အခြားနည်းသုံးခွင့်နှင့် ဆိုင်ခွင့်၊ ပိုင်ခွင့်ဆိုသည်မှာ
အျခားနည္းသုံးခြင့္ႏွင့္ ဆိုင္ခြင့္၊ ပိုင္ခြင့္ဆိုသည္မွာ
ကိုကိုဦး
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ယနေ့ကာလအထိ မြေယာလောက၌ ရေပန်းစားလာသောစကားရပ် တစ်ခုမှာ “အခြားနည်းသုံးစွဲခွင့်” ဆိုသည့် စကားရပ်ဖြစ်ပါသည်။ အများပြည်သူအနေဖြင့် အဆိုပါ စကားရပ်အပေါ် နားလည်မှုလွဲမှားစွာဖြင့် ကောက်ချက်ချဆောင်ရွက်မှုများ တွေ့ရှိနေရပြီး ယခုတိုင် ဖြေရှင်း၍ ပြီးဆုံးနိုင်ခြင်းမရှိသေးသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ကိစ္စရပ်များ၌လည်း ထဲထဲဝင်ဝင်ပါဝင်နေကြောင်း တွေ့ရှိရသဖြင့် ‘အခြားနည်းသုံးစွဲခွင့်’ဆိုသည့် ဝေါဟာရ အနက်အဓိပ္ပာယ်သဘောနှင့် အဆိုပါ အခြားနည်းသုံးစွဲခွင့်ပြုချက် ရရှိထားသည့် မြေအား ဆိုင်ခွင့်၊ ပိုင်ခွင့်ဆိုသည့် အကြောင်းအရာများကို လေ့လာရေးသား တင်ပြရခြင်း ဖြစ်ပါသည်။
၂၀၁၂ ခုနှစ်မတိုင်မီက ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃၉ (လန-၃၉)အရ အခြားနည်းအသုံးပြုခွင့် ပေးအပ်ခဲ့ကြပါသည်။ အခြား နည်းအသုံးပြုခွင့် သမိုင်းကြောင်းကို လေ့လာမည် ဆိုပါက ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ ၃၉ တွင် “ဤအက်ဥပဒေပါ အခြား ပြဋ္ဌာန်းချက်များတွင် မည်သို့ပင် ပါရှိစေကာမူ၊ နိုင်ငံတော် သမ္မတသည်၊ သို့တည်းမဟုတ် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတကခန့်အပ်သော အာဏာပိုင်သည် လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် မည်သည့်လယ်ယာ မြေကိုမဆို မိမိသတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးချရန် ဆင့်ဆိုနိုင်သည်။” ဟု ပြဋ္ဌာန်းထားချက်အရ နိုင်ငံတော်က အမိန့်ကြော်ငြာစာနှင့် ပြန်တမ်းများ ထုတ် ပြန်ပြီး ဗဟိုမြေယာကော်မတီ၊ တိုင်းမြေယာကော်မတီ၊ ခရိုင်မြေယာကော်မတီ အဆင့်ဆင့်တို့ကို အခွင့် အာဏာအပ်နှင်းခဲ့သည်ကိုလည်းကောင်း၊ ၁၉၆၂ ခုနှစ် တော်လှန် ရေးကောင်စီ တက်လာပြီးနောက်ပိုင်း အဆိုပါ အာဏာ အပ်နှင်းမှုအတိုင်း ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ဗဟိုအဆင့် မှသာ ဆောင်ရွက်ခဲ့သည့် သဘောကိုသာ တွေ့ရှိရပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကာလ ၁၉၇၇ ခုနှစ်တွင် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင် ခွင့် ဥပဒေပေါ်ပေါက်လာခဲ့ပြီးနောက် ဗဟိုမြေယာ ကော်မတီ၏ လုပ်ပိုင်ခွင့် အာဏာသည် တိုင်းနှင့်ပြည်နယ် ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့ထံသို့ ရောက်ရှိ သွားသည်ကို လည်းကောင်း။
ထိုသို့ ဆောင်ရွက်ခဲ့စဉ် လယ်ယာမြေများ လျော့ပါး မှု မရှိစေရေးနှင့် နိုင်ငံတော်၏ ဆန်၊ စပါးဖူလုံရေးအတွက် လယ်ယာမြေများနှင့် စားကျက်မြေများတွင် အခြားနည်း အသုံးပြုခွင့်ကိစ္စများ ကန့်သတ်ခြင်းကို ထိုစဉ်က ဝန်ကြီး အဖွဲ့ရုံး၏ ၁၉၈၅ ခုနှစ်၊ ဇူလိုင်လ(၁၅)ရက် နေ့စွဲပါ စာအမှတ်၊ ၁၀/၆၀၁-ဆ/ဝခရ ဖြင့် ထုတ်ပြန်ခဲ့ခြင်း ကြောင့် အခြားနည်း အသုံးပြုခွင့်ပေးခြင်းကိစ္စများ ရပ်ဆိုင်းသွားခဲ့သည်ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ်၊ မတ်လ ၃၁ ရက်တွင်မှ ဝန်ကြီးအဖွဲ့ရုံးမှ စာအမှတ်၊ ၁၀/၆၀၁-ဆ/ဝဖရ ဖြင့် အခြားနည်း အသုံးပြုလိုသူ များနှင့် လက်ငုတ်များအား အတတ်နိုင်ဆုံး ပြေလည် အောင်ညှိနှိုင်းပြီး အထူးသဖြင့် လက်ငုတ်များက တစ်သက်လုံး မြေလက်လွတ်သွားမည့်ကိစ္စများတွင် မြေအစား သို့မဟုတ် သင့်လျော်သော နစ်နာကြေး သို့မဟုတ် အလုပ်အကိုင်ရရှိရေးကို ဆောင်ရွက်ပေးခြင်း အစရှိသည်တို့ကို ဘက်စုံ စဉ်းစားဝေဖန်သုံးသပ်ပြီးမှ လျှောက်ထားသောလယ်ယာမြေကို စိုက်ပျိုးမှုမှအပ အခြားနည်းအသုံးပြုရန် ဆင့်ဆိုသတ်မှတ်ပေးရန် ပြန်လည်ညွှန်ကြားခဲ့သည်ကိုလည်းကောင်း လေ့လာ တွေ့ရှိရသည်။
အခြားနည်းသုံးစွဲခွင့် လျှောက်ထားမည်ဆိုလျှင်
၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြား မှု တည်ဆောက်ရေးအဖွဲ့ကာလ အစိုးရအဖွဲ့ရုံး၏ ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ(၅)ရက်၊ စာအမှတ်၊ ၂/၀၀၁-က/အဖရ ဖြင့် လန-၃၉ ခွင့်ပြုမိန့်အား ပြည်နယ် / တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အားလုံးသို့ ဆောင်ရွက် ခွင့်ပြုကြောင်း ညွှန်ကြားခဲ့သည်ကို လေ့လာ တွေ့ရှိရပါ သည်။ ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေ အာဏာတည်စဉ်ကာလက အက်ဥပဒေပုဒ်မ ၃၉ အရ ဆင့်ဆိုသော အမိန့်ကို ပုံစံ(၃၃)ဖြင့် လည်းကောင်း၊ ပုံစံ(၅၈)ဖြင့် လည်းကောင်း ချမှတ် ထုတ်ပြန်ပေးခဲ့သည်ကို တွေ့ရှိရသည်။ ပုံစံ (၃၃)ကို လယ်ယာမြေများအတွက် ထုတ်ပေးပြီး ပုံစံ(၅၈)ကိုမူ ထိုစဉ်က လယ်ယာမြေဟူသောစကားရပ်တွင် ပါရှိခဲ့သည့် မြေရိုင်းအတွက် နည်းဥပဒေအပိုဒ် ၁၆၁ အရ ထုတ်ပေးခြင်းဖြစ်ပါသည်။ လူအများအနေဖြင့် အဆိုပါ ပုံစံနှစ်မျိုးကို ခွဲခြားခြင်းသိရှိမှုမရှိ၊ လန-၃၉ ခွင့်ပြုမိန့်အမျိုးအစားတစ်ခုတည်းအဖြစ် သိမှတ်ခဲ့သည်။
ဖော်ပြပါ အနေအထားအရ လန-၃၉ အတွက် အမျိုးအစား နှစ်မျိုးရှိသည်ဟု ခေါ်ဆိုနိုင်သည်။ ပုံစံ(၃၃)ဖြင့် ခွင့်ပြုမှု ရရှိသူအတွက် အခြားသူသို့ ထပ်ဆင့် လွှဲပြောင်း ခြင်းဆိုင်ရာ အခွင့်အရေးကိုမူ သီးခြားဖော်ပြထားခြင်း မတွေ့ရှိရပါ။ အဆိုပါပုံစံ(၃၃) ဖြင့် ခွင့်ပြုမည့် လန-၃၉ ခွင့်ပြုမိန့်ရရှိရန်အတွက် နည်းဥပဒေ ၈၄ ၌ “လယ်ယာမြေကို ဆင့်ဆိုသည့်နည်းလမ်းအတိုင်းအသုံးပြုရန်၊ ရောင်းဝယ်ပြီး မှသော်လည်းကောင်း၊ အခြားနည်းဖြင့် လွှဲပြောင်းပြီးမှသော်လည်းကောင်း၊ ဆောင်ရွက်နိုင်မည်ဖြစ်လျှင် တည်ဆဲ အခြား တရားဥပဒေများနှင့်အညီ ထိုလယ်ယာမြေကို ရောင်းဝယ်ခြင်းသော်လည်းကောင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်းသော်လည်းကောင်း ပြုလုပ်နိုင်သည်။” ဟု ပြဋ္ဌာန်းထားရှိပါ၍ အခြားနည်းသုံးစွဲခွင့် လန-၃၉ ခွင့်ပြုမိန့်မလျှောက်ထားမီ အဆိုပါပြဋ္ဌာန်းချက်အား မလွဲမသွေလိုက်နာရန် အဓိကလိုအပ်မည် ဖြစ်ပါသည်။
