#htmlcaption1 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားများနှင့် ပြည်ထောင်စုနေ့ညစာစားပွဲ အာဇာနည်နေ့အခန်းအနားတက်ရောက်

အ‌ရောင်းလား၊ အပေါင်လား၊ ဟန်ဆောင်စာချုပ်လား၊ ဟန်‌ဆောင်စာချုပ်ဖြစ်ကြောင်း သက်သေပြခွင့်

Friday, March 27, 2020

     အ‌ရောင်းလား၊ အပေါင်လား၊ ဟန်ဆောင်စာချုပ်လား၊ ဟန်‌ဆောင်စာချုပ်ဖြစ်ကြောင်း သက်သေပြခွင့်
“ဝယ်သူ” ဆိုသူက “မြေ၊ အိမ် အရောင်းအဝယ် ကတိစာချုပ်” ကို အခြေပြု၍ (ရောင်းသူဘက်မှ ကတိပျက်ကွက် သည်ဟု ဆိုကာ
“အရောင်းအဝယ်ကတိ ပဋိညာဉ်အတိုင်း ဆောင်ရွက်စေလိုမှု” ၊ “ကတိစာချုပ်အရ
ရောင်းကြေးကျန်ငွေကို တရားပြိုင်က လက်ခံယူပြီး၊ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ ရောင်းချသည့် မြေ၊ အိမ်ကို လက်ရောက်ရလိုမှု၊
“ကတိအတိုင်း စရံငွေနှစ်ဆနှင့် နစ်နာကြေးငွေ ရလိုမှု” ၊ “မှတ်ပုံတင်“ အရောင်းအဝယ်
စာချုပ်ချုပ်ဆိုပေးစေလိုမှု” စသည်ဖြင့် စွဲဆိုကြပါသည်။ )
- ထိုသို့စွဲဆိုသည့်အခါ “ရောင်းသူ”ဟုဆိုသော တရားပြိုင်ဘက်မှ တရားလိုအခြေပြု စွဲဆိုသော စာချုပ်သည် မြေ၊ အိမ်ကို အမှန်တကယ်
အရောင်းအဝယ် ပြုလုပ်ချုပ်ဆိုသည့် စာချုပ်မဟုတ်ကြောင်း၊ မြေ၊ အိမ်ကို ပေါင်နှံရာတွင် ငွေရှင်(တရားလို)အလိုကျ အရောင်းအဝယ် သဘောတူ
ကတိစာချုပ် ဟူ၍ ချုပ်ဆိုပေးရခြင်းသာ
ဖြစ်ကြောင်း၊ အမှန်တကယ်ရောင်းချခြင်း မဟုတ်၊ တရားပြိုင်က တရားလိုထံမှ (အတိုးနှင့် အတိုးမဲ့) ငွေချေးယူ ရာ၌ မြေ၊ အိမ် အရောင်းအဝယ် ကတိစာချုပ် အဖြစ်ချုပ်ဆိုပေးရခြင်းသာ ဖြစ်ကြောင်း၊ ယင်းစာချုပ်မှာ
“ဟန်ဆောင်အရောင်းအဝယ်ကတိစာချုပ်” သာလျှင်ဖြစ်ကြောင်းထုချေတတ်ကြပါသည်။
အချို့အမှုများတွင် တရားပြိုင်ဘက်မှ အမှန်အတိုင်း ထုချေတင်ပြကြသကဲ့သို့ အချို့အမှုများတွင်
အမှန်အတိုင်း မဟုတ်ပဲ ထုချေတတ်ကြပါသည်။
