆက်လက် တင်ပြသည့် အစီရင်ခံစာ၊
(၁၉) ခရိုင် သာသနာရေးဦးစီးဌာနမှူး၏ အခွန်လွတ် သာသနာ့မြေနေရာ သတ်မှတ်ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ ထောက်ခံချက်၊
(၂၀) အခွန်လွတ် သာသနာ့မြေနေရာ သတ်မှတ်ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ ခရိုင်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ သဘောထားမှတ်ချက်၊
(၂၁) ခရိုင်အုပ်ချုပ်ရေးမှူးက ပြည်နယ်/တိုင်းဒေသကြီးသို့ ဆက်လက် တင်ပြသည့် အစီရင်ခံစာ၊
(၂၂) ပြည်နယ်/တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘုရား၏ အခွန်လွတ် သာသနာ့မြေနေရာ သတ်မှတ် ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ ဩဝါဒ မိန့်ကြားချက်၊
(၂၃) ပြည်နယ်/တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနမှူး၏ အခွန်လွတ် သာသနာ့မြေနေရာ သတ်မှတ် ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ ထောက်
ခံချက်၊
(၂၄) အခွန်လွတ် သာသနာ့မြေနေရာ သတ်မှတ်ခွင့်ပြုရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့် စပ်လျဉ်းသည့် အစည်းအဝေး ဆုံးဖြတ်ချက်

အမှုတွဲ ဆက်လက်ဆောင်ရွက်ခြင်း။
အထက်ပါ အချက်များ ပြည့်စုံစွာ ဆောင်ရွက် ပြီးစီးပါက တိုင်းဒေသကြီး/ ပြည်နယ် အစိုးရက ၄င်းတို့ အစိုးရအဖွဲ့၏ ထောက်ခံချက်နှင့်အတူ အခွန်လွတ် သာသနာ့မြေနေရာ သတ်မှတ်ခွင့်ပြုရေး အမှုတွဲကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့မည် ဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) မှ အမှုတွဲကို စိစစ်ပြီး သတ်မှတ်ချက်များ ပြည့်စုံ ညီညွတ်ပါက လျှောက်ထားမြေကို အခွန်လွတ် သာသနာ့မြေနေရာအဖြစ် သတ်မှတ် ခွင့်ပြုချက် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။ နိုင်ငံတော် အစိုးရက ဤအခွန်လွတ် သာသနာမြေပေး အမိန့်ကို မြန်မာနိုင်ငံတော် ပြန်တမ်းတွင်လည်း ထုတ်ပြန် ကြေညာပေးလေ့ ရှိပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးချုပ်၏ ခွင့်ပြုမိန့် ရရှိလျှင် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးက အခွန်လွတ် သာသနာ့မြေပေး ဂရန်ကို သတ်မှတ်ထားသော ဂရန်ပုံစံ (Land Revenue II / Grant I) ဖြင့် လက်မှတ်ရေးထိုး ထုတ်ပေးမည် ဖြစ်ပါသည်။

အစိုးရအခွန်လွတ်သာသနာမြေလျှောက်ထားနည်းကို မေးကြသော မိတ်ဆွေများအတွက်
ဆရာဦးဇော်မင်း(နတ်မောက်)၏စာအုပ်မှ
ထုတ်နှုတ်တင်ပြပါသည်။
ဆရာဦးဇော်မင်း(နတ်မောက်)၏စာအုပ်မှ
ထုတ်နှုတ်တင်ပြပါသည်။
*ဝိနယော နာမ သာသနဿ အာယု
#အရှင်တေဇနိယ(မန်းတောင်ခြေ)
*Copy : - Ashin Vicittasara{S.B.G}
*Date : - Thu; 14; 11; 2019
*Date : - Thu; 14; 11; 2019
မူရင်းလင့်
https://m.facebook.com/story.php?story_fbid=2561655237289057&id=100003338178553

0 comments:
Post a Comment