ပုံစံ(၅၈)ဖြင့် ရရှိထားသော လန-၃၉ ဖြစ်ပါက ယင်း ပုံစံ၏ အောက်ခြေတွင်ဖော်ပြထားသော စည်းကမ်းချက် များ၌ နိုင်ငံတော်သမ္မတ သို့မဟုတ် နိုင်ငံတော်သမ္မတက ခန့်ထားသည့် အာဏာပိုင်၏ ခွင့်ပြုချက်မရဘဲ ပေါင်နှံခြင်း၊ ရောင်းချခြင်း သို့တည်းမဟုတ် အခြားနည်းဖြင့် လွှဲပြောင်း ခြင်း၊ ခွဲစိတ်ခြင်းမပြုရဟု ဖော်ပြထားပါသည်။ အဆိုပါဖော်ပြ ချက်မှာ ပုံစံ(၃၃)နှင့် ပုံစံ(၅၈)တို့၏ အဓိက ကွာခြားချက် ဖြစ်ပါသည်။ ပုံစံနှစ်မျိုးလုံး၏ တူညီသော လိုက်နာရမည့် စည်းကမ်းချက်မှာ “ဖော်ပြသည့် နည်းလမ်းအတိုင်း သို့မဟုတ် သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း အသုံးပြုရန်” ဖြစ်ပါသည်။ သို့သော် ထိုစဉ်က ကျင့်သုံး နေသော ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ၃၅ တွင် ဖော်ပြထားသော “နိုင်ငံတော်သမ္မတ သည် မည်သည့်အချိန်အခါတွင်မဆို လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေပါ ပြဋ္ဌာန်းများအရ ချမှတ်ထားသောအမိန့်ကို သို့တည်းမဟုတ် စီရင်ချက်ကို အတည်ပြုနိုင်သည်။ သို့တည်းမဟုတ် ပြင်ဆင်နိုင်သည်။ သို့တည်းမဟုတ် ပယ်ဖျက်နိုင်သည်။” ဟူသည့် ပြဋ္ဌာန်းချက် အရ အခြားနည်းသုံးစွဲ ခွင့်ပြုထားသည့် ခွင့်ပြုချက်နည်းလမ်း အား ပြင်ဆင်နိုင်သည့် အနေအထားရှိနေကြောင်း လေ့လာတွေ့ရှိရသည်။
မြေမျိုးကြီးပြောင်းလဲပေးလိုက်ခြင်းသာဖြစ်
ယခုခေတ်ကာလ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း အခြားနည်းသုံးစွဲခွင့်ကိစ္စကို သာမန် အားဖြင့် စိုက်ပျိုးမြေများနှင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း များကို စိုက်ပျိုးရေးလုပ်ငန်းများအပြင် အခြားစီးပွားရေး ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်၊ ဟိုတယ် စသည့် လုပ်ငန်းမျိုးများ ဆောင်ရွက်ရန်အတွက် ခွင့်ပြုချက်ချမှတ် ပေးလျက်ရှိပါသည်။ အဆိုပါခွင့်ပြုမိန့်၏ အဓိပ္ပာယ်မှာ အမိန့်စာတွင် ပါရှိသတ်မှတ်ပေးထားသော လုပ်ငန်းကို ဆောင်ရွက်နိုင်ရန် မြေအသုံးပြုခွင့်ဟုဆိုရပါမည်။ တစ်နည်း အားဖြင့် အခြားနည်းသုံးစွဲခွင့်ဆိုသည်မှာ မြေမျိုး ပြောင်းလဲပေးလိုက်ခြင်းသာ ဖြစ်ပါသည်။
ဤကိစ္စတွင် ယခင် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံ ပိုင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃၉ အရ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိသည့် မြေများအတွက် ဘဏ္ဍာတော်မင်းကြီးများရုံး၏ (၂၅-၁၀-၁၉၅၇)ရက်စွဲပါ စာအမှတ်၊ ၁၀၇၀-၁၁၁၁/ ၂ထက-၃၈ ဖြင့် ထုတ်ပြန်ခဲ့ သည့်အမှာစာတွင် အောက်ပါအတိုင်း ဖော်ပြပါရှိခဲ့ပါသည်-
“လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၉ အရ နိုင်ငံတော်သမ္မတက လယ်ယာမြေကို မည်သည့် အတွက် အသုံးချရမည်ဟု သတ်မှတ်သောအခါ နိုင်ငံတော်ပိုင်မြေ ဖြစ်စေ၊ နိုင်ငံတော်ပိုင်မဟုတ်သော မြေဖြစ်စေ၊ မည်သည့် လယ်ယာမြေကိုမဆို မူလက မြေမျိုးကြီးကို ပယ်ဖျက်၍ ပုဒ်မ ၃၉ အရ နိုင်ငံတာ် သမ္မတ၏ ဆင့်ဆိုချက်တွင် ဖော်ပြသောကိစ္စကိုပင် မြေမျိုး ကြီးအသစ်ဟု မြေစာရင်းဌာနက မှတ်သားရပါ မည်။”
-ဟု ညွှန်ကြားထားမှုအရ လန-၃၉ ဆင့်ဆိုချက် အမိန့်စာသည် မြေမျိုးကြီးပြောင်းလဲမှုသာဖြစ်ကြောင်း၊ ပိုင်ဆိုင်မှုပေးခြင်းမဟုတ်ကြောင်း လေ့လာတွေ့ရရှိရမည် ဖြစ်သည်။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၌ အခြားနည်းသုံး ပြုခွင့်နှင့်ပတ်သက်၍ ပုဒ်မ ၂၉ ၌ နိုင်ငံတော်၏ ရေရှည် အမျိုးသားအကျိုးစီးပွားအလို့ငှာ စီမံကိန်းလုပ်ငန်းကြီး များအတွက် ပြဋ္ဌာန်းထားပြီး ပုဒ်မ ၃၀ ၌ အများပြည်သူ အကျိုးငှာနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားမှုရှိပါသည်။ ထို့အပြင် နည်းဥပဒေပြဋ္ဌာန်းချက်များအရ လယ်ယာကဏ္ဍနှင့် သက်ဆိုင်ခြင်း၊ မသက်ဆိုင်ခြင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ရန် နည်းလမ်းများ ပြဋ္ဌာန်း ထားရှိပါသည်။ စိစစ်ဆောင်ရွက်ရန်အချက်များနှင့် ကိုက်ညီပါက လယ်မြေအား အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် ပုံစံ(၁၅)ကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ မှ လည်းကောင်း၊ လယ်မြေမှတစ်ပါး လယ်ယာမြေအား အခြားနည်းဖြင့်အသုံးပြုရန် ခွင့်ပြုမိန့် ပုံစံ၁၅ (က)ကို နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များမှ လည်းကောင်း ထုတ်ပေးနိုင်ခွင့် ပြဋ္ဌာန်းထားပါသည်။
အသုံးပြုခွင့်တစ်မျိုးသာရရှိမည်
၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံ ခန့်ခွဲ ရေးဥပဒေ အရ အစိုးရကခွင့်ပြုသော ဥပဒေနှင့်ညီညွတ် သည့် အခြားလုပ်ငန်းများသုံးစွဲရန်၊ ဧက(၅၀)အထက် မွေးမြူရေးလုပ်ငန်းသုံးစွဲရန်နှင့် ဓာတ်သတ္တုထုတ်လုပ် ခြင်းလုပ်ငန်းတို့၏ ခွင့်ပြုမိန့်အား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီမှ လည်းကောင်း၊ ဧက(၅၀)နှင့်အောက် မွေးမြူရေးလုပ်ငန်းသုံးစွဲရန်အတွက် နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံခန့်ခွဲရေးကော်မတီမှ လည်းကောင်း ထုတ်ပေး နိုင်မည်ဖြစ်ပါသည်။
၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံ ခန့်ခွဲရေးဥပဒေအရ အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပြုသော ခွင့်ပြုမိန့်ကို ပုံစံ(၁၅)ဖြင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ ထုတ်ပေးပါသည်။ အဆိုပါမြေအား ပုဒ်မ ၁၆(က)ပါ စည်းကမ်းချက်အရ ခွင့်ပြုထားသည့် လုပ်ငန်းအမျိုး အစားနှင့် ယင်းနှင့်ဆက်နွှယ်လျက်ရှိသော စီးပွားရေး လုပ်ငန်းကို သာ လုပ်ကိုင်ရမည်ဟုလည်းကောင်း၊ ဥပဒေ ပုဒ်မ၁၆(ဂ)အရလည်းကောင်း ခွင့်ပြုထားသည့်မြေများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံ ခြင်း၊ ပေးကမ်းခြင်း၊ အငှားချထားခြင်း၊ ရောင်းချခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ခွဲစိတ်ခြင်း မပြုရဟု လည်းကောင်း ကန့်သတ်ထားပါသည်။ တစ်နည်းအားဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို “အသုံးပြုခွင့် Tiller Right” သာပေးထားခြင်း ဖြစ်သည်ကို အထူးသိနားလည်ထားရန် လိုအပ်ပါသည်။
အထက်ဖော်ပြပါအတိုင်း အခြားနည်းဖြင့် အသုံးပြု ရန် ခွင့်ပြုမိန့်ကိစ္စများအား အကျဉ်းချုံး၍ တင်ပြခြင်း ဖြစ်ပါသည်။ ဤဆောင်းပါး၏ ခေါင်းစဉ်ပါအချက်နှင့် ပတ်သက်၍ ဆက်လက် အသိပေး တင်ပြလိုသည့် အချက် နှစ်ချက်ရှိပါသည်။ အဆိုပါကိစ္စမှာ အသုံးပြုခွင့်ရရှိရန် စတင်လျှောက်ထားစဉ် လုပ်ဆောင်မည့်လုပ်ငန်း အကြောင်းအရာဖော်ပြချက်၊ အသုံးပြုခွင့်အမိန့်စာရရှိ ပြီးနောက် ကာယကံရှင်များ ဆက်လက်ဆောင်ရွက်ရ မည့် လုပ်ငန်းတူညီရန်နှင့် အဆိုပါခွင့်ပြုမိန့်အရ လုပ်ငန်း ဆောင်ရွက်ရမည့်မြေမှာ လုပ်ငန်းဆောင်ရွက်သူကိုယ်တိုင် အမည်ပေါက်ပိုင်ဆိုင်ခွင့် ရပြီး/ မပြီး ဆန်းစစ်ရမည့်ကိစ္စ ဖြစ်ပါသည်။
ပိုင်ဆိုင်ခွင့်ပေးလိုက်ခြင်းမဟုတ်ကြောင်း သတိပြု
ပထမအချက်ဖြစ်သော စတင်လျှောက်ထားစဉ်က လုပ်ငန်းနှင့် ခွင့်ပြုအမိန့်စာရပြီးနောက် ဆောင်ရွက် သည့်လုပ်ငန်းတူညီရပါမည်။ အဆိုပါကိစ္စမှာ အလွန် အင်မတန်မှ အရေးကြီးပါသည်။ တည်ဆဲ လယ်ယာမြေ ဥပဒေအရ အခြားနည်းခွင့်ပြုမိန့် အမိန့်စာပါ ခွင့်ပြု အကြောင်းအရာအား ပြုပြင်ပြောင်းလဲရန် ဥပဒေ၊ နည်းဥပဒေများ၌ ပြဋ္ဌာန်းထားမှုမရှိပါ။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများဥပဒေတွင်လည်း အခြားနည်း အသုံးပြုခွင့်အမိန့်စာပါလုပ်ငန်း ပြောင်းလဲခွင့်အတွက် ခွင့်ပြုအမိန့်စာပါ စည်းကမ်းချက်နှင့် အထက်ဖော်ပြပါ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ၁၆ (က) နှင့် (ဂ)ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရ အဖွဲ့၏ ခွင့်ပြုချက်ရရှိရန်လိုအပ်ပြီး မြေယာအား လုပ်ကိုင်သူသို့ ပေးအပ်ထားသည့် အခွင့်အရေးမှာ Tiller Right အသုံးပြုခွင့်သာဖြစ်ပါသည်။ ပိုင်ဆိုင်ခွင့်မဟုတ်ပါ ကြောင်း သတိပြုရပါမည်။ ယခင် ပုံစံ ၅၈ ဖြင့် ပေးအပ် ထားသော လန-၃၉ ခွင့်ပြုမိန့်နှင့် သဘောတရားတူညီ ပါသည်။
ထို့အတွက် လုပ်ငန်းမဆောင်ရွက်မီ အသုံးပြုခွင့်ရ ရှိရန် စတင်လျှောက်ထားမှု မဆောင်ရွက်မီ မိမိ ဆောင်ရွက်မည့် အလုပ်အကိုင်/ လုပ်ငန်းအား အဆိုပါ မိမိရွေးချယ်မည့်နေရာ၌ အမှန်တကယ် ဆောင်ရွက် နိုင်ခြင်း ရှိ/ မရှိ၊ လုပ်ငန်းဆောင်ရွက်ရန် လိုအပ်သော ရင်းနှီးမြှုပ်နှံနိုင်မှု ရှိ/ မရှိ ကို အသေအချာ ဆန်းစစ်ရန် လိုအပ်ပါသည်။ ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်လည်း အထက်မှညွှန်ကြားလာသည့်တိုင် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ ကို သေချာစွာဆန်းစစ်၍ ဖြစ်နိုင် စွမ်း ရှိ/ မရှိ ကို စိစစ်နိုင်ရန် အလွန်အရေးကြီးပါသည်။ ပထမအချက်ကို တင်ပြ လိုသည်မှာ မိမိဆောင်ရွက်မည့်လုပ်ငန်းအတွက် မိမိ၏ ရွေးချယ်မှု၊ ဆုံးဖြတ်ချက်ခိုင်မာ မှန်ကန်ရေးဆိုင်ရာကိစ္စပင် ဖြစ်ပါသည်။ သို့မှသာ ရှေ့လာမည့် ကာလတစ်လျှောက်လုံး အတွက် မြေပိုင်ဆိုင်ခွင့်အပါအဝင် လုပ်ငန်းအားလုံး အဆင်ပြေချောမွေ့နေမည်သာ ဖြစ်ပါသည်။
အခြားနည်းလုပ်ငန်းမစတင်မီ ကာလ၌ လယ်ယာ မြေများမှာ တောင်သူလယ်သမားများ၏ လက်ဝယ်၌သာ တည်ရှိတတ်ပြီး အကောင်အထည်ဖော်မည့် ပုဂ္ဂိုလ်/ အဖွဲ့အစည်း/ ဌာနဆိုင်ရာများ၏ လက်ဝယ်တွင် မရှိသည် က များပြားပါသည်။ ထိုအဖြစ်အပျက်မှာ ရှေးယခင် ကတည်းက ဥပဒေရေးဆွဲခဲ့သူများအပါအဝင် တာဝန် ရှိသူများအားလုံး သုံးသပ်သတိပြုမိသည့်အတွက် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ၏ နည်းဥပဒေ ၈၄ ၌လည်းကောင်း၊ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ၌လည်းကောင်း၊ လယ်ယာမြေများအား တရားဝင် လွှဲပြောင်းခွင့်ကို နောင်တစ်ချိန် ပိုင်ဆိုင်မှု မရှုပ်ထွေး နိုင်စေရေးအတွက် ထည့်သွင်းပြဋ္ဌာန်းပေးခြင်းသာဖြစ် ကြောင်း လေ့လာတွေ့ရှိရသည်။
ဒုတိယအချက်မှာ အထက်ဖော်ပြပါ တင်ပြချက်အတိုင်း နည်းလမ်းတစ်ခုဖြင့် အခြားနည်းသုံးစွဲခွင့်၊ ခွင့်ပြု မိန့်ရရှိထားပြီးဆိုပါက နိုင်ငံတော်၏ ယခင်ပြဋ္ဌာန်းခဲ့သော ဥပဒေ၊ နည်းဥပဒေများအရသော် လည်းကောင်း၊ ယခု တည်ဆဲဥပဒေ၊ နည်းဥပဒေများအရသော် လည်းကောင်း အမည်ပေါက် မြေပိုင်ဆိုင်သူမြေပိုင်ရှင်အဖြစ် မှတ်သား ၍ မရနိုင်သေးသည်ဆိုသည့်အချက်ကို လူအများ သတိ မမူမိကြပါ။ ထိုအချိန်တွင် အဆိုပါမြေမှာ အမိန့်စာများ အရ ဆိုင်ရာဆိုင်ခွင့်တစ်ရပ်သာတည်ရှိပြီး ပိုင်ရေး၊ ပိုင်ခွင့် မရရှိသေးဟု ဆိုရပါမည်။
မြေယာတစ်ရပ်ပိုင်ခွင့် ရရှိဖို့အတွက်