ထိုအခါ တရားလို၊ တရားပြိုင် နှစ်ဘက်စလုံးက (မိမိအဆိုပြုချက်/ ထုချေချက်)ကို သက်သေထင်ရှား တင်ပြကြရပြီး၊ တရားရုံးတော်များကလည်း
မည်သူ၏တင်ပြချက်က အမှန်ဖြစ်ကြောင်း ဆုံးဖြတ်ပေးရပါသည်။
ဤအကြောင်းကိစ္စတွင် “အရောင်းအဝယ် သဘောတူ ကတိစာချုပ်”ဟု (ခေါင်းစီး) ရေးသားထားပြီး၊ “စာကိုယ်’ တွင် မြေ၊အိမ်ကို တန်ဖိုးသင့်။ရောင်းချကြောင်း၊ စရံငွေ မည်မျှပေးအပ်ကြောင်း၊ ကျန်ငွေကို မည်သည့်နေ့ရက်တွင် မည်သို့ပေးချေမည်ဖြစ်ကြောင်း၊ ရေးသားထားပြီး ရောင်းသူ၊ ဝယ်သူနှင့် သက်သေများက လက်မှတ်ရေးထိုးထားကြသော စာချုပ် (ကတိစာချုပ်)သည် အရောင်းအဝယ် သဘောတူစာချုပ် မဟုတ်ပါ။
(အရောင်းမဟုတ်ပါ။) အပေါင်ကိစ္စအတွက် ဟန်ဆောင် အရောင်း သဘောတူစာချုပ် ဟူ၍ ချုပ်ဆိုပေးရခြင်းသာဖြစ်ကြောင်း၊ ထုချေတင်ပြခွင့်
ရှိမရှိ၊ သက်သေခံဥပဒေပုဒ်မ ၉၂ ကပိတ်ပင်ခြင်း ရှိမရှိ အငြင်းပွားခဲ့ကြပါသည်။
ရှေးယခင်က စီရင်ထုံးများတွင်ပင် ကွဲလွဲဆုံးဖြတ်ခဲ့ကြပါသည်။
ယနေ့ထိ အတည်ဖြစ်နေသော စီရင်ထုံး
ဆုံးဖြတ်ချက်များ၌ (ထုချေတင်ပြခွင့်ရှိကြောင်း) ညွှန်ပြဆုံးဖြတ်ထားကြပါသည်။
ဟာဂျီဝါလီမဟာမက် နှင့် ဟာဂျီအဘား (အတွဲ ၃၊ ရန်ကုန်၊ ၁၀၆)
အမှုတွင် အစုရှယ်ယာလက်မှတ်များကို အရောင်းအဝယ်စာချုပ်ဖြင့်ရောင်းချလိုက်ရာ အရောင်းမဟုတ်၊ အပေါင်သာဖြစ်ကြောင်း၊ နှုတ်သက်သေခံတင်ပြနိုင်သည်ဟု ဆုံးဖြတ်ထားသည်။ ဤအတိုင်းပင်
မောင်ကျင် နှင့် မရွှေလ(အတွဲ ၉၊ အောက်မြန်မာပြည်၊ ၁၁၄) တွင်လည်း ဆုံးဖြတ်ထားသည်။
ဤအမှုနှစ်မှုမှာ ပရီဗွီကောင်စီက ဆုံးဖြတ်ထားသော စီရင်ထုံးများ ဖြစ်ကြသည်။
သို့ရာတွင်
ရှီယိုကရန်ဆင်းနှင့် ဆူရာနတ်ဆင်း (၁၉၅၉၊ မတစ၊ တရားလွှတ်တော်၊ ၂၀၇) အမှုတွင် အရောင်းစာချုပ် ချုပ်ဆိုထားသော်လည်းဟန်ဆောင်စာချုပ်သာ ဖြစ်ကြောင်း သက်သေခံတင်ပြနိုင်သည်ဟုဆုံးဖြတ်ထားသည်။
