နိုင်ငံတော်က မြေကိုအသုံးပြုဖို့လိုအပ်လို့ မြေကိုယူရင် မြေယာပိုင်ဆိုင်မှု အထောက်အထားမရှိပါကလျော်ကြေးနစ်နာကြေးရ/မရ
အောက်မှာ ဥပဒေသုတေသီ ဆရာဦးမောင်မောင်ညွန့် ရေးသားသော မူရင်းလင့်ပါ။
https://m.facebook.com/story.php?story_fbid=1092704884491566&id=100012561935452
ယနေ့မေးမြန်းလာတာက ဤသို့ ပါ-
“တောင်သူပိုင် လယ်ယာမြေများကို ဖြတ်သန်းပြီး အများအတွက် လမ်းတံတားဖောက်ရင် ပုံစံ ၇ မရသူကို လျော်ကြေး မပေးဘူးလို့ သက်ဆိုင်ရာ ဌာနက ငြင်းဆိုလို့ရပါသလားဆရာ။ အဲလိုငြင်းနေကြလို့ပါ။”
မိမိလေ့လာမိတာက တပ်မတော် အစိုးရ လက်ထက်က ပြဌာန်းခဲ့သည့် လမ်းမကြီးများ ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေ အမှတ် ၈/၂၀၀၀) ဖြစ်ပါသည်။ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးသည်ပင်လျှင် လမ်းမြေအတွက် လိုအပ်ပါက၊ တည်ဆဲဥပဒေများနှင့်အညီသာ ပြည်သူ၏ မြေကို ရယူပိုင်ခွင့် ရှိပါသည်။ တည်ဆဲ ဥပဒေ ဆိုပါက ၁၈၉၄ ခုနှစ်၊ မြေသိမ်း အက်ဥပဒေ သာ ရှိပါသည်။ ယင်းအက်ဥပဒေ အရ ဆိုပါလျှင် မြေသိမ်းဆည်းမှု အတွက် အကျိုးစီးပွား ယုတ်လျော့မှု ရှိသူသည် လျော်ကြေးတောင်းခံပိုင်ခွင့်ရှိသော အကျိုးစီးပွား သက်ဆိုင်သူဖြစ်ကြောင်း ပြဌာန်းထားပါသည်။