မြေယာတစ်ရပ်အတွက် ပိုင်ရေး၊ ပိုင်ခွင့်ရရှိရန်မှာ အဓိကအရေးကြီးသော အချက်ဖြစ်ပါသည်။ အခြားနည်း သုံးစွဲခွင့်ရရှိပြီးဖြစ်ပါက ရရှိထားသည့် သတ်မှတ်ချက် အတိုင်း လုပ်ငန်းများအပြီးတိုင်အောင် အကောင်အထည် ဖော် ဆောင်ရွက်ခြင်း၊ မိမိအသုံးပြုသည့် နည်းလမ်း အလိုက် သတ်မှတ်သည့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံး လုပ်နည်းအတိုင်း မြေယာအမည်ပေါက် ပိုင်ဆိုင်ခွင့်ရရှိ ရေး (ဥပမာအားဖြင့် မြေလွှဲအမိန့်ရရှိရန်လျှောက်ထား ခြင်း၊ မြေငှားဂရန်ရရှိရန် လျှောက်ထားခြင်း စသည် အားဖြင့်) ဆက်လက်ဆောင်ရွက်ကြရန် မလွဲမသွေလိုအပ် ပါသည်။ သို့မှသာ နောင်တစ်ချိန် အရှုပ်အရှင်းဖြစ်လာပါက လက်ဝယ်တရားဝင်ပိုင်ဆိုင်ထားသည့် မြေယာအတွက် ဥပဒေနှင့်အညီ ခိုင်မာစွာကာကွယ်နိုင်ခြင်း၊ ပိုင်ဆိုင်သူ၏ စိတ်ကြိုက်လွှဲပြောင်းနိုင်ခြင်း အစရှိသောကိစ္စရပ်များကို ချောမွေ့စွာဖြင့် အချိန်မရွေးအခါမရွေး လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
လက်ရှိ လူပုဂ္ဂိုလ်/ အဖွဲ့အစည်း/ ဌာနဆိုင်ရာများ အနေဖြင့် အထက်ဖော်ပြပါလုပ်ငန်းစဉ်များအား ကုန်စင် အောင် လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ကြဘဲ လန-၃၉ အဆင့်၌ ပင် ပိုင်ဆိုင်ပြီဟုယူဆ၍ ဆက်လက်ဆောင်ရွက်ခြင်း မရှိကြပါသဖြင့် ယခုတိုင် ဖြေရှင်း၍မဆုံးဖြစ်နေသော လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ဆိုင်ရာ ပြဿနာများအတွက် အရင်းခံအချက်တစ်ချက် အဖြစ် ဖြစ်ပေါ်လျက်ရှိပါသည်။
ဖော်ပြပါ တင်ပြချက်များအပေါ် အကျဉ်းချုံးတင်ပြရ ပါလျှင် အခြားနည်းသုံးစွဲခွင့် လုပ်ငန်းမလျှောက်ထားမီ မိမိအမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင် မည့်လုပ်ငန်းကို မှန်ကန်စွာရွေးချယ်ရပါမည်။ မိမိ၏ ဆုံးဖြတ်ရွေးချယ်မှုအပေါ် အခြားနည်းသုံးစွဲခွင့် ရရှိသည့် အခါ သတ်မှတ်ကာလအတွင်း (လယ်ယာမြေဆိုပါက တည်ဆဲလယ်ယာမြေဥပဒေအရ ၆ လအတွင်း စတင် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများဆိုပါက ၄ နှစ်အတွင်း အပြီး) ဆောင်ရွက်ရ ပါမည်။ သတ်မှတ်ချက်အချိန်ကာလအတွင်း ပြီးမြောက် အောင်ဆောင်ရွက်ရန် အရေးကြီးပါသည်။ ခွင့်ပြုလုပ်ငန်းမှ အခြားလုပ်ငန်းသို့ ပြောင်းလဲဆောင်ရွက်နိုင်ရန်အတွက် တည်ဆဲဥပဒေများအရ ခွင့်ပြုထားမှုမရှိဟု ဆိုရပါမည်။ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဥပဒေ၏ အကာအကွယ်ကို အပြည့်အဝရမည်ဖြစ်ပါသည်။ လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ဥပဒေပါ စည်းမျဉ်းစည်းကမ်း အတိုင်း လုပ်ကိုင်ခွင့်ကို ရုပ်သိမ်းခြင်း၊ အရေးယူခြင်းများ ခံစားရနိုင်ပါသည်။ ယခုကဲ့သို့ မြေလွှဲပြောင်းနိုင်မှုနှင့် လုပ်ငန်းပြောင်းလဲနိုင်မှု ပြဋ္ဌာန်းမထားခြင်းမှာ အခြားနည်း သုံးစွဲခွင့်ပြုမိန့်အား ရောင်းကုန်သဖွယ်မဖြစ်ရလေအောင် ဟန့်တားထားခြင်းသာဖြစ်ကြောင်း သုံးသပ်တွေ့ရှိပါ သည်။
အခြားနည်းသုံးစွဲခွင့်ပြုမိန့်သည် ရောင်းကုန်မဖြစ်သင့်ပါ
အခြားနည်းသုံးစွဲခွင့်၏ သဘောသဘာဝကို သုံးသပ် ကြည့်ပါက နိုင်ငံတော်က နိုင်ငံသားများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ပေးထားမှု အခွင့်အရေးပင် ဖြစ်ပါသည်။ နိုင်ငံသားတိုင်း မြေရာတစ်ရပ်ကို ဥပဒေပါသတ်မှတ်ချက် များနှင့် ညီညွတ်မည်ဆိုပါက မိမိတို့စိတ်ကြိုက် ရွေးချယ် ဆောင်ရွက်လုပ်ကိုင်ခွင့်ရှိပါသည်။ သို့သော် မိမိစိတ်ကြိုက် ဆုံးဖြတ်ရွေးချယ်ခဲ့သော လုပ်ငန်းအတိုင်းသာ ဥပဒေနှင့် အညီ သတ်မှတ်ကာလအတွင်း ပြီးဆုံးအောင်ဆောင်ရွက်ရပါ မည်။ အခြားနည်းသုံးစွဲခွင့်ပြုမိန့်ကို ရောင်းကုန်သဖွယ် မဖြစ်သင့်ပါ။ တစ်ဖက်တွင်လည်း အချို့သော အချိန်ကာလ များက ခွင့်ပြုမိန့်ချမှတ်နိုင်သူ အဖွဲ့အစည်းများအနေဖြင့် အထက်ပါဥပဒေအရ နိုင်ငံသားများ တညီတညွတ်တည်း ခံစားနိုင်သည့်အခွင့်အရေးကို လိုအပ်ချက်တစ်ခုအတွက် ထိန်းချုပ်၍ ဆောင်ရွက်ခဲ့ကြခြင်းသည် အခြားနည်းသုံးစွဲခွင့်ပြုမိန့်အား အခြေအနေအရ ရောင်းကုန်သဖွယ် ဆောင်ရွက်ခဲ့မှုဟု ဆိုရမည့်သဘော ဖြစ်ခဲ့ပါသည်။
နိဂုံးချုပ်အားဖြင့် တင်ပြရပါလျှင် အခြားနည်းသုံးစွဲခွင့် လန-၃၉ ဟုခေါ်ဆိုနေသော ပုံစံ(၃၃)၏ ခေါင်းစဉ်မှာ “လယ်ယာမြေကိုသတ်မှတ်သည့်နည်းလမ်းအတိုင်း အသုံး ချရန် ဆင့်ဆိုသောအမိန့်”ဟု လည်းကောင်း၊ ပုံစံ(၅၈)ခေါင်းစဉ်မှာ “လယ်ယာလုပ်ကိုင်နိုင်သော မြေရိုင်းများကို လယ်ယာစိုက်ပျိုးမှုမှအပ အခြားလုပ်ငန်းတစ်ခုခုအတွက် အသုံးပြုရန် ခွင့်ပြုသောအမိန့်စာ” ဟုလည်းကောင်း၊ လယ-၃၀ (ပုံစံ-၁၅) ၏ ခေါင်းစဉ်မှာ “လယ်မြေအား အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်” ဟု လည်း ကောင်း၊ ပုံစံ-၁၅(က) ၏ခေါင်းစဉ်မှာ “လယ်မြေမှတစ်ပါး လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုရန်ခွင့်ပြုမိန့်” ဟု လည်းကောင်း၊ ယခုကာလ၌ မြေလွတ်၊ မြေလပ်နှင့်၊ မြေရိုင်းများအား အခြားနည်းခွင့်ပြုသော ပုံစံ(၁၅) ၏ ခေါင်းစဉ်မှာ “အစိုးရခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြုသောခွင့်ပြုမိန့်” ဟုသာ ဖော်ပြထားပါသည်။ ထိုအမိန့် စာပါ စကားရပ်များကို အသေအချာ ဖတ်ရှုဆင်ခြင်ပါက အသုံးပြုခွင့်ပေးသော အမိန့်စာမျှသာ ဖြစ်ကြောင်း သုံးသပ်နိုင်ပါသည်။ ပိုင်ဆိုင်ခွင့်ဆိုသည့် စကားရပ် လုံးဝ မပါရှိကြောင်း တွေ့မြင်နိုင်ပါသည်။
ထို့အတွက် အဆိုပါ အခြားနည်းအသုံးပြုခွင့် အမိန့်စာ/ ခွင့်ပြုချက်များဖြစ်သော လန-၃၉ (ပုံစံ-၃၃/၅၈)၊ လယ-၃၀၊ လယ-၃၀(ခ)၊ ပုံစံ(၁၅)စသည်တို့မှာ မြေမျိုးကြီးပြောင်းလဲသုံးစွဲခွင့် အမိန့်စာမျှသာ ဖြစ်ပါ သည်။ တစ်နည်းဆိုသော် ဆိုင်ရာဆိုင်ခွင့်မျှသာဖြစ် ပါလိမ့်မည်။ ပိုင်ရေးပိုင်ခွင့် လက်မှတ်လုံးဝမဟုတ်သေးပါ။ အဆိုပါ အမိန့်စာကို အခြေခံ၍ ကာယကံရှင်များအနေဖြင့် မိမိ၏ ပိုင်ရေး၊ ပိုင်ခွင့်အတွက် ခွင့်ပြုချက်အရ အကောင် အထည်ဖော်ထားသည့် နည်းလမ်းအလိုက် သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အမည်ပေါက် ပိုင်ဆိုင်ရေး မပျက် မကွက် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အသိပေးမျှဝေတင်ပြအပ်ပါသည်။ ။