ဟန်ဆောင်စာချုပ် သက်သေခံဥပဒေ ပုဒ်မ ၉၁ နှင့် ၉၂၊ ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း သက်သေတင်ပြနိုင်ခြင်း၊ ပုဒ်မ ၉၂ ခြွင်းချက် (၁)၏ အဓိပ္ပာယ်။
အမှုပါအိမ်နှင့် မြေနှင့် ပက်သက်သော အရောင်းအဝယ်စာချုပ်သည်၊ အရောင်းအဝယ်စာချုပ်မဟုတ်ပဲ ၊ ချေးငွေအတွက် အာမခံသဘောဖြင့်ချုပ်ဆိုထားသော စာချုပ်သာဖြစ်ကြောင်း တရားခံများက ချေပသည်တွင် ယင်းသို့ချေပသည့်အတိုင်း သက်သေတင်ပြနိုင်သလောဟူသည့် အချက်ကို စဉ်းစားရာ။
ဆုံးဖြတ်ချက်။ ။ သက်သေခံဥပဒေပုဒ်မ ၉၁ နှင့် ၉၂ ပါ ပြဋ္ဌာန်းချက်များသည် ဟန်ဆောင်စာချုပ်မျိုးနှင့် မသက်ဆိုင်။ ဟန်ဆောင်စာချုပ်သာဖြစ်ကြောင်း ၊
သက်သေတင်ပြရာ၌ ထိုပြဋ္ဌာန်းချက်များသည် မည်သို့မျှ မပိတ်ပင်။
အချုပ်အားဖြင့် ဆိုလျှင် အကျိုးသက်ရောက်စေရန် ရည်ရွယ်၍ ချုပ်ဆိုသော တကယ့်စာချုပ်ကို ပြင်ရန်၊ ချုပ်ဆိုသူများ နှုတ်သက်သေမပြနိုင်။
သို့သော် စာချုပ်တစ်ရပ်သည် အကျိုးသက်ရောက်စေရန် ရည်ရွယ်ချုပ်ဆိုသော စာချုပ်မျိုးမဟုတ်ဘဲ ဟန်ဆောင်စာချုပ်မျှသာဖြစ်ကြောင်း နှုတ်သက်သေ
တင်ပြနိုင်သည်။
ဦးမြတ်ထင် ပါ-၃ နှင့် ဒေါ်ကျင်ယုံ ပါ-၂၊ ၁၉၆၄၊ မတစ၊ (တရားရုံးချုပ်)၂၅၀။
သက်သေခံဥပဒေပုဒ်မ ၉၂ - အရောင်းချုပ်ဆိုသော အပေါင်စာချုပ် -
နှုတ်သက်သေခံနိုင်ခြင်းကိစ္စ။
ဆုံးဖြတ်ချက်။ ။ အရောင်းချုပ်ဆိုထားသော စာချုပ်တခုသည် အမှန်အားဖြင့် အပေါင်စာချုပ်သာဖြစ်သည်ဟု ဆိုလျှင် ထိုသို့ဖြစ်ကြောင်း ထောက်ခံသော နှုတ်သက်သေခံများကို တရားရုံးက လက်ခံကြားနာ စဉ်းစားနိုင်သည်။
သက်သေခံဥပဒေပုဒ်မ (၉၂)သည် ထိုကဲ့သို့ သက်သေခံချက်ကို လက်မခံရဟုပိတ်ပင်ထားခြင်း မရှိ။
ဒေါ်မြမေ နှင့် ဒေါ်ကျင်၊ ကိုတင်ဦး၊၁၉၆၄၊ မတစ၊ တရားရုံးချုပ်၊ ၈၈၅။
စာချုပ်သည် ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း သက်သေထူခွင့် ..