Zawgyi
ကိုကိုဦး
၁၉၈၈ ခုႏွစ္ေနာက္ပိုင္းမွ ယေန႔ကာလအထိ ေျမယာေလာက၌ ေရပန္းစားလာေသာစကားရပ္ တစ္ခုမွာ “အျခားနည္းသုံးစြဲခြင့္” ဆိုသည့္ စကားရပ္ျဖစ္ပါသည္။ အမ်ားျပည္သူအေနျဖင့္ အဆိုပါ စကားရပ္အေပၚ နားလည္မႈလြဲမွားစြာျဖင့္ ေကာက္ခ်က္ခ်ေဆာင္႐ြက္မႈမ်ား ေတြ႕ရွိေနရၿပီး ယခုတိုင္ ေျဖရွင္း၍ ၿပီးဆုံးႏိုင္ျခင္းမရွိေသးေသာ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ကိစၥရပ္မ်ား၌လည္း ထဲထဲဝင္ဝင္ပါဝင္ေနေၾကာင္း ေတြ႕ရွိရသျဖင့္ ‘အျခားနည္းသုံးစြဲခြင့္’ဆိုသည့္ ေဝါဟာရ အနက္အဓိပၸာယ္သေဘာႏွင့္ အဆိုပါ အျခားနည္းသုံးစြဲခြင့္ျပဳခ်က္ ရရွိထားသည့္ ေျမအား ဆိုင္ခြင့္၊ ပိုင္ခြင့္ဆိုသည့္ အေၾကာင္းအရာမ်ားကို ေလ့လာေရးသား တင္ျပရျခင္း ျဖစ္ပါသည္။
၂၀၁၂ ခုႏွစ္မတိုင္မီက ၁၉၅၃ ခုႏွစ္ လယ္ယာေျမႏိုင္ငံပိုင္ျပဳလုပ္ေရးအက္ဥပေဒ ပုဒ္မ ၃၉ (လန-၃၉)အရ အျခားနည္းအသုံးျပဳခြင့္ ေပးအပ္ခဲ့ၾကပါသည္။ အျခား နည္းအသုံးျပဳခြင့္ သမိုင္းေၾကာင္းကို ေလ့လာမည္ ဆိုပါက ၁၉၅၃ ခုႏွစ္ လယ္ယာေျမႏိုင္ငံပိုင္ျပဳလုပ္ေရးအက္ဥပေဒ ပုဒ္မ ၃၉ တြင္ “ဤအက္ဥပေဒပါ အျခား ျပ႒ာန္းခ်က္မ်ားတြင္ မည္သို႔ပင္ ပါရွိေစကာမူ၊ ႏိုင္ငံေတာ္ သမၼတသည္၊ သို႔တည္းမဟုတ္ ဤကိစၥအလို႔ငွာ ႏိုင္ငံေတာ္သမၼတကခန္႔အပ္ေသာ အာဏာပိုင္သည္ လိုအပ္သည္ဟု ထင္ျမင္ယူဆလွ်င္ မည္သည့္လယ္ယာ ေျမကိုမဆို မိမိသတ္မွတ္သည့္ နည္းလမ္းအတိုင္း အသုံးခ်ရန္ ဆင့္ဆိုႏိုင္သည္။” ဟု ျပ႒ာန္းထားခ်က္အရ ႏိုင္ငံေတာ္က အမိန္႔ေၾကာ္ျငာစာႏွင့္ ျပန္တမ္းမ်ား ထုတ္ ျပန္ၿပီး ဗဟိုေျမယာေကာ္မတီ၊ တိုင္းေျမယာေကာ္မတီ၊ ခ႐ိုင္ေျမယာေကာ္မတီ အဆင့္ဆင့္တို႔ကို အခြင့္ အာဏာအပ္ႏွင္းခဲ့သည္ကိုလည္းေကာင္း၊ ၁၉၆၂ ခုႏွစ္ ေတာ္လွန္ ေရးေကာင္စီ တက္လာၿပီးေနာက္ပိုင္း အဆိုပါ အာဏာ အပ္ႏွင္းမႈအတိုင္း ေဆာင္႐ြက္ခဲ့ျခင္းမရွိဘဲ ဗဟိုအဆင့္ မွသာ ေဆာင္႐ြက္ခဲ့သည့္ သေဘာကိုသာ ေတြ႕ရွိရၿပီး ၁၉၇၄ ခုႏွစ္ေနာက္ပိုင္း ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ပါတီ ေခတ္ကာလ ၁၉၇၇ ခုႏွစ္တြင္ ျပည္သူ႔ေကာင္စီ အလုပ္အမႈေဆာင္အဖြဲ႕အဆင့္ဆင့္၏ တာဝန္ႏွင့္ လုပ္ပိုင္ ခြင့္ ဥပေဒေပၚေပါက္လာခဲ့ၿပီးေနာက္ ဗဟိုေျမယာ ေကာ္မတီ၏ လုပ္ပိုင္ခြင့္ အာဏာသည္ တိုင္းႏွင့္ျပည္နယ္ ျပည္သူ႔ေကာင္စီအလုပ္အမႈေဆာင္အဖြဲ႕ထံသို႔ ေရာက္ရွိ သြားသည္ကို လည္းေကာင္း။
ထိုသို႔ ေဆာင္႐ြက္ခဲ့စဥ္ လယ္ယာေျမမ်ား ေလ်ာ့ပါး မႈ မရွိေစေရးႏွင့္ ႏိုင္ငံေတာ္၏ ဆန္၊ စပါးဖူလုံေရးအတြက္ လယ္ယာေျမမ်ားႏွင့္ စားက်က္ေျမမ်ားတြင္ အျခားနည္း အသုံးျပဳခြင့္ကိစၥမ်ား ကန္႔သတ္ျခင္းကို ထိုစဥ္က ဝန္ႀကီး အဖြဲ႕႐ုံး၏ ၁၉၈၅ ခုႏွစ္၊ ဇူလိုင္လ(၁၅)ရက္ ေန႔စြဲပါ စာအမွတ္၊ ၁၀/၆၀၁-ဆ/ဝခရ ျဖင့္ ထုတ္ျပန္ခဲ့ျခင္း ေၾကာင့္ အျခားနည္း အသုံးျပဳခြင့္ေပးျခင္းကိစၥမ်ား ရပ္ဆိုင္းသြားခဲ့သည္ကိုလည္းေကာင္း၊ ၁၉၈၈ ခုႏွစ္၊ မတ္လ ၃၁ ရက္တြင္မွ ဝန္ႀကီးအဖြဲ႕႐ုံးမွ စာအမွတ္၊ ၁၀/၆၀၁-ဆ/ဝဖရ ျဖင့္ အျခားနည္း အသုံးျပဳလိုသူ မ်ားႏွင့္ လက္ငုတ္မ်ားအား အတတ္ႏိုင္ဆုံး ေျပလည္ ေအာင္ညႇိႏႈိင္းၿပီး အထူးသျဖင့္ လက္ငုတ္မ်ားက တစ္သက္လုံး ေျမလက္လြတ္သြားမည့္ကိစၥမ်ားတြင္ ေျမအစား သို႔မဟုတ္ သင့္ေလ်ာ္ေသာ နစ္နာေၾကး သို႔မဟုတ္ အလုပ္အကိုင္ရရွိေရးကို ေဆာင္႐ြက္ေပးျခင္း အစရွိသည္တို႔ကို ဘက္စုံ စဥ္းစားေဝဖန္သုံးသပ္ၿပီးမွ ေလွ်ာက္ထားေသာလယ္ယာေျမကို စိုက္ပ်ိဳးမႈမွအပ အျခားနည္းအသုံးျပဳရန္ ဆင့္ဆိုသတ္မွတ္ေပးရန္ ျပန္လည္ၫႊန္ၾကားခဲ့သည္ကိုလည္းေကာင္း ေလ့လာ ေတြ႕ရွိရသည္။
အျခားနည္းသုံးစြဲခြင့္ ေလွ်ာက္ထားမည္ဆိုလွ်င္
၁၉၈၈ ခုႏွစ္ေနာက္ပိုင္း ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပား မႈ တည္ေဆာက္ေရးအဖြဲ႕ကာလ အစိုးရအဖြဲ႕႐ုံး၏ ၁၉၉၁ ခုႏွစ္၊ ဇူလိုင္လ(၅)ရက္၊ စာအမွတ္၊ ၂/၀၀၁-က/အဖရ ျဖင့္ လန-၃၉ ခြင့္ျပဳမိန္႔အား ျပည္နယ္ / တိုင္း ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕အားလုံးသို႔ ေဆာင္႐ြက္ ခြင့္ျပဳေၾကာင္း ၫႊန္ၾကားခဲ့သည္ကို ေလ့လာ ေတြ႕ရွိရပါ သည္။ ၁၉၅၃ ခုႏွစ္ လယ္ယာေျမႏိုင္ငံပိုင္ ျပဳလုပ္ေရးအက္ဥပေဒ အာဏာတည္စဥ္ကာလက အက္ဥပေဒပုဒ္မ ၃၉ အရ ဆင့္ဆိုေသာ အမိန္႔ကို ပုံစံ(၃၃)ျဖင့္ လည္းေကာင္း၊ ပုံစံ(၅၈)ျဖင့္ လည္းေကာင္း ခ်မွတ္ ထုတ္ျပန္ေပးခဲ့သည္ကို ေတြ႕ရွိရသည္။ ပုံစံ (၃၃)ကို လယ္ယာေျမမ်ားအတြက္ ထုတ္ေပးၿပီး ပုံစံ(၅၈)ကိုမူ ထိုစဥ္က လယ္ယာေျမဟူေသာစကားရပ္တြင္ ပါရွိခဲ့သည့္ ေျမ႐ိုင္းအတြက္ နည္းဥပေဒအပိုဒ္ ၁၆၁ အရ ထုတ္ေပးျခင္းျဖစ္ပါသည္။ လူအမ်ားအေနျဖင့္ အဆိုပါ ပုံစံႏွစ္မ်ိဳးကို ခြဲျခားျခင္းသိရွိမႈမရွိ၊ လန-၃၉ ခြင့္ျပဳမိန္႔အမ်ိဳးအစားတစ္ခုတည္းအျဖစ္ သိမွတ္ခဲ့သည္။
ေဖာ္ျပပါ အေနအထားအရ လန-၃၉ အတြက္ အမ်ိဳးအစား ႏွစ္မ်ိဳးရွိသည္ဟု ေခၚဆိုႏိုင္သည္။ ပုံစံ(၃၃)ျဖင့္ ခြင့္ျပဳမႈ ရရွိသူအတြက္ အျခားသူသို႔ ထပ္ဆင့္ လႊဲေျပာင္း ျခင္းဆိုင္ရာ အခြင့္အေရးကိုမူ သီးျခားေဖာ္ျပထားျခင္း မေတြ႕ရွိရပါ။ အဆိုပါပုံစံ(၃၃) ျဖင့္ ခြင့္ျပဳမည့္ လန-၃၉ ခြင့္ျပဳမိန္႔ရရွိရန္အတြက္ နည္းဥပေဒ ၈၄ ၌ “လယ္ယာေျမကို ဆင့္ဆိုသည့္နည္းလမ္းအတိုင္းအသုံးျပဳရန္၊ ေရာင္းဝယ္ၿပီး မွေသာ္လည္းေကာင္း၊ အျခားနည္းျဖင့္ လႊဲေျပာင္းၿပီးမွေသာ္လည္းေကာင္း၊ ေဆာင္႐ြက္ႏိုင္မည္ျဖစ္လွ်င္ တည္ဆဲ အျခား တရားဥပေဒမ်ားႏွင့္အညီ ထိုလယ္ယာေျမကို ေရာင္းဝယ္ျခင္းေသာ္လည္းေကာင္း၊ အျခားနည္းျဖင့္ လႊဲေျပာင္းျခင္းေသာ္လည္းေကာင္း ျပဳလုပ္ႏိုင္သည္။” ဟု ျပ႒ာန္းထားရွိပါ၍ အျခားနည္းသုံးစြဲခြင့္ လန-၃၉ ခြင့္ျပဳမိန္႔မေလွ်ာက္ထားမီ အဆိုပါျပ႒ာန္းခ်က္အား မလြဲမေသြလိုက္နာရန္ အဓိကလိုအပ္မည္ ျဖစ္ပါသည္။