တရားရုံးများက အမှုကို နက်နက်နဲနဲ သုံးသပ်ရန် လိုအပ်ခြင်း- ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေးကို ကာကွယ်သည့် ဥပဒေ ပုဒ်မ ၃(က)။
ဆုံးဖြတ်ချက်။ ။ စာချုပ် တစ်ခုကို အကျိုး သက်ရောက်စေရန်ရည်ရွယ်ချက်ဖြင့် ချုပ်ဆိုခဲ့ကြသည်။ အစစ်အမှန်ဖြစ်ခဲ့လျှင် ထိုစာချုပ်ပါစကားတို့ နှင့်ကွဲလွဲ၍ ချုပ်ဆိုသူတို့က သက်သေမထူနိုင်ချေ။ ထိုသို့ပင် သက်သေခံ ဥပဒေပုဒ်မ ၉၂ က ပညတ် ထားသည်။ သို့ရာတွင်အကျိုးသက်ရောက်စေရန် ရည်ရွယ်ချက်မရှိ၊ ဟန်ဆောင်စာချုပ်မျှသာဖြစ်ခဲ့လျှင် ထိုသို့ဖြစ်ကြောင်းကို သက်သေထူခွင့် ရှိသည်။ ဟန်ဆောင်စာချုပ် ဟုတ်မဟုတ် ဟူသည့်အချက်သည် အရေးကြီးသော ကောက်ချက်တစ်ရပ်ဖြစ်လာသည်။ထိုကောက်ချက်ကို သက်‌သေ
အထောက်အထားများကို သုံးသပ်ပြီးမှသာ ဆုံးဖြတ်နိုင်သည်။
လျှောက်ခံရသူတို့က စာချုပ်သည်တရားမဝင်၊ အကြွေးကြောင့်ချုပ်ဆိုခဲ့ရပါသည်။ အရောင်းအဝယ် မရှိခဲ့ပါ ဟူ၍ ချေလွှာတွင် ဆိုသောကြောင့် ကောက်ချက်တစ်ရပ်ပင် ထုတ်နုတ်ခဲ့ရသည် ဖြစ်ရာ မူလရုံးက နှစ်ဖက်သက်သေများကို မကြားနာပဲ ထိုစာချုပ်ကို ဖတ်ရှုရုံမျှဖြင့် ကောက်ချက်ကိုဆုံးဖြတ်ခြင်းသည် အခြေခံကစ၍ မှားယွင်းခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။
ဦးခွေး နှင့် ဦးအေး ပါ-၂၊ ၁၉၆၅၊ မတစ၊ ၁၁၁၆။
ပစ္စည်းပေါင်၍ ချေးငှါးသည့် အရင်းအတိုးငွေအတွက် အပေါင်ဒီကရီရလိုကြောင်း တရားစွဲဆိုမှု - စာချုပ်တစ်ခုသည် အရောင်းစာချုပ်သို့မဟုတ် အပေါင်စာချုပ် ဖြစ်သလား ဆို သည့် ပြဿနာ - စာချုပ်၌ ဖော်ပြထားသည့် စကားရပ်များအပေါ် သာမန်အားဖြင့် အမှီသဟဲပြုကာ ဆုံးဖြတ်ရခြင်း- စာချုပ်ချုပ်ဆိုစဉ် စာချုပ်သူတို့၏ ရည်ရွယ်ချက်သည်။ အဓိကဖြစ်ခြင်း -
အပြီးအပိုင်အရောင်းစာချုပ်တွင် ဝယ်သူက ရောင်သူအား ကန့်သတ်ချိန်အတွင်း ပြန်လည်ရောင်းချမည်ဆိုသော စည်းကမ်းချက်ပါရှိခြင်း - အရောင်စာချုပ်မဟုတ်ဘဲ အပေါင်စာချုပ်ဖြစ်သည်ဟု တထစ်ချ မယူဆနိုင် -ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၅၈(ဂ)၏ ခြွင်းချက်အရ စာချုပ်သည်အရောင်းစာချုပ် မဟုတ်ဘဲ အပေါင်စာချုပ်ဖြစ်သည်ဟု မလွဲမသွေ