ပုံစံ(၅၈)ျဖင့္ ရရွိထားေသာ လန-၃၉ ျဖစ္ပါက ယင္း ပုံစံ၏ ေအာက္ေျခတြင္ေဖာ္ျပထားေသာ စည္းကမ္းခ်က္ မ်ား၌ ႏိုင္ငံေတာ္သမၼတ သို႔မဟုတ္ ႏိုင္ငံေတာ္သမၼတက ခန္႔ထားသည့္ အာဏာပိုင္၏ ခြင့္ျပဳခ်က္မရဘဲ ေပါင္ႏွံျခင္း၊ ေရာင္းခ်ျခင္း သို႔တည္းမဟုတ္ အျခားနည္းျဖင့္ လႊဲေျပာင္း ျခင္း၊ ခြဲစိတ္ျခင္းမျပဳရဟု ေဖာ္ျပထားပါသည္။ အဆိုပါေဖာ္ျပ ခ်က္မွာ ပုံစံ(၃၃)ႏွင့္ ပုံစံ(၅၈)တို႔၏ အဓိက ကြာျခားခ်က္ ျဖစ္ပါသည္။ ပုံစံႏွစ္မ်ိဳးလုံး၏ တူညီေသာ လိုက္နာရမည့္ စည္းကမ္းခ်က္မွာ “ေဖာ္ျပသည့္ နည္းလမ္းအတိုင္း သို႔မဟုတ္ သတ္မွတ္ထားသည့္နည္းလမ္းအတိုင္း အသုံးျပဳရန္” ျဖစ္ပါသည္။ သို႔ေသာ္ ထိုစဥ္က က်င့္သုံး ေနေသာ ၁၉၅၃ ခုႏွစ္ လယ္ယာေျမႏိုင္ငံပိုင္ျပဳလုပ္ေရး အက္ဥပေဒ ၃၅ တြင္ ေဖာ္ျပထားေသာ “ႏိုင္ငံေတာ္သမၼတ သည္ မည္သည့္အခ်ိန္အခါတြင္မဆို လိုအပ္သည္ဟု ထင္ျမင္ယူဆလွ်င္ ဤအက္ဥပေဒပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ဤအက္ဥပေဒအရျပဳသည့္ နည္းဥပေဒပါ ျပ႒ာန္းမ်ားအရ ခ်မွတ္ထားေသာအမိန္႔ကို သို႔တည္းမဟုတ္ စီရင္ခ်က္ကို အတည္ျပဳႏိုင္သည္။ သို႔တည္းမဟုတ္ ျပင္ဆင္ႏိုင္သည္။ သို႔တည္းမဟုတ္ ပယ္ဖ်က္ႏိုင္သည္။” ဟူသည့္ ျပ႒ာန္းခ်က္ အရ အျခားနည္းသုံးစြဲ ခြင့္ျပဳထားသည့္ ခြင့္ျပဳခ်က္နည္းလမ္း အား ျပင္ဆင္ႏိုင္သည့္ အေနအထားရွိေနေၾကာင္း ေလ့လာေတြ႕ရွိရသည္။
ေျမမ်ိဳးႀကီးေျပာင္းလဲေပးလိုက္ျခင္းသာျဖစ္
ယခုေခတ္ကာလ ၂၀၁၂ ခုႏွစ္ လယ္ယာေျမဥပေဒႏွင့္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန္႔ခြဲေရးဥပေဒ ျပ႒ာန္းၿပီးေနာက္ပိုင္း အျခားနည္းသုံးစြဲခြင့္ကိစၥကို သာမန္ အားျဖင့္ စိုက္ပ်ိဳးေျမမ်ားႏွင့္ ေျမလြတ္၊ ေျမလပ္ႏွင့္ေျမ႐ိုင္း မ်ားကို စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားအျပင္ အျခားစီးပြားေရး ဆိုင္ရာ စက္႐ုံ၊ အလုပ္႐ုံ၊ စားေသာက္ဆိုင္၊ ဟိုတယ္ စသည့္ လုပ္ငန္းမ်ိဳးမ်ား ေဆာင္႐ြက္ရန္အတြက္ ခြင့္ျပဳခ်က္ခ်မွတ္ ေပးလ်က္ရွိပါသည္။ အဆိုပါခြင့္ျပဳမိန္႔၏ အဓိပၸာယ္မွာ အမိန္႔စာတြင္ ပါရွိသတ္မွတ္ေပးထားေသာ လုပ္ငန္းကို ေဆာင္႐ြက္ႏိုင္ရန္ ေျမအသုံးျပဳခြင့္ဟုဆိုရပါမည္။ တစ္နည္း အားျဖင့္ အျခားနည္းသုံးစြဲခြင့္ဆိုသည္မွာ ေျမမ်ိဳး ေျပာင္းလဲေပးလိုက္ျခင္းသာ ျဖစ္ပါသည္။
ဤကိစၥတြင္ ယခင္ ၁၉၅၃ ခုႏွစ္ လယ္ယာေျမႏိုင္ငံ ပိုင္ ျပဳလုပ္ေရး အက္ဥပေဒ ပုဒ္မ ၃၉ အရ လယ္ယာေျမကို အျခားနည္းအသုံးျပဳခြင့္ရရွိသည့္ ေျမမ်ားအတြက္ ဘ႑ာေတာ္မင္းႀကီးမ်ား႐ုံး၏ (၂၅-၁၀-၁၉၅၇)ရက္စြဲပါ စာအမွတ္၊ ၁၀၇၀-၁၁၁၁/ ၂ထက-၃၈ ျဖင့္ ထုတ္ျပန္ခဲ့ သည့္အမွာစာတြင္ ေအာက္ပါအတိုင္း ေဖာ္ျပပါရွိခဲ့ပါသည္-
“လယ္ယာေျမႏိုင္ငံပိုင္ျပဳလုပ္ေရးအက္ဥပေဒပုဒ္မ ၃၉ အရ ႏိုင္ငံေတာ္သမၼတက လယ္ယာေျမကို မည္သည့္ အတြက္ အသုံးခ်ရမည္ဟု သတ္မွတ္ေသာအခါ ႏိုင္ငံေတာ္ပိုင္ေျမ ျဖစ္ေစ၊ ႏိုင္ငံေတာ္ပိုင္မဟုတ္ေသာ ေျမျဖစ္ေစ၊ မည္သည့္ လယ္ယာေျမကိုမဆို မူလက ေျမမ်ိဳးႀကီးကို ပယ္ဖ်က္၍ ပုဒ္မ ၃၉ အရ ႏိုင္ငံတာ္ သမၼတ၏ ဆင့္ဆိုခ်က္တြင္ ေဖာ္ျပေသာကိစၥကိုပင္ ေျမမ်ိဳး ႀကီးအသစ္ဟု ေျမစာရင္းဌာနက မွတ္သားရပါ မည္။”
-ဟု ၫႊန္ၾကားထားမႈအရ လန-၃၉ ဆင့္ဆိုခ်က္ အမိန္႔စာသည္ ေျမမ်ိဳးႀကီးေျပာင္းလဲမႈသာျဖစ္ေၾကာင္း၊ ပိုင္ဆိုင္မႈေပးျခင္းမဟုတ္ေၾကာင္း ေလ့လာေတြ႕ရရွိရမည္ ျဖစ္သည္။
၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒ၌ အျခားနည္းသုံး ျပဳခြင့္ႏွင့္ပတ္သက္၍ ပုဒ္မ ၂၉ ၌ ႏိုင္ငံေတာ္၏ ေရရွည္ အမ်ိဳးသားအက်ိဳးစီးပြားအလို႔ငွာ စီမံကိန္းလုပ္ငန္းႀကီး မ်ားအတြက္ ျပ႒ာန္းထားၿပီး ပုဒ္မ ၃၀ ၌ အမ်ားျပည္သူ အက်ိဳးငွာႏွင့္စပ္လ်ဥ္း၍ ျပ႒ာန္းထားမႈရွိပါသည္။ ထို႔အျပင္ နည္းဥပေဒျပ႒ာန္းခ်က္မ်ားအရ လယ္ယာက႑ႏွင့္ သက္ဆိုင္ျခင္း၊ မသက္ဆိုင္ျခင္းဆိုင္ရာ ကိစၥမ်ားႏွင့္ ပတ္သက္၍ စိစစ္ေဆာင္႐ြက္ရန္ နည္းလမ္းမ်ား ျပ႒ာန္း ထားရွိပါသည္။ စိစစ္ေဆာင္႐ြက္ရန္အခ်က္မ်ားႏွင့္ ကိုက္ညီပါက လယ္ေျမအား အျခားနည္းျဖင့္ အသုံးျပဳရန္ ခြင့္ျပဳမိန္႔ ပုံစံ(၁၅)ကို ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ မွ လည္းေကာင္း၊ လယ္ေျမမွတစ္ပါး လယ္ယာေျမအား အျခားနည္းျဖင့္အသုံးျပဳရန္ ခြင့္ျပဳမိန္႔ ပုံစံ၁၅ (က)ကို ေနျပည္ေတာ္ေကာင္စီ သို႔မဟုတ္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕မ်ားမွ လည္းေကာင္း ထုတ္ေပးႏိုင္ခြင့္ ျပ႒ာန္းထားပါသည္။
အသုံးျပဳခြင့္တစ္မ်ိဳးသာရရွိမည္
၂၀၁၂ ခုႏွစ္၊ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားစီမံ ခန္႔ခြဲ ေရးဥပေဒ အရ အစိုးရကခြင့္ျပဳေသာ ဥပေဒႏွင့္ညီၫြတ္ သည့္ အျခားလုပ္ငန္းမ်ားသုံးစြဲရန္၊ ဧက(၅၀)အထက္ ေမြးျမဴေရးလုပ္ငန္းသုံးစြဲရန္ႏွင့္ ဓာတ္သတၱဳထုတ္လုပ္ ျခင္းလုပ္ငန္းတို႔၏ ခြင့္ျပဳမိန္႔အား ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားစီမံခန္႔ခြဲေရးဗဟိုေကာ္မတီမွ လည္းေကာင္း၊ ဧက(၅၀)ႏွင့္ေအာက္ ေမြးျမဴေရးလုပ္ငန္းသုံးစြဲရန္အတြက္ ေနျပည္ေတာ္ေကာင္စီ သို႔မဟုတ္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္စီမံခန္႔ခြဲေရးေကာ္မတီမွ လည္းေကာင္း ထုတ္ေပး ႏိုင္မည္ျဖစ္ပါသည္။