ကောက်ယူရမည်ဟု အဓိပ္ပါယ်ပေါက်မပေါက်။
ဆုံးဖြတ်ချက်။ ။ စာချုပ်တစ်ခုသည် အရောင်းစာချုပ်ဖြစ်ပါသလား၊ သို့တည်းမဟုတ် အပေါင်စာချုပ်သာ ဖြစ်ပါသလား၊ ဆိုသည့် ပြဿနာနှင့်ပတ်သက်၍ စာချုပ်၌ ဖော်ပြထားသော စကားရပ်များအပေါ် သာမန်အားဖြင့် အမှီသဟဲပြုကာ ဆုံးဖြတ်ရမည်ဖြစ်သည်။ ရောင်းချကြောင်း၊ အတည့်အလင်းဖော်ပြပါမူ ရောင်းချခြင်း မဟုတ်ဘဲ ပေါင်နှံခြင်းသာ ဖြစ်သည်ဟု ဆိုလာလျှင်
ထိုကဲ့သို့ အဆိုပြုသူ အပေါ်၌ ယင်းအဆိုပြုချက်ကို ထင်ရှားအောင်ပြသရန် တာဝန်ကျရောက်ပေသည်။ အလားတူပင် စာချုပ်တစ်ခု၏ စကားရပ်များ၌ ပေါင်နှံကြောင်း ရေးသားထားပါက ပေါင်နှံခြင်းမဟုတ်ဘဲ ရောင်းချခြင်းဖြစ်သည်ဟု ငြင်းဆိုပါမူ ထိုကဲ့သို့ ငြင်းဆိုသူသည် မိမိငြင်းဆိုသည့်အတိုင်းထင်ရှားအောင် သက်သေထူရမည် ဖြစ်သည်။
အပြီးအပိုင်အရောင်းစာချုပ်တစ်ခုတွင် ဝယ်သူက ရောင်းသူအားကန့်သတ်ချိန်အတွင်း ပြန်လည်ရောင်းချမည်ဆိုသော စည်းကမ်းချက်ပါရှိ ကာမျှဖြင့် ထို စာချုပ်သည် အရောင်းစာချုပ် မဟုတ်ဘဲ
အပေါင်စာချုပ်ဖြစ်သည်ဟု တထစ်ချမယူဆနိုင်ပေ။
ပစ္စည်းလွှဲပြောင်းခြင် အက်ဥပဒေ ပုဒမ ၅၈(ဂ)၏ ခြွင်းချက်အရလည်း အရောင်းစာချုပ်တွင် ဝယ်သူက ရောင်းသူအား ပြန်ရောင်းမည်ဆိုသော
စည်းကမ်းချက်ပါ အကြောင်းကြောင့် ထိုစာချုပ်သည် အရောင်းစာချုပ်
မဟုတ်ဘဲ အပေါင်စာချုပ်ဖြစ်သည်ဟု မလွှဲမသွေ ကောက်ယူရမည်ဟုအဓိပ္ပာယ် မပေါက်ပေ။
နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ် နှင့် သခင်ပေါ်ညွန့် ပါ-၇၊ ၁၉၆၇၊ မတစ၊ ၇၀၁။
အရောင်းအဝယ်စာချုပ်တွင် စာချုပ်ပြုလုပ်ပြီး ခြောက်လကြာလျှင် ရောင်းသူက ပြန်ဝယ်ခွင့်ရှိကြောင်း၊ ခြောက်လပြည့်သော်လည်း ပြန်မဝယ်လျှင် ရောင်းသူက ဝယ်သူအား မှတ်ပုံတင်အရောင်းစာချုပ် ပြုလုပ်လွှဲအပ်ရန် ဖော်ပြထားခြင်း၊ ထိုစာချုပ်မှာ အရောင်းစာချုပ် မဟုတ်
အပေါင်စာချုပ်ဖြစ်သည်ဟုကောက်ယူဆုံးဖြတ်ခြင်းမှာ မှန်ကန်ခြင်း ရှိ၊မရှိ။ အရောင်းစာချုပ်၌ငွေချေးကြောင်း လုံးဝပေါ်ပေါက်ခြင်း မရှိလျှင် ပြန်လည်ရောင်းချမည်ဆိုသောစည်းကမ်းချက်ပါ ရှိရုံမျှဖြင့် ထိုစာချုပ်ကို အရောင်းစာချုပ်မဟုတ်၊အပေါင်စာချုပ်ဖြစ်သည်ဟု ကောက်ယူနိုင်မည်မဟုတ်ခြင်း။
ဆုံးဖြတ်ချက်။ ။ စာချုပ်တစ်ခုသည် အရောင်းစာချုပ်ဖြစ်သလား၊ အပေါင်စာချုပ်ဖြစ်သလား ဆိုသည့် ပြဿနာနှင့် ပက်သက်၍ စာချုပ်၌
ဖော်ပြထားသော စကားရပ်များအပေါ် သာမန်အားဖြင့် အမှီသဟဲပြုကာ ဆုံးဖြတ်ရမည်ဖြစ်သည်။ ရောင်းချကြောင်း အတိအလင်း ဖော်ပြထားပါက
ရောင်းချခြင်း မဟုတ်ဘဲ ပေါင်နှံခြင်းသာဖြစ်သည်ဟု ဆိုလာလျှင် ထိုကဲ့သို့ အဆိုပြု သူအပေါ်၌ ယင်းအဆိုပြုချက်ကို ထင်ရှားအောင် ပြသရန်တာဝန်ကျရောက်ပေသည်။
ထပ်မံဆုံးဖြတ်ချက်။ ။ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၈ (က) အရ ပေါင်နှံခြင်း၊ အထမြောက်စေရန် မြီရှင်မြီစားရှိရမည်ဖြစ်ရာ အရောင်းစာချုပ်၌ ငွေချေးကြောင်း လုံးပေါ်ပေါက်ခြင်း မရှိပါက ပြန်လည်ရောင်းချမည်ဆိုသော စည်းကမ်းချက်ပါရှိနေသည့် အကြောင်းကြောင့် ရောင်းပေါင်ပင်ဖြစ်ရမည်ဟု မဆိုသာပေ။
ဒေါ်စန်းနှင့် ဦးအောင်မင်းကြည်တို့ ပြုလုပ်သည့် သက်သေခံအမှတ် (က)စာချုပ်တွင် ငွေချေးကြောင်း လုံးဝပေါ်ပေါက်ခြင်း မရှိသဖြင့် ပြန်လည်ရောင်းချမည်ဆိုသော စည်းကမ်းချက်ပါရှိရုံမျှဖြင့် ထိုစာချုပ်ကို အရာင်းစာချုပ်မဟုတ် အပေါင်စာချုပ်ဖြစ်သည်ဟု ကောက်ယူနိုင်မည် မဟုတ်ပေ။
သက်သေခံ အမှတ် (က)စာချုပ်တွင်
စာချုပ်ပြုလုပ်ပြီး ခြောက်လကြာလျှင် ရောင်းသူက ပြန်ဝယ်ခွင့် ရှိကြောင်းခြောက်လ ပြည့်သော်လည်း ပြန်မဝယ်လျှင် ရောင်းသူက ဝယ်သူအား မှတ်ပုံတင်
အရောင်းစာချုပ် ပြုလုပ်လွှဲ အပ်ရန် ဖော်ပြချက်အရ ထိုစာချုပ်သည် အရောင်းစာချုပ်မဟုတ်ဘဲ အပေါင်စာချုပ်ဖြစ်သည်ဟု တရားရုံးချုပ်က ကောက်ယူဆုံးဖြတ်ခြင်းမှာ မှန်ကန်မှု မရှိပေ။
ဦးအောင်မင်းကြည် ပါ-၂ နှင့် ဦးသက်အောင် ပါ-၃၊ ၂၀၀၂၊ မတစ၊ ၄၁၆

0 comments:

Post a Comment