၂၀၁၂ ခုႏွစ္ ေျမလြတ္၊ ေျမလပ္ႏွင့္ေျမ႐ိုင္းမ်ားစီမံ ခန္႔ခြဲေရးဥပေဒအရ အျခားလုပ္ငန္းမ်ားအတြက္ လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ျပဳေသာ ခြင့္ျပဳမိန္႔ကို ပုံစံ(၁၅)ျဖင့္ ေျမလြတ္၊ ေျမလပ္ႏွင့္ေျမ႐ိုင္းမ်ား စီမံခန္႔ခြဲေရးဗဟိုေကာ္မတီမွ ထုတ္ေပးပါသည္။ အဆိုပါေျမအား ပုဒ္မ ၁၆(က)ပါ စည္းကမ္းခ်က္အရ ခြင့္ျပဳထားသည့္ လုပ္ငန္းအမ်ိဳး အစားႏွင့္ ယင္းႏွင့္ဆက္ႏႊယ္လ်က္ရွိေသာ စီးပြားေရး လုပ္ငန္းကို သာ လုပ္ကိုင္ရမည္ဟုလည္းေကာင္း၊ ဥပေဒ ပုဒ္မ၁၆(ဂ)အရလည္းေကာင္း ခြင့္ျပဳထားသည့္ေျမမ်ားကို ျပည္ေထာင္စုအစိုးရအဖြဲ႕၏ ခြင့္ျပဳခ်က္မရရွိဘဲ ေပါင္ႏွံ ျခင္း၊ ေပးကမ္းျခင္း၊ အငွားခ်ထားျခင္း၊ ေရာင္းခ်ျခင္း၊ အျခားနည္းျဖင့္ လႊဲေျပာင္းျခင္း သို႔မဟုတ္ ခြဲစိတ္ျခင္း မျပဳရဟု လည္းေကာင္း ကန္႔သတ္ထားပါသည္။ တစ္နည္းအားျဖင့္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားကို “အသုံးျပဳခြင့္ Tiller Right” သာေပးထားျခင္း ျဖစ္သည္ကို အထူးသိနားလည္ထားရန္ လိုအပ္ပါသည္။
အထက္ေဖာ္ျပပါအတိုင္း အျခားနည္းျဖင့္ အသုံးျပဳ ရန္ ခြင့္ျပဳမိန္႔ကိစၥမ်ားအား အက်ဥ္းခ်ဳံး၍ တင္ျပျခင္း ျဖစ္ပါသည္။ ဤေဆာင္းပါး၏ ေခါင္းစဥ္ပါအခ်က္ႏွင့္ ပတ္သက္၍ ဆက္လက္ အသိေပး တင္ျပလိုသည့္ အခ်က္ ႏွစ္ခ်က္ရွိပါသည္။ အဆိုပါကိစၥမွာ အသုံးျပဳခြင့္ရရွိရန္ စတင္ေလွ်ာက္ထားစဥ္ လုပ္ေဆာင္မည့္လုပ္ငန္း အေၾကာင္းအရာေဖာ္ျပခ်က္၊ အသုံးျပဳခြင့္အမိန္႔စာရရွိ ၿပီးေနာက္ ကာယကံရွင္မ်ား ဆက္လက္ေဆာင္႐ြက္ရ မည့္ လုပ္ငန္းတူညီရန္ႏွင့္ အဆိုပါခြင့္ျပဳမိန္႔အရ လုပ္ငန္း ေဆာင္႐ြက္ရမည့္ေျမမွာ လုပ္ငန္းေဆာင္႐ြက္သူကိုယ္တိုင္ အမည္ေပါက္ပိုင္ဆိုင္ခြင့္ ရၿပီး/ မၿပီး ဆန္းစစ္ရမည့္ကိစၥ ျဖစ္ပါသည္။
ပိုင္ဆိုင္ခြင့္ေပးလိုက္ျခင္းမဟုတ္ေၾကာင္း သတိျပဳ
ပထမအခ်က္ျဖစ္ေသာ စတင္ေလွ်ာက္ထားစဥ္က လုပ္ငန္းႏွင့္ ခြင့္ျပဳအမိန္႔စာရၿပီးေနာက္ ေဆာင္႐ြက္ သည့္လုပ္ငန္းတူညီရပါမည္။ အဆိုပါကိစၥမွာ အလြန္ အင္မတန္မွ အေရးႀကီးပါသည္။ တည္ဆဲ လယ္ယာေျမ ဥပေဒအရ အျခားနည္းခြင့္ျပဳမိန္႔ အမိန္႔စာပါ ခြင့္ျပဳ အေၾကာင္းအရာအား ျပဳျပင္ေျပာင္းလဲရန္ ဥပေဒ၊ နည္းဥပေဒမ်ား၌ ျပ႒ာန္းထားမႈမရွိပါ။ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားဥပေဒတြင္လည္း အျခားနည္း အသုံးျပဳခြင့္အမိန္႔စာပါလုပ္ငန္း ေျပာင္းလဲခြင့္အတြက္ ခြင့္ျပဳအမိန္႔စာပါ စည္းကမ္းခ်က္ႏွင့္ အထက္ေဖာ္ျပပါ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားစီမံခန္႔ခြဲေရး ဥပေဒ ပုဒ္မ၁၆ (က) ႏွင့္ (ဂ)ျပ႒ာန္းခ်က္အရ ျပည္ေထာင္စုအစိုးရ အဖြဲ႕၏ ခြင့္ျပဳခ်က္ရရွိရန္လိုအပ္ၿပီး ေျမယာအား လုပ္ကိုင္သူသို႔ ေပးအပ္ထားသည့္ အခြင့္အေရးမွာ Tiller Right အသုံးျပဳခြင့္သာျဖစ္ပါသည္။ ပိုင္ဆိုင္ခြင့္မဟုတ္ပါ ေၾကာင္း သတိျပဳရပါမည္။ ယခင္ ပုံစံ ၅၈ ျဖင့္ ေပးအပ္ ထားေသာ လန-၃၉ ခြင့္ျပဳမိန္႔ႏွင့္ သေဘာတရားတူညီ ပါသည္။
ထို႔အတြက္ လုပ္ငန္းမေဆာင္႐ြက္မီ အသုံးျပဳခြင့္ရ ရွိရန္ စတင္ေလွ်ာက္ထားမႈ မေဆာင္႐ြက္မီ မိမိ ေဆာင္႐ြက္မည့္ အလုပ္အကိုင္/ လုပ္ငန္းအား အဆိုပါ မိမိေ႐ြးခ်ယ္မည့္ေနရာ၌ အမွန္တကယ္ ေဆာင္႐ြက္ ႏိုင္ျခင္း ရွိ/ မရွိ၊ လုပ္ငန္းေဆာင္႐ြက္ရန္ လိုအပ္ေသာ ရင္းႏွီးျမႇဳပ္ႏွံႏိုင္မႈ ရွိ/ မရွိ ကို အေသအခ်ာ ဆန္းစစ္ရန္ လိုအပ္ပါသည္။ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ားအေနျဖင့္လည္း အထက္မွၫႊန္ၾကားလာသည့္တိုင္ အမွန္တကယ္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ျခင္း ရွိ/မရွိ ကို ေသခ်ာစြာဆန္းစစ္၍ ျဖစ္ႏိုင္ စြမ္း ရွိ/ မရွိ ကို စိစစ္ႏိုင္ရန္ အလြန္အေရးႀကီးပါသည္။ ပထမအခ်က္ကို တင္ျပ လိုသည္မွာ မိမိေဆာင္႐ြက္မည့္လုပ္ငန္းအတြက္ မိမိ၏ ေ႐ြးခ်ယ္မႈ၊ ဆုံးျဖတ္ခ်က္ခိုင္မာ မွန္ကန္ေရးဆိုင္ရာကိစၥပင္ ျဖစ္ပါသည္။ သို႔မွသာ ေရွ႕လာမည့္ ကာလတစ္ေလွ်ာက္လုံး အတြက္ ေျမပိုင္ဆိုင္ခြင့္အပါအဝင္ လုပ္ငန္းအားလုံး အဆင္ေျပေခ်ာေမြ႕ေနမည္သာ ျဖစ္ပါသည္။
အျခားနည္းလုပ္ငန္းမစတင္မီ ကာလ၌ လယ္ယာ ေျမမ်ားမွာ ေတာင္သူလယ္သမားမ်ား၏ လက္ဝယ္၌သာ တည္ရွိတတ္ၿပီး အေကာင္အထည္ေဖာ္မည့္ ပုဂၢိဳလ္/ အဖြဲ႕အစည္း/ ဌာနဆိုင္ရာမ်ား၏ လက္ဝယ္တြင္ မရွိသည္ က မ်ားျပားပါသည္။ ထိုအျဖစ္အပ်က္မွာ ေရွးယခင္ ကတည္းက ဥပေဒေရးဆြဲခဲ့သူမ်ားအပါအဝင္ တာဝန္ ရွိသူမ်ားအားလုံး သုံးသပ္သတိျပဳမိသည့္အတြက္ ၁၉၅၃ ခုႏွစ္ လယ္ယာေျမႏိုင္ငံပိုင္ျပဳလုပ္ေရး အက္ဥပေဒ၏ နည္းဥပေဒ ၈၄ ၌လည္းေကာင္း၊ ၂၀၁၂ ခုႏွစ္ လယ္ယာေျမ ဥပေဒ၌လည္းေကာင္း၊ လယ္ယာေျမမ်ားအား တရားဝင္ လႊဲေျပာင္းခြင့္ကို ေနာင္တစ္ခ်ိန္ ပိုင္ဆိုင္မႈ မရႈပ္ေထြး ႏိုင္ေစေရးအတြက္ ထည့္သြင္းျပ႒ာန္းေပးျခင္းသာျဖစ္ ေၾကာင္း ေလ့လာေတြ႕ရွိရသည္။
ဒုတိယအခ်က္မွာ အထက္ေဖာ္ျပပါ တင္ျပခ်က္အတိုင္း နည္းလမ္းတစ္ခုျဖင့္ အျခားနည္းသုံးစြဲခြင့္၊ ခြင့္ျပဳ မိန္႔ရရွိထားၿပီးဆိုပါက ႏိုင္ငံေတာ္၏ ယခင္ျပ႒ာန္းခဲ့ေသာ ဥပေဒ၊ နည္းဥပေဒမ်ားအရေသာ္ လည္းေကာင္း၊ ယခု တည္ဆဲဥပေဒ၊ နည္းဥပေဒမ်ားအရေသာ္ လည္းေကာင္း အမည္ေပါက္ ေျမပိုင္ဆိုင္သူေျမပိုင္ရွင္အျဖစ္ မွတ္သား ၍ မရႏိုင္ေသးသည္ဆိုသည့္အခ်က္ကို လူအမ်ား သတိ မမူမိၾကပါ။ ထိုအခ်ိန္တြင္ အဆိုပါေျမမွာ အမိန္႔စာမ်ား အရ ဆိုင္ရာဆိုင္ခြင့္တစ္ရပ္သာတည္ရွိၿပီး ပိုင္ေရး၊ ပိုင္ခြင့္ မရရွိေသးဟု ဆိုရပါမည္။
ေျမယာတစ္ရပ္ပိုင္ခြင့္ ရရွိဖို႔အတြက္
ေျမယာတစ္ရပ္အတြက္ ပိုင္ေရး၊ ပိုင္ခြင့္ရရွိရန္မွာ အဓိကအေရးႀကီးေသာ အခ်က္ျဖစ္ပါသည္။ အျခားနည္း သုံးစြဲခြင့္ရရွိၿပီးျဖစ္ပါက ရရွိထားသည့္ သတ္မွတ္ခ်က္ အတိုင္း လုပ္ငန္းမ်ားအၿပီးတိုင္ေအာင္ အေကာင္အထည္ ေဖာ္ ေဆာင္႐ြက္ျခင္း၊ မိမိအသုံးျပဳသည့္ နည္းလမ္း အလိုက္ သတ္မွတ္သည့္ ဥပေဒ၊ နည္းဥပေဒ လုပ္ထုံး လုပ္နည္းအတိုင္း ေျမယာအမည္ေပါက္ ပိုင္ဆိုင္ခြင့္ရရွိ ေရး (ဥပမာအားျဖင့္ ေျမလႊဲအမိန္႔ရရွိရန္ေလွ်ာက္ထား ျခင္း၊ ေျမငွားဂရန္ရရွိရန္ ေလွ်ာက္ထားျခင္း စသည္ အားျဖင့္) ဆက္လက္ေဆာင္႐ြက္ၾကရန္ မလြဲမေသြလိုအပ္ ပါသည္။ သို႔မွသာ ေနာင္တစ္ခ်ိန္ အရႈပ္အရွင္းျဖစ္လာပါက လက္ဝယ္တရားဝင္ပိုင္ဆိုင္ထားသည့္ ေျမယာအတြက္ ဥပေဒႏွင့္အညီ ခိုင္မာစြာကာကြယ္ႏိုင္ျခင္း၊ ပိုင္ဆိုင္သူ၏ စိတ္ႀကိဳက္လႊဲေျပာင္းႏိုင္ျခင္း အစရွိေသာကိစၥရပ္မ်ားကို ေခ်ာေမြ႕စြာျဖင့္ အခ်ိန္မေ႐ြးအခါမေ႐ြး လြယ္ကူစြာ ေဆာင္႐ြက္ႏိုင္မည္ျဖစ္သည္။
လက္ရွိ လူပုဂၢိဳလ္/ အဖြဲ႕အစည္း/ ဌာနဆိုင္ရာမ်ား အေနျဖင့္ အထက္ေဖာ္ျပပါလုပ္ငန္းစဥ္မ်ားအား ကုန္စင္ ေအာင္ လုပ္ေဆာင္ခဲ့ျခင္း မရွိခဲ့ၾကဘဲ လန-၃၉ အဆင့္၌ ပင္ ပိုင္ဆိုင္ၿပီဟုယူဆ၍ ဆက္လက္ေဆာင္႐ြက္ျခင္း မရွိၾကပါသျဖင့္ ယခုတိုင္ ေျဖရွင္း၍မဆုံးျဖစ္ေနေသာ လယ္ယာေျမႏွင့္အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈ ဆိုင္ရာ ျပႆနာမ်ားအတြက္ အရင္းခံအခ်က္တစ္ခ်က္ အျဖစ္ ျဖစ္ေပၚလ်က္ရွိပါသည္။
ေဖာ္ျပပါ တင္ျပခ်က္မ်ားအေပၚ အက်ဥ္းခ်ဳံးတင္ျပရ ပါလွ်င္ အျခားနည္းသုံးစြဲခြင့္ လုပ္ငန္းမေလွ်ာက္ထားမီ မိမိအမွန္တကယ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္ မည့္လုပ္ငန္းကို မွန္ကန္စြာေ႐ြးခ်ယ္ရပါမည္။ မိမိ၏ ဆုံးျဖတ္ေ႐ြးခ်ယ္မႈအေပၚ အျခားနည္းသုံးစြဲခြင့္ ရရွိသည့္ အခါ သတ္မွတ္ကာလအတြင္း (လယ္ယာေျမဆိုပါက တည္ဆဲလယ္ယာေျမဥပေဒအရ ၆ လအတြင္း စတင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ႏွင့္ ေျမလြတ္၊ ေျမလပ္ ႏွင့္ ေျမ႐ိုင္းမ်ားဆိုပါက ၄ ႏွစ္အတြင္း အၿပီး) ေဆာင္႐ြက္ရ ပါမည္။ သတ္မွတ္ခ်က္အခ်ိန္ကာလအတြင္း ၿပီးေျမာက္ ေအာင္ေဆာင္႐ြက္ရန္ အေရးႀကီးပါသည္။ ခြင့္ျပဳလုပ္ငန္းမွ အျခားလုပ္ငန္းသို႔ ေျပာင္းလဲေဆာင္႐ြက္ႏိုင္ရန္အတြက္ တည္ဆဲဥပေဒမ်ားအရ ခြင့္ျပဳထားမႈမရွိဟု ဆိုရပါမည္။ ဥပေဒႏွင့္အညီ လိုက္နာေဆာင္႐ြက္ျခင္းျဖင့္ ဥပေဒ၏ အကာအကြယ္ကို အျပည့္အဝရမည္ျဖစ္ပါသည္။ လိုက္နာ ေဆာင္႐ြက္ျခင္းမရွိပါက ဥပေဒပါ စည္းမ်ဥ္းစည္းကမ္း အတိုင္း လုပ္ကိုင္ခြင့္ကို ႐ုပ္သိမ္းျခင္း၊ အေရးယူျခင္းမ်ား ခံစားရႏိုင္ပါသည္။ ယခုကဲ့သို႔ ေျမလႊဲေျပာင္းႏိုင္မႈႏွင့္ လုပ္ငန္းေျပာင္းလဲႏိုင္မႈ ျပ႒ာန္းမထားျခင္းမွာ အျခားနည္း သုံးစြဲခြင့္ျပဳမိန္႔အား ေရာင္းကုန္သဖြယ္မျဖစ္ရေလေအာင္ ဟန္႔တားထားျခင္းသာျဖစ္ေၾကာင္း သုံးသပ္ေတြ႕ရွိပါ သည္။
အျခားနည္းသုံးစြဲခြင့္ျပဳမိန႔္သည္ ေရာင္းကုန္မျဖစ္သင့္ပါ
အျခားနည္းသုံးစြဲခြင့္၏ သေဘာသဘာဝကို သုံးသပ္ ၾကည့္ပါက ႏိုင္ငံေတာ္က ႏိုင္ငံသားမ်ားကို ဥပေဒႏွင့္အညီ ေဆာင္႐ြက္ခြင့္ေပးထားမႈ အခြင့္အေရးပင္ ျဖစ္ပါသည္။ ႏိုင္ငံသားတိုင္း ေျမရာတစ္ရပ္ကို ဥပေဒပါသတ္မွတ္ခ်က္ မ်ားႏွင့္ ညီၫြတ္မည္ဆိုပါက မိမိတို႔စိတ္ႀကိဳက္ ေ႐ြးခ်ယ္ ေဆာင္႐ြက္လုပ္ကိုင္ခြင့္ရွိပါသည္။ သို႔ေသာ္ မိမိစိတ္ႀကိဳက္ ဆုံးျဖတ္ေ႐ြးခ်ယ္ခဲ့ေသာ လုပ္ငန္းအတိုင္းသာ ဥပေဒႏွင့္ အညီ သတ္မွတ္ကာလအတြင္း ၿပီးဆုံးေအာင္ေဆာင္႐ြက္ရပါ မည္။ အျခားနည္းသုံးစြဲခြင့္ျပဳမိန္႔ကို ေရာင္းကုန္သဖြယ္ မျဖစ္သင့္ပါ။ တစ္ဖက္တြင္လည္း အခ်ိဳ႕ေသာ အခ်ိန္ကာလ မ်ားက ခြင့္ျပဳမိန္႔ခ်မွတ္ႏိုင္သူ အဖြဲ႕အစည္းမ်ားအေနျဖင့္ အထက္ပါဥပေဒအရ ႏိုင္ငံသားမ်ား တညီတၫြတ္တည္း ခံစားႏိုင္သည့္အခြင့္အေရးကို လိုအပ္ခ်က္တစ္ခုအတြက္ ထိန္းခ်ဳပ္၍ ေဆာင္႐ြက္ခဲ့ၾကျခင္းသည္ အျခားနည္းသုံးစြဲခြင့္ျပဳမိန္႔အား အေျခအေနအရ ေရာင္းကုန္သဖြယ္ ေဆာင္႐ြက္ခဲ့မႈဟု ဆိုရမည့္သေဘာ ျဖစ္ခဲ့ပါသည္။
နိဂုံးခ်ဳပ္အားျဖင့္ တင္ျပရပါလွ်င္ အျခားနည္းသုံးစြဲခြင့္ လန-၃၉ ဟုေခၚဆိုေနေသာ ပုံစံ(၃၃)၏ ေခါင္းစဥ္မွာ “လယ္ယာေျမကိုသတ္မွတ္သည့္နည္းလမ္းအတိုင္း အသုံး ခ်ရန္ ဆင့္ဆိုေသာအမိန္႔”ဟု လည္းေကာင္း၊ ပုံစံ(၅၈)ေခါင္းစဥ္မွာ “လယ္ယာလုပ္ကိုင္ႏိုင္ေသာ ေျမ႐ိုင္းမ်ားကို လယ္ယာစိုက္ပ်ိဳးမႈမွအပ အျခားလုပ္ငန္းတစ္ခုခုအတြက္ အသုံးျပဳရန္ ခြင့္ျပဳေသာအမိန္႔စာ” ဟုလည္းေကာင္း၊ လယ-၃၀ (ပုံစံ-၁၅) ၏ ေခါင္းစဥ္မွာ “လယ္ေျမအား အျခားနည္းျဖင့္ အသုံးျပဳရန္ ခြင့္ျပဳမိန္႔” ဟု လည္း ေကာင္း၊ ပုံစံ-၁၅(က) ၏ေခါင္းစဥ္မွာ “လယ္ေျမမွတစ္ပါး လယ္ယာေျမအား အျခားနည္းျဖင့္ အသုံးျပဳရန္ခြင့္ျပဳမိန္႔” ဟု လည္းေကာင္း၊ ယခုကာလ၌ ေျမလြတ္၊ ေျမလပ္ႏွင့္၊ ေျမ႐ိုင္းမ်ားအား အျခားနည္းခြင့္ျပဳေသာ ပုံစံ(၁၅) ၏ ေခါင္းစဥ္မွာ “အစိုးရခြင့္ျပဳေသာ ဥပေဒႏွင့္ညီၫြတ္သည့္ အျခားလုပ္ငန္းမ်ားအတြက္ လုပ္ပိုင္ခြင့္၊ အသုံးျပဳခြင့္ ျပဳေသာခြင့္ျပဳမိန္႔” ဟုသာ ေဖာ္ျပထားပါသည္။ ထိုအမိန္႔ စာပါ စကားရပ္မ်ားကို အေသအခ်ာ ဖတ္ရႈဆင္ျခင္ပါက အသုံးျပဳခြင့္ေပးေသာ အမိန္႔စာမွ်သာ ျဖစ္ေၾကာင္း သုံးသပ္ႏိုင္ပါသည္။ ပိုင္ဆိုင္ခြင့္ဆိုသည့္ စကားရပ္ လုံးဝ မပါရွိေၾကာင္း ေတြ႕ျမင္ႏိုင္ပါသည္။
ထို႔အတြက္ အဆိုပါ အျခားနည္းအသုံးျပဳခြင့္ အမိန္႔စာ/ ခြင့္ျပဳခ်က္မ်ားျဖစ္ေသာ လန-၃၉ (ပုံစံ-၃၃/၅၈)၊ လယ-၃၀၊ လယ-၃၀(ခ)၊ ပုံစံ(၁၅)စသည္တို႔မွာ ေျမမ်ိဳးႀကီးေျပာင္းလဲသုံးစြဲခြင့္ အမိန္႔စာမွ်သာ ျဖစ္ပါ သည္။ တစ္နည္းဆိုေသာ္ ဆိုင္ရာဆိုင္ခြင့္မွ်သာျဖစ္ ပါလိမ့္မည္။ ပိုင္ေရးပိုင္ခြင့္ လက္မွတ္လုံးဝမဟုတ္ေသးပါ။ အဆိုပါ အမိန္႔စာကို အေျခခံ၍ ကာယကံရွင္မ်ားအေနျဖင့္ မိမိ၏ ပိုင္ေရး၊ ပိုင္ခြင့္အတြက္ ခြင့္ျပဳခ်က္အရ အေကာင္ အထည္ေဖာ္ထားသည့္ နည္းလမ္းအလိုက္ သက္ဆိုင္ရာ ဥပေဒမ်ားႏွင့္အညီ အမည္ေပါက္ ပိုင္ဆိုင္ေရး မပ်က္ မကြက္ ဆက္လက္ေဆာင္႐ြက္သြားရန္ လိုအပ္ပါေၾကာင္း အသိေပးမွ်ေဝတင္ျပအပ္ပါသည္။ ။
မူရင်းလင့်
မူရင္းလင့္
https://www.moi.gov.mm/news/3424
0 comments:
Post a